ဘေးဥပဒ် ဖြစ်ပေါ်လာပြီး တာအိုသန္ဓေသား ပေါ်လာတယ်
Vol. 26 Ch. 377
ဖုရှိုးသည် အစိုးရရုံးသို့ အလျင်အမြန် ရောက်ရှိလာတဲ့အခါ စီရင်စုမှူး ရှဖုန်းဟွာသည် ၎င်း၏အိတ်များကို ထုပ်ပိုးကာ ယိုးကျိုးကနေ မိသားစုနှင့်အတူ ထွက်ပြေးရန် ပြင်ဆင်နေသည်ကိုသာ မြင်လိုက်ရသည်။
ဖူရှိုး ထိုလူကို တားရင်း အမြန်ပြောလိုက်သည်။
"လူကြီးမင်း... ဘေးဥပဒ်တစ်ခု ဖြစ်လပြီ... ကျနော်တို့ ဒီမြို့က လူတွေကို ခေါ်ပြီး ထွက်ပြေးရမယ်!"
ရှဖုန်းဟွာက ဒေါသတကြီးနဲ့ သူ့ကို တွန်းထုတ်လိုက်ပြီး: "ခေါ်မယ်... ဘယ်လိုခေါ်မှာလဲ... ဒါက ဘေးဥပဒ်တစ်ခုဆိုတာ မင်းသိနေတာပဲ... အသက်ရှင်လျက် လွတ်မြောက်နိုင်ရင်ကို ငါတို့ဘိုးဘေးတွေက ငါတို့ကို ကောင်းချီးပေးရာ ကျနေပြီ!"
ဖူရှိုး မျက်မှောင်ကြုတ်လိုက်သော်လည်း ရှဖုန်းဟွာ၏မိသားစုမှ လွဲ၍ ကျန်အားလုံးမှာ အသွင်ပြောင်းသွားသည်ကို မြင်လိုက်ရသဖြင့် တိတ်ဆိတ်သွားခဲ့သည်။
ရှဖုန်းဟွာသည် သူ့မိသားစုကို ကာကွယ်ရန် ကမ္ဘာမြေစာအုပ်ကို ပြုစုပြီးနောက် ဝိညာဉ်တစ်သောင်းအလံကိုလည်း အသက်သွင်းခဲ့သည်။ အလံကို ဝှေ့ယမ်းလိုက်ရင် အတွင်းမှ ဝိညာဉ်များနှင့် နတ်ဆိုးများက ကခုန်ကာ သူ့မိသားစုတစ်ခုလုံးကို မြင့်တင်လိုက်ကြသည်။
ရှဖုန်းဟွာသည် ထိုနေရာတွင် ရပ်နေဆဲ ဖူရှိုးကို အံ့ဩစွာ တွေ့လိုက်ပေမယ့် ထွက်ခွာသွားလေသည်။ ထို့နောက် အနည်းငယ် တုံ့ဆိုင်းသွားသလို ခံစားလိုက်ရပြီး ဝိညာဉ်တစ်သောင်းအလံကို ချကာ ဆိုလိုက်သည်။
"ဖူရှိုး... မင်း ကယ်တင်နိုင်တဲ့ လူဘယ်နှစ်ယောက် ရှိလဲဆိုတာ မင်းရဲ့ အစွမ်းအစပေါ်မှာ မူတည်တယ်"
သူသည် မိသားစုနှင့်အတူ တက်သွားကာ ဝိညာဥ်တစ်သောင်းအလံကို ဝှေ့ယမ်းနေခဲ့သည်။ တစ္ဆေများနှင့် နတ်ဘုရားများက အပြာရောင် တိမ်တိုက်များကို မြှောက်ကာ လေထဲသို့ ပျံတက်သွားကြသည်။
ဖုရှိုးလည်း ဝိညာဉ်တစ်သောင်းအလံကို ကိုင်လိုက်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူသည် အဆောင်ဆွဲဆရာအဖွဲ့ထံ ချက်ချင်း ဦးတည်ကာ "ဝိညာဉ်တစ်သောင်းအလံက တစ်ကြိမ်မှာ ဝိညာဥ်တစ်သောင်းကို စုစည်းနိုင်ပြီး လူတစ်သောင်းကို ကယ်တင်နိုင်တယ်" ဟု တွေးနေ၏။
ဤရတနာဖြင့် သူသည် အဆောင်ဆွဲဆရာအဖွဲ့က လူများကို စုစည်းနိုင်သည်။ ပြီးလျှင် ကောင်းကင်ဘုံတရားရုံး အမိန့်ပြားကို အသက်သွင်းကာ သေးငယ်သော စကြာဝဠာကို ဖြတ်သန်းသွားနိုင်သည်။
သူ့နှလုံးသားက ကိလေသာတွေနဲ့ ပူလောင်လာလေ၏။
ယိုးကျိုးတွင် သူ၏ ပံ့ပိုးကူညီမှုများကြောင့် ဌာနချုပ်က သူ့ကို ကောင်းကင်ဘုံတရားရုံး အမိန့်တစ်ခု ပေးခဲ့ပြီး ကမ္ဘာငယ်လေးထဲ အခမဲ့ဝင်ခွင့်ပေးခဲ့သည်။ ကောင်းကင်ဘုံတရားရုံး အမိန့်ပြားကို ပြင်ပလူများအား ပေးအပ်ခြင်းမပြုရန် တားမြစ်ထားပြီး ပြင်ပလူများကို သေးငယ်သော စကြဝဠာထဲသို့ ခေါ်ဆောင်လာရန်လည်း ဌာနချုပ်ထံမှ ခွင့်ပြုချက် လိုအပ်ပါသည်။
ယခုမူ ဤအရေးကြီးသော အခိုက်အတန့်တွင် သူသည် တောင်နီခန်းမ အဆောင်ဆွဲဆရာအဖွဲ့၏ စည်းကမ်းများကို မလိုက်နာဘဲ တစ်ကြိမ်တစ်ခါမျှ မထင်မရှားပြုမူရန် ဆုံးဖြတ်ခဲ့သည်။
သူသည် တောင်နီခန်းမ အဆောင်ဆွဲဆရာ ဌာနခွဲထဲသို့ ပြေးဝင်ကာ အော်လိုက်သည်။
"ဟူယိဖန်.... လီယွိ ငါတို့လုပ်စရာရှိတယ် ဟူယိဖန် ..."
ဖုရှိုး၏ အရှိန်အဟုန်များ နှေးကွေးသွားပြီးနောက် မှော်ဆရာ တစ်ယောက် အနောက်တွင် နောက်တစ်ယောက် ပေါ်လာသည်။ တောင်နီခန်းမက အဆောင်ဆွဲ ဆရာများသည် အပြုံးများ ဆင်မြန်းထားကြ၏။ တချို့က ကျောကုန်းတွေ အက်ကွဲပြီး ခန္ဓာကိုယ် တစ်ဝက်လောက် ဖောင်းထွက်လာပါပြီ။ တချို့ကျတော့ အရေခွံနဲ့ ပက်လက်လန်ပြီး တချို့က ပုစဉ်းရင်ကွဲတွေလို သစ်ပင်တွေမှာ ဝပ်နေကြသည်။
ဖုရှိုး၏နှလုံးသားမှာ နစ်မြုပ်သွားပြီး အခြားမည်သူ့ကိုမျှ မရှာဖွေခဲ့ပေ။ တခြားသူတွေ ရှိကောင်းရှိနိုင်ပေမယ့် အရေးမကြီးတော့ပါ။
သူတစ်ယောက်တည်းလည်း လုပ်နိုင်သည်။
သူသည် ဝိညာဥ်တစ်သောင်းအလံကို ဝှေ့ယမ်းလိုက်သည်။ ၎င်းသည် မှော်လက်နက်တစ်ခုကဲ့သို့ ထင်ရသော်လည်း ခရိုင်နှင့်ပြည်နယ်မြို့တော်များ၏ ကံကြမ္မာကို ကာကွယ်ရန်နှင့် နတ်ဆိုးများရန်ကို ကာကွယ်ရန် အသုံးပြုနိုင်သည်။
ယခုအချိန်တွင် နတ်များနှင့် နတ်ဆိုးများက အလံထဲမှ ပျံထွက်သွားပြီး သူ့ထိန်းချုပ်မှုအောက်တွင် အနီးနားရှိ အသွင်ပြောင်းနေသော တောင်နီခန်းမ အဖွဲ့သားများကို သယ်ဆောင်သွားကြသည်။
မကြာမီတွင် သူသည် တစ်ယောက်တည်း အပင်ပန်းခံကာ တောင်နီခန်းမ၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းမှာ အသွင်ပြောင်းနေသော သူများအား သယ်ယူလိုက်လေသည်။
"သေးငယ်တဲ့ စကြာဝဠာကို ဖွင့်ပြီး အထဲမှာ လူတွေကို လွှတ်လိုက်ရင် ငါတို့ ကပ်ဆိုးကြီးကို ရှောင်နိုင်မှာပါ"
ဖုရှိုးက သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ထို့နောက် ကောင်းကင်ဘုံနဂါးသော့ခတ် တံဆိပ်ပြားကို မြှင့်တင်ပြီး လွှတ်လိုက်ပေမယ့် တံဆိပ်ပြားက အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာသော်လည်း တစ်ဖက်က ကမ္ဘာငယ်လေးက ပေါ်မလာခဲ့ချေ။
ဖုရှိုးသည် ပင်မယဇ်ပလ္လင်မှ ဆင်းသက်လာသော လျှို့ဝှက်နည်းလမ်းအတိုင်း တံဆိပ်ပြားကို တစ်ဖန် အသက်သွင်းခဲ့သည်။ ဒါပေမယ့် ကမ္ဘာငယ်လေးက မပေါ်လာသေးပေ။
ဖူရှိုး ထပ်ခါထပ်ခါ ကြိုးစားကြည့်သည်။ အကြိမ်တိုင်း တံဆိပ်ပြားက ထွန်းတောက်တာကြောင့် သူအမှားမလုပ်ခဲ့ကြောင်း သက်သေပြခဲ့သည်။ သို့တိုင် အကြိမ်တိုင်း ကမ္ဘာငယ်လေးကို တံခါးဖွင့်ရန် ပျက်ကွက်ခဲ့သည်။ သူ့ယုံကြည်ချက် ပျက်သွားတဲ့အထိ သူ ဆက်ကြိုးစားခဲ့၏။
ရုတ်တရက် ဖုရှိုးသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် မျက်ရည်များ ကျလာကာ သူ့ခန္ဓာကိုယ်က ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားသည်။ မကြာခင်မှာပဲ ဒုတိယအသွင်ကူးပြောင်းမှု စတင်ခဲ့ပါပြီ။
ပုစဉ်းရင်ကွဲ သားပေါက်များကဲ့သို့ မြေပြင်ပေါ်တွင် လူအများအပြားက တွားသွားနေကြသည်။ ဖူရှိုး လူအုပ်ကြားတွင် မပါဝင်သေးသော်လည်း ထိုနေရာတွင် ဒူးထောက်နေခဲ့သည်။
ခဏအကြာတွင် သူ့ခန္ဓာကိုယ်သည်လည်း တုန်လှုပ်သွားပြီး လည်ပင်းနောက်ဘက်မှ ပျော့ပျောင်းသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။
သူလည်း အသွင်ပြောင်းလာပြီ။
ရှီးကျင်းတွင်လည်း စစ်ထျန်းကျန်းက ဌာနမှူးသည် မျက်နှာပေါ်တွင် ထိတ်လန့်နေသည့် အကြည့်ဖြင့် ဧကရာဇ် စာဖတ်ခန်းထဲသို့ အမြန်ပြေးသွားခဲ့သည်။ များမကြာမီတွင် အစိုးရအဖွဲ့အဖွဲ့ဝင် ၁၃ ဦးက စုရုံးရောက်ရှိလာပြီး ၎င်းတို့၏ မျက်နှာများက လေးနက်နေကြ၏။
ယန်ရှန့်ကျစ်ဆိုလည်း မျက်မှောင်ကြုတ်ကာ သူ့ထိုင်ခုံထဲသို့ နစ်မြုပ်သွားလုမတတ်။
"ယိုးကျိုး ဘယ်လောက်ကြာကြာ ခံနိုင်လောက်လဲ"
သူကပဲ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ရသည်။
ရှချန်းဟိုင် :"ဘေးဥပဒ်အဆင့်က အနှေးနဲ့အမြန်ပဲ ရှိတယ် နှေးတဲ့ကောင်တွေက နှစ်နှစ်ကနေ သုံးနှစ် ဒါမှမဟုတ် ဆယ်နှစ်ကနေ ရှစ်နှစ်လောက်အထိ ကြာနိုင်တယ်... မြန်တဲ့ကောင်တွေက နှစ်ရက်ကနေ သုံးရက်လောက်ပဲ ကြာနိုင်တယ်... ယိုးကျိုးက ဘေးဥပဒ်အဆင့် မီးမုန်တိုင်းနဲ့ ကြုံဖူးတယ်... မိုင်တစ်ထောင်လုံးလုံး မီးလောင်သွားတယ် ယိုးကျိုးမှာရှိတဲ့ သဘာဝဘေးအန္တရာယ် အမျိုးအစားကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး..."
ခေတ္တရပ်ပြီး :“ဘယ်သူ့ကိုမှ အသက်ပြန်ရှင်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး” ဟုဆိုသည်။
ယန်ရှန့်ကျစ်: "ငါတို့ မိုးကောင်းကင် ဘေးဥပဒ်အဆင့်ကြားမှာ မရှင်သန်နိုင်ဘူး မဟုတ်ရင် အန္တရာယ်က ပိုကြီးလာလိမ့်မယ်... ဝူယင်းနန်းတော်ကို အသက်သွင်းလိုက်ပါ..."
ကျန်တဲ့ အရာရှိ ၁၂ ဦးကလည်း တိတ်တိတ်ဆိတ်ဆိတ် ခေါင်းညိတ်ပြကြသည်။ ယခု စစ်မှန်သော ဘုရင် ချန်ခဲ့သော နန်းတော်ကိုးခုကသာ ဘေးဥပဒ် အန္တရာယ်ကို ချေမှုန်းနိုင်တော့မည်။
"ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို ဝူယင်းနန်းတော်နဲ့ ယိုးကျိုးကို ရောက်ဖို့ နှစ်ရက်လောက် အချိန်ယူရလိမ့်မယ်..."
ရှချန်းဟိုင် : "အထက်နယ်ပယ်ကို သုံးရင်တော့ ခဏအတွင်း ရောက်နိုင်လောက်တယ်"
ယန်ရှန့်ကျစ် ခဏမျှ တုံ့ဆိုင်းသွားသည်။
"ငါတို့ အထက်ကမ္ဘာကို သုံးလို့မရဘူ... အဲဒါက စိတ်ပျက်ဖွယ်ကုန်းစောင်းနဲ့ ကောင်းကင်အထက်က စစ်မှန်တဲ့ နတ်ဘုရားကို ဆန့်ကျင်တာပဲ... လူကြီးမင်းရှနဲ့ ငါ မိုးကောင်းကင် ဘေးဥပဒ်ကို ချေမှုန်းဖို့ ဝူယင်းနန်းတော်ကို ယိုးကျိုးကို ပို့ဆောင်မယ်... ကျန်တဲ့သူတွေကတော့ အစိုးရကို ကြီးကြပ်ဖို့ ကျန်ရှိနေခဲ့ရမယ်"
သူ မတ်တပ်ထရပ်ပြီး ထွက်သွားသည်။ ရှချန်းဟိုင်ကလည်း အနောက်မှ လိုက်သွားလေ၏။
ဝူယင်းနန်းတော်သည် ရှီးကျင်းမြို့မှ ဖြည်းညှင်းစွာ မြင့်တက်လာပြီး ယိုးကျိုးဆီသို့ ဦးတည်သွားစဉ် စွဲမက်ဖွယ်ကောင်းသော အမတ အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ယန်ရှန့်ကျစ်နှင့် ရှချန်းဟိုင်တို့သည် ဤအမတနန်းတော်တံခါး ရှေ့တွင် ရပ်ကာ အဝေးကို ငေးကြည့်ရင်း နှစ်ယောက်သား ခေတ္တ တိတ်ဆိတ်နေကြသည်။
"နောက်ဆုံးအကြိမ် ဘေးဥပဒ်က တစ်ခုက လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ဖြစ်ခဲ့တာ မဟုတ်လား... တစ်ယောက်ယောက်က သင်္ချိုင်းဂူကြီးကို တူးဖော်ပြီး ပိုင်ရှင်ကို နှောင့်ယှက်မိသွားလို့ ကပ်ဆိုးတစ်ခု ဖြစ်သွားတာ"
ရှချန်းဟိုင်က ခေါင်းညိတ်ပြီး: "အဲဒီတုန်းက ဝမ်ဟွာနန်းတော်ကို သုံးခဲ့တာ... နောက်ပိုင်း စာရင်းဇယားတွေအရ အဲ့ဘေးဒဏ်ကြောင့် လူပေါင်း သန်းနဲ့ချီပြီး သေဆုံးပြီး ပြည်နယ်တစ်ခုလုံးနီးပါး ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့တယ်... အဲဒီ့ကတည်းက ဒီပြင်းအားလို နောက်ထပ် ဘေးဥပဒ်မျိုး မရှိသေးဘူး"
ယန်ရှန့်ကျစ် မျက်မှောင်ကြုတ်လိုက်သည်။
“အခုတော့ ထပ်ဖြစ်ပြန်ပြီ”
ရှချန်းဟိုင် သက်ပြင်းချလိုက်ပြီး: "လွန်ခဲ့တဲ့ ရက်အနည်းငယ်က လေးပုံတစ်ပုံလောက် စောပြီး မှောင်သွားပြန်ပြီ..."
ယန်ရှန့်ကျစ် မျက်မှောင်ကြုတ်ထားရာမှ အမူအရာက နက်နဲလာသည်။
"ကောင်းကင်ပြင်နတ်ဘုရား ပြောင်းလဲမှုတွေက မိုးကောင်းကင် ဘေးဥပဒ် ပေါ်လာတာတွေနဲ့ ဆက်စပ်နေမယ်လို့ ငါ ခံစားမိတယ်.... ဒီဘေးဥပဒ်အဆင့်က တစ်ခုတည်း မဟုတ်ဘူး... တစ်စက္ကန့်နဲ့ တစ်နာရီရဲ့ သုံးပုံတစ်ပုံအတွင်း နောက်ဆက်တွဲ ဖြစ်လာနိုင်ချေ ရှိတယ်... ဘုရင်ကျန်းခေတ် ကုန်ဆုံးတဲ့ နှစ်တွေအတွင်း ဘေးဥပဒ်အဆင့် ဘယ်လောက် ဖြစ်ပွားခဲ့လဲ မင်း သိလား?"
ရှချန်းဟိုင် : "အဲဒီခေတ်အကြောင်း နည်းနည်းဖတ်ဖူးပါတယ် ဒါပေမယ့် ကျွန်တော့်ရဲ့ ရှမိသားစုမှာ မှတ်တမ်းတွေ အများကြီး မရှိပါဘူး"
ယန်ရှန့်ကျစ်: "စစ်မှန်တဲ့ဘုရင်ခေတ်ရဲ့ နိဂုံးပိုင်းမှတ်တမ်းတွေ အများစုက တကယ်ပဲ ပျောက်ဆုံးသွားခဲ့ပြီ... တချို့ကလည်း တမင်တကာ ဖျက်ဆီးခံခဲ့ရတာ... ငါ အထက်ကမ္ဘာက ဘိုးဘွားတွေကို သွားရောက်တွေ့ဆုံတုန်းက တိတ်တဆိတ် ပြောပြခဲ့တာ..."
ခေတ္တရပ်ပြီး “စစ်မှန်တဲ့ဘုရင်ခေတ် နှောင်းပိုင်းမှာ မရေမတွက်နိုင်တဲ့ အသေအပျောက်တွေကို ဖြစ်ပေါ်စေတဲ့ မိုးကောင်းကင် ဘေးဥပဒ် ၃၇ခု ဖြစ်ပွားခဲ့တယ်... စစ်မှန်တဲ့ဘုရင်က ဘေးအန္တရာယ်တွေကို နှိမ်နင်းဖို့အတွက် အမတ နန်းတော်ကိုးခုကို ပြုပြင်ဖို့ တွန်းအားပေး စေခိုင်းခဲ့တယ်တဲ့..."
ရှချန်းဟိုင် အနည်းငယ် တုန်လှုပ်သွားတာကြောင့် ခဏလောက် ရပ်လိုက်သည်။
“ဒါက နိမိတ်လက္ခဏာ ဆိုရင်တော့ နောက်ထပ် မိုးကောင်းကင်ဘေးဥပဒ် သုံးဆယ်ကျော် ရှိသွားနိုင်တယ်”
ယန်ရှန့်ကျစ် သက်ပြင်းချရင်း :"ဒါပေမယ့် နောက်ဆုံးမှာတော့ စစ်မှန်တဲ့ ဘုရင်ခေတ်ကလည်း ဘေးဆိုးတစ်ခုကြောင့် ပျက်စီးသွားခဲ့တယ်"
လူနှစ်ယောက် ငြိမ်သွားသည်။
ရှချန်းဟိုင်: "ချန်ရှီဘေးက အမျိုးသမီးရဲ့ လက်ရှိအဆင့်က ဘယ်လိုလဲ...."
"ဘေးဥပဒ်အဆင့်... သူမက ဆွံ့အသွားတာဖြစ်မယ်... ခြိမ်းခြောက်မှု သိပ်မရှိပါဘူး သိပ်ထူးဆန်းတယ်"
ရှချန်းဟိုင်: "သူမက ဘာထူးဆန်းလို့လဲ?"
"သူမ လူသားဆန်လာတယ်.... သမိုင်းမှာ မှတ်တမ်းတင်ထားတဲ့ သမိုင်းမတင်မီခေတ်က ကျန်ခဲ့တဲ့ ဘေးဥပဒ်တွေက မကြာခဏ လူသားဆန်တာမဟုတ်ဘဲ ထူးထူးဆန်းဆန်း မြေအောက်သရဲတစ္ဆေတွေနဲ့ ဆင်တူတယ်.... ဒါပေမယ့် သူမက မတူဘူး သူမ လူသားဆန်ပါတယ် ဒါကြောင့် ဘုရင်အစစ်က သူမကို မသတ်ဘဲ ချီးရှာဘုံကျောင်းမှာ ချိတ်ပိတ်ခဲ့တာ ဖြစ်မယ်"
နှစ်ယောက်သား တိတ်ဆိတ်သွားပြန်သည်။
ရှချန်းဟိုင်က တိတ်ဆိတ်မှုကို ချိုးဖျက်ပြီး။
"ကျုပ်တို့ ဘေးဥပဒ် နယ်မြေထဲကို ဝင်လိုက်မယ်... ဘေးဥပဒ်ကို ရှာတွေ့ပြီးရင် ဘာလုပ်ရမလဲ"
ယန်ရှန့်ကျစ် : "နန်းတော်ကိုးခုရဲ့ ထုံးတမ်းစဉ်လာတွေကို လိုက်နာ.. ဘေးဥပဒ်ကိုရှာ... ဝူယင်းနန်းတော်ကို ဖိတ်ခေါ်ပြီး ဖျက်ဆီးလိုက်.... ဒါပါပဲ"
ရှချန်းဟိုင် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်တွင် မယုံနိုင်လောက်စရာ အရှိန်ဖြင့် ကောင်းကင်ကို ဖြတ်လာသော အလင်းတန်းတစ်ခုသည် ဝူယင်းနန်းတော် အနားမှ အဝေးသို့ ထွက်ခွာသွားခဲ့သည်။
အဆင့်မြင့် အရာရှိနှစ်ဦးသည် အံ့အားသင့်စွာ စိုက်ကြည့်နေကြသော်လည်း အလင်းတန်းက မြန်လွန်းသဖြင့် ၎င်း၏ဇာစ်မြစ်ကို ပိုင်းခြား၍ မရလိုက်ပေ။
ရှချန်းဟိုင်: "အဲဒါက ယိုးကျိုးကို ဦးတည်နေပုံရတယ်"
ယန်ရှန့်ကျစ်က ခေါင်းညိတ်ပြီး :"ဟုတ်တယ်... ယိုးကျိုး"
"ဘယ်သူဖြစ်နိုင်လဲ... အမတနန်းတော်ထက် ဘယ်သူက ပိုမြန်နိုင်လို့လဲ?"
ယန်ရှန့်ကျစ် တုံ့ဆိုင်းသွားသော်လည်း စကားမပြောခဲ့။
ထိုက်ဟွာတောင်ခြေတွင် ချင်းယန်သည် ချန်ရှီနှင့် ဟေးကော်ကို ထမ်းကာ ရှေ့ဆက်တိုးရန် ရုန်းကန်နေခဲ့သည်။ သူလည်း ဒဏ်ရာအပြင်းအထန် ရခဲ့ပါ၏။ ယခုအချိန်တွင် ဘေးဥပဒ်ကြောင့် ထိုက်ဟွာတောင်တန်းများ၏ နတ်ဘုရားများက ၎င်းကို သည်းမခံနိုင်တော့ပေ။ သူတို့ အလိုအလျောက် အသွင်ပြောင်းသွားကာ ချင်းယန်၏ စွမ်းအင် ချေးငှားမှုကို လျော့ပါးသွားစေခဲ့သည်။
သူတို့သည် ဆရာကြီးကျင်ဟုန် ရှိသည့်နေရာသို့ ပြန်သွားချင်သည်။ ဘေးဥပဒ် ဒဏ်က သူ့ခံယူချက်အပေါ် လွှမ်းမိုးခဲ့ပြီး ကျင်ဟုန်ရဲ့ တည်နေရာက မသေနိုင်တဲ့ မြင့်မြတ်တဲ့ နေရာတစ်ခုလို့ သူတို့ကို ယုံကြည်စေခဲ့ပါ၏။ အတွင်းက အသံတစ်ခုက အဲဒီနေရာကို ဆက်ခေါ်နေပြီး တက်နိုင်မယ်လို့ ပြောနေသည်။
သို့သော်လည်း ချင်းယန်သည် သွေးဆောင်မှုကို တွန်းလှန်ပြီး သူ့လမ်းအတိုင်း ဆက်သွားနေခဲ့သည်။
တောင်တက်လမ်းတွင် ပုစဉ်းရင်ကွဲများကဲ့သို့ မြေပြင်ပေါ်၌ လူများစွာဟာ တွားသွားနေကာ တစ်ယောက်စီသည် ကျင်ဟုန်ရှိတဲ့ ဦးတည်ရာဆီသို့ အာရုံမဲ့စွာ ရွေ့လျားနေကြသည်။
ချင်းယန်သည် လူစုလူဝေးနှင့် ဆန့်ကျင်ဘက် ခြေလှမ်းတိုင်း ခက်ခဲကြမ်းတမ်းစွာ လျှောက်လာခဲ့သည်။ အချိန်အတိုင်းအတာ တစ်ခုအထိ လမ်းလျှောက်ပြီးတဲ့အထိ သူသည် ထိုက်ဟွာတောင်မှ ထွက်ခွာမလာသေးပေ။
ရုတ်တရတ် တစ်နေရာ၌ ရပ်သွားကာ တောင်ခြေရင်းက လမ်းပေါ်တွင် မလှုပ်မယှက် ရပ်နေလေသည်။ သူ့အသားအရေကို ဖြည်းညှင်းစွာ သုတ်လိုက်သည်။ ဘေးဥပဒ် ဒဏ်ကို သူ မခံနိုင်တော့ပါ။
ခဏအကြာတွင် ချင်းယန်သည် သူ့အရေခွံတစ်လွှာကို ချွတ်လိုက်ပြီး ချန်ရှီနှင့် မြေပြင်ပေါ်ကျနေသော ဟေးကော်ကို ကောက်ယူကာ လူအုပ်နှင့် ဆန့်ကျင်ဘက်သို့ ဆက်လျှောက်သွားခဲ့သည်။
သဘာဝဘေးဒဏ်က သူ့ကို ထိခိုက်စေပေမယ့် သူ့အလိုဆန္ဒက သူ့အသားထဲမှာ ကျန်နေခဲ့ပြီး ထိန်းချုပ်ထားရင်းနဲ့ပဲ ကပ်ဆိုးရဲ့ ဗဟိုချက်ကနေ ဝေးရာကို ရွှေ့ပစ်လိုက်လေသည်။ သူ့မှာ တစ်ခုတည်းသော ခံယူချက်တစ်ခု ရှိတယ်၊ သူ တစ်ဆယ်လေးကို သယ်ထုတ်သွားရမည်။
ဒီကလေးကို ဒီဘေးအန္တရာယ်ဇုန်ထဲက ဖယ်ထုတ်ရမည်။
သူက ချန်ယင်တူး၏မြေး ဖြစ်သည်။ သူတို့သည် သူ့ကို ကယ်ဆယ်ရန် အသက်စွန့်ခဲ့ကြသည်။ ဤဖြစ်စဉ်တွင် သူပင် သေဆုံးသွားခဲ့ကာ ဒီကလေးကလည်း သူ့အသက်ကို စွန့်စားပြီး ကယ်တင်ခဲ့သဖြင့် သူ့ကို ထုတ်ပစ
"ဦးလေးယန်.... ကျွန်တော့်ကို သတ်ပြီး သဘာဝဘေးဒဏ်ကို လွှတ်ပေးလိုက်ပါ"
ချန်ရှီရဲ့ အသက်ရှုသံတွေ နွမ်းလာသည်။
ချင်းယန် သူပြောတာကြားလား မသေချာမသိ၊ ရှေ့တည့်တည့်ကို လျှောက်သွားနေ၏။ ချန်ရှီ ပြင်းပြင်းထန်ထန် ရုန်းကန်ပြီး သူ့ပုခုံးပေါ်မှ လှန်တင်လိုက်သည်။ သူ့လက်ကျန် အင်အားဖြင့် စကားဆက်ပြောနေသည်။
"ဦးလေးယန်... ကျနော့်ကိုသတ်လိုက်ပါ... ကျနော့်ကိုယ်ထဲက ဘေးဥပဒ်ကို အသုံးချနိုင်ရင် အခွင့်အရေးရှိသေးတယ်..."
ချင်းယန်က သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ရှေ့ကို ဆက်သွားနေသည်။
ချန်ရှီ ဆက်လက်ရုန်းကန်ပြီး ချင်းယန်မျက်နှာကို အမှတ်တမဲ့ မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။ ချင်းယန်၏ မျက်လုံးများသည် ဖြူဖျော့နေကာ ဒုတိယအသွင်ပြောင်းသွားသော်လည်း သူသည် ဆက်လက်ရွေ့လျားကာ ဘေးဒဏ်ကို တွန်းလှန်နေသည်။ သူ၏စိတ်ဆန္ဒအားလုံးကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား စွန့်လွှတ်ထားသဖြင့် သူ့စကားများကို မကြားနိုင်တော့ပေ။
ချန်ရှီသည် သူ၏ ချီနှင့် သွေးများကို စုစည်းရန် ကြိုးစားသော်လည်း သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ဆန်ခါကဲ့သို့ ဖြစ်နေကာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ သွေးများ စီးကျလာသည်။
သူ့ကိုယ်သူ သတ်သေရန် အဆောင်စာလုံး ဆွဲရန် စဉ်းစားထားခဲ့သော်လည်း ယင်းကို မြင်လိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။
"ဒါဆို သေခြင်းတရားက ရိုးရှင်းလွန်းတာပေါ့"
တစ်ယောက်တည်း ရေရွတ်ရင်း သူ့ချီနဲ့ သွေးတွေကို ဆက်ပြီး စုစည်းလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက သွေးတွေက တဖြည်းဖြည်း စီးဆင်းလာပြီး သူ့ခန္ဓာကိုယ်က ပိုပူလာပြီးရင် ပိုပူလာကာ နောက်တော့ တဖြည်းဖြည်း အေးစက်လာခဲ့သည်။
သေခြင်းတရားက နီးကပ်လာနေတာ ချန်ရှီ ခံစားမိသည်။ အအေးမိနေသော အလောင်းအဖြစ်သို့ မရောက်မီ အချိန်ခဏလေးပဲ လိုတော့သည်။
“အဲဒီအချိန်ကျရင် အဲဒီယဉ်ကျေးသိမ်မွေ့တဲ့ ဘေးဥပဒ်က ငါ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်”
ချန်ရှီ တွေးလိုက်သည်။
အခြေအနေနှစ်ခု ဖြစ်ပေါ်လာနိုင်သည်။ ပိုဆိုးတာက ဘေးဥပဒ် နှစ်ခုစလုံးကို တပြိုင်နက်တည်း ပေါက်ဖွားစေပြီး မရေမတွက်နိုင်တဲ့ အသက်တွေကို အန္တရာယ်ဖြစ်စေနိုင်သည်။ အခြားတစ်ခုက နှစ်ခုကြားတွင် ပဋိပက္ခတစ်ခုဖြစ်လာကာ ပညာရှိဘေးဥပဒ်က ကျင်ဟုန်ကို ဖယ်ရှားပစ်နိုင်သည်။
ဤအရာသည် စိတ်ပျက်အားငယ်စရာထဲကအကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး ချန်ရှီ၏နောက်ဆုံး နည်းလမ်းလည်း ဖြစ်သည်။
ပျက်သုဉ်းခြင်း သို့မဟုတ် ရှင်သန်ခြင်း။
သူ့ခန္ဓာကိုယ်က ပိုအေးလာပြီး အမြင်အာရုံတွေ တဖြည်းဖြည်း မှိန်လာသည်။ ကောင်းကင်ကြီးက မီးခိုးငွေ့များဖြင့် ဖုံးလွှမ်းနေသလိုပင်။
သူသည် ခက်ခက်ခဲခဲ ခေါင်းကို လှည့်ကာ ထိုက်ဟွာတောင်ဆီသို့ မျှော်ကြည့်လိုက်သည်။ ထူထဲသော လက်တံများသည် ကောင်းကင်အထက်၌ ချည်နှောင်ကာ ကျင်ဟုန်ကို လေထုအလယ်တွင် ရပ်တန့်နေစေသည်။
မယ်မယ်ရှစ်ကျီသည် ကျင်ဟုန်ကို ဆက်လက်တိုက်ခိုက်ခဲ့သော်လည်း ကျင်ဟုန်၏ ခန္ဓာကိုယ်ကသယ ပိုမိုကြီးမားလာပြီး သဘာဝဘေးဒဏ်က ဆက်လက် ဖြစ်ပွားနေခဲ့သည်။ ချန်ရှီသည် သူ့မျက်ခွံတွေ ပိုပိုလေးလာပြီး သေခြင်းတရားက ပိုနီးလာသလို ခံစားလိုက်ရ၏။
ထိုအချိန်တွင် အလင်းတန်းတစ်ခု သူ့မျက်လုံးထဲ ဝင်လာသည်။ ထိုအလင်းရောင်သည် အဝေးမှ ထွက်ပေါ်လာပြီး ကျင်ဟုန်ဆီသို့ ဦးတည်သွားကာ လေထဲတွင် ရပ်တန့်နေသည်။ အလင်းရောင် ရပ်တန့်သွားပြီး လူငယ်တစ်ဦး ပေါ်လာသည်။
ချန်ရှီ၏ အသိစိတ်သည် ငိုက်မျဉ်းနေပြီး ငယ်ရွယ်ပြီး မှုန်ရီဝေသော အသွင်ကိုသာ မြင်နေရသည်။ သူ့ထံမှ ထူးဆန်းသော အလင်းတန်းများ ထွက်လာသည်ကို ယောင်ဝါးဝါး မြင်လိုက်ရပြီး သူ့ခေါင်းနောက်ဘက်တွင် ထူးဆန်းသော ထီးဆောင်းခြင်း ရောင်ဝါများ ဖြစ်ပေါ်လာသည်။
ထီးရှေ့၌ ပေတစ်ထောင်မြင့်သော ရှေးဦးနတ်ဝိညာဥ် တစ်ပါးနှင့် အလင်းရောင်၏ နောက်တွင် နတ်ကွန်းတစ်ခု ထိုင်နေသည်။ နတ်ကွန်းသည် ကောင်းကင်နှင့်မြေကြီး၏ ပတ်ဝန်းကျင် လမ်းကြောင်းများနှင့် ပဲ့တင်ထပ်နေသည့် ထူးဆန်းသော စည်းချက်တစ်ခု ထွက်ပေါ်လာသည်။
ချန်ရှီ၏ဦးခေါင်း အနောက်ဘက်ရှိ ဒဏ်ရာသည်လည်း ပြန်ပွင့်ခါနီးဖြစ်နေသကဲ့သို့ နာကျင်လာ၏။
ချန်ရှီသည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ကြည့်လိုက်တော့ ခပ်မှုန်ဝါးဝါး ငယ်ရွယ်နုပျိုသော ရုပ်ပုံသည် ပေတစ်ထောင်မြင့်သော နတ်ဝိညာဥ်၊ တိမ်မြုပ်နေသော နယ်မြေ၊ လျှို့ဝှက်ဆန်းကြယ်သော နတ်သန္ဓေသားနှင့် ပေါင်းစပ်ကာ ထိတ်လန့်တုန်လှုပ်ဖွယ် ရောင်ဝါကို ထုတ်လွှတ်ရင်း အရှေ့သို့ လက်ညိုးထိုးပြနေသည်။
ချန်ရှီ၏ မျက်လုံးများထဲတွင် မျက်ရည်များ စီးကျလာသော်လည်း သူမျက်လုံးများကို ဖွင့်ထားဆဲ။ ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် တင်းတင်းကြပ်ကြပ် တွန်းဖွင့်နေခဲ့သည်။
ဤအခိုက်အတန့်တွင် ပြောင်းလဲနေသော ကျင်ဟုန်သည် အန္တရာယ်ကို အာရုံခံလိုက်အိသကဲ့သို့ မရေမတွက်နိုင်သော အသွေးအသားများကို စုတ်ပြဲကာ ကောင်းကင်အနှံ့ ပြန့်ကျဲစေပြီး လူငယ်လေးဆီသို့ လွင့်ပျံသွားလေသည်။
သေခြင်းတရား ရန်သူနှင့် ရင်ဆိုင်ရသဖြင့် သူ၏ ဘေးဥပဒ် ပြောင်းလဲမှုကို ခေတ္တရပ်ခိုင်းသည်။ သူ့အငွေ့အသက်များက မြင့်တက်လာကာ လူငယ်ကို ဦးစွာသတ်ပစ်ရန် ကြိုးစားခဲ့သည်။
"ဖောင်း!"
ဦးခေါင်းနောက်ဘက်က ပေါက်ကွဲထွက်ကာ သွေးများနှင့် ဦးနှောက်များ နေရာအနှံ့ ပြန့်ကျဲနေသည်။ ကျင်ဟုန်သည် သူနှင့်အတူ မရေမတွက်နိုင်သော အသွေးအသား အဖုအထစ်များကို ဆွဲယူကာ အနောက်သို့ ပျံသန်းသွားရင်း တောင်ထိပ်တစ်ခုပေါ်တွင် လေသံများနှင့်အတူ ဆင်းသက်လာသည်။
ဘေးဥပဒ်က ရုတ်တရက် ပျောက်ကွယ်သွား၏။
တွားသွားသူအားလုံး ရုတ်တရက် ရပ်တန့်ကို်ကာ ကြောင်တက်တက်ဖြင့် ဝိုင်းကြည့်နေကြသည်။
ခေါင်းကို ငုံ့ထားကာ လမ်းလျှောက်နေသည့် ချင်းယန်လည်း ရပ်သွားကာ သူ၏ ဖြူဖျော့သော မျက်လုံးများသည် အသက်၏ အရိပ်အမြွက်ကို တဖြည်းဖြည်း ပြန်လည်ရရှိလာသည်။
သူ သတိပြန်ဝင်လာတာနဲ့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ကျင်ဟုန်ကို သတ်ပစ်ခဲ့သော လူငယ်သည် သူ၏ပေါင်းစပ်ပုံစံ၊ နတ်ဝိညာဥ်၊ သူ၏နယ်ပယ်ကြီးနှင့် သူ၏မြင့်မြတ်သော နတ်သန္ဓေသားကို ခွဲထုတ်နေသည်။
ချင်းယန်သည် လျှို့ဝှက်ဆန်းကြယ်သော နတ်သန္ဓေသားကို မြင်သောအခါ အေးခဲသွားသည်။ ထို့နောက် ဒေါသတကြီး ဟောက်သံနှင့်အတူ သူ့တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပွင့်ထွက်ကာ သွေးများ စီးကျလာသည်။
သူသည် ဒေါသကြီးနေသော မီးမျက်လုံးများ ချိုကို နှုတ်လိုက်၏။
"မသွားပါနဲ့ ဦးလေး...."
ချန်ရှီသည် သိုးတစ်ကောင်ကို ဆုပ်ကိုင်ရန် သူ၏ နောက်ဆုံးခွန်အားကို အသုံးပြုနေခဲ့သည်။
"မသွားနဲ့ ဦးလေး သေလိမ့်မယ်..."
ချန်ရှီ သူ့စကားမဆုံးခင်မှာ သူ့ရဲ့နောက်ဆုံးထွက်သက်ကို ရှူထုတ်ပြီး သေဆုံးသွားခဲ့သည်။
"ဒါ မင်းရဲ့ မွေးရာပါ တာအိုသန္ဓေသားပဲ! တစ်ဆယ်လေး.... တစ်ဆယ်လေး မင်းရဲ့ဦးလေးယန်က ဒီနေ့ မင်းအတွက် လက်စားချေပြီး မင်းရဲ့ မွေးရာပါ တာအိုသန္ဓေသားကို ပြန်ယူပေးမယ်!"
ချင်းယန်သည် ချန်ရှီနဲ့ ဟေးကော်ကို လှဲချကာ ချိုဓားရှည်များကို ကိုင်ဆောင်ရင်း ပြင်းထန်စွာ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ဆွဲယူလျက် လူငယ်လေးဆီသို့ လျှောက်လာခဲ့သည်။ ထိုအချိန်တွင် လက်တစ်ဖက်က သူ့ပုခုံးကို ဆုပ်ကိုင်လာ၏။
ချင်းယန် လှည့်ကြည့်လိုက်တဲ့အခိုက် အနည်းငယ် လန့်သွားသည်။
"ချန်ရှီ" မတ်တပ်ရပ်လိုက်ပြီး သူ့နောက်မှာ ရပ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ကြင်နာသော အပြုံးဖြင့်။
"ချင်းယန်... မင်း အကြံဥာဏ်ကို ဘာလို့ နားမထောင်ရတာလဲ... ငါ့ဧကရာဇ်မင်းက မင်းကို မသွားရဘူးလို့ ပြောပေမယ့် မင်း အတင်းသွားချင်နေတယ်... မင်းရဲ့ ခေါင်းမာတဲ့ ဒေါသက မင်းမိဘတွေအတိုင်းပဲ..."