← Chapters

အမှောင်ထဲမှာ ပြုံးနေတဲ့ကောင်လေး (အပိုင်းတစ်)

Vol. 60 Ch. 934

အမှောင်ထဲမှာ ပြုံးနေတဲ့ကောင်လေး (အပိုင်းတစ်)

Vol. 60 Ch. 934

~ဤစီနီယာသည် မီးဒြပ်စင်ဖြစ်သော တစ်ဝက်လအဆင့် ကျွမ်းကျင်သူ ဖြစ်သည်၊ သူသည် ချိုင့်အဝင်ဝတွင် ရပ်ကာ နောက်ဆုတ်ရန် ဆန္ဒမရှိပေ။ သူသည် အလွန်ကျဉ်းမြောင်းသောလမ်းကို စောင့်ကြပ်နေပြီး အသက် ၁၃ နှစ်မှ ၁၄ နှစ်ကြားရှိ ကောင်လေးတစ်ယောက် သူ့နောက်တွင် ရပ်နေသည်။

ဤကလေးငယ်သည် ခရမ်းရောင်ဆံပင်ရှည်ရှည်ရှိပြီး သူ၏မျက်ခုံးကြားတွင် တော့ မွေးရာပါအမှတ်အသား ဖြစ်နိုင်သည့် အနီရောင်အစက် နှစ်စက်ရှိသည်။ ယခုအချိန်မှာတော့ သူက မျက်လုံးတွေကိုမှိတ်ထားရင်း ငြိမ်သက်စွာ ရပ်နေပြီး ထူးဆန်းသော အနေအထားမှာ ရှိနေပုံပေါ်ပါသည်။ သူ့မျက်လုံးတွေကို ဖွင့်ဖို့ အရမ်း ကြောက်နေပုံ ရပေမယ့် သူ့ရှေ့မှ တိုက်ပွဲကို သေသေချာချာ အာရုံခံနေပုံရသည်။

ဤစီနီယာစစ်သည်တော်သည် ပင်လယ်မျိုးနွယ်စု၏သခင်များစွာကိုသတ်ရန် သူ၏ဉာဏ်ရည်နှင့်စွမ်းအားကိုသုံးနိုင်သော်လည်း အခြားအစောင့်များအားလုံးသည် တိုက်ပွဲတွင်သေဆုံးသွားခဲ့သည်။

ယခုအချိန်တွင်၊ ဤစီနီယာစစ်သည်တော်သည် ခံနိုင်ရည် ကုန်ဆုံးလာပါပြီ၊ ဆက်လက် မရပ်တည်နေနိုင်တော့ပါ။

သူ့ပတ်ဝန်းကျင်ရှိ ပင်လယ်မျိုးနွယ်စု၏ သခင်ရှစ်ယောက်သည် ကြောက်စရာကောင်းသော ပြိုင်ဘက်များပင်။ အချို့မှာ အလွန် မြန်မြန် တိုက်ခိုက်နိုင်ကြသည်၊ အချို့မှာ ကိုယ်တွင် အခွံမာများ ရှိပြီး အားကောင်းသော တိုက်ခိုက်မှုများကို တားဆီးနိုင်ကာ အချို့မှာ အကြောက်အလန့်ကင်း၍ ၎င်းတို့၏ အဆိပ်ပြင်းလက်နက်များကို မွှေ့ယမ်းကြသည်။

‌အကြီးတန်း စစ်သည်တော်သည် စစ်သည်တော် စွမ်းအင်များ ကုန်ဆုံးသွားပြီး တိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် သူ၏ အသက်စွမ်းအင်က ကုန်ဆုံးနေပြီ။

သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက် အခု တစ်ရာ ကျော် ရရှိနေပြီး သူ၏ မီးခိုးရောင် ၀တ်ရုံမှာ သွေးတွေ စွန်းထင်းလျက်။

သူ၏ ညာဘက်ပခုံးကို အပြာရောင် ရေခဲအလွှာဖြင့် ဖုံးအုပ်ထားပြီး ဝမ်းဗိုက်အတွင်း နက်ရှိုင်းသော ဒဏ်ရာက သူ၏အရိုးများနှင့် အူလမ်းကြောင်းများကို လှစ်ဟသည်။

သူသည် ဝမ်းနည်းကြေကွဲဖွယ် အခြေအနေတွင် ရှိနေသည်။ သာမန်လူများသည် ဤဒဏ်ရာများစွာ ရရှိထားပါက အကြိမ် တစ်ရာ ကျော် သေဆုံးကြပေလိမ့်မည်။

သူ၏ သံမဏိလို ခိုင်မာသော ဆန္ဒနှင့်

မတုန်မလှုပ်သော ယုံကြည်ချက်တို့က သူ့ကို အသက် ဆက်ရှင်စေပြီး လဲကျရန် ဆန္ဒမရှိစေခြင်းပါ။

"ဗျူနိုသွေးမျိုးဆက်ကို မင်းတို့လို နိမ့်ကျတဲ့ ပင်လယ်မျိုးနွယ်စု ဘယ်တော့မှ

မသုတ်သင်နိုင်ဘူးကွ!"

ဆံပင်ဖြူလူသားစစ်သည်တော်သည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ အော်လိုက်ပြီး ရှေးဘာသာစကားကို စိတ်မပါဘဲ အသုံးပြုကာ ဟိန်းဟောက်လိုက်သည်။

ထို့နောက် သူ့ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သောအခါ ဟိန်းဟောက်သော မီးနဂါးကြီးတစ်ကောင် ပြေးထွက်လာကာ ပင်လယ်မျိုးနွယ်သခင် သုံးယောက်ကို မောင်းထုတ်ပစ်လိုက်သည်။

သူ့ခန္ဓာကိုယ်ကို အသုံးပြု၍ ပင်လယ်မျိုးနွယ်သခင်တစ်ဦးအား အသေ‌အကြေ တိုက်ခိုက်နေစဉ်တွင်၊ သူသည် နောက်လှည့်၍ ငါးမန်းစစ်သည်တော်တစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ လျှို့ဝှက်မီးစွမ်းအင်များစွာကို ထိုးသွင်းလိုက်ပြီး ပင်လယ်မျိုးနွယ်သခင်အား ကျောက်မီးသွေးအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

အသေခံ တိုက်ခိုက်မှု တစ်ခု ဖြစ်သည်။

ဤလူသားစစ်သည်တော်သည် အလွန်ဆိုးရွားသောအခြေအနေတွင်ရှိနေသောကြောင့်၊ သူ၏ရန်သူများကိုခြိမ်းခြောက်ရန် ဤနည်းလမ်းကိုသာ အသုံးပြုနိုင်သည်။

ထိုအခိုက်အတန့်၌...အေးစက်သောအလင်းတန်းတစ်ခု တောက်ပသွားကာ လက်တစ်ဖက်က ကောင်းကင်ပေါ်သို့ အရှိန်ပြင်းပြင်း ပျံတက်သွားသည်။

ပင်လယ်မျိုးနွယ်သခင်တစ်ဦးက

ဒီအခွင့်အရေးကို ယူပြီး ဤစီနီယာ၏ ဘယ်ဘက်လက်မောင်းကို ဖြတ်တောက်ပစ်လိုက်ခြင်းပင်။

" အား!"

ဆံပင်ဖြူ စီနီယာ၏ ကိုယ်သည် ဒယီးဒယိုင် လဲကျတော့မလို တုန်ခါနေသည်။ သူသည် ကောင်းကင်ကို မျှော်ကြည့်ကာ

“နတ်ဘုရားတို့..!ကျွန်တော် သေဖို့ မထိတ်လန့်ပါဘူး၊ ဒါပေမယ့် အရှင်တို့ ကျေးဇူးပြုပြီး အံ့ဖွယ်အမှုတွေ ဖန်တီးပြီး လူသားတွေကို ကယ်တင်ခဲ့တဲ့ ဂုဏ်ထူးဆောင် သူရဲကောင်းရဲ့ သားစဉ်မြေးဆက်ကို ကယ်တင်ပေးတော်မူပါ!”

" အား! ..ငါတို့ နောက်ထပ်သခင် တစ်ယောက် ကျသွားပြီ..ဒီအဆင့်နိမ့်တဲ့ လူသားကို အရှင်လတ်လတ် ဖမ်းစမ်း! လွယ်လွယ်နဲ့ မသေစေနဲ့။ သူ့ကို ပင်လယ်အနက်ထဲပြန်ခေါ်သွားပြီးတော့ ပင်လယ်နက်မီးတောင်မှာ မီးမြှိုက်ကြ" ဟု

ထိုဝေလငါး သူရဲကောင်းကြီးသည် ကောင်းကင်၌ ကြွေးကြော်လေသည်။

ပင်လယ်မျိုးနွယ်စု၏ သခင်များစွာရှိသော်လည်း ဤလမ်း၌ အနည်းငယ်သည် ဤလူသားစစ်သည်တော်၏ လက်ချက်ဖြင့် အသတ်ခံခဲ့ရပြီး ဤလူသားစစ်သည်တော်သည် မြေမျက်နှာသွင်ပြင်၏အားသာချက်ကိုအသုံးပြုကာ ပင်လယ်မျိုးနွယ်တို့၏ ဦးရေအင်အား အားသာချက်ကို အနိုင်ယူသည်။

တစ်ခဏမျှပင်၊ ပင်လယ်မျိုးနွယ်၏သခင်များသည် ဤလူသားနှစ်ဦးကို မဖမ်းနိုင်ဘဲ လအဆင့် လက်ရွေးစင် နောက်တစ်ယောက် အသတ်ခံခဲ့ရပြန်သည်။

ဝံ့ကြွားမောက်မာသော ပင်လယ်မျိုးနွယ်အတွက်၊ ဤသည်မှာ လက်မခံနိုင်စရာ အရှက်ကွဲမှုတစ်ခု ဖြစ်သည်။

ပြင်းထန်သော တိုက်ခိုက်မှုများအောက်တွင် လူသား မျိုးနွယ်ဆံပင်ဖြူ စီနီယာ စစ်သည်တော်သည် အခြားလက်တစ်ဖက်လည်း ဆုံးရှုံးသွားခဲ့သည်။

All Chapters