← Chapters

ကျင်ဟုန် ဆိုးသွမ်းမှု အသွင်ပြောင်းခြင်း

Vol. 26 Ch. 372

ကျင်ဟုန် ဆိုးသွမ်းမှု အသွင်ပြောင်းခြင်း

Vol. 26 Ch. 372

ချန်ရှီ၊ ယွိလင်ကျစ်နှင့် ဟေးကော်သည် ဘိုးဘေးချုံယန် နောက်ကနေ နတ်ဆိုးနှိမ်နှင်းသော လှိုဏ်ဂူအပြင်ဘက်သို့ လိုက်သွားခဲ့သည်။ ချုံယန်သည် လရောင်အောက်က ထိုက်ဟွာတောင်များကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဒီအချိန်မှာ ကျင်ဟုန် ဘယ်ကိုသွားမယ်ဆိုတာ သူမ မသိပါဘူး။

ကောင်းကင်ကြီးသည် အနည်းငယ် တုန်ခါနေပြီး ကျဉ်းမြောင်းသော မျက်ခွံများ ဖြည်းညှင်းစွာ ဖွင့်လိုက်သကဲ့သို့ အတုအယောင်နယ်မြေ တစ်ခု တိတ်တဆိတ် ပေါ်လာသည်။ သူမ၏ နတ်ဝိညာဉ်သည် အောက်ဘက် တောင်တန်းများ၏ ရွေ့လျားမှုကို စောင့်ကြည့်ရင်း ၎င်းတွင် ပုန်းနေခဲ့သည်။

သူမသည် မဟာယာနနယ်ပယ်၏ သခင်ဖြစ်နေပါပြီ။ အတုအယောင်နယ်မြေကို မိုးမခအရွက်အဆင့်အထိ မသန့်စင်သေးသော်လည်း သူမ၏ ကျင့်ကြံမှုသည် အလွန်ခိုင်မာပြီး မိသားစု ဆယ့်သုံးစုက ဘိုးဘေးများနှင့် ယှဥ်နိုင်ပါသည်။

"တစ်ဆယ်လေး၊ ယွိလင်ကျစ်... ငါ ကောင်းကင်မှာ ပုန်းနေတယ် မင်းတို့ တောင်တွေကို ရှာဖို့ သွား!"

ဘိုးဘေးချုံယန် ပြေးထွက်သွားပြီးနောက် ခြေရာလက်ရာမရှိဘဲ ပျောက်ကွယ်သွားကာ ဘယ်ကနေမှ အသံထွက်လာတယ်မသိ။

"မင်းတို့ သတိထားရမှာက သူပြောင်းလဲသွားတဲ့အခါ ဘယ်သူ့အသွင်အပြင် မဆို ပြောင်းသွားနိုင်တယ်!"

ချန်ရှီနဲ့ ယွိလင်ကျစ်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တုန်လှုပ်ခြောက်ခြားနေကြသည်။

ရွှေပုစဥ်းရင်ကွဲသည် ထိုက်ဟွာချင်းနန်းတော်ရှိ အမတတစ္ဆေ ဖြစ်အောင် လေ့ကျင့်နိုင်သော နည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းလမ်းက အဓိကအားဖြင့် အသွင်ပြောင်းခြင်းနှင့် လှည့်ပတ်ခြင်းအပေါ် အခြေခံသည်။ ချန်ရှီသည် စစ်မှန်သောဘုရင်၏ သင်္ချိုင်းတွင် ဤနည်းလမ်းကို မြင်ဖူးသော်လည်း လက်တွေ့ မကျင့်ဖူးခဲ့ပေ။

၎င်းသည် မူလက စစ်မှန်သော တာအိုနည်းလမ်းတစ်ခု ဖြစ်သော်လည်း မကောင်းမှုကို ပြောင်းလဲစပြုနေပြီ ဖြစ်သော ဆရာကြီးကျင်ဟုန်ကဲ့သို့ အစွမ်းထက်သော သတ္တဝါက ကျင့်ခဲ့လျှင်တော့ ဒီနည်းလမ်းက မကောင်းမှုတွေနဲ့ ပြည့်သွားမှာကိုပဲ ကြောက်ရသည်။

"ယွိလင်ကျစ်... ဖန့်ခုန်းလျိုကို ဘယ်သူသတ်ခဲ့တာ မှတ်မိသေးလား..."

ချန်ရှီသည် ယွိလင်ကျစ်အနားသို့ ချဉ်းကပ်ပြီး ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။

ယွိလင်ကျစ်ရဲ့ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြင့်: "ဖန့်ခုန်းလျိုကို ဘယ်သူမှ မသတ်ပါဘူး... ကျွန်တော် ဖန့်ခုန်းလျိုကို သူ့ခြေထောက်တွေကနေ ဇောက်ထိုးဆွဲပြီး ချီးရှာဘုံကျောင်းရဲ့ နဂါးပိတ်ရေတွင်းထဲကို ပစ်ချလိုက်တာ.... စစ်မှန်တဲ့ဘုရင် ချီးရှာဘုံကျောင်းက လဖမ်းခန်းမကို သွားမယ့်လမ်းကို မှတ်မိသေးလား"

ချန်ရှီ: "ကျောက်စိမ်းဖြူလမ်း..."

နှစ်ယောက်သား သက်ပြင်းတစ်ချက် ချလိုက်သည်။

ချန်ရှီသည် သစ်ရွက်ခြောက် လက်တစ်ဆုပ်ကို ကိုင်ကာ မှုတ်ထုတ်လိုက်သည်။ အရွက်များစွာတို့သည် ရုတ်တရက် ငှက်များအဖြစ်သို့ လွင့်ပျံသွားကြသည်။

"ရွှီမိသားစုရဲ့ မှော်ပညာလား?"

ယွိလင်ကျစ် အနည်းငယ် လန့်သွားသည်။

ချန်ရှီ: "တကယ်တော့ ဒါက ရိုးရှင်းတဲ့ အသွင်ကူးပြောင်းနည်း တစ်ခုပဲ... မင်း အသွင်ပြောင်းခြင်းရဲ့ ချီအငွေ့အသက်တွေကို ဖုံးကွယ်ပြီး ဖန်တီးမှုနည်းလမ်းကို လုပ်ဆောင်ဖို့ပဲ လိုတာ... ပြီးတော့ အရာဝတ္ထုလေးတွေကို ငှက်တွေအဖြစ် ပြောင်းလဲပစ်နိုင်တယ်... သူတို့ရဲ့ မျက်လုံးတွေကို ကိုယ့်မျက်လုံးဖြစ်အောင် သုံးလို့ရတယ်... ပုံမှန်နေ့တွေမှာ မမြင်နိုင်တဲ့ အရာတွေကို မြင်နိုင်လိမ့်မယ်.."

ယွိလင်ကျစ် ခေါင်းခါလိုက်ပြီး :"စာလုံးက အရမ်းရှုပ်ထွေးတယ်... ငါ့မှာ အဲ့အရည်အချင်းမျိုး မရှိဘူး.... ထိုက်ဟွာချင်း နန်းတော်ရဲ့ အရိပ်ကိုပဲ ကျင့်နိုင်တယ်"

ဤမှော်ပညာကို သူအသက်သွင်းလိုက်သော် လရောင်အောက်တွင် သူ့အရိပ်သည် ရုတ်တရက် အရိပ်များစွာအဖြစ်သို့ ကွဲသွားတာ မြင်လိုက်ရသည်။ ဤဒါဇင်ပေါင်းများစွာသော အရိပ်များသည် လူတစ်ယောက်လို မတ်တပ်ရပ်လျက် သို့မဟုတ် မြေကြီးပေါ်တွင် မှီဝဲကာ အမြန်ပြေးကာ ခုန်ပေါက်ကာ တောင်တက်ကာ စသဖြင့် လမ်းကြောင်း အမျိုးမျိုးသို့ ရှာဖွေနိုင်ကြသည်။

ချန်ရှီ အံ့သြသွားသည်။ စစ်မှန်သောဘုရင်၏ ဂူဗိမာန်တွင် ပါရှိသော တာအိုနည်းလမ်းများစွာသည် ထူးခြားသော စွမ်းရည်များ မဆုံးရှုံးစေရန် ကာကွယ်ထားဖို့သာ ဖြစ်သည်။ ထို့ကြောင့် ကျွမ်းကျင်မှုများသာ ပါဝင်သော်လည်း စာလုံးပေါင်း များစွာမရှိပါ။ ကျွမ်းကျင်မှုတွေ ရှိပေမယ့် အသုံးမချတတ်ရာ ယွိလင်ကျစ် သုံးသော အောက်ပါအရိပ်ကို သူ တစ်ခါမှ မမြင်ဖူးချေ။

ယွိလင်ကျစ် : "ယင်က ယန်ရဲ့အရိပ်.. တစ္ဆေက လူရဲ့အရိပ်... လက နေရဲ့အရိပ် စိတ်ခံစားမှုဟာ သဘာဝရဲ့အရိပ်... ယန်၊ နေ၊ သဘာဝင ယင်တစ္ဆေ၊ လနဲ့ စိတ်ခံစားမှုတို့ရဲ့ အရှင်သခင်ဖြစ်ပေသည်... သခင်ဆုံးဖြတ်ပြီးသည်နှင့် အရိပ်က လိုက်လာမည်... ဒီအရိပ်ရဲ့ သိမ်မွေ့မှုက ဒီနည်းအတိုင်းပဲ"

ချန်ရှီသည် နောက်ထပ် သစ်ရွက်ခြောက်များကို ယူကာ ချီတစ်ချက် မှုတ်သွင်းလိုက်သည်။ အရွက်များက ငှက်များအဖြစ်သို့ ပြောင်းသွားပြီး တောင်တန်းများဆီသို့ ပျံသန်းသွားကြသည်။

ဟေးကော်ကလည်း သူတို့နောက်ကို လိုက်သွားသည်။ သူ့မျက်လုံးတွေက ယင်နဲ့ယန် ကမ္ဘာတွေကို ထိုးဖောက်ဝင်ရောက်ပြီး ထို​ကမ္ဘာတွေရဲ့ လှုပ်ရှားမှုတွေကို တစ်ချိန်တည်းမှာ ရှာဖွေနေပါ၏။ တစ်ခါတရံ မြေအောက်ကမ္ဘာထဲကို ပျောက်ကွယ်သွားပြီး တစ်ခါတရံမှာ ခွေးခေါင်းကို မြေအောက်ကမ္ဘာထဲက ဆွဲထုတ်ကာ လှည့်ပတ်ကြည့်ရှုပြီးနောက် ပြန်ဆုတ်သွားတတ်သည်။

လူနှစ်​ယောက်နှင့် ခွေးသည် တောင်တန်းတစ်လျှောက် ရှာဖွေခဲ့သည်။ တောင်ပေါ်ရှိ ဧရာမ ဝိညာဉ်ကြီးတစ်ကောင်က သူတို့ကို ငုံ့ကြည့်လိုက်သည်။ အနီရောင်အဝတ်အစားနဲ့ ကောင်မလေးက ကြည်လင်တဲ့ မျက်လုံးတွေနဲ့ သူတို့ ဘာရှာနေတာလဲလို့ တိတ်တိတ်လေး မေးလာသည်။

သူမသည် မိစ္ဆာအပင်က ဝိညာဉ်ဖြစ်သည်။ သူမကို တံဆိပ်မရိုက်ရသေးသဖြင့် နတ်မဖြစ်သေးကာ ကိုယ့်ကိုကိုယ် ဟွမ့်ဖေးဟု အမည်ပေးခဲ့သည်။

ချန်ရှီ၏နှလုံးသည် အနည်းငယ် လှုပ်ရှားသွားပြီး။

"ဟွမ့်ဖေး... ငါတို့ ဆရာကြီးကျင်ဟုန်ကို ရှာနေတာ... ဒီနေ့ သူ့ကို တွေ့​သေးလား"

ဟွမ့်ဖေး၏ ခန္ဓာကိုယ်သည် လေထဲတွင် မိုးမခလို ယိမ်းနွဲ့သွားကာ သူမခါးသည်လည်း ပျော့ပျောင်းလှသည်။

"ငါ သူ့ကို တစ်ခါမှ မမြင်ဖူးပါဘူး... ဆရာကြီးကျင်ဟုန်က သေသွားပြီ မဟုတ်ဘူးလား?"

ချန်ရှီ: "ဆရာကြီးကျင်ဟုန် ကွယ်လွန်ပြီးနောက်ပိုင်း တောင်ပေါ်မှာ ထူးထူးခြားခြား တစ်ခုခုတွေ့ခဲ့သေးလား"

ဟွမ့်ဖေး : "ဘာထူးထူးခြားခြားလဲ.. တစ်ညမှာတော့ ကျားအကြီးတန်း ညီအကိုနှစ်ယောက်ကို တွေ့ခဲ့သေးတယ်... ထူး​ခြားလား?"

"ကျားကြီး ညီအကို နှစ်ယောက်လား?"

ယွိလင်ကျစ်ရဲ့ နှလုံးခုန်သံက အနည်းငယ် လှုပ်သွားသည်။

"ဆရာတူအစ်ကိုကျားက ဟူပန်း... တောင်ပေါ်က တန်ခိုးကြီးတဲ့ ဝိညာဉ်... စကားမစပ် ဟူပန်းလည်း ပျောက်နေတာ အချိန်အတော်ကြာပြီ"

အလားတူ နတ်ဆိုးများနှင့် ဝိညာဉ်များ မကြာခဏ ပျောက်ကွယ်သွားတတ်ပြီး ဒေသတွင်းရှိ ကန့်ညောင်များဖြစ်လာစေရန် အခြားနေရာများသို့ ပြောင်းရွှေ့သွားလေ့ရှိသည်။ ဒါကြောင့် ထိုက်ဟွာချင်း နန်းတော်က ဒါကို မျက်ကွယ်ပြုလိုက်ကြ၏။

ဟွမ့်​ဖေး: "အဲဒီညကတည်းက ကျားညီအကိုနှစ်ယောက် ပျောက်ကွယ်သွားတော့ ငါလည်း အရမ်းထူးဆန်းတယ်လို့ ထင်နေသေးတယ်..."

"ဟူပန်းကို ဆရာကြီးကျင်ဟုန်က စားပစ်တာလား" ချန်ရှီနဲ့ ယွိလင်ကျစ် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တွေးနေမိသည်။

ထိုအချိန်တွင် အလင်းစီးကြောင်းတစ်ခု ဖြတ်ပျံသွားကာ ချန်ရှီ အလင်းစီးကြောင်းကို ဖမ်းယူရန် လက်လှမ်းလိုက်သည်။ ၎င်းက အနောက်တိုင်းဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံးပဲ ဖြစ်သည်။ သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ကျောက်စိမ်းတံဆိပ်တုံးကို အသက်သွင်းကာ ပြုံးလိုက်သည်။

"ဟွမ့်ဖေး... မင်းနေတဲ့ တောင်ရဲ့ နာမည်က ဘာလဲ"

"ရွှိယွင်တောင်ထွတ်... နှလုံးမဲ့တိမ်ရဲ့ ရွှိ အဓိပ္ပာယ်က ယူထားတာ"

ချန်ရှီသည် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်ကို အသက်သွင်းထားသဖြင့် ကျောက်စိမ်းတံဆိပ်တုံးသည် လင်းလက်တောက်ပနေပြီး ထိုက်ဟွာတောင်၏ ရွှိယွင်တောင်ထွတ်ကို မီးထိုးပြလိုက်သလိုပင်။

"ယနေ့ ငါ ချန်ရှီသည် စစ်မှန်သော ဝိညာဉ်ဘုရင်ရဲ့ တန်ခိုးကို ကျင့်သုံးပြီး ဝိညာဥ်ဟွမ့်ဖေးကို ရွှိယွင်တောင်ထွတ်ရဲ့ တောင်နတ်ဘုရားအဖြစ် ချီးမြှင့်လိုက်သည်... စွမ်းအားတွေ လေ့ကျင့်ဖို့၊ အဆင့်မြှင့်တင်ဖို့ ခန့်အပ်လိုက်သည်! "

တံဆိပ်တုံးကို ချထားလိုက်သည်နှင့် အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံး၏ အလင်းရောင်က ပေါင်းစပ်သွားပြီး ဟွမ့်ဖေး လက်မောင်း၏ အရေပြားပေါ်တွင် တံဆိပ်ရိုက်ထားသည်။ ဟွမ့်ဖေးသည် ကမန်းကတမ်း ရှောင်တိမ်းရန် ကြိုးစားလိုက်သဖြင့် သူမ၏ ရင်ဘတ်ပေါ်တွင် တံဆိပ်ရိုက်မိသွားသည်။

သူမ အလျင်စလို သုတ်ရင်း အော်ဟစ်လိုက်သည်။

"သုတ်လို့မရ​တော့ဘူး"

ချန်ရှီ :"သူ့ဘာသာ ပျောက်ကွယ်သွားလိမ့်မယ်... နတ်တန်ခိုးကို စည်းရုံးဖို့ပဲ ကြိုးစား...."

ဒါကိုကြားတော့ ဟွမ့်ဖေးလည်း သူမရဲ့ ရင်ဘတ်ကို ငုံ့ကြည့်ရာ အနောက်ဘုရင်ရဲ့ ရင်ဘတ်ပေါ်က တံဆိပ်ရာဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူမသည် တံဆိပ်ကို လှုံ့ဆော်ရန် ကြိုးစားသောအခါ တံဆိပ်ပြန်ပေါ်လာသည်ကိုသာ တွေ့လိုက်ရသည်။ ရုတ်တရက် ရွှိယွင်တောင်ထိပ်တစ်ခုလုံးရှိ တောင်နတ်များနှင့် နတ်ဘုရားများအားလုံးသည် သူမ၏အမိန့်ပေးမှုအောက်တွင် ရှိလာခဲ့သည်။ သူမသည် ဤနတ်ဘုရားများနှင့် တောင်နတ်တို့၏ ကျင့်ကြံမှုအချို့ကိုပင် ချေးငှားနိုင်လာ၏။

ဟွမ့်ဖေး အံ့သြ ဝမ်းသာသွားသည်။ သူမက ချန်ရှီကို ချစ်စရာကောင်းသော အမူအရာဖြင့် ကြည့်ကာ။

"ကိုကိုလေး... ငါ့မှာ နှစ်ခုရှိတယ်... ဒီမှာ တစ်ခုလောက် ပုံနှိပ်ပေး!"

"နှစ်ခါရိုက်ရင် အသုံးမဝင်ဘူး..."

ချန်ရှီသည် မတုန်လှုပ်ဘဲ အမြန်ထွက်သွားပြီး :"တာအိုမိတ်ဆွေ... တခြားတောင်ကုန်းတွေဆီ သွားရအောင်!"

ယွိလင်ကျစ် သူ့နောက်ကို အလျင်အမြန် လိုက်လာပြီး မေးလေ၏။

"ဘုရင်အစစ်... မင်း တံဆိပ်ခတ်တော့ ဘယ်လို အသုံးဝင်တာလဲ"

ချန်ရှီသည် အခြားတောင်ထိပ်သို့ လျင်မြန်စွာရောက်ရှိလာပြီး :"ဒါက စစ်မှန်တဲ့ဘုရင်ရဲ့ သင်္ကေတဖြစ်တဲ့ အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်တုံး... မြေပြင်ကို တိုက်ခိုက်ပိုင်ခွင့် ရှိတယ်... ငါက ရွှိယွင်တောင်ထွတ်ရဲ့ တောင်နတ်ဘုရားအဖြစ် ဟွမ့်ဖေးကို ခိုင်းစေမယ်ဆိုရင် တောင်နဲ့ မြစ်မြေပုံမှာရှိတဲ့ ရွှိယွင်တောင်ထွတ်ကို မီးထွန်းနိုင်မယ်... ငါလည်း တောင်နတ်ဘုရားအားလုံးရဲ့ စွမ်းအားကို ချေးယူနိုင်မယ်..."

ယွိလင်ကျစ် သဘောပေါက်သွားသည်။

"ကောင်းကင်ဘုံတရားရုံးမှာ ဆရာဦးလေးရဲ့ ကုဒ်အမည်က ဘုရင်အစစ် (ဘုရင်ကျန်း) ဖြစ်နေတာ အံ့ဩစရာမရှိပါဘူး... အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်နဲ့ တောင်တန်းမြစ်မြေပုံကိုလည်း ကျွမ်းကျင်ပိုင်နိုင်တယ်... ဒါက တော်ဝင်တန်ခိုးနဲ့ နတ်တန်ခိုးပေါင်းစပ်မှုတစ်ခုပဲ... သူက ရှင်ကျိုးရဲ့ ဘုရင်အစစ်ပဲ မဟုတ်ဘူးလား"

နှစ်ယောက်သား ဒီတောင်ကိုရောက်ပြီး တောင်ပေါ်မှာ တန်ခိုးအရှိဆုံး နတ်ကို တွေ့လိုက်သည်။ နတ်ဆိုးဆယ့်ရှစ်ပါးတောင်ထွတ် နဲ့ နီးတဲ့ နတ်ဆိုးလွှဲတောင်ထွတ် လို့ အမည်တွင်ပါ၏။

ထိုတောင်သည် နတ်ဆိုးနှိမ်နင်းဂူနှင့်နီးပြီး နတ်ဆိုးစွမ်းအင်များဖြင့် ညစ်ညမ်းနေသည်။ ဤတောင်ကို စောင့်ကြပ်နေသော တောင်နတ်သည် ဆွေ့ရှို့လို့ အမည်ပေးထားသည့် လိပ်အိုတစ်ကောင် ဖြစ်သည်။ ချန်ရှီ ၎င်းကို နတ်ဆိုးလွှဲတောင်ထွတ်၏ တောင်နတ်ဘုရားအဖြစ် သတ်မှတ်ခဲ့သည်။

တောင်တန်းနှင့်မြစ်များ မြေပုံပေါ်တွင် ဆွေ့ရှို့၏ နတ်ဘုရားတန်ခိုးဖြင့် ထွန်းညှိပေးခဲ့ပြီး နတ်ဆိုးလွှဲတောင်ထွတ်ပေါ်ရှိ အရာအားလုံး ရုတ်တရက် ကွက်ကွက်ကွင်းကွင်း ဖြစ်လာသည်။

သူတို့နှစ်ဦးသည် ထိုက်ဟွာတောင်ထိပ်သို့ ရောက်လာကြပြီး တောင်နတ် ချောင်ဝေးကို တောင်နတ်ဘုရားအဖြစ် တံဆိပ်ခတ်ပြီးနောက် ချင်းလွမ်တောင်ထိပ်သို့ရောက်ကာ တောင်နတ် ချင်းလွမ်ကို တောင်နတ်ဘုရားအဖြစ် တံဆိပ်ခတ်ခဲ့သည်။

ထိုက်ဟွာတောင်တွင် စုစုပေါင်း တောင်ထွတ် ၂၄ ခုရှိသည်။ ညသန်းခေါင်အထိ အလုပ်ရှုပ်နေခဲ့ကြကာ ပင်မတောင်ထွတ်မှလွဲ၍ ၎င်းတို့သည် နတ်ဆိုးနှိမ်နင်းလှိုဏ်ဂူ တည်ရှိရာ ဝမ်ရွှိတောင်ထွတ် အပါအဝင် အခြားတောင်ထိပ်များသို့ မသွားခဲ့ကြဘဲ တခြား တောင်နတ်ဘုရားများကိုတော့ တံဆိပ်ခတ်ထားသည်။

ချန်ရှီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယခုအခါ ထိုက်ဟွာချင်း နန်းတော်တည်ရှိရာ အဓိကတောင်ထွတ်တစ်ခုသာ မီးမလင်းသေးပါ။ တောင်တန်းနှင့်မြစ်များ မြေပုံတစ်ခုတည်းမှ အကဲဖြတ်လိုက်ရင် အခြားတောင်ထွတ် ၂၄ ခုတွင် ထူးခြားသော အရာမရှိပါ။ သူသည် တောက်ပသော မီးရောင်များ လင်းနေသော ပင်မတောင်ထိပ်ကို လှမ်းကြည့်လိုက်သည်။

"ဆရာကြီးကျင်ဟုန်က နတ်တွေနဲ့ ရုပ်ပုံတွေကို စားရတာ ကြိုက်တယ်... သူက အများကြီးကို တိတ်တိတ်လေး စားပစ်တာ... ဒါဆို ထိုက်ဟွာ တောင်ပေါ်က တန်ခိုးအကြီးဆုံး နတ်ရုပ်က ဘယ်သူလဲ"

ယွိလင်ကျစ်၏ စိတ်ထဲတွင် လှုံ့ဆော်မှု တဖျပ်ဖျပ် ရှိနေပြီး။

"​ဆရာဦးလေး...ဘိုးဘေးချင်းယန်က နတ်ဆိုးလား?"

ချန်ရှီမျက်နှာမှာ တည်ကြည်လေးနက်နေသည်- "နတ်ဆိုးပဲ... ဒါပေမယ့် သူ့စိတ်သန့်သန့်ထားဖို့ အမွှေးနံ့သာနံ့ကိုပဲ သူသုံးတယ်"

ယွိလင်ကျစ်က ပင်မတောင်ထွတ်ကို ကြည့်ကာ ပြောလိုက်သည်။

"အဲဒါဆို ဘိုးဘေးချင်းယန်က ငါတို့ ထိုက်ဟန်တောင်ပေါ်မှာ အပြင်းထန်ဆုံး နတ်ဝိညာဥ်ပဲ... ငါသာ ဆရာကြီးကျင်ဟုန်ဆို အခု ဘိုးဘေးချင်းယန်ကို အရမ်း စားချင်နေမှာပဲ.."

ချင်းယန်သည် ဆိုးသွမ်းသော အသွင်ပြောင်းနေချိန်တွင် နတ်ဆိုးများကို စားချင်ခဲ့ဖူးသည့် သူ့အဖိုးကို ရုတ်တရက် တွေးလိုက်မိသည်။ အဘိုးသည် လူသေ-လူဝင်စားဖြစ်ပြီး ဆရာကြီး ကျင်ဟုန်မှာလည်း အလားတူပင်။

ချင်းယန်၏ နတ်ဝိညာဥ်သည် ပေထောင်ပေါင်းများစွာ မြင့်ပြီး လရောင်ထဲတွင် အတောက်ပဆုံး မီးရှူးတိုင်ကဲ့သို့ နတ်အလင်းများ ပြည့်လျှံနေပါသည်။ ကျင်ဟုန်ရဲ့မျက်လုံးထဲမှာတော့ အရမ်းအရသာ ရှိနေမှာပင်။

"ယွိလင်ကျစ်... ပင်မတောင်ထိပ်ကို သွားရအောင်... ဟေးကော် မင်းက မရဏထဲမှာ ပုန်းနေပြီး ထောက်ပံ့ဖို့ ပြင်ဆင်ထား!"

လူနှစ်​ယောက်နှင့် ခွေးတစ်ကောင်သည် ယင်နဲ့ယန် ကမ္ဘာမှတစ်ဆင့် အဓိက​တောင်ထွတ်သို့ တစ်ချိန်တည်း ခိုးဝင်ကာ ချင်းယန်နန်းတော်ဆီသို့ ဦးတည်သွားခဲ့သည်။

ထိုက်ဟွာချင်း နန်းတော်က ကြီးကျယ်ခမ်းနားတဲ့ ပွဲကို ကြိုဆိုနေဆဲ။ တစ်ခုမှာ ကျန်းဝူကျူးရှဲ့ဓား တောင်ပေါ်သို့ ပြန်ရောက်ခြင်း ဖြစ်ပြီး နောက်တစ်ခုမှာ ဘိုးဘေးချင်းယန် ပြန်လာခြင်း ဖြစ်သည်။ ထို့ကြောင့် နန်းတော်သည် ပျော်ရွှင်မှုအပြည့်ဖြင့်။ တာအိုဝါဒီများသည် အလုပ်များပြီး မီးများနှင့် အလှဆင်မှုများကို ချိတ်ဆွဲထားကြသည်။ ပွဲတော်ကို ရက်အနည်းငယ်အတွင်း ကျင်းပမည် ဖြစ်သည်။ တာအိုချောင်ယင်သည် တရားရုံး၊ မိသားစု ၁၃ စုနှင့် ဤပွဲကျင်းပရန် ဧည့်သည်များကို ဖိတ်ကြားပေးဖို့ လူများစေလွှတ်ထားခဲ့သည်။

အလုပ်များသောနေ့ ပြီးနောက် ညဉ့်နက်လာမှသာ ပင်မတောင်ထိပ်သည် နောက်ဆုံးတော့ တိတ်ဆိတ်သွား၏။

ချန်ရှီနဲ့ ယွိလင်ကျစ်တို့သည် တောင်ပေါ်သို့ ရောက်သောအခါ နေရာတိုင်းတွင် မီးများလင်းနေသည်ကို တွေ့လိုက်ရသော်လည်း လူမရှိပေ။ ရံဖန်ရံခါ စောင့်ကြပ်နေသော တာအိုလူငယ်တစ်ဦး သို့မဟုတ် နှစ်ဦးသာ တွေ့နိုင်သည်။ သူတို့မြင်​ပေမယ့် ဘာမှ မပြောဘဲ ကြည့်နေရုံသာ ကြည့်သည်။

ချန်ရှီသည် ငှက်အုပ်များကို ထိန်းချုပ်ကာ ပတ်၀န်းကျင်ကို စစ်ဆေးကာ တောင်တစ်ခုလုံးကို ရှာဖွေသည်။ ယွိလင်ကျစ်ရဲ့ အရိပ်သည်လည်း နေရာတိုင်းတွင် ပြေးကာ ခုန်ဆင်းကာ စောင့်ကြည့်နေလေသည်။

ရုတ်တရက် ပျံသန်းနေသော ငှက်တစ်ကောင်သည် ပင့်ကူမျှင်တွင် တွယ်ကပ်နေသကဲ့သို့ မလှုပ်မယှက် လေထဲတွင် ရပ်သွားသည်။ ထို့နောက် လေသံဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ချန်ရှီ မျက်မှောင်ကြုတ်ကာ ရှေ့သို့ ထွက်လာတဲ့အခါ ပျံသန်းနေသော ငှက်သည် အတွင်း၌ အသွေးအသားမပါသော အခွံသာကျန်ရှိတော့သည်။

ငှက်ကလေးရဲ့ အသွေးအသားတွေက လေထုထဲ ပျောက်ကွယ်သွားသလိုပင်။

"ဒီငှက်က သစ်ရွက်တစ်ခုပဲ... ဒါပေမယ့် အသွင်ပြောင်းတဲ့ သင်္ကေတက ဖန်တီးမှုပညာ ပါ၀င်ထားတယ်... ဘယ်လိုပဲဖြစ်လာပါစေ အဲဒီအရာရဲ့ သွင်ပြင်လက္ခဏာတွေ ရှိလိမ့်မယ်..."

ဒါကို တွေးနေတုန်း ရုတ်တရတ် အော်သံတစ်ခု ထွက်ပေါ်လာပြီး ကျေးငှက်တွေက မိုးရွာသလို ကြွေကျလာလေ၏။ မကြာခင်မှာပဲ ကောင်းကင်က ငှက်တွေအားလုံး ကြွေကျလာပြီး နေရာအနှံ့ ပြုတ်ကျလာသည်။

ချန်ရှီ ကြည့်လိုက်တိုင်း ငှက်တိုင်း အသွေးအသား ကင်းစင်သွား၏။ ချန်ရှီသည် သူ၏ ဦးရေပြားထဲတွင် တုန်ယင်နေသော ခံစားချက်ကို ခံစားလိုက်ရသည်။ သူ့စာလုံးက ပျက်မသွားဘူး။ အရွက်မှ အသွင်ပြောင်းသော ဤငှက်များသည် ငှက်များပင် ဖြစ်သေးသော်လည်း ၎င်းတို့ အသွင်ပြောင်းသွားသော အသွေးအသားကို မမြင်နိုင်သော အရာတစ်ခုက စားလိုက်ကြသည်။

ဤစွမ်းအားသည် ဦးနှောက်ကို အဝေးမှ ယူဆောင်သွားသော ဝိသေသလက္ခဏာများနှင့် အလွန်ဆင်တူသည်။ သို့သော် နတ်ဝိညာဉ်၏ မျက်လုံးများမှ ဖုံးကွယ်၍ မရပေမယ့် ဤစွမ်းအားကတော့ မမြင်နိုင်သဖြင့် သူလည်း မသိနိုင်ပေ။

မဝေးသော အလင်းရောင်အောက်တွင် တာအိုကျင့်ကြံသူသည် သူတို့ကိုကြည့်ကာ ငှက်များအုပ်စုလိုက် ကျလာတာက အံ့သြစရာမဟုတ်သကဲ့သို့ စကားမပြောသေးပေ။ ချန်ရှီ၏ နှလုံးသည် ပြင်းထန်စွာခုန်နေပြီး ယွိလင်ကျစ်ကို တိတ်တဆိတ် မျက်စိ မှိတ်ပြလိုက်သည်။

ယွိလင်ကျစ်လည်း နားလည်သဘောပေါက်ပြီး တာအိုကျင့်​ကြံသူထံသွားရန် သူ့အရိပ်ကို ချက်ချင်း ထိန်းချုပ်လိုက်သည်။ ခဏအကြာတွင် ယွိလင်ကျစ်က ထူးဆန်းစွာကြည့်ကာ "အန္တရာယ်မရှိပါဘူး" ဟု တိုးတိုးလေး ပြောသည်။

ချန်ရှီ နဲ့ သူ ရှေ့ကို လှမ်းပြီး တာအိုကျင့်ကြံသူဆီ ရောက်လာခဲ့သည်။ တစ်ဖက်လူက သူတို့ကို စိုက်ကြည့်နေတုန်းပါပဲ။ လေတစ်ချက် တိုက်လိုက်တော့ တာအိုကြံသူရဲ့ ခန္ဓာကိုယ်ဟာ အနည်းငယ် လှုပ်ခါသွားလေသည်။

ချန်ရှီ၏ မျက်နှာအရောင်လည်း အနည်းငယ်ပြောင်းသွားပြီး တာအိုကျင့်ကြံသူ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။

ထိုအချိန်တွင် လေပြင်းတစ်ချက် ဝေ့တိုက်လိုက်ကာ ဟေးကော် ချန်ရှီအနားတွင် ပေါ်လာ၏။ ထိုစဥ် သူတို့နှစ်ဦး အလွန်ကြောက်လန့်သွားကာ ဆံပင်များ ထောင်ကာ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

"ဟေးကော်... မင်းငါ့ကို သေအောင် ခြောက်နေတာလား!"

ချန်ရှီ စောဒကတက်သည်။

သူသည် တာအိုဘုန်းကြီး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သော်လည်း လွတ်သွားသည်။ တစ်ဖက်လူရဲ့ လက်ကောက်ဝတ်တွင် အရေပြားသာရှိပြီး အတွင်း၌ အသွေးအသား မရှိပေ။

"ဝုတ် ဝုတ်"

ဟေးကော် တာအိုကျင့်ကြံသူ အနောက်ကနေ ပြေးလိုက်သွားသည်။ ချန်ရှီလည်း ပြေးလိုက်သွားတဲ့အခါ မြေပြင်ပေါ်တွင် သွေးစွန်းနေသော ခြေရာနှစ်ခုကို တွေ့လိုက်ကယ တာအိုကျင့်ကြံသူဟာ ချင်းယန်နန်းတော်ဆီသို့ ဦးတည်သွားလေတော့၏။

သူ့နှလုံးခုန်သံက ခုန်သွားသည်နှင့် ညစောင့်၏ နောက်ကျောတွင် အက်ကွဲရာကြီးတစ်ခု တွေ့လိုက်ရသည်။ ဦးခေါင်းနောက်ဘက်၊ လည်ပင်းနောက်ဘက်မှ တင်ပါးအထိ ကွဲကာ ထိုလူသည် ရွှေပုစဉ်းရင်ကွဲပိုးလောက်ကောင်မှ ပုစဉ်းရင်ကွဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပုံရပြီး သူ့လူ့အရေခွံကို ဤနေရာတွင်ထားခဲ့ကာ ချင်းယန်နန်းတော်ဆီသို့ လက်ခြေတို့နှင့် တွားသွားနေပုံရသည်။

"ဒါက နတ်ဆိုး အသွင်ကူးပြောင်းမှု တစ်ခုလား"

ယွိလင်ကျစ် ညည်းညူလိုက်သည်။

ချန်ရှီ ခဏ ငြိမ်သက်သွားသည်။

"ဒါ နတ်ဆိုး အသွင်ကူးပြောင်းမှုတစ်ခုပဲ ဒီလူက ကျင်ဟုန်ရဲ့ ဦးခေါင်းဖြစ်နိုင်မလား?"

ယွိလင်ကျစ်သည် တာအိုဝါဒီရှေ့သို့ ရောက်လာပြီး သူ့မျက်နှာကို သေသေချာချာ ကြည့်ကာ ခေါင်းကို ခါယမ်းလိုက်သည်။

"သူ့ပုံမပေါ်ဘူး...ဒါက ဦးလေးဝမ်ပဲ..."

ဟေးကော် အလန့်တကြားဖြင့် မြေအောက်ကမ္ဘာထဲသို့ ပြေးထွက်လာခဲ့သည်။ ယွိလင်ကျစ်ခမျာ အလွန်ကြောက်သွားသဖြင့် ခုန်ပေါက်လုနီးပါး ဖြစ်သွား၏။

"ဟေးကော်! မင်း ငြိမ်ငြိမ်နေလို့ရမလား!"

ချန်ရှီ : "ဘိုးဘေးချုံယန်က အဲ့ဒီမှာ စောင့်နေတုန်းပဲ.. ငါတို့ အန္တရာယ် မရှိဘူး သူ့ခြေရာအတိုင်း လိုက်ကြရအောင်!"

ယွိလင်ကျစ်လည်း အနည်းငယ် စိတ်သက်သာရာရကာ ပြုံးလိုက်သည်။

"ဘိုးဘေးချုံယန်က ထိုက်ဟွာချင်း နန်းတော်မှာ တန်ခိုးအရှိဆုံး အနေအထားပဲ သူမအနားမှာ ဘာမှဖြစ်မလာလောက်ဘူး"

နှစ်ယောက်သား သတ္တိရှိရှိဖြင့် ခြေလေးချောင်းများအတိုင်း ရှေ့သို့ လျှောက်သွားကာ သူတို့ရှေ့ရှိ ခြေရာများ နွမ်းလျလာပြီး အားနည်းလာသည်ကို တွေ့လိုက်ရသည်။

"သွေးတွေ ထွက်နေတာလား" ချန်ရှီ သူ့ဘာသာသူ တွေးနေမိသည်။

ထိုအချိန်တွင် သူတို့ရှေ့တွင် လမ်းလျှောက်နေသည့် တာအိုတစ်ဦးသည် ၎င်းတို့ရှေ့ရှိ ဝင်းတံခါးအပြင်ဘက်တွင် ချိတ်ဆွဲထားသည့် အနီရောင်မီးပုံးကြီး တစ်ခုအောက်တွင် ရပ်နေကာ အေးခဲနေပြီး မလှုပ်မယှက် ဖြစ်နေတာ တွေ့လိုက်ရ​လေသည်။

ဤတာအိုကျင့်ကြံသူမှာ ယခုပင် သူ့အရေခွံခွာသွားသော ဦးလေးဝမ်ဖြစ်သည်။ သူတို့နောက်ကို ကျောပေးရင်း သူ့ခန္ဓာကိုယ်ထဲက တဆတ်ဆတ်တုန်နေတဲ့ အသံတွေ ထွက်လာ၏။ သူသည် လူ့အရေပြားအသစ် ပေါက်လာသောကြောင့် သွေးမထွက်တော့ပေ။

"ဘိုးဘေးချုံယန်က ဆရာကြီးကျင်ဟုန်ကို ဖယ်ရှားဖို့ ဘာလို့ မလှုပ်ရှားသေးတာလဲ?"

နှစ်ယောက်သား တိတ်တိတ်လေး စိတ်ပူနေမိသည်။ ဦးလေးဝမ်က မလှုပ်တော့ဘဲ ပေါက်ကွဲသံတွေက ပိုပိုပြီး ပြင်းထန်လာ​တော့သည်။

ချန်ရှီ တိတ်တဆိတ် လှည့်ပတ်ပြီး သူ့ရှေ့ကို ဖြည်းညှင်းစွာ ရောက်လာသည်။ ဦးလေးဝမ်သည် အရှေ့ကို မျှော်ကြည့်လျက် မျက်လုံးများက စူးစူးဝါးဝါး ပြူးကျယ်နေကာ ပါးစပ်ကပွင့်နေသည်။ အာခေါင်အပေါ်ဘက်သို့ ထောက်နေသော လျှာကို လှမ်းမြင်နေရ၏။

သူ့မျက်လုံးနှစ်လုံးက အရောင်ဖျော့သွားပြီး သူငယ်အိမ် မရှိတော့ပေ။

ရုတ်​တရက်​ ​နောက်​ထပ်​ ​အော်​သံ​နောက်​ထပ်​ တစ်ချက် ထွက်လာသောအခါ ဦးလေးဝမ် ရဲ့ ​နောက်​ဘက်​က ရုတ်​တရက်​ အက်​ကွဲသွား​တော့ သူ့​ခေါင်းထိပ်​က ဖင်​​တွေအထိ ​ပေါက်​ထွက်သွားကုန်သည်​။

ထို့နောက် အရေပြားဟောင်းမှ ဦးခေါင်းကို ဖြည်းညှင်းစွာ ဆွဲထုတ်သည်။ ၎င်းက ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖြည်းညှင်းစွာ ဆွဲထုတ်နေသည့် ပုစဉ်းရင်ကွဲကဲ့သို့ သူ၏ ကျောပေါ်ရှိ အက်ကွဲနေသော အရေပြားမှ သွေးထွက်နေသော ကျောသည် တဖြည်းဖြည်း ဖောင်းထွက်လာ၏။

​သူ့အရေခွံကို ဖြည်းညှင်းစွာ ဆွဲထုတ်ပြီး သွေးစွန်းနေတဲ့ လက်မောင်းတွေကို ဆွဲထုတ်ကာ ခြေထောက်တွေကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်ကို ဖြည်းညှင်းစွာ လဲကျသွားကာ ရှေ့ကို ဖြည်းညင်းစွာ တွားသွားတော့၏။

သူသည် ချန်ရှီနဲ့ ယွိလင်ကျစ်တို့ကို မမြင်ရဘဲ ချင်းယန်နန်းတော်ဆီသို့ သူ့ဘာသာသူ တွားသွား​နေခဲ့သည်။

"ဟူး--"

ဟေးကော်သည် ခွေးခေါင်းကို ဖောက်ထုတ်ကာ လေပွေတစ်ခုဖြင့် ပေါ်လာပြန်သည်။ ချန်ရှီ ထိတ်လန့်ကာ ခုန်မိလုနီးပါးဖြစ်သွားတာကြောင့် ခွေးကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။

"ဆရာကော်... လူတွေကို ခြောက်ဖို့ ထွက်မလာပါနဲ့ ဟုတ်ပြီလား"

ယွိလင်ကျစ်လည်း တုန်လှုပ်​နေသော အသံဖြင့် ပြောလိုက်သည်။ ဟေးကော်လည်း ထို​နေရာကို ကြည့်ကာ မြေအောက်ကမ္ဘာထဲသို့ ပြန်ကျသွားကာ ပျောက်ကွယ်သွားခဲ့​ပြန်သည်။

ချန်ရှီသည် ဦးလေးဝမ်ကို အမီလိုက်ရန် နီးကပ်လာသောအခါတွင် သူ့နောက်ဘက် ခြံတံခါးက ရုတ်တရက် ပွင့်လာပြီး ကျယ်လောင်စွာ အော်မြည်ကာ အသံရှည်ကြီး ထွက်ပေါ်လာ​တော့သည်။

All Chapters