← Chapters

အမေးဇင်း

Vol. 25 Ch. 338

အမေးဇင်း

Vol. 25 Ch. 338

အမျိုးသမီးနှစ်ဦး ခွန်းဖန်းပေါ်သို့ ဆင်းသက်လာသောအခါ ယဲ့ကျွင်းလင်သည် သရေစာအပြည့်ပါသော ပန်းကန်ပြားများကို ဘေးတွင် ချထားကာ အပြုစုခံ အရှင်သခင်ကြီးတစ်ပါးကဲ့သို့ ထိုင်ခုံရှည်ပေါ်တွင် ဟန်ကျပန်ကျ မှီထိုင်နေသည်ကို တွေ့လိုက်ရသည်။

ပုရှောင်ရှီးက အနောက်တွင် ရပ်နေပြီး ယဲ့ကျွင်းလင်၏ ပခုံးများကို သူမ၏ နူးညံ့ပျော့ပျောင်းသော လက်လေးများဖြင့် နှိပ်နယ်ပေးလျက်သား။ ဖိအားပမာဏကို ကျွမ်းကျင်မှန်ကန်စွာအသုံးချလျက် ဆရာသခင်အား ပြုစုပေးရခြင်းကို အတော်လေးနှစ်သက်နေဟန်ပင်။

မသိရင် အားလပ်ရက် အပန်းဖြေခရီးထွက်လာတဲ့အတိုင်းပဲ။

“တောင်ထိပ်သခင်ယဲ့၊ ပြဿနာတော့တက်ပြီ၊ ဒါ ထောင်ချောက်ပဲ!” ကျောက်လင်အာ စိတ်ပူပန်စွာ ပြောလိုက်သည်။

“ဘယ်လို ထောင်ချောက်လဲ?”

“ဒါကြီးတစ်ခုလုံးက ထောင်ချောက်သက်သက်ပဲ၊ တောင်ထိပ်သခင်ယဲ့!”

ယဲ့ကျွင်းလင်သည် ဦးစွာ ကြောင်တောင်တောင်ဖြစ်သွားဟန်ရှိပြီးနောက် မျက်လုံးများတွင် ပြင်းထန်သော စိတ်ဝင်စားမှုများ ပေါ်လာသည်။ “အသေးစိတ် ရှင်းပြပါဦး!”

“မင်ယွဲ့၊ တောင်ထိပ်သခင်ယဲ့ကို မင်းခန့်မှန်းထားမိတဲ့အရာတွေ အကုန်ပြောပြလိုက်"

မင်းသမီးမင်ယွဲ့၏ မျက်လုံးများမှာ နီရဲနေပြီး အံကိုတင်းတင်းကြိတ်ကာ အားတင်းရှင်းပြလာ၏။ “အကြီးအကဲယဲ့၊ ကျွန်မတို့ ကျင့်ထူနန်းတော်ကို အဲဒီနေ့က သရုပ်မှန်ဖော်ပြမထားတဲ့ လူသတ်သမားအုပ်စုဝင်လာပြီး နန်းတော်တစ်ခွင်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ချေမှုန်းခဲ့တာပါ။ တကယ်တမ်းတော့ အဲ့လူသတ်သမားတွေဟာ ယွီဟွားဂိုဏ်းသားတွေဖြစ်နေတာကို ကျွန်မအခုပဲ သိခဲ့ရပါတယ်"

“သေချာလား?” ယဲ့ကျွင်းလင်၏ မျက်နှာအမူအရာ မပြောင်းလဲသော်လည်း မျက်လုံးများက အာရုံစူးစိုက်လာဟန် အရောင်တောက်လာ၏။

“သေချာပါတယ်!”

မင်းသမီးမင်ယွဲ့က ပြတ်သားသောအမူအရာဖြင့် ခေါင်းကို အသေအချာ ညိတ်ပြလာသည်။

ယဲ့ကျွင်းလင်၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားသည်။ သို့ဆိုလျှင် အရင်က သူ့ထွက်ခွာသွားပြီး သိပ်မကြာမီ ဖျက်ဆီးခံခဲ့ရသော လေပေါ်ဝိဇ္ဇာ‌ကျောင်း၏ ပျက်သုဥ်းမှုသည်လည်း ယွီဟွားဂိုဏ်း ၏လက်ချက်ပင် ဖြစ်ရပေမည်။

“ဒါဆို ဒီစစ်ပွဲမှာလည်း အတွင်းရေးကြံစည်မှုတစ်ခုခု ရှိကိုရှိရမယ်။ ဘာကိုအားကိုးပြီး အဲ့လောက်ယုံကြည်မှုတွေရှိနေတာ ဖြစ်မလဲ?"

ယဲ့ကျွင်းလင် လန့်မသွားရုံမက ပို၍ပင် စိတ်လှုပ်ရှားလာသည်။

ယွီဟွားဂိုဏ်းသည် အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့ကြီးကို မရဏချောက်နက်ထဲသို့ အရောက်ဆွဲသွင်းဖို့ မရမကကြိုးစားဆွဲဆောင်ခဲ့သည်။ ထိုတပ်ဖွဲ့ထဲတွင် မသေမျိုးအရှင်နှစ်ပါးလည်း ပါဝင်နေသေး၏။ ထိုမျှအင်အားကြီးသောတပ်ဖွဲ့ကို တစ်ပါတည်းစိန်ခေါ်ရလောက်သည့် ယုံကြည်မှုမှာ တစ်ခုခုကိုအမှီပြုဖြစ်ပေါ်လာကြောင်း ထင်ရှားသည်ပင်။

“ငါ့စွမ်းအားကို သိလျက်နဲ့တောင် လာကစားရဲသေးတာ၊ ငါ့ကိုပါရှင်းပစ်ဖို့ ကြိုတင်ကြံစည်ထားကြပုံပဲ"

“ကောင်းတယ်၊ အရမ်းကောင်းတယ်၊ သိပ်ကောင်းတယ်!”

ယဲ့ကျွင်းလင် လက်ခုပ်လက်ဝါးတီးပြီး အားရပါးရ ရယ်မောလိုက်သည်။ မခံမရပ်ဖြစ်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း လုံးဝမရှိဘဲ လာမည့်အပြောင်းအလဲများအတွက် မျှော်လင့်ချက်သာ ပိုလို့ကြီးမားလာတော့လေ၏။

ကျောင်လင်အာနှင့် မင်းသမီးမင်ယွဲ့ တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြသည်။

ဒီလူရဲ့ အတွေးအခေါ်က တကယ်ကို ထူးခြားတာပဲ။

အဆင့်အတန်းဆိုတာ ဒါပဲလေ!

“တောင်ထိပ်သခင်ယဲ့၊ ကျွန်မတို့ အမြန်သွားပြီး ကျန်တဲ့သူတွေကို အကြောင်းကြားရအောင်၊ ပြီးရင် ယွီဟွားဂိုဏ်းရဲ့ မျက်နှာဖုံးကို အများသူငှာရှေ့မှာ ဆွဲချွတ်ပစ်ကြတာပေါ့!”

“ဟုတ်တယ်၊ နှောင့်နှေးနေရင် အရမ်းနောက်ကျသွားလိမ့်မယ်!”

အမျိုးသမီးနှစ်ဦးလုံး အရမ်းစိတ်ပူနေကြဟန်ပင်။

သို့သော် ယဲ့ကျွင်းလင်က လက်ကိုဝှေ့ယမ်းပြီး ပြောလာသည်။ "အရမ်းမလန့်ကြပါနဲ့။ လောလောဆယ် ဆက်ပျော်လိုက်ကြဦး"

“ဟင်???”

အမျိုးသမီးနှစ်ဦးလုံး ကြောင်အသွားကြသည်။

ယဲ့ကျွင်းလင်က ပခုံးတွန့်ပြပြီး ဖရဲစေ့တစ်ဆုပ်ကို ပါးစပ်ထဲပစ်ထည့်ကာ အခွံတွေကို ကျွမ်းကျင်စွာ ထွေးထုတ်လိုက်သည်။ “ဒါက အစပဲရှိသေးတယ်၊ တကယ့်ပြပွဲက မစသေးဘူး။ ခဏလောက် စောင့်ကြည့်ကြသေးတာပေါ့"

“တကယ် အဆင်ပြေရဲ့လား?” မင်းသမီးမင်ယွဲ့ စိုးရိမ်တကြီး မေးလိုက်သည်။

ကျောက်လင်အာ၏ မျက်လုံးများ တောက်ပလာပြီး ယဲ့ကျွင်းလင်ကို ထောက်ခံပြောဆိုလာ၏။ “ကျွန်မကတော့ တောင်ထိပ်သခင်ယဲ့ကို ယုံတယ်။ အခုခဏတော့ သိုသိုသိပ်သိပ်နေပြီး ယွီဟွားဂိုဏ်း က ဘာပရိယာယ်တွေ သုံးနေလဲဆိုတာ အရင်ကြည့်ရအောင်”

တစ်ဖက်လူထံမှ ဤသို့ပေါ့ပေါ့ပါးပါး စကားထွက်လာသည်နှင့် သူမသည်လည်း ဒီကိစ္စက သိပ်အရေးမကြီးလှပါဟု အလိုလို ခံစားလိုက်ရသည်။ ထိုသူဒီမှာရှိနေသရွေ့ သူမစိတ်က အလိုလိုလုံခြုံနေတတ်သည်သာ။

အမျိုးသမီးနှစ်ဦး လေးစားစွာ ဦးညွှတ်လိုက်ပြီးနောက် ပြန်လည်ပျံသန်းထွက်ခွာသွားကြသည်။

ယဲ့ကျွင်းလင် ဖရဲစေ့များကို တထောက်ထောက်ဝါးရင်း အဝေးကို ငေးကြည့်နေသည်။ စစ်မြေပြင်တွင် ယွီဟွားဂိုဏ်း ဂိုဏ်းချုပ် ရန်သူကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ပြီး ဆက်တိုက် ကြိမ်းဝါးကြွေးကြော်နေသည်ကို မြင်သောအခါ သူ့မျက်နှာတွင် စိတ်ဝင်တစားအမူအရာ ထင်ပေါ်လာတော့၏။

“ဝမ်ချန်းဝေ၊ မင်းရဲ့ ဖျော်ဖြေမှုကို ငါထိုင်ကြည့်ပါဦးမယ်”

အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့သည် တားဆီးမရနိုင်လောက်အောင် အရှိန်အဟုန်ပြင်းစွာ ချီတက်လာပြီး လမ်းတစ်လျှောက် မြို့ကြီးမြို့ငယ်များနှင့် ခံတပ်များကို တရစပ်သိမ်းပိုက်ခဲ့ရာ မရဏချောက်နက် နယ်မြေတစ်ခုလုံး စစ်ပွဲမုန်တိုင်းကြားသို့ ကျရောက်သွားခဲ့ရသည်။

စိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်မှုများသည် ဤရှေးဟောင်းနတ်ဆိုး ကမ္ဘာငယ်တစ်လျှောက် ပျံ့နှံ့လျက်ရှိ၏။

ကောင်းကင်တွင် ဆိုင်းငံ့နေသော ဖြူဖျော့ဖျော့ လခြမ်းသည်ပင် အဆက်မပြတ်ဖြစ်ပေါ်နေသည့် ကြေကွဲဖွယ်ကောင်းသော သွေးထွက်သံယို အဖြစ်ဆိုးများကြောင့် သွေးနီရောင်သို့ ကူးပြောင်းကာ အရှိန်အဝါကအစ ပုံမှန်မဟုတ်တော့စွာဖြင့် ကြောက်မက်ဖွယ်ကောင်းနေသည်။

“ဒါ အကုသိုလ်ကံ အကျိုးပေးတာပဲ! ငါတို့ လူသားမျိုးနွယ်စု နယ်မြေကို မတပ်မက်ခဲ့သင့်ဘူး!”

“ငါတို့ ဘာလုပ်သင့်လဲ? အပြင်ဘက်မှာ လူသားမျိုးနွယ်စုတွေချည်းပဲ! အခု ဘယ်ကို ထွက်ပြေးရတော့မလဲ?”

“ဒီအခြေအနေ ရောက်လာပြီဆိုတော့ သူတို့ကို ပြန်တိုက်ရမယ်! နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲ‌ပေါ့!”

“ဒါနဲ့၊ ဘုရင်က ဘာလှုပ်ရှားမှုမှ မရှိဘူးလား? ငါတို့ မရဏချောက်နက် မျိုးနွယ်စုတစ်ရာလုံးနီးပါး ပျောက်ကွယ်လုဖြစ်နေပြီ!”

“အားလုံးပဲ၊ ဘုရင်က အရေးပေါ် စစ်မှုထမ်းခေါ်ယူရေး အမိန့်ထုတ်ပြန်ထားတယ်။ ပထမတော်ဝင်မြို့တော်မှာ စုစည်းပြီး လူသားမျိုးနွယ်စုနဲ့ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲဖို့ လာရောက်စုရုံးရမယ်လို့ သတင်းရရှိထားတယ်!”

“ကောင်းတယ်! သေရမယ့်အတူတူတော့ တိုက်ရင်းသေကြတာပေါ့ကွာ!”

ကျယ်ပြန့်သော မရဏနယ်မြေတစ်ခွင်၌ နယ်ခံသတ္တဝါ မျိုးနွယ်ပေါင်းစုံတို့သည် မိမိတို့၏ နေထိုင်ရာမြို့များကို ဆန္ဒအလျောက် စွန့်လွှတ်ခဲ့ကြပြီး ဦးတည်ရာတစ်ခုတည်းသို့ ပြေးလွှားသွားရောက်နေကြကာ လူသားမျိုးနွယ်စု စစ်တပ်ကို ပေါင်းစည်းခုခံရန် ပြင်ဆင်ကြလေတော့၏။

ကြီးမားသော အဆုံးအဖြတ်တိုက်ပွဲ စတင်တော့မည်!

ဗဟိုဧရိယာတွင် အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံး တော်ဝင်နန်းတော်သည် မြင့်မားစွာ တည်ရှိနေပြီး လုံခြုံရေးအထူအထပ်ဖြင့် တင်းကျပ်စွာ ဝန်းရံထားကာ အစောင့်အရှောက်များလည်း နီးကပ်လာသော တိုက်ပွဲသတင်းတို့ကြောင့် ခြေမကိုင်မိလက်မကိုင်မိ ဗျာများလျက်ရှိကြသည်။

ခန်းမဆောင်အတွင်း၌ ဘုရင်တန့်ယိုသည် မှိုင်းညှို့နေသောမျက်နှာထားဖြင့် လက်များကို နောက်ပစ်ကာ ဟိုဘက်ဒီဘက် လမ်းလျှောက်လျက်ရှိသည်မှာ အိုးနှုတ်ခမ်းပူပေါ်ပတ်ပြေးနေသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့။

ရွှီး!

ခါးအထိ ရှည်လျားသော ခရမ်းရောင်ဆံပင်နှင့် နဖူးတွင် ချွန်ထက်သော ချိုနှစ်ချောင်းရှိသည့် အမျိုးသားတစ်ဦး လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ မျက်နှာသည် ဆိုးယုတ်သောအကြံအည်များစွာကို သိုဝှက်ထားပုံပေါ်ပြီး ကြောက်မက်ဖွယ်ကောင်းကာ မျက်လုံးများက ခရမ်းရင့်ရောင်ကျောက်မျက်များကဲ့သို့ စွဲမက်ဖွယ်အလင်းရောင်တစ်မျိုးဖြင့် တောက်ပလျက်ရှိ၏။

“နတ်ဘုရားသံတမန်!”

ဘုရင်တန့်ယိုသည် ရောက်ရှိလာသူကို မြင်သောအခါ ချက်ချင်း ဒူးထောက်ချလိုက်၏။ "ညွှန်ကြားချက်တွေအားလုံးကို ကျွန်တော် လိုက်နာပြီး ကျန်ရှိနေတဲ့ မရဏချောက်နက်သတ္တဝါတွေကို တော်ဝင်မြို့တော်ဆီ ပြေးခိုင်းထားပြီးပါပြီ။ ယဲ့ကျွင်းလင်တို့တပ်ဖွဲ့ကို တကယ် ဖယ်ရှားနိုင်မယ့် နည်းလမ်းရှိရဲ့လားလို့ မေးချင်ပါတယ်”

ဘုရင်တန့်ယို အမှန်တကယ် ထိတ်လန့်နေခဲ့သည်။ မအောင်မြင်လျှင် သေလမ်းမှလွဲ တစ်ခြားမရှိတော့သော ရွေးချယ်မှုမျိုး မဟုတ်ပါလော။ ဤသူ၏အားကိုးသာ မရှိခဲ့ပါက သူထွက်ပြေးပုန်းအောင်းပြီးနေသည်မှာ အတော်ကြာလောက်လေပြီ။

ဘာပဲဖြစ်ဖြစ်၊ မရဏချောက်နက်ရဲ့ လက်ရှိကျန်သမျှအင်အားနဲ့ အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့ကို ခုခံဖို့ လုံးဝ မဖြစ်နိုင်ဘူးလေ။ ဘာကိုအရဲစွန့်နေရဦးမှာလဲ?

မင်ယဲ့သည် စိုးရိမ်ပူပန်နေသော ဘုရင်တန့်ယိုကို လှောင်သလိုပြောင်သလို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ “မင်းကိုယ်မင်း ဘယ်‌လောက်သနားစရာကောင်းနေလဲ ပြန်ကြည့်လိုက်ပါဦး။ သူတို့ကို ဖယ်ရှားဖို့ ငါ လုံးဝ ယုံကြည်မှုရှိတယ်လို့ ငါပြောပြီးသား။ ဒီ နတ်ဘုရားသံတမန်ရဲ့ စကားကို မင်း သံသယရှိရဲသေးတာလား?”

ဘုရင်တန့်ယို သက်ပြင်းချလိုက်ပြီး မျက်နှာတစ်ခုလုံးကို ပြုံးရွှင်တက်ကြွပြလိုက်ရသည်။ “မဟုတ်ပါဘူး၊ ကျွန်တော် သေချာအောင် အတည်ပြုချင်ရုံပါပဲ။”

“နတ်ဘုရားသံတမန်ဘက်က ဒီလောက် ယုံကြည်မှုရှိနေမှတော့ ကျွန်တော် စိတ်သက်သာရာရပါပြီ။ ဒါပေမယ့် ဘယ်လိုထောင်ချောက်မျိုး ဆင်ထားတာလဲဆိုတာ ကျွန်တော်မသိရသေးတော့လေ"

ဘုရင်တန့်ယို အလွန်သိချင်စိတ်ပြင်းပြနေသည်။ သူသည် တစ်ဖက်လူ၏ ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုထားသော စကားများကို အရင်က နားနှင့်မဆံ့အောင် ကြားဖူးပြီးလေပြီ။ ဒဏ္ဍာရီလာ မသေမျိုးအရှင်ကိုပင် ဖယ်ရှားနိုင်သည်ဟု ဆိုခဲ့ဖူး၏။

မရဏချောက်နက်တွင် ကြာမြင့်စွာ အခြေချနေထိုင်ခဲ့သူတစ်ဦးဖြစ်သော်လည်း မည်သည့်လျှို့ဝှက်နည်းလမ်းကိုသုံး၍ အောင်ပွဲကိုအရယူမည်ဆိုသည်ကို ခန့်မှန်းမရနိုင်သေးပေ။ ဤမျှနီးကပ်နေမှတော့ သူသိချင်လှပြီဖြစ်၏။

မင်ယဲ့က အဓိပ္ပာယ်အပြည့်ဖြင့် တစ်ချက်ပြုံးလိုက်သည်။ “ဟဲဟဲ၊ အချိန်တန်ရင် သိရလိမ့်မပေါ့"

ထိုမျက်လုံးများဖြင့် စိုက်ကြည့်ခံလိုက်ရသောအခါ ဘုရင်တန့်ယို ကျောချမ်းသွားပြီး အရှက်ပြေပြုံးရင်း ခေါင်းငုံ့လိုက်သည်။ “ဒါဆိုရင် ကျွန်တော် စောင့်ကြည့်နေပါ့မယ်”

မင်ယဲ့က ကောင်းကင်တွင် ဆိုင်းငံ့နေသော သွေးလကို ပြန်ကြည့်လိုက်ပြီး မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပနေကာ နှုတ်ခမ်းထက်တွင် သွေးဆာနေသော အပြုံးဖြင့် ရေရွတ်လိုက်၏။

“ယဲ့ကျွင်းလင်၊ မင်း သေဆုံးခြင်းကို ရင်ဆိုင်ရတဲ့အခါ ဘယ်လိုမျက်နှာမျိုး ဖြစ်နေမလဲဆိုတာ ငါ အရမ်းကို သိချင်နေပြီပဲ!”

တစ်ချိန်တည်းမှာပင်။

အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့သည် ဤထူးခြားမှုကို သတိထားမိလာကြ၏။

“ရောင်းရင်းတို့၊ ဒီသားရဲတွေက သူတို့မြို့တွေကို စွန့်ပြီး ထွက်ပြေးကုန်ကြပြီ။ သတိထားပါ၊ ဒါက ကျွန်တော်တို့ကို အတွင်းပိုင်းထိလိုက်အောင် ဆွဲဆောင်နေတာ ဖြစ်နိုင်တယ်!”

တောင်ဖြိုဂိုဏ်း၏ ဘိုးဘေးကြီး အိုးရန်ဖုန့်က လေးနက်စွာ သတိပေးလာသည်။

သူသည် လက်စွဲ‌တော် ခွင်းတောင်ဓားကို ကိုင်ဆောင်ထားပြီး လွင့်ခါနေသော အညိုရောင်ဝတ်ရုံဖြင့် ခန့်ညားပြီး နက်ရှိုင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

“မှန်တယ်။ ငါတို့ ထောင်ချောက်ထဲ ကျလို့မဖြစ်ဘူး!” တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။

ကျင့်ကြံသူများ ခေါင်းညိတ်လိုက်ကြပြီး သူတို့၏ ခေတ္တအောင်မြင်မှုကြောင့် စိတ်ကြီးမဝင်မိစေရန် သတိကပ်လိုက်ကြသည်။

ဤမြင်ကွင်းကို မြင်သောအခါ၊

ဝမ်ချန်းဝေ၏ မျက်လုံးများတွင် အေးစက်စက် အလင်းတပြက် ဖြတ်ပြေးသွားပြီး လျင်မြန်စွာပျောက်ကွယ်သွားသည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “အားလုံးပဲ၊ ကျွန်တော် ခုနက မရဏချောက်နက်ရဲ့ သတ္တဝါတစ်ကောင်ကို စစ်ဆေးမေးမြန်းခဲ့ပြီးပြီ။ မရဏချောက်နက် ဘုရင်က အရေးပေါ်စစ်မှုထမ်းခေါ်ယူရေး အမိန့်ထုတ်ပြန်ထားတာပါတဲ့။ သတ္တဝါအားလုံးကို တော်ဝင်မြို့တော်ဆီ စုစည်းခိုင်းပြီး အဆုံးအဖြတ်တိုက်ပွဲအတွက် ပြင်ဆင်နေတယ်လို့ သူ့ပါးစပ်ကနေ တပ်အပ်သိလိုက်ရပါတယ်!”

“ကျွန်တော်တို့မှ လိုက်မသွားရင် သူတို့ဘက်ကအင်အားကို ကြောက်နေတယ်လို့ အဓိပ္ပာယ်သက်ရောက်သွားမယ် မဟုတ်လား။ မရဏချောက်နက်ဟာ နောင်တစ်ချိန်မှာ သူ့ရဲ့ မူလအရှိန်အဝါကို ပြန်လည်ရရှိလာရင် ကျွန်တော်တို့ အရှေ့ပိုင်းစီရင်စုကို ထပ်မံကျူးကျော်ပြီး ကျွန်တော်တို့မျိုးနွယ်သူရဲကောင်းတွေကို ထပ်မံသတ်ဖြတ်ကြလိမ့်ဦးမယ်။ အဲဒီအချိန်ကျရင် ဒီနေရာမှနောက်ဆုတ်ခဲ့တဲ့သူမှန်သမျှ အပြစ်သားဖြစ်ရမှာပဲ!”

“အရှေ့ပိုင်းစီရင်စုရဲ့ ငြိမ်းချမ်းအတွက်၊ လူသားမျိုးနွယ်စုရဲ့ ငြိမ်းချမ်းရေးအတွက်၊ ဒီတိုက်ပွဲကို တိုက်ကိုတိုက်ရမယ်၊ ဆုတ်ခွာဖို့လမ်း မရှိစေရဘူး!!!”

ကျယ်လောင်သောအသံသည် အင်အားပြည့်ဝပြီး မှော်စွမ်းအင်များဖြင့်ပါ ဖြည့်ဆည်းထားသောကြောင့် အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားကာ လူတိုင်း၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ရောက်ရှိသွားသည်။

သူတို့အားလုံး၏ နှလုံးသားများ အလွန်တုန်လှုပ်ထိရှသွားရပြီး တိုက်ပွဲစိတ်ဓာတ်တို့က ပြန်လည်အားပြည့်ထက်သန်လာပြန်၏။

“ကောင်းတယ်! ဒီလိုဆိုရင် အားလုံးအစွမ်းကုန် ကြိုးစားပြီး တော်ဝင်မြို့တော်ဆီချီတက်၊ မရဏချောက်နက်ရဲ့ တရားခံတွေကို အပြီးတိုင်ဖယ်ရှားပစ်ရအောင်!”

“ဘယ်သူ ဆုတ်ခွာချင်သေးလဲ! ဆုတ်ခွာချင်တဲ့သူ သူရဲဘောကြောင်တာပဲ!”

“ချီးတဲ့မှ၊ ဘာကြောက်စရာရှိလဲ? အဆုံးသတ်အောင်ပွဲက ငါတို့မျက်စိရှေ့မှာတင် စောင့်ကြိုနေတာပဲ!”

“ကျား!!!”

စိတ်လှုပ်ရှားဖွယ် အော်ဟစ်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အောင်ပွဲခံရန် ဆုံးဖြတ်ချက်များက သူတို့၏သတိအစဥ်ကို ဖုံးလွှမ်းသွားခဲ့ကြ၏။

ကျင့်ကြံသူများ၏ စိတ်ခံစားမှုမျိုးစုံ ပေါက်ကွဲထွက်လာသည်။ စိုးရိမ်ပူပန်မှုများ မြေပြင်ထက် စွန့်လွှတ်ပစ်ချခံလိုက်ရပြီး တော်ဝင်မြို့တော်ကို သေချာပေါက် သိမ်းပိုက်နိုင်မည်ဟူသော ယုံကြည်မှုက အားကောင်းစွာ အစားထိုးဝင်ရောက်လာ၏။

အကြီးအကဲလျို တိတ်တဆိတ် ချီးကျူးလိုက်သည်။ ဂိုဏ်းချုပ်နေရာကို တက်သိမ်းထားနိုင်တာ မအံ့သြတော့ပါဘူး!

ဒီလို စကားပြောဆိုနိုင်စွမ်း၊ ဒီလို လှုံ့ဆော်နိုင်စွမ်း။

တစ်ခွန်းပဲပြောလိုက်မယ်။ အမေးဇင်း!

All Chapters