Chapters

ခေတ်သစ်တစ်ခု၏ အစ (ပထမပိုင်း)

Vol. 60 Ch. 922

ခေတ်သစ်တစ်ခု၏ အစ (ပထမပိုင်း)

Vol. 60 Ch. 922

" မင်း သေချင်နေပြီလား မင်းက အရှင်မင်းသမီးရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုတောင် မေးခွန်းထုတ်ရဲတာလဲ ”

“ငါ... ငါပြောချင်တာက...”

" တော်တော့ ငြင်းတာရပ်လိုက်‌ေတာ့ ဒါက ငါတို့နဲ့ ငါတို့ရဲ့ချိတ်ပိတ်မှုကိုဖြေပေးခဲ့တဲ့သူနဲ့ချုပ်ထားတဲ့သဘောတူညီချက်ထဲကတစ်ခုပဲ နောက်ပြီး ညစ်ပတ်တဲ့လူသားအနည်းငယ်ကိုသတ်လိုက်တာကလဲ သိပ်မလွန်ပါဘူး အဲ့ဒီသူကပြောတာသာမှန်ရင်၊ ငါတို့မျိုးနွယ်စုဟာ ကုန်းမြေပေါ်ကိုထပမဆုံးခြေချနိုင်ဖို့မျှော်လင့်ချက်ရှိလာမှာ ”

“ ဒါ‌ေတာ့မှန်တယ်။ နှစ်ပေါင်း ၁၀၀၀ ကြာပြီးတဲ့နောက်၊ ငါတို့က ပင်လယ်ကနေကုန်းမြေပေါ်ကိုပထမဆုံးခြေချမယ့် မျိုးနွယ်စုဖြစ်လာမှာ အခြားလူမျိုးတွေက သူတို့ရဲ့ချိတ်ပိတ်မှုကိုဖြေနိုင်လိုက်ရင်တောင်၊ ငါတို့နဲ့ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး "

“ ဒါပေမယ့်၊ ခုဘာလုပ်သင့်လဲ? ဒီလူသားက ငါတို့ထက်အများကြီးပိုပြီးအားကောင်းနေတယ် ငါတို့အားလုံးတစ်ပြိုင်တည်း‌ေပါင်းတိုက်ရင်တောင်၊ သူ့ကိုသတ်နိုင်မှာမဟုတ်ဘူး ”

“ ဒါကမမျှော်လင့်ထားတဲ့အရာပဲ နှစ်ပေါင်းထောင်ချီကြာပြီးနောက် ဒီလိုအားကောင်းတဲ့လူသားတွေရှိနေသေးတာပဲ။ ဘာပဲဖြစ်ဖြစ်၊ ငါတို့ဝင်မချသေးဘူး ဒီအားနည်းတဲ့ပင်လယ်သားရဲသတ္တဝါတွေက သူတို့ကိုဆက်ပြီးအနှောင့်အယှက်ပေး‌ေနတုန်း၊ ငါတို့ မင်းသမီးဆီသတင်းပို့ကြရအောင် ဒါကတွက်ချက်ထားတဲ့အထဲကမဟုတ်တော့ သူငါတို့ကိုဒေါသထွက်မှာမဟုတ်ဘူး ”

ဆွေးနွေးပြီးနောက်၊ ထိုထူးဆန်းတဲ့ပုံရိပ်များမှာ ချက်ချင်းပင်လယ်ထဲကိုပြေးဝင်သွားပြီး ပျောက်ကွယ်သွားကြ၏။

၎င်းတို့၏ လှုပ်လျားမှုများမှာ ရေထဲတွင်ချောမွေ့ပြီး၊ အလွန်မြန်ဆန်လှသည်။ ၎င်းတို့ရေကူးစဉ် ရေစက်များ လှိုင်းထခြင်းများ လုံးမရှိပေ။

ထွန်းလင်းတောက်ပခြင်းစစ်သင်္ဘော မှာ ထပ်ခါထပ်ခါအတိုက်ခိုက်ခံခဲ့ရသည်။

အခြေအနေများက ပိုပိုပြီးထူးဆန်းလာသည်။

မွန်းလွဲပိုင်းတွင်တော့ ဖေး ဒေါသထွက်ပြီး ထပ်မံလှုပ်ရှားပြန်၏။

သူ့ရဲ့အစွမ်းမှာ အံ့သြစရာကောင်းလောက်အောင်သန်မာပြီး၊ ပင်လယ်သားရဲများတွင် မည်သူမျှ ဖေး၏စွမ်းအင်လက်သီးကိုမတားဆီးနိုင်ခဲ့‌ချေ။ တစ်နာရီအတွင်း၊ ပင်လယ်သတ္တဝါများစွာသေဆုံးသွားခဲ့သည်။

ဖေးမှာ ဒေါသထွက်နေရာ ထွက်ပြေးသွားသည့်ပင်လယ်သတ္တဝါများ‌ေနာက်လိုက်ပြီး ကီလိုမီတာ ၁၀၀ နှင့် အနက် ၁၀၀၀ မီတာအတွင်းရှိ ပင်လယ်သတ္တဝါအားလုံးကို ရှင်းလင်းလိုက် တော့သည် ။

၎င်းနောက် ပင်လယ်မျက်နှာပြင်မှာ ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွား၏။

ပင်လယ်သတ္တဝါများ၏ အပိုင်းပိုင်းအစစများမှာ ပင်လယ်မျက်နှာပြင်ပေါ်၌ နေရာအနှံ့တွင် ပေါ်နေသည်။ ။ ဤတိုက်ပွဲ၌ ပင်လယ်သတ္တဝါသိန်းနဲ့ချီပြီး ဖေး၏ လက်သီးချက်အောက်၌ သေဆုံးခဲ့သည်။

ထို ရက်စက်သောသတ်ဖြတ်မှုက ပုန်းကွယ်နေသောအုပ်စုကို အနည်းငယ်‌နောက် ဆုတ်ခွာသွား‌ စေခဲ့သည် ။

ထိုည၌ ပင်လယ်သားရဲများ ထပ်မပေါ်လာကြတော့ပေ။

ဖေးတို့မှာ ထွန်းလင်းတောက်ပခြက်း ပေါ်က မှော်ခရီးသွားစနစ်ကို အပြည့်အဝအသုံးပြုထားပြီး၊ ညဘက်တွင်ပင် တစ်နာရီ ကီလိုမီတာ ၁၀၀၀၀ ကျော်နှုန်းဖြင့် ခရီးဆက်ခဲ့ကြ၏။

တကယ်တမ်း သူတို့ လီယွန် အင်ပါယာနဲ့နီးနေသင့်သော်လည်း လက်ရှိတွင် ကမ်းခြေများ၊ အခြားသင်္ဘောများကို မမြင်ခဲ့ကြရ‌ပေ ။ ကျယ်ပြန့်တဲ့ပင်လယ်ပေါ်၌ ထွန်းလင်းတောက်ပခြင်းမှလွဲ၍ ဘာမျှ ရှိမနေသလိုပင်။

ဖေး မှာ ထိုင်ခုံတစ်လုံးကိုယူပြီး သင်္ဘောရဲ့ထိပ်ဆုံး၌ ထိုင်လိုက်သည်။ သူက ဘာစကားမျှ မပြောဘဲ တစ်စုံတစ်ခုကို တိတ်တဆိတ်စောင့်ဆိုင်းနေ၏။

ဖေး ဒေါသအလွန်ထွက်နေကြောင်း အားလုံးသိလိုက်သည်။ ပင်လယ်ထဲမှ ပုစွန်လေးတစ်ကောင်တောင်ခုန်ထွက်လာလျှင်ပင်၊ ဖေး၏ လက်ချက်ဖြင့် အပိုင်းပိုင်းဖြစ်သွား‌ေပလိမ့်မည်။

...

-ပင်လယ်အနက်ပိုင်းတစ်နေရာတွင်-

ဒေါသထွက်တဲ့ဟိန်းသံတစ်ခုကြောင့် ကောင်းကင်မှာ ထိုးဖောက်ခံလိုက်ရသလိုလိုပင်၊ စတုရန်းကီလိုမီတာထောင်ချီတဲ့ဧရိယာတစ်ခုလုံး လှိုင်းများထံလာပြီး ဟိန်းသံပိုင်ရှင်၏ ခြေထောက်အောက်က သတ္တဝါအားလုံးကို တုန်လှုပ်သွားကြ၏။

“ ဒီလူသားကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတ်ပစ်ရမယ် နှစ်ပေါင်း ၁၀၀၀ ကျော်အိပ်စက်ပြီး နိုးထလာလာတဲ့ ငါတို့မျိုးနွယ်ရဲ့ဂုဏ်သိက္ခာကို ဒီညစ်ပတ်တဲ့လူသားတစ်ယောက်ကြောင့် စွန်းထင်းသွားလို့မရဘူး "

End