← Chapters

အမှောင်ထဲမှာ ပြုံးနေတဲ့ကောင်လေး (အပိုင်းနှစ်)

Vol. 60 Ch. 935

အမှောင်ထဲမှာ ပြုံးနေတဲ့ကောင်လေး (အပိုင်းနှစ်)

Vol. 60 Ch. 935

လူသား မျိုးနွယ်ဆံပင်ဖြူ စီနီယာ စစ်သည်တော်သည် ချိုင့်ဝှမ်းအဝင်ဝသို့ ဒယီးဒယိုင်ပြန်ဆုတ်သည်။ သူသည် ပင်လယ်မျိုးနွယ်သခင်များကို မျက်လုံးပြူးကျယ်စွာ ကြည့်ကာ သူ့ကိုယ်ပေါ်ရှိ မွှေးညှင်းများ ထောင်ထလာကာ ပင်လယ်နွယ်သခင်များကို ပြန်ကြည့်သည်။ သူသည် နောက်ဆုံးထိုးနှက်ချက်ကို အသုံးပြုတော့မည့် နတ်ဘုရား နဂါးတစ်ကောင်နှင့် တူပြီး သူ့ကိုတိုက်ခိုက်နေသော ပင်လယ်မျိုးနွယ်၏သခင်များသည် သူ၏ အကြောက်အလန့်ကင်းမဲ့မှုကြောင့် လန့်နေကာ ချက်ချင်း မချဉ်းကပ်ဝံ့ကြပေ။

"သခင်လေး... မင်းရဲ့အစေအပါး..ကျုပ်က အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် သတ်ပစ်ဖို့ နတ်ဆိုးတွေ များလွန်းတယ်။ ကျုပ်... မင်းကို မကာကွယ်နိုင်ခဲ့ဘူး..... ရှက်ရွံ့လိုက်တာ... ဆုံးပါးသွားတဲ့သခင်ကြီးအတွက် စိတ်ပျက်စေမိပြီ၊ သူရဲကောင်းကို စိတ်ပျက်စေခဲ့မိပြီ။ သခင်လေး..မင်းက သူရဲကောင်းတွေရဲ့ သွေးမျိုးဆက်ပါ ... မင်းက ဒီနတ်ဆိုးတွေရဲ့ အရှက်ကွဲ မခံစေရဘူး။ သေမင်းဆီကို ကျုပ်တို့ အတူ သွားကြစို့၊ ဗျူနိုသွေးမျိူးဆက်ရဲ့ ဂုဏ်ကျက်သရေကို စောင့်ထိန်းမယ်..."

လူသား မျိုးနွယ် ဆံပင်ဖြူ စီနီယာ စစ်သည်တော်က သူ့နောက်က ကောင်လေးအား တည့်တိုးပင် ပြောဆိုနေရင်း မျက်ရည်တွေ စီးကျလာသည်။

အသက်ရှင်ဖို့ အခွင့်အလမ်းရှိလျှင် ဒီကောင်လေးကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားမည်။ သို့သော် အခြေအနေက ဆိုးရွားခဲ့သည်။ နတ်ဆိုးများက သူ၏ သခင်လေးကို ညှဉ်းပန်းနှိပ်စက်မည့်အစား၊ ဤစီနီယာသည် သူ၏ သခင်လေးကို နာကျင်မှု မရှိဘဲ ဂုဏ်သိက္ခာရှိသော သေခြင်းသို့ ပေးလိုခဲ့သည်။

"အဆင်ပြေပါတယ်၊ ဦးလေးဘဲလက်တီ၊ စိတ်မဆိုးပါနဲ့၊ သေခြင်းတရားဟာ ကြောက်စရာမဟုတ်သလို၊ သေမင်းက ဗျူနိုရဲ့ ဂုဏ်ကို မသုတ်သင်နိုင်ဘူး!"

သေခြင်းတရား၏ ခြိမ်းခြောက်မှုကို

ရင်ဆိုင်ရသောအခါ၊ ချိုင့်ဝှမ်းထဲတွင်

အမှောင်ထု ဖုံးလွှမ်းနေသော ဤ

ကောင်လေးသည် သူ့အသက်အရွယ်နှင့်

မလိုက်ဖက်ဘဲ အခြားသူများကို ထိတ်လန့်သွားစေသည့် ငြိမ်သက်မှုအဆင့်ကို ပြသခဲ့သည်။ တကယ်တော့ ဖြူစင်သော အပြုံးလေးပင် သူ၏ ကလေးဆန်သော မျက်နှာပေါ်တွင် ပေါ်လာသည်။

“သေခြင်းက လူတွေကို ဝေဒနာကနေ သက်သာရာရစေတယ်ဆိုရင် ဒါဟာ ဂုဏ်ပြုထိုက်တဲ့ အရာတစ်ခု ဖြစ်သင့်တယ်” ဟု ဖြည်းညှင်းစွာ ပြောခဲ့သည်။

အမှောင်ထဲမှာ ပြုံးနေသည့် ဒီကောင်လေးကို ကြည့်လိုက်ရင်း ဘဲလက်တီ၏ မျက်နှာမှာ သွေးမျက်ရည်တွေ စီးကျလာပြီး ဒီအချိန်မှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။ အဘိုးအိုသည် စိတ်ခံစားမှုများ ရောနှောနေပါသည်။

သူ၏ သခင်လေးသည် ထက်မြက်ပြီး ရှေးပညာရှိများနှင့် တန်းတူ ထက်မြက်ကာ နတ်ဘုရားများကဲ့သို့ ရက်ရော၍ ကြင်နာတတ်သူ ဖြစ်သည်။ ထိုကောင်လေးက မွေးကတည်းက မသန်မစွမ်း ဖြစ်ပေမယ့် တစ်ရွာလုံး၏ အချစ်ရဆုံးသူပါ။

သူသည် မွေးရာပါ မျက်စိကန်းသော်လည်း သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများကို အသန့်ရှင်းဆုံးသော မြင်ကွင်းဖြင့် ကြည့်ရှုနိုင်သည်။

အကယ်၍ သူသည် မသန်စွမ်း ဖြစ်ပြီး

မကျင့်ကြံနိုင်ခြင်းကြောင့်သာ မဟုတ်ပါက၊ ဗျူနို သွေးမျိုးဆက်၏ ဤနှစ်များတစ်လျှောက်လုံးတွင် အခြားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။

ကံမကောင်းစွာပဲ၊ ထက်မြက်သည့် ပါရမီရှင်တွေဟာ နတ်ဘုရားတွေ၏ အမြဲမနာလို ဖြစ်ခြင်း ခံရပြီး ဒုက္ခဆင်းရဲများစွာကို ဖြတ်သန်းခဲ့ရပါသည်။

" ဗျူနိုရဲ့ အသက်ရှင်ကျန်ရစ်သူတွေအပေါ်ကပ်ဆိုက်ခဲ့တယ်၊သခင်လေးဟာ နူးညံ့သိမ်မွေ့ပြီး ဉာဏ်ပညာရှိတဲ့သူတစ်ယောက်၊ ဒါပေမယ့် သေခြင်းကနေ မလွတ်မြောက်နိုင်ဘူး... မတရားလိုက်တဲ့ နတ်ဘုရားတွေ...!"

ထို့နောက် ဘဲလက်တီ သည် သူ၏ခန္ဓာကိုယ်အတွင်း နောက်ဆုံးမီးဓာတ် စစ်သည်တော်စွမ်းအင်ကိုသုံးကာ သူ့ကိုယ်သူနှင့် ဤပြုံးနေသောကောင်လေးကို အတူတကွသတ်သေခါနီးတွင် မမျှော်လင့်ထားသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

ထိုအခိုက်အတန့်တွင်...

ဝုန်း!

ဥက္ကာပျံကဲ့သို့ ရွှေရောင်အလင်းတန်းများ လင်းလက်လာပြီး ပင်လယ်မျိုးနွယ်သခင်များအား ဖြတ်သွားကာ ထိုလူနှစ်ယောက် ရှေ့တွင် ပေါ်ထွက်လာသည်။

အစပိုင်းတွင် ဘဲလက်တီ အံ့အားသင့်သွားခဲ့သော်လည်း နောက်အခိုက်အတန့်တွင် သူ အလွန် ဝမ်းသာသွားသည်။

ဤပုံရိပ်သည် လူသား...။

အစွမ်းထက်သော လူသား။

ဖေးသည် နောက်ဆုံးတော့ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာပါပြီ။

ဆံပင်ဖြူ စစ်သည်တော်က တုန်တုန်ယင်ယင်နှင့် ဖေး လက်ထဲကို လဲကျသွားသည်။ သူသည် ဘုရင် ဖေး ကို အလွန်အမင်း ကျေးဇူးတင်သည့် အမူအရာနှင့် ကြည့်ရင်း ကြိုးစား ပြောရှာသည်။

"ကျေး... ကျေးဇူးပြုပြီး...ဗျူနို သူရဲကောင်းရဲ့ ဆက်ခံသူကို... ကာကွယ်စောင့်ရှောက်ပေးပါ....."

ထို့နောက် သူက ဖြည်းညှင်းစွာ လှည့်၍ မျက်လုံးမှိတ်ထားကာ အမှောင်ထဲတွင် ပြုံးနေသော ထိုကောင်လေးကို ကြည့်လိုက်သည်။ သူသည် သက်ပြင်းချရင်း

"သခင်လေး..၊ လောကကြီးမှာ နာကျင်စရာတွေ..ရုန်းကန်ရတဲ့ အခက်အခဲတွေ အများကြီး ရှိပေမယ့်... မင်း... ပျော်ရွှင်နေနိုင်ပါပြီ..."

ထိုသို့ ပြောဆိုပြီးနောက်မှာတော့ ဆံပင်ဖြူ စီနီယာ၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး ထိုလူသားသခင်သည် ကြေလွင့်သွားခဲ့ပါပြီ။

---------------

All Chapters