← Chapters

ဂိုဏ်းအားလုံး အထက်ကို ပျံသန်းမယ်

Vol. 26 Ch. 373

ဂိုဏ်းအားလုံး အထက်ကို ပျံသန်းမယ်

Vol. 26 Ch. 373

ချန်ရှီနှင့် ယွိလင်ကျစ်တို့သည် သူတို့၏ဆံပင်များ ရိုင်းစိုင်းကြီးထွားလာသလို ခံစားလိုက်ရကာ အမြန် လှည့်ကြည့်လိုက်ကြသည်။ သွေးစွန်းနေသော တာအိုကျင့်ကြံသူ တစ်ဦးသည်လည်း ခြံဝင်းထဲမှာ လက်ခြေများဖြင့် တွားသွားနေတာ တွေ့လိုက်ကြရပြီး ဦးလေးဝမ်နဲ့အတူ ချင်းယန်နန်းတော်ထဲသို့ လိုက်သွားကြသည်။

"ဦးလေးကျို!"

ယွိလင်ကျစ် အံ့သြသွားသည်။

သူသည် ဂိုဏ်းခေါင်းဆောင် မဟုတ်ဘဲ တာအိုယန်၏ တပည့်တစ်ဦး ဖြစ်သည်။ သူ့ရဲ့ အရည်အချင်း မြင့်မားမှုကြောင့် သူ့ကို တာအိုဆရာ လို့ ခေါ်ကြသည်။ တာအိုယန်၏ အဆင့်အတန်းသည် မမြင့်မားပေမယ့် ကျင့်ကြံမှုက အလွန်မြင့်မားသည်။ သူသည် အတုအယောင်ပြန်ခြင်း တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သည်။

ယွိလင်ကျစ်တွင် ဆရာဦးလေးများနှင့် ဂိုဏ်းတူဦးလေးများစွာရှိပြီး တစ်ရာမဟုတ်ပါက အနည်းဆုံး ရှစ်ဆယ်လောက်တော့ ရှိသည်။ ဤဦးလေးကျို အသက် ခုနစ်ဆယ့်နှစ်နှစ် ရှိနေပြီဖြစ်ပြီး ယခုတော့ သူ၏ လူ့အရေကို ချွတ်ကာ မြေပြင်ပေါ်တွင် တွားသွားနေခဲ့သည်။

ဦးလေးကျို၏နောက်တွင် နောက်ထပ် တာအိုကျင့်ကြံသူ ဆယ်ယောက်ကျော်ကလည်း တွားသွားကာ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များ သို့မဟုတ် အရေပြားအိတ်များမပါဘဲ သွေးထွက်သံယို ပုံစံများဖြင့် ထွက်လာခဲ့သည်။

ချန်ရှီ အိမ်ဝင်းထဲကို လှမ်းကြည့်လိုက်ရာ တာအိုကျင့်ကြံသူ တစ်ဒါဇင်ကျော်လောက် မတ်တပ်ရပ်နေတာ တွေ့လိုက်ရပြီး အရေပြားအိတ်နှင့် အဝတ်အစားများသာ ကျန်တော့သည်။

ထိုစဥ် ယွိလင်ကျစ်က တုန်တုန်ယင်ယင် အသံနဲ့ပြောလာ၏။

"ဆရာဦးလေး... ဦးရေပြားက နည်းနည်းယားလာသလို ခံစားရတယ်... ငါ့ကို စစ်ပေးပါလား..."

သူ့မျက်နှာက ဖြူဖျော့ပြီး ခြေထောက်တွေ တုန်လာသည်။ ခြံတွင်းရှိ တာအိုကျင့်ကြံသူ အများစုမှာ သူ့ဦးလေးများဖြစ်ပြီး အချို့မှာ သူ၏ညီအစ်ကိုမောင်နှမများ ဖြစ်သည်။ သူတို့အားလုံး လှည့်စားခံရလိမ့်မယ်လို့ သူ မမျှော်လင့်ထား။

ဒီမြင်ကွင်းက သူ့ကို တစ်ကိုယ်လုံး ယားယံလာစေပြီး ဦးရေပြားတွေ တင်းတင်းကျပ်ကျပ် ဖြစ်လာသလို ခံစားလာရစေသည်။ ဦးခေါင်းနောက်ဖက်က နာကျင်စေသလို လည်ပင်းနောက်ဘက်နဲ့ ကျောရိုးနောက်ကျောမှာ အနီရောင်မျဉ်းတွေ ရှိနေသလို။ ၎င်းက အချိန်မရွေး ကွဲသွားနိုင်သလိုပင်။

ချန်ရှီ: "မင်း ခေါင်းငုံ့ထား"

ယွိလင်ကျစ်လည်း သူ့ခေါင်းကို ငုံ့ထားပြီး : "ခေါင်းငုံ့လိုက်တာနဲ့ လည်ပင်းနောက်က ကွဲသွား​တော့မလို ခံစားရတယ်"

ချန်ရှီ ကြည့်လိုက်တော့ ယွိလင်ကျစ်၏ လည်ပင်းနောက်ဘက်တွင် အနီရောင်လိုင်းတစ်ခုကို တွေ့လိုက်ရသည်။ ဤမျဉ်းသည် သူ့ဦးခေါင်း၏ နောက်ဘက်မှ နောက်ကျော၏ အလယ်မျဉ်းအတိုင်း ဆင်းသွားသည်။ ထိတွေ့လိုက်တာနဲ့ ပူလောင်လာသလိုပင်။

ချန်ရှီ ၎င်းကို လက်ချောင်းများဖြင့် ထိလိုက်သော် အနီရောင်မျဉ်းများကြားတွင် ကွာဟနေပုံရတယ်လို့ ခံစားလာရတော့သည်။ ယွိလင်ကျစ်လည်း အရေခွံ လဲတော့မည့် လက္ခဏာများ စတင်ပြသနေပြီ ဖြစ်သည်။

ချန်ရှီ အမူအရာမှာ မပြောင်းလဲဘဲ သူ့အသံကလည်း တည်ငြိမ်နေသည်။

"ဘာမှ ထူးထူးခြားခြား မရှိပါဘူး... စိတ်လျှော့ပါ သံသယမဖြစ်ပါနဲ့"

ယွိလင်ကျစ်လည်း သက်ပြင်းတစ်ချက်ချကာ လည်ပင်းကို ဖြောင့်စင်းရင်း ပြုံးလိုက်သည်။

"ဆရာဦးလေးနဲ့ ဦးလေးက ကြောက်စရာ ကောင်းလိုက်တာ... သူတို့နှစ်ယောက်က ငါ့ထက် အများကြီး သန်မာတာတောင် သက်ရောက်ခံရတယ် ငါလည်း သက်​ရောက်ခံရမှာကို စိုးရိမ်နေတာ...ကြည့်ရတာ ငါက ကံကောင်းသွားတာ ထင်တယ်..."

ချန်ရှီက သူနတ်ဝိညာဉ်ကို လွှတ်ထုတ်ပြီး လည်ပင်းနောက်ဘက်ကို စစ်ဆေးနေတာကို တွေ့တော့ စိတ်ထဲမှာ တွေးလိုက်မိသည်။

"ဆရာဦးလေး မင်း ဘာလုပ်နေတာလဲ... ငါတကယ် အဆင်ပြေရဲ့လား ငါ့ကို မခြောက်နဲ့နော်!"

"ရပါတယ် အဆင်ပြေပါတယ်..."

ချန်ရှီ သူ့ကို နှစ်သိမ့်ပေးရင်း သူ့လည်ပင်းကို စစ်ကြည့်တော့ သူ့လည်ပင်းမှာ အနီရောင်လိုင်းမရှိသလို ထိတွေ့လိုက်တဲ့အခါ အက်ကြောင်းတွေ၊ ကွက်လပ်တွေ မရှိတာကို တွေ့လိုက်ရလေသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချကာ နတ်ဝိညာဉ်ကို ဖယ်ထုတ်လိုက်သည်။

"ယွိလင်ကျစ်... ငါ မင်းကို ယင်ယန် သန့်စင်ရေးနည်းကို သင်ပေးမယ် မင်း ငါနဲ့ လေ့ကျင့်ကြည့်..."

"ဆရာဦးလေး ငါအဆင်ပြေနေတာ သေချာလား"

ယွိလင်ကျစ်ရဲ့ အသံက တုန်လှုပ်သွားပြီး။

"ငါ ကွဲတော့မယ် ထင်တယ်!"

ချန်ရှီက ယင်ယန် သန့်စင်ခြင်းနည်းလမ်းအားလုံးကို သင်ကြားပေးသော်လည်း ထိုသန့်စင်နည်းသည် နေနှင့်လကို ဦးစွာစိတ်ကူးထားရန် လိုအပ်သည်။ ထိုနေနှင့်လက ဟွာရှရှန်ကျိုးက နေနှင့်လဖြစ်သည်။ ယွိလင်ကျစ်က အဲဒါကို တစ်ခါမှ မမြင်ဖူးတဲ့အတွက် ဒီပညာကို ခဏအတွင်း သင်ယူဖို့ ခက်ခဲနေ၏။

ချန်ရှီ အပေးအယူ လုပ်​ကြည့်နေသည်။

"နတ်ဝိညာဥ်တာအိုနယ်မြေကို ငါဖြန့်လိုက်မယ် မင်းက ငါ့ တာအိုနယ်မြေထဲမှာ ရှိနေတယ်.. ပေါ့ပေါ့ပါးပါး မထွက်သွားနဲ့... ရပါတယ် တကယ်ကို အဆင်ပြေပါတယ် မင်းထိလိုက်တဲ့အရာက လွဲမှားတဲ့ အရိပ်အယောင်တစ်ခုပဲ... ကွဲအက်နေတဲ့ လည်ပင်းနောက်ကျောက ဆံပင်ပဲ ဖြစ်ရမယ်"

သူ၏ နတ်ဝိညာဥ် တာအိုနယ်မြေထဲတွင် နေနှင့်လကို ထွက်ပေါ်လာ​စေပြီး တစ်ခုနှင့်တစ်ခု လှည့်ပတ်ကာ အဆုံးမရှိ သန့်စင်နေသည်။

ဤနေနှင့်လကို သန့်စင်သော တာအိုထျန်းကျန်းက ဖန်တီးခဲ့ပြီး ၎င်းသည် သူ့ကို အထက်ပျံသန်း နယ်ပယ်အထိ တစ်လျှောက်လုံး ကာကွယ်ပေးခဲ့သည်။ ၎င်းသည် ထိပ်တန်းကျင့်စဥ် မဟုတ်သော်လည်း နတ်ဆိုးများကို နှောင့်ယှက်ရာတွင် အလွန်ထိရောက်သည်။ ယွိလင်ကျစ်သည် သူ၏ တာအိုနယ်မြေထဲ ရပ်နေသော်လည်း သူ၏ ဆိုးရွားသော အသွင်ပြောင်းမှုကို လျင်မြန်စွာ နှိမ်နင်းနိုင်ခဲ့သည်။

နှစ်ယောက်သား အက်ကွဲနေသော တာအိုကျင့်​ကြံသူများရှေ့သို့ လျှောက်သွားကြသည်။ ဤလူများသည် အရေလဲရန် စောင့်နေသော ရွှေပုစဉ်းရင်ကွဲများကဲ့သို့ မြေပြင်ပေါ်တွင် တွားသွားကာ ချင်းယန်နန်းတော်ဆီသို့ ဦးတည်သွားနေကြတာ တွေ့လိုက်ရသည်။

ချန်ရှီသည် ရွှေရောင်တောက်နေသော ပုစဉ်းရင်ကွဲများ ကြွေကျနေတာအား မြင်​နေရသည်။ ရွှေရောင် ပုစဉ်းရင်ကွဲများသည် မြေအောက်ထဲ၌ ခိုအောင်းနေပြီး သစ်ပင်၏ အမြစ်ရည်ထဲတွင်လည်း ရှင်သန်နိုင်သည်။ နွေဦးရာသီနှင့် နွေအကူး ညနေပိုင်းနှင့် ညအချိန်များတွင် မြေပြင်မှ ကွဲထွက်ပြီး သစ်ပင်ပေါ်တက်ကာ မြင့်သောအရပ်သို့ တက်သောအခါ မလှုပ်မယှက်ဖြင့် တွယ်ကပ်လိမ့်မည်။ ပြီးလျှင် ခန္ဓာကိုယ်ပေါ်ရှိ အခွံကို တွန်းဖွင့်ရန် ကြိုးစားကြလိမ့်မည်။

သူတို့ရဲ့ အခွံတွေဟာ ဦးခေါင်းကနေ နောက်ကျောအလယ်အထိ ကျောဘက်မှာ အက်ကွဲနေပါလိမ့်မည်။ ပုစဉ်းရင်ကွဲရဲ့ အသားထဲက ရုန်းထွက်ဖို့ ရုန်းကန်ရင်း အခွံထဲမှာ တုန်ခါနေလိမ့်မည်။ ခန္ဓာကိုယ်အပေါ်ပိုင်း အခွံမှ လွတ်ထွက်သွားသောအခ ၎င်းသည် ရပ်တန့်သွားပြီး နူးညံ့သော ခန္ဓာကိုယ်အား တဖြည်းဖြည်း သန်မာလာစေကာ နောက်ဆုံးတွင် အခွံထဲမှ တွားသွားပြီး ပျံသန်းသွားမည်ဖြစ်သည်။

ဤသည်မှာ အရေခွံလဲ အသွင်ပြောင်းခြင်းပင် ဖြစ်သည်။

"ရွှေပုစဉ်းရင်ကွဲတွေရဲ့ အခွံကို ချွတ်နေတဲ့ပုံက ဒီလို ကြွေကျတာပဲ... ဒီလူတွေက ဆရာကြီးကျင်ဟုန်ရဲ့ သက်ရောက်မှုကို ခံစားနေရတာ... ဆရာကြီးကျင်ဟုန်က အမတတစ္ဆေ နတ်သမီး ဖြစ်လာတဲ့ ဖြစ်စဉ်မှာ မကောင်းဆိုးဝါးတွေလို ပြောင်းလဲနေလောက်ပြီ"

ဒါကို သူတွေးကြည့်လိုက်တော့ လူတစ်ဒါဇင်ကျော်ကနေ ခုနစ်ဆယ် ရှစ်ဆယ်အထိ သူ့ရှေ့မှာ တွားသွားလာနေတာကို တွေ့လိုက်ရတော့သည်။

လူတိုင်းက လက်ခြေများဖြင့် အရှေ့သို့ တွားသွား​နေကြသည်။ အဝတ်မပါဘဲ တွားသွားသောအခါ ၎င်းတို့၏ မူလသွေးထွက်နေသော ခန္ဓာကိုယ်များသည် တဖြည်းဖြည်း အရေပြားအသစ်များ ပေါက်လာကြသည်။

တန်ခိုးကြီးမားသော တာအိုကျင့်​ကြံသူများသည် ဤအရာအားလုံးကို သတိမထားမိပုံရပြီး ချင်းယန်နန်းတော်က သစ်ပင်မြင့်ကြီး ဖြစ်နေသကဲ့သို့ ရှေ့သို့သာ ဆက်တွားသွားကြသည်။ အသွင်ပြောင်းပြီးနောက် သူတို့သည် ကောင်းကင်သို့ တက်နိုင်ပြီး မသေနိုင်သောသူများ ဖြစ်လာနိုင်သည့်နှယ်။

ချန်ရှီ သူတို့နောက်ကို လိုက်သွားတော့ သူ့နှလုံးသားက ပိုပိုပြီး တုန်လှုပ်သွားခဲ့သည်။

ယွိလင်ကျစ် သူ့ထက်ပင် တုန်လှုပ်သွားသည်။ မြေပြင်ပေါ်တွင် တွားသွားနေသော တာအိုကျင့်ကြံသူ အများစုမှာ ဆရာတူဦးလေးများနှင့် ဦးလေးများဖြစ်ပြီး အချို့မှာ နတ်သန့်စင်နယ်ပယ်၊ အတုအယောင်ပြန်ခြင်း နယ်ပယ်အထိ ကျင့်ကြံထားကြပြီးပြီ။ ဒီအခိုက်အတန့်မှာ သူတို့လည်း သက်ရောက်ခံရပြီး သူတို့ဘာသာသူတို့ ရှေ့ကို ဆက်တိုးတိုးလာခဲ့သည်။

"ဆရာ!"

ယွိလင်ကျစ်သည် တာအိုကျင့်​ကြံသူ တစ်ဦးကို မြင်လိုက်တဲ့အခါ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

ထိုလူသည် တာအိုချောင်ယင်နှင့် မျိုးဆက် တစ်ဆက်တည်းဖြစ်ကာ ယန့်ချောင်ထျန်း ဟုခေါ်သည်။ သူသည် အလွန်မြင့်မားသော ကျင့်ကြံမှုရှိကာ ယွိလင်ကျစ်၏ ဆရာ ဖြစ်သည်။ သူသည် အသက် ၃၈ နှစ်တွင် အတုအယောင်ပြန်ခြင်း နယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့တာကြောင့် ပါရမီရှင်ဟု ခေါ်နိုင်သည်။ ကံမကောင်းစွာပဲ သူသည် အသက် ၄၈ နှစ်တွင် မဟာယာနနယ်ပယ်သို့ မဖြတ်ကျော်နိုင်ခဲ့သောကြောင့် အနှစ်တစ်ရာ အတွင်း မဟာယာနသို့ ပြေးရန် အာရုံစူးစိုက်ခဲ့ရသည်။

ယခု သူသည် အတုအယောင်ပြန်ခြင်း နယ်ပယ်၏ ကြီးကျယ်သော ပြီးပြည့်စုံမှု နယ်ပယ်တွင် ရှိနေသည်။ ဤနယ်ပယ်တွင် နှစ်တစ်ရာထက်မနည်း ပိတ်မိနေသောကြောင့် သူနောက်ထပ်သွားရန် အခွင့်အလမ်း မရှိတော့ပေ။ သို့သော်ငြားလည်း သူဟာ အလွန်အစွမ်းထက်သောကြောင့် ထိုနယ်ပယ်ထဲရှိ စွမ်းအားကြီးသူ အနည်းစုထဲမှ တစ်ဦးဖြစ်ခဲ့သည်။

အနှစ် ၁၀၀ မဟာယာန ကန့်သတ်ချက်ကြောင့်သာ မဟုတ်ရင် ယန့်ချောင်ထျန်းဟာ ဟိုးရှေးရှေးတုန်းကတည်းက မဟာယာနနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်လိမ့်မယ်လို့လည်း တချို့သူတွေကတောင် ပြောကြသည်။

သို့သော် ယန့်ချောင်ထျန်းဟာ ယခုအခါ တွားသွားနေပြီ ဖြစ်သည်။ ထိုအချိန်တွင် ရှေ့မှလူသည် ရုတ်တရက် လှုပ်ရှားရပ်တန့်သွားပြီး သူ့နောက်တွင် တွားသွား​နေသော တာအိုဝါဒီများလည်း တဖြည်းဖြည်း နှေးကွေးလာသည်။ သူတို့သည် ချင်းယန် နန်းတော်ရှေ့ ရင်ပြင်သို့ တွားသွားကာ ရပ်တန့်သွားကြသည်။

ကောင်းကင်အထက်မှာတော့ လက မြင့်သထက် မြင့်နေ၏။ ချင်းယန် နန်းတော်ရှေ့တွင် မီးပုံးများနှင့် အလှဆင်ထားသည်။ အခြားတောင်တက် လမ်းများပေါ်တွင် တွားသွားသံများလည်း ရှိသည်။ ၎င်းတို့သည် အခြားသော နန်းတော်များမှ လာသော တာအိုဝါဒီများဖြစ်ပြီး တွားသွားနေကြ၏။

မကြာမီ ရင်ပြင်ပေါ်တွင် တွားသွားသော တာအိုဝါဒီများနှင့် ပြည့်နေပြီး အချို့မှာ သစ်ပင်ပေါ်တက်ကာ တချို့က နန်းတော်နံရံများပေါ်သို့ တက်ကာ၊ တချို့က မြင့်မားသော ယဇ်ပလ္လင်ပေါ်သို့ တက်သွားကြသည်။ ချောမွေ့တဲ့နံရံကို ဘယ်လိုတက်ပြီး အဲဒီနေရာမှာ ဘယ်လို တွယ်ကပ်နေကြသလဲ ဆိုတာတော့ စိတ်ကူးရခက်ပါသည်။

သူတို့၏ ခန္ဓာကိုယ်မှ တုန်ယင်နေသော အသံများ ထွက်ပေါ်လာပြီး ကွဲအက်သံ အနည်းငယ် ထွက်ပေါ်လာသည်။ ၎င်းတို့သည် ရင့်ကျက်ရန် စောင့်ဆိုင်းနေသော ပုစဉ်းရင်ကွဲအုပ်စုနှင့် တူပြီး ဤနေရာတွင် စုပေါင်း အသွင်ပြောင်းနေပါသည်။

ချန်ရှီနဲ့ ယွိလင်ကျစ် ကိုယ်စီ ထိတ်လန့်သွားပြီး ရုတ်တရက် ယွိလင်ကျစ်က အော်လိုက်သည်။

"ဆရာ... ဦးလေးကွမ် ဘာဖြစ်နေတာလဲ... ထတော့! ထတော့!"

တာအိုဝါဒီများက နားပင်းနေသလိုပင်။

ရုတ်တရက် ပြတ်သားသော အသံတစ်ခုထွက်ပေါ်လာပြီး တာအိုဝါဒီများ၏ ကြွက်သားများသည် အလွန်လျင်မြန်သော ကြိမ်နှုန်းဖြင့် တုန်ခါသွားသည်။ နောက်အခိုက်မှာတော့ သူ့နောက်ကျောက ဖောင်းလာပြီး ဦးခေါင်းခွံနဲ့ မျက်နှာကို မူလဦးရေပြားနဲ့ မူလမျက်နှာထဲကနေ ခွဲထုတ်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ကြ၏။

အခြားသော တာအိုဝါဒီများသည်လည်း ၎င်းတို့၏ ဦးခေါင်းခွံများနှင့် အရေခွံကင်းသော မျက်နှာများကို ၎င်းတို့၏ သက်ဆိုင်ရာ အရေခွံများထဲမှ ဆွဲထုတ်ကြသည်။

တစ်စုံတစ်ယောက် လျှို့ဝှက်စွာ ရယ်နေသကဲ့သို့ ၎င်းတို့၏ ကြွက်သားများက အဆက်မပြတ် တုန်ခါနေလေသည်။ ဖြောင့်မတ်သော လမ်းကို ကျင့်သုံးပြီး ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်ခြင်းတရားကို စုဆောင်းခဲ့ကြသော တာအိုဝါဒီများကို ရယ်မောကာ အရေခွံ လဲနေ၏။

ထိုအချိန်တွင် ဟေးကော်က သူ့ခေါင်းကို မရဏကမ္ဘာမှ ထုတ်ပစ်လိုက်သည်။ ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ခေါင်းလေးငုံ့သွား၏။ ယွိလင်ကျစ်က တုန်လှုပ်နေဆဲ။

"လူကြီးမင်းကော်ကမှ တော်သေးတယ်... ဒီမှာက အရမ်းကြောက်စရာ ကောင်းတယ်..."

"ဟူး--"

ဟေးကော်သည် မှောင်မိုက်သောလေကို ထိန်းချုပ်ကာ ချန်ရှီနဲ့ ယွိလင်ကျစ်ကို မြေအောက်ကမ္ဘာထဲသို့ ဆွဲသွင်းခဲ့သည်။ ထိုက်ဟွာတောင်၏ မရဏကမ္ဘာတွင်တော့ တောင် ၂၈ လုံးသည် ကောင်းကင်တွင် ဇောက်ထိုးကျဲကာ ကြီးကျယ်ခမ်းနားပြီး ဒဏ္ဍာရီနယ်မြေတစ်ခုလို ဖြစ်နေသည်။

ဤနေရာသည် အမှန်စင်စစ် သန့်ရှင်းရာဌာန ဖြစ်ပြီး ၎င်းသည် အလွန်ထူးကဲသော မြေအောက်ကမ္ဘာတွင် တည်ရှိသော်လည်း ကောင်းကင်က အုံ့မှိုင်းနေပြီး နတ်ဆိုးအ​ငွေ့များနှင့်သာ ပြည့်နေသည်။

ချန်ရှီနှင့် ယွိလင်ကျစ်တို့ မျှော်ကြည့်လိုက်တော့ နတ်ဝိညာဥ် အုပ်စုတစ်စု ကောင်းကင်ပေါ်တွင် တက်နေကြတာ တွေ့လိုက်ရပြီး သူတို့၏ ခြေလက်များသည် ကြီးမား၍ သေးငယ်သော ရွှေရောင်တောက်နေသည့် ပုစဉ်းသီးများကဲ့သို့ ကောင်းကင်ပေါ်သို့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာ တွေ့လိုက်ရသည်။

နတ်ဝိညာဥ်တို့သည် ပေရာနှင့်ချီ ကြီးမားပြီး အသေးဆုံးက ခြောက်ပေသာ သေးငယ်သည်။ သူတို့သည် ထိုက်ဟွာချင်း နန်းတော်၏ တာအိုဝါဒီများပဲ ဖြစ်​ပေသည်။ နတ်ဝိညာဥ်များ၏ ပြင်းထန်စွာ တုန်ခါနေသော အသံသည် ကောင်းကင်မှ ထွက်ပေါ်လာသော ကျယ်လောင်သော အသံအလား။

ခွန်အားကြီးသော နတ်ဝိညာဉ်များ၏ ကျောရိုးများ အက်ကွဲသွားကာ နတ်ဝိညာဉ်အသစ်များသည် အဟောင်းများနှင့် ကွဲကွာသွားကာ သူတို့၏ ခေါင်းများ ပေါက်ကွဲထွက်လာသည်။ ဒီမြင်ကွင်းက ချန်ရှီနဲ့ ယွိလင်ကျစ်ကို အားနည်းသွားစေ၏။ ယွိလင်ကျစ် တုန်လှုပ်သွားစွာ ပြောလိုက်သည်။

"ဆရာဦးလေးကော်... ကျေးဇူးပြုပြီး ငါတို့ကို သက်ရှိလောကဆီပဲ ပြန်ပို့ပေးပါတော့...."

ဒီမြင်ကွင်းက သက်ရှိကမ္ဘာထက်တောင် ပိုကြောက်စရာကောင်းနေသည်။ နတ်ဘုရားများနှင့် နတ်ဆိုးများသည် ၎င်းတို့၏ အရေခွံများကို ခွာနေခြင်းဖြစ်သည်။ ချန်ရှီ အဝေးကို လှမ်းကြည့်လိုက်တော့ အဲဒီ ဇောက်ထိုးတောင်တန်းတွေပေါ်မှာ တွယ်ကပ်နေတဲ့ ဝိညာဉ်ခွံတွေ အများကြီး ရှိနေပြီ။

"အဲ့ဝိညာဉ်ခွံက ဒီဝိညာဉ်​တွေထက် အများကြီး ပိုကြီးမားတယ်..."

ချန်ရှီ တစ်ခုခုကို တွေ့ရှိပြီး အနည်းငယ် လန့်သွားသည်။ ဟေးကော်က သူတို့ကို သက်ရှိလောကဆီ ပြန်ပို့လိုက်၏။

ချန်ရှီသည် ရင်ပြင်တစ်လျှောက် ဂရုတစိုက် လျှောက်သွားကာ အသွင်ပြောင်းနေသော တာအိုဝါဒီများကို ကြည့်နေသည်။ ယွိလင်ကျစ်မှာ ကြောက်ရွံ့တုန်လှုပ်ကာ သူ့နောက်သို့ အလျင်အမြန် လိုက်သွားကာ တာအိုဝါဒီများကို ထိမိ၍ ကူးစက်မည်ကိုလည်း စိုးရိမ်​နေသည်။

"တကယ်ပဲကိုး.... ဒီတာအိုဝါဒီတွေ အသွင်ပြောင်းပြီးရင် သူတို့ရဲ့ ခန္ဓာကိုယ်က ပိုသေးလာပြီး ပိုအသက်ကြီးလာတယ်...!"

ချန်ရှီ ဂရုတစိုက် သတိပြုမိပြီးနောက် သူ့စိတ်ထဲ အနည်းငယ် တုန်လှုပ်သွားသည်။

"ဒီလို ဆိုးရွားတဲ့ အသွင်ပြောင်းမှုမျိုးက ငါ အရင်က ကြုံတွေ့ခဲ့ရတဲ့ နတ်ဆိုး အသွင်ပြောင်းမှုနဲ့ လုံးဝ ကွဲပြားတယ်... လွှမ်းခြုံထားတဲ့ ဧရိယာက မကျယ်ပေမယ့် ခြိမ်းခြောက်မှုက ကြီးမားတယ်... အတုအယောင်ပြန်ခြင်း ရောက်ထားတာတောင် ထိခိုက်သွားမှာ... သူတို့က ဆက်ပြီး အသွင်ပြောင်းနေရင် အရာအားလုံး မကုန်ခမ်းခင် အကြိမ်ပေါင်းများစွာ သေသွား​ကြမှာကိုပဲ ကြောက်ရတယ်"

ထိုအချိန်တွင် အသွင်ပြောင်းခြင်းပြီးဆုံးသွားသော တာအိုဝါဒီများသည် ချင်းယန်နန်းတော်ဆီသို့ တဖန် တွားသွားကြ​ပြန်သည်။

နှစ်ယောက်သား တခဏမျှ တုံ့ဆိုင်းသွားကာ လူအုပ်ရှေ့သို့ လိုက်သွားသော်လည်း ထိုတာအိုဝါဒီများ နန်းတော်ထဲဝင်ပြီးနောက် ခဏကြာမျှ တွားသွားနေတာ တွေ့လိုက်ရပြန်ပြီး ၎င်းတို့သည် တဖန်ရပ်တန့်ကာ ဆက်လက် အသွင်ပြောင်းပြန်သည်။

ဤပြောင်းလဲမှု၏ အကြိမ်ရေသည် ယခင်ကထက် ပိုမိုမြန်ဆန်လာခဲ့သည်။

အသွင်ပြောင်းခြင်း ပြီးဆုံးသောအခါတွင် လူတိုင်းသည် အသက်အရွယ်ကြီးရင့်လာပြီး ရှေ့သို့ ဆက်တွားသွားကြသည်။ အချို့က နံရံပေါ်သို့ တက်ကြကာ အချို့က ထုပ်တန်းပေါ်သို့ တက်ကြပြီး အချို့က နန်းတော်ခေါင်မိုးပေါ် အထိ တက်ကာ အသွင်ပြောင်းကြသည်။

"သူတို့ရဲ့ အသွင်ကူးပြောင်းမှု အကြိမ်ရေ တိုးလာတယ်... ဆိုလိုတာက ငါတို့ ညစ်ညမ်းမှုရဲ့ အရင်းအမြစ်နဲ့ နီးစပ်နေပြီ။ ဆရာကြီးကျင်ဟုန် ချင်းယန်နန်းတော်မှာ ရှိနေလောက်တယ်!"

ချန်ရှီ အံကြိတ်ကာ ချင်းယန်နန်းတော်ထဲသို့ ဝင်လာပြီး :"ဘာပဲဖြစ်ဖြစ် ဦးလေးချင်းယန်ကို ကယ်တင်ရမှာပဲ!"

ယွိလင်ကျစ်မှာ နေခဲ့ချင်ပေမယ့် ယင်ယန် သန့်စင်ခြင်းကို မသင်ယူသေးတာကြောင့် ချန်ရှီ ရှေ့ကို လျှောက်သွားရင်း သူလည်း ရှေ့ကို ဆက်တိုးသွားရမှာပါပဲ။

လမ်းခရီးတွင် တာအိုဝါဒီများစွာသည် ၎င်းတို့ရှေ့တွင် နန်းတော်ထဲသို့ ဝင်ခဲ့ကြပြီး အရေပြားအိတ်များစွာ ကျန်ခဲ့သည်။ အချို့မှာ ကလေးအရွယ်သို့ ပြောင်းလဲသွားသည်ကိုပင် တွေ့လိုက်ရသည်။ အကျွမ်းတဝင်ရှိသော အသွင်အပြင်တစ်ခုရှေ့ ရောက်ရှိလာပြီး ယွိလင်ကျစ် နားမလည်နိုင်စွာ တုန်လှုပ်သွားသည်-

"ကျောင်းအုပ်ကြီး ချောင်ယင်!"

တာအိုချောင်ယင်လည်း လှည့်ကြည့်လိုက်တော့ လူငယ်နှစ်ယောက်ကို တွေ့ရသဖြင့် အံ့အားသင့်သွားပုံရသည်။

သူ့ဘေးမှာ မျက်နှာတစ်ပြင်လုံး အရေးအကြောင်းတွေ နဲ့ ကြောက်စရာကောင်းလောက်အောင် ဟောင်းနွမ်းနေတဲ့ တာအိုဝါဒီ လေးယောက်ရှိသည်။ ဆံပင်တွေအကုန်လုံး ဖြူနေရုံသာမက မျက်ခုံးမွှေးနဲ့ နှာခေါင်းတွေကလည်း ဖြူနေ၏။

ယွိလင်ကျစ် အရမ်းစိတ်လှုပ်ရှားနေသည်-

"ဆရာဦးလေး... ဒီလေးယောက်က ထိုက်ဟွာ ရဲ့ အကြီးအကဲလေးယောက်ပါ... သူတို့တွေက ဘိုးဘေးတွေ... သူတို့ကို အမြဲတမ်း တွေ့ရခဲတယ် ဒီညတွေ့ရမယ်လို့ မမျှော်လင့်ထားဘူး!"

ထိုက်ဟွာချင်းနန်းတော်၏ အသက်ကြီးသူ လေးဦးသည် ၎င်းတို့၏မျက်နှာတွင် ဘာအရိပ်အယောင်မှ မရှိ၊ တာအိုချောင်ယင်က အနည်းငယ်မှ မျက်မှောင်ကြုတ်ကာ။

"မင်းတို့နှစ်ယောက်က ဘာလို့ မထိခိုက်တာလဲ?"

ချန်ရှီ: "အငယ်တန်းကို တာအိုထျန်းကျန်းက သင်ကြားပေးထားတဲ့ ယင်ယန်သန့်စင်နည်းကို လေ့ကျင့်ထားပါတယ် ဒါကြောင့် နတ်ဆိုးတွေကို သန့်စင်ပေးနိုင်တဲ့အတွက် ထိခိုက်မှာ မဟုတ်ပါဘူး"

တာအိုချောင်ယင် : "အကြောင်းတစ်ခုခုကြောင့် ဒီနေရာမှာ မကောင်းဆိုးဝါး အပြောင်းအလဲတွေ ကြုံခဲ့ရပြီး အရမ်းအန္တရာယ်များတယ်... ဒါကြောင့် မကောင်းမှုတွေကို နှိမ်နင်းဖို့ အသက်ကြီးသူလေးယောက်ကို ငါ ဆင့်ခေါ်လိုက်တာ...မင်းတို့ ဒဏ်ရာမရအောင် ပြန်ဆုတ်သင့်တယ်"

သူနှင့် အသက်ကြီးသူ လေးယောက်တို့သည် ရှေ့သို့ ဆက်လက် ချီတက်ကြပြီး သူတို့ရှေ့ ခန်းမမှ ရင်းနှီးသော အသံတစ်ခု ရုတ်တရက် ကြားလိုက်ရသည်-

"ဘိုးဘေးချင်းယန် ပြန်ရောက်လာလို့ တပည့်တွေ အရမ်း ဝမ်းသာနေတာ... ဘိုးဘေး ထိုက်ဟွာတောင်က ထွက်သွားတာ တော်တော် ကြာပြီ... ဒေါသတကြီးနဲ့ ထိုက်ဟွာချင်းယန် နန်းတော်ရဲ့ နာမည်ကိုတောင် ထိုက်ဟွာချင်းလို့ ပြောင်းလိုက်တယ်...."

ယွိလင်ကျစ် ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး ချန်ရှီကို လှည့်ကြည့်လိုက်သည်။

"အဲဒါက ဆရာကြီးကျင်ဟုန်ရဲ့ အသံပဲ!"

တာအိုချောင်ယင်လည်း တစ်ချက် တုန်လှုပ်သွားကာ အသက်ပြင်းပြင်းရှူရင်း ခန်းမဆီသို့ လျှောက်သွားသည်။

ဆရာကြီးကျင်ဟုန်က သူ့ဆရာပဲ။ ဆရာသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က စိတ်ကျရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး မသေခင် ဘိုးဘေးချင်းယန်ကို ရှာဖွေရန်လည်း ပြောခဲ့သည်။

ချင်းယန်ရဲ့အသံကိုလည်း ကြားရ၏။

"ကျင်ဟုန်... မင်းဘယ်လို ဆိုးသွမ်းတဲ့ နည်းလမ်းကို လေ့ကျင့်နေတာလဲ"

"မကောင်းတဲ့နည်းလမ်းလား ဟားဟားဟား... ရွှေပုစဉ်းရင်ကွဲကျင့်စဥ်က ကောင်းကင်ဘုံက မသေနိုင်တဲ့ ရုပ်ပုံလေ... ဒီနည်းလမ်းက တရား၀င် တာအိုဝါဒီနည်းလမ်းပဲ မဟုတ်ဘူးလား... ဘိုးဘေးနဲ့ သူခိုးချန်ယင်တူးက ဆရာသခင်တွေရဲ့ သင်္ချိုင်းတွေ အများကြီးကို တူးဖော်ပြီး ခေါင်းတလား အလွတ်တွေကို တွေ့ခဲ့တယ်မလား... သူတို့က ကောင်းကင်မသေနိုင်တဲ့ ရုပ်ပုံလွှာကို လေ့ကျင့်ပြီး အမတတစ္ဆေတွေအဖြစ် အသွင်ပြောင်းသွားခဲ့တာ... ကျနော် လေ့ကျင့်တဲ့ နည်းလမ်းကလည်း အတူတူပါပဲ... ဒါက မသေနိုင်တဲ့ လမ်းစဥ်!"

ချင်းယန်: "မသေနိုင်တဲ့ လမ်းစဥ်?? မင်းက မင်းကိုယ်မင်း ဒီအမတတစ္ဆေအဖြစ် ပြောင်းလဲလိုက်တာလား... ကျင်ဟုန် မင်းလမ်းမှားနေပြီ!"

တာအိုချောင်ယင် : "ဆရာ... ဆရာမရပ်ရင် ထိုက်ဟွာချင်း နန်းတော်က ဆရာ့လက်ထဲမှာပဲ ပျက်စီးသွားလိမ့်မယ်!"

သူသည် စိတ်ခံစားမှုနှင့် အရှိန်အဟုန်ကို မြှင့်တင်ခဲ့သည်။ သို့သော်လည်း သူ့ဘေးနားရှိ အသက်ကြီးလေးပါးသည် ရုတ်တရက် ရပ်ကာ အေးခဲသွားခဲ့သည်။ သူတို့ခန္ဓာကိုယ်တွေ တုန်လှုပ်သွားပြီး နတ်ဆိုး ပြောင်းလဲမှုက်ု အပြင်းအထန် တိုက်ခိုက်နေကြ၏။

"ချောင်ယင်ကိုး....."

ကျောင်းအုပ်ကြီး ကျင်ဟုန်ရဲ့ ရယ်သံ ထွက်ပေါ်လာပြီး :"မင်းရဲ့ ဦးလေး လေးယောက်လည်း ဒီကို ရောက်နေပြီလား... ဘိုးဘေးချင်းယန် ကျနော်တို့ဂိုဏ်းက မကြာခင် ကောင်းကင်ဘုံကို တက်ကြွလာလိမ့်မယ်... ကောင်းကင်ဘုံကို အရင်မြင်ရအောင် ကျနော် လိုက်ပို့ပေးမယ်"

အသက်ကြီးသူလေးဦးသည်လည်း ထိတ်လန့်သွားပြီး ၎င်းတို့၏ အတုအယောင်နယ်မြေများက ဦးခေါင်းအထက်တွင် ပေါ်ထွက်လာခဲ့သည်။ သူတို့၏ နတ်ဝိညာဉ်များသည် အတုအယောင်နယ်မြေထဲတွင် ထိုင်ကာ မကောင်းသော အပြောင်းအလဲများကို တွန်းလှန်ရန် အစွမ်းကုန် လုပ်ဆောင်​နေကြပြီး ၎င်းတို့၏ နဖူးများပေါ်၌ အေးစက်သော ချွေးများက ဖုံးလွှမ်းလျက် ရှိသည်။

"ဆရာတူညီအစ်ကို သုံးယောက်တို့!"

တာအိုကျင့်​ကြံသူ လူအိုတစ်ဦးသည် ရုတ်တရက် ရွှင်လန်းသော အကြည့်ဖြင့် အော်လိုက်၏။

“ဖန်ဆင်းခြင်းရဲ့ အံ့သြဖွယ်လက်ရာနဲ့ ထာဝရအသွင်ပြောင်းခြင်းရဲ့ အံ့သြဖွယ် အခြေအနေကို ငါ ခံစားနေရပြီ”

သူသည် နေရာတွင် မတ်တပ်ရပ်လိုက်ပြီး သူ၏ ကြွက်သားများ ပြင်းထန်စွာ တုန်ခါသွားကာ သူ့ခန္ဓာကိုယ်ထဲက အသံတစ်ခု ထွက်ပေါ်လာသည်။ ဦးခေါင်းနောက်ဘက်မှ အက်ကြောင်းတစ်ခု ပေါ်လာပြီး နောက်ကျောမှာလည်း အက်ကွဲလာသည်။ ထို့နောက် သူ့နောက်ကျောက ကြွက်သားတွေက ကွေးနေပြီး သွေးထွက်နေတဲ့ ဦးခေါင်းခွံကို ချက်ချင်း ဆွဲထုတ်လိုက်ပါ၏။

သို့သော်လည်း သူက ရယ်နေသေးပြီး။

"ငါတက်တော့မယ်!"

"ဟားဟား!"

အခြား တာအိုကျင့်ကြံသူ သုံးဦးသည်လည်း ရုတ်တရက် မျက်နှာပျက်သွားကာ ပြုံးပြရင်း မျက်လုံးများ လျင်မြန်စွာ ဖြူဖတ်လာသည်။ သူတို့က တစ်ပြိုင်တည်း အော်လိုက်ကြ၏။

"မသေနိုင်တဲ့ အံ့သြဖွယ်ရာ နယ်မြေကို ငါတို့လည်း မြင်တယ်... ဆရာကြီးချောင်ယင် မင်းလည်း မင်းရဲ့ ခုခံမှုကို မြန်မြန်ချပြီး ငါတို့နဲ့ အတူ တက်သင့်တယ်!"

All Chapters