ပြင်ပ ရည်ရွယ်ချက်များ
Vol. 26 Ch. 379
"ချန်ရှီ" သည် လူအုပ်ထဲမှ ရိုးရိုးရှင်းရှင်း ထွက်သွားသည်။ ချင်းယန်လည်း သံသယနှင့် အံ့ဩခြင်းများ ရောနှောကာ သူ့နောက်သို့ လိုက်သွားခဲ့သည်။
တန်းချန်ကျစ်သည် စစ်မှန်သော ဘုရင်ခေတ်မှမဟုတ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကျော်က ထိုက်ဟွာချင်းယန် နန်းတော်၏ ကျောင်းအုပ်ကြီးဖြစ်သည့် ချင်းယန်တို့နှင့် ခေတ်ပြိုင်မျိုးဆက် တစ်ခုဖြစ်သည်။
ထိုအချိန်က ချင်းယန်သည် ဘိုးဘေးမဖြစ်သေးသလို တောင်ကုန်းများကို လှည့်ပတ်ကာ ချင်းယန်နန်းတော်၏ ခေါင်မိုးပေါ်သို့ ခုန်တက်ကာဖြင့် တောင်ကုန်းများကို ငေးကြည့်ရင်း သူ့မိဘရင်ခွင်၌ ခိုအောင်းနေသည့် အရွယ် ဖြစ်လေသည်။
တန်းချန်ကျစ်သည် အသက်တစ်ရာမပြည့်မီတွင် ငယ်ငယ်ရွယ်ရွယ်ဖြင့် သေဆုံးသွားခဲ့သည်။ ချင်းယန်၏ မိဘများသည်လည်း အရွယ်ရောက်ပြီးသည့် သူအား မမြင်နိုင်ဘဲ သေဆုံးသွားခဲ့သည်။
နောက်ပိုင်းတွင် ချင်းယန်သည် ပိုမို ရင့်ကျက်လာကာ တောင်များကို သွားလာခြင်း မပြုတော့ပေ။ ယင်းအစား သူသည် တာအိုဝါဒီများနှင့် ယုံကြည်သူများထံမှ ပူဇော်မှုများကို လက်ခံကာ ချင်းယမ်နန်းတော်တွင်သာ အခြေချနေထိုင်ခဲ့သည်။
ထိုက်ဟွာတောင်၏ ဘိုးဘေးဖြစ်လာပြီး တာအိုဝါဒီများ၏ မျိုးဆက်များကို ပြစုပျိုးထောင်ခဲ့၏။ သူ ပြုစုပျိုးထောင်ပေးသော တာအိုဝါဒီတစ်ဦးတစ်ယောက်မျှ မသေနိုင်သော ဘဝကို မရရှိနိုင်ခဲ့ပေ။ သူတို့ရဲ့ ကျွမ်းကျင်မှု အားလုံးကို အသုံးပြုမယ်ဆိုရင်တောင် သူတို့ရဲ့ သက်တမ်းဟာ အနှစ်တစ်ရာ ဒါမှမဟုတ် နှစ်ရာပဲ ရှိနိုင်သည်။
"သူက တကယ် တန်းချန်ကျစ်လား?"
ချင်းယန် "ချန်ရှီ" ကို တိတ်တဆိတ် စိုက်ကြည့်ရင်း "သူ ဘယ်လို ဘေးဥပဒ် ဖြစ်သွားသွားတာလဲ? သူဘာကြောင့် မြေအောက်ထဲကို ရောက်နေတာလဲ တစ်ဆယ်လေးရဲ့ ကိုယ်ထဲကို ဘယ်လို ဝင်လာတာလဲ... တစ်ဆယ်လေးကို ဧကရာဇ်လို့ ဘာလို့ ခေါ်တာလဲ။" စသဖြင့် တွေးနေ၏။
တန်းချန်ကျစ်သည် ထိုက်ဟွာတောင်များကြားတွင် လှပစွာ လမ်းလျှောက်သွားနေခဲ့သည်။
ချင်းယန် နန်းတော်သို့ ရောက်လာသောအခါ အပျက်အစီးများကို မြင်လိုက်ရသည့်အတွက် ဝမ်းနည်းစွာ သက်ပြင်းချနေလေသည်။ ထို့နောက် သူတော်စင်သုံးပါးသည် အမှန်တရားကို ရှာဖွေကာ အမတ ဖြစ်သွားလေကြောင်း ဒဏ္ဍာရီတွင် ဆိုထားသည့် အထက်ပျံသန်းကမ်းပါး သို့ သူရောက်ရှိခဲ့သည်။ ထိုနေရာ၌ ရပ်လျက် သူတော်စင်သုံးပါးတို့သည် ကောင်းကင်နှင့်မြေကြီးကို ပေါင်းစည်းကာ နောက်ဆုံးတွင် ကောင်းကင်ဘုံသို့ တက်သွားကြကြောင်း ဒဏ္ဍာရီ ရှိခဲ့ဖူး၏။
"အားလုံးက အတုတွေ... အတုတွေချည်းပဲ"
တန်းချန်ကျစ်က ပြုံးပြီး ခေါင်းယမ်းနေသည်။
ချင်းယန်: "သူတော်စင်သုံးပါးရဲ့ အထက်ပျံသန်း သွားတာက အတုပဲလား...."
"သူတော်စင်သုံးပါးက ရိုးရာ ကျင့်ကြံမှုစနစ်ကို လိုက်နာကြတာလေ... တာအိုနဲ့ သဟဇာတမဖြစ်နိုင်ဘူး... သူတို့ရဲ့ တက်ကြွမှုက မုသာဝါဒ..."
တန်းချန်ကျစ်က လှောင်ပြောင်ပြီး လှည့်ထွက်သွားသည်။
"သူတော်စင်သုံးပါးက ဒီကမ္ဘာမှာ ရှိနေသေးတယ် ဒါမှမဟုတ်ရင် စစ်မှန်တဲ့ဘုရင်ကျန်းရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတာ... သူတို့ တက်သွားဖို့ လုံးဝ မဖြစ်နိုင်ဘူး..."
သူသည် နတ်ဆိုးနှိမ်နင်းဂူသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဤနေရာကို စောင့်ကြပ်နေသည့် အချိန်ကို ပြန်အမှတ်ရနေခဲ့သည်။ ထို့နောက် သူသည် ရှစ်ဆယ့်ရှစ်နတ်ဆိုးတောင်ထိပ်သို့ သွားရောက်ကာ သူ့ဘိုးဘေးများ၏ နတ်ဆိုးများကို ဆန့်ကျင်တိုက်ခိုက်ခြင်းမှ ကျန်ရစ်ခဲ့သော ခြေရာများကို ကြည့်ရှုနေခဲ့သည်။
"နတ်ဆိုးတွေ... သူတို့က နတ်ဆိုးတွေလား"
သူသည် ရှစ်ဆယ့်ရှစ်နတ်ဆိုးတောင်ထိပ်ကို စိုက်ကြည့်ကာ ခေါင်းယမ်းလိုက်ပြန်သည်။
အဓိကတောင်ထွတ်သို့ ပြန်လာပြီး တာအိုဝါဒီလူငယ်များနေထိုင်ရာ ချင်းရွှီဘုံကျောင်းသို့ ရောက်ရှိလာခဲ့သည်။ ချင်းယန်နန်းတော်သို့ မရောက်ဖူးသော တာအိုဝါဒီ လူငယ်များက မကြာခဏ ဤနေရာတွင် နေထိုင်ကြရသည်။ အချို့သည် ဆယ်စုနှစ်တစ်ခုကျော်၊ ဆယ်စုနှစ်များစွာကြာအောင် နေထိုင်ကြပြီး လူလတ်ပိုင်း သို့မဟုတ် သက်ကြီးပိုင်း တာအိုဝါဒီများ ဖြစ်သည်အထိ လေ့ကျင့်ကြသည်။
တန်းချန်ကျစ်က ချင်းရွှီဘုံကျောင်းနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်စပ်မှုရှိတယ်လို့ ခံစားနေရလေသည်။
"နတ်ဆိုးသတ်ဖြတ်ခြင်း ကျန်းဝူကျူးရှဲ့ဓားကို ငါတို့တွေ့ပြီ!"
ဘိုးဘေးချုံယန်က ဝမ်းသာအားရ အော်လိုက်သည်။
ဘိုးဘေးချုံယန်သည် ကျင်ဟုန်၏ ဆိုးရွားသော အသွင်ကူးပြောင်းမှု ဒဏ်ကို ခံစားခဲ့ရသည်။ သို့သော်လည်း သူမသည် တောင်များနှင့် သစ်တောများထဲသို့ ကျရောက်ခဲ့ပြီး သူမ၏ အသွင်ကူးပြောင်းမှုကို သတိမပြုမိခဲ့ပေ။ အသွင်ပြောင်းမှု ပြီးဆုံးသွားပြီးနောက် သတိပြန်လည်လာကာ ပျက်စီးနေသော အရေပြားကို တွေ့ရှိကာ သူမကိုယ်သူမလည်း အဝတ်အစားများကို အမြန်ဝတ်လိုက်သည်။
အမတဓားသည် သူမ ပြောင်းလဲသွားသည့် နေရာနှင့် မဝေးလှပါ။ ထိုအချိန်တွင် ချန်ရှီသည် ချင်းယန်၏ မှော်စွမ်းအားကို အသုံးပြု၍ ကျင်ဟုန်ကို တစ်ချက်ရိုက်ပြီး သတ်မိလုနီးပါး ဖြစ်သွားခဲ့သည်။ ဓားသည် သူ့လက်မှ လွတ်ထွက်သွားပြီး တောင်ကို ထိုးဖောက်ဝင်ရောက်ကာ ဂရုတစိုက် ရှာဖွေခြင်းမရှိပါက ပြန်လည် ရှာဖွေရန် ခက်ခဲနိုင်သည်။
တန်းချန်ကျစ် လျှောက်သွားပြီး သူ့အမူအရာက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
"ဒီအမတလက်နက်ကို ငါ တစ်ခါမှ မတွေ့ဖူးဘူး..."
ချင်းယန်ကလည်း သူ့နောက်ကို လိုက်သွားပြီး မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ်ဖြင့်။
"ဒီဓားကို စစ်မှန်တဲ့ဘုရင်က ထျန်းကျန်းကိုသတ်ဖို့ အသုံးပြုခဲ့တာ.... သွားသတ်တဲ့လူက ကျနော်တို့ ချင်းယန်နန်းတော်ရဲ့ မညှာမတာသခင်ပဲ ဖြစ်ရမယ်"
တန်းချန်ကျစ်: "ဒါဆို ယဇ်ပူဇော်သူဟာ အရင်ကျောင်းအုပ်ကြီးပဲ ဖြစ်မယ်... ဖြစ်နိုင်ချေကတော့ သူ့ကို စစ်မှန်တဲ့ဘုရင်က အမတကိုသတ်ဖို့ အမိန့်ပေးခဲ့တာ...."
"တာအိုထျန်းကျန်း ဘယ်တုန်းက ကွယ်လွန်သွားလဲ သိလား... အချိန်ကိုသိရင် အရင်ကျောင်းအုပ်ကြီးကိုလည်း သိနိုင်လိမ့်မယ်"
တန်းချန်ကျစ်က ခေါင်းယမ်းလိုက်သည်။
ချင်းယန်: "တစ်ဆယ်လေးက တာအိုထျန်းကျန်းရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးပြီး ကျန်းဝူကျူးရှဲ့ဓားကို ပြန်ယူပေးတာ... ထိုက်ဟွာတောင်ကိုလည်း တာအိုထျန်းကျန်းရဲ့ ရုပ်ကြွင်းတွေကို ထိုက်ဟွာတောင်ကို ပြန်ယူဆောင်လာပေးဖို့ တောင်းဆိုထားခဲ့ပါတယ်..."
တန်းချန်ကျစ်က သက်ပြင်းချရင်း :"အဲဒီတုန်းက ဘိုးဘေးကျန်းယန်ရဲ့ မီးတောက်လောင်နေတဲ့ တာအိုကောင်လေးက အရမ်းအစွမ်းထက်လွန်းလို့ ကျန်းဝူကျူးရှဲ့ဓားနဲ့ သခင်က သူ့ကိုသတ်ပစ်ရမယ်... သူ မသေဘူးဆိုရင် တာအို နဲ့ ပြန်ဆက်သွယ်ဖို့ နည်းလမ်းရှာပြီး လမ်းဟောင်းကို ပြန်ရောက်သွားနိုင်တယ်"
နောက်ဆုံးတွင် သူသည် ဓားကိုမြင်ပြီး ဓားကိုထိရန် ရှေ့တိုးလာကာ အမတလက်နက်၏ အကန့်အသတ်မရှိသော စွမ်းအားကို ခံစားလိုက်သည်။
“ဒါက တကယ့်ကို အမတဓားတစ်လက်ပဲ... နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတောင် ဒီကမ္ဘာကြီးက ဖောက်ပြန်ပျက်စီးနေပြီ... သူကတော့ ထိခိုက်မှုမရှိခဲ့ဘူး”
ချီးကျူးစကားဆိုလိုက်သည်။
အနီးအနားတွင် ရပ်နေသော ဘိုးဘေးချုံယန်လည်း ထိုစကားကို ကြားလိုက်ရသည့်အတွက် ထိတ်လန့်သွားသည်။ သူမက သူ့ကို တစ်ချက်ကြည့်လိုက်ပြီ
"မင်းက တစ်ဆယ်လေး မဟုတ်ဘူး... မင်းဘယ်သူလဲ?"
တန်းချန်ကျစ်က သူမကို အပေါ်ကို ငုံ့ကြည့်ကာ။
"မဟာတန်ခိုးကြီးတဲ့ မိုးကြိုးမန္တန်ကြီးလား... မင်း ကောင်းကောင်း လေ့ကျင့်ပြီးပြီပဲ မင်း အဲဒီအထဲက အထက်ပျံသန်းနတ်စည်းတံဆိပ် မန္တန်ကိုရော လေ့ကျင့်ပြီးပြီလား?"
ဘိုးဘေးချုံယန်လည်း တုန်လှုပ်ခြောက်ခြားသွားလေသည်။
"မဟာတန်ခိုးကြီးတဲ့ မိုးကြိုးမန္တန်မှာ အထက်ပျံသန်း မန္တန်ရှိတာ ဘယ်လိုလုပ်သိတာလဲ... ချန်ယင်တူးက ဒီနည်းလမ်းက မန္တန်အပိုင်းတစ်ခု ပျောက်နေတယ်လို့ ပြောတယ်... မန္တန်ကို ဖြည့်ဖို့ ကြိုးစားပေမယ့် ပျက်စီးသွားတုန်းပဲ... မဟုတ်သေးဘူး.. မင်းဘယ်သူလဲ"
တန်းချန်ကျစ်က ခပ်ဖျော့ဖျော့ပြုံးရင်း :"မင်း သင်ယူချင်တာလား... ငါ မင်းကို သင်ပေးလို့ ရတယ် ပြီးပြည့်စုံတဲ့ အထက်ပျံသန်း နတ်မန္တန်ကို ငါတွေ့ပြီးပြီ.... အဲဒါက စစ်မှန်ကြောင်းလို့ ငါအာမခံတယ်"
ဘိုးဘေးချုံယန်လည်း အလွန်ဝမ်းသာသွားပြီး အကြံဉာဏ် တောင်းတော့မည့်အခိုက် ချင်းယန်က ရှုံ့မဲ့နေသော အမူအရာဖြင့် ဆိုလာသည်။
"ချုံယန်... မယဥ်မကျေး မလုပ်ရဘူး နောက်ဆုတ်!"
ဘိုးဘေးချုံယန်မှာ ဤမန္တန်ကို လေ့လာရန် စိတ်အားထက်သန်ခဲ့သည်။ ဤသည်မှာ သူမ၏ ကျင့်ကြံမှု နည်းစနစ်ထဲက ကြီးမားသော ချို့ယွင်းချက်တစ်ခုဖြစ်ပြီး အမှန်ပင် သူမ၏ ဘ၀တွင်ပင်။ သူမသည် ချန်ယင်တူး နှင့် အချိန်အတော်ကြာ လေ့လာဆည်းပူးခဲ့ရသော်လည်း မပြီးပြတ်သေးပေ။
သို့သော် ချင်းယန်သည် သူမ၏ ဘိုးဘေး ဖြစ်တာကြောင့် သူ့အမိန့်အတိုင်း ထွက်ခွာရန်မှတပါး ရွေးချယ်စရာမရှိပေ။ ချင်းယန် တန်းချန်ကျစ်ကို ကြည့်ပြီး မေးလိုက်သည်။
"ခင်ဗျားရဲ့ တန်ခိုးကြီးတဲ့ အထက်ပျံသန်းမန္တန်ကို လေ့ကျင့်ရင် ကျင်ဟုန်လိုမျိုး ဖြစ်လာမှာလား"
တန်းချန်ကျစ်က ပြုံးပြီး :"အရမ်းဖြစ်နိုင်တယ်"
"ခင်ဗျား သူမကို ဒုက္ခပေးချင်နေတာလား!"
ချင်းယန် အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။ တန်းချန်ကျစ် သူ့ခေါင်းကို ခါယမ်းကာ။
"သူမကို ဘာလို့ ဒုက္ခပေးရမှာလဲ? တာအိုဘာသာကို လေ့ကျင့်ရတဲ့ ရည်ရွယ်ချက်က အမတလမ်းစဥ်ကို ရှာဖို့ပဲ သူမမှာ မသေနိုင်အောင် အသွင်ပြောင်းဖို့ သတ္တိတောင် မရှိဘူးဆိုရင် ဘယ်လိုလုပ် ထိုက်တန်နိုင်မလဲ"
ချင်းယန် သူ့ကို လေးလေးနက်နက် ကြည့်နေသည်။ ဘေးဥပဒ်က တန်းချန်ကျစ် ဖြစ်တယ်လို့ ကြားသိရပြီး ဝမ်းသာပီတိ ဖြစ်ခဲ့ရသည်။ အခုလေးတင်မှ သူသည် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့သည်။
တန်းချန်ကျစ်သည် ထိုက်ဟွာချင်းယန် နန်းတော်၏ ဘိုးဘေးဖြစ်သော်လည်း သူသည် နတ်ဆိုးထက် ပို၍အန္တရာယ်ရှိပြီး ကျင်ဟုန်ထက် ပိုကြောက်စရာကောင်းနေဆဲ ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး၏ မကောင်းသော စွမ်းအင်များက ပို၍ပင် နက်ရှိုင်းစွာ လွှမ်းမိုးခဲ့ပြီး မကောင်းသော ရည်ရွယ်ချက်များကို ဖုံးကွယ်ထားခဲ့သည်။
"တန်းချန်ကျစ် ... ခင်ဗျားက ဘယ်လို ကျင့်ကြံမှုလမ်းကြောင်းကို လေ့ကျင့်နေတာလဲ... ရွှေပုစဥ်းရင်ကွဲ လမ်းကြောင်း မဟုတ်လောက်ဘူးမလား... ခင်ဗျားရဲ့ ခေါင်းတလားထဲမှာ အဲ့အမတကျင့်စဥ်ကို တမင်ထည့်ထားတာ ဖြစ်နိုင်လား အမတကောင်းကင်လမ်းစဥ် မြေပုံကျမ်းက စမ်းသပ်မှုတစ်ခုပဲ မဟုတ်လား"
တန်းချန်ကျစ် သူ့နောက်ကို လက်နှစ်ဖက်ပစ်လျက် နန်းတော်ထဲက ထွက်လာခဲ့သည်။
"ရွှေပုစဥ်းရင်ကွဲ အမတကောင်းကင်လမ်းစဥ်က မသေနိုင်တဲ့ နည်းလမ်းတစ်ခုပါ... အဲဒါကို လိုက်ကျင့်ကြံတဲ့လူက မသေနိုင်တဲ့ အစစ်အမှန်ကို ရနိုင်တယ်... ငါ့သင်္ချိုင်းကို တူးရဲတဲ့သူက ကြီးကျယ်တဲ့ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ဖူးသူ ဖြစ်ရမယ်... ထက်မြက်ပြီး ရည်မှန်းချက်ကြီးတယ်... ဒီနည်းလမ်းကို ကျွမ်းကျင်အောင် လုပ်နိုင်တယ်"
ချင်းယန်က ရယ်မောလိုက်ပြီး :"ဒါပေမယ့် သင်္ချိုင်းကို တူးတဲ့လူက ခင်ဗျားကို ဒီလိုလျှို့ဝှက်ချက်နဲ့ ထားခဲ့လိမ့်မယ်လို့ မမျှော်လင့်ထားဘူးလေ.."
သူသည် ရွှေပုစဥ်းရင်ကွဲ အမတကောင်းကင်လမ်းစဥ်ကို ငုံ့ကြည့်ခဲ့ပြီး ၎င်းသည် အတုအယောင် မသေနိုင်သော အဖြစ်သို့သာ ဦးတည်သွားနိုင်သည်ဟု ယုံကြည်ထားခဲ့သည်။ ရလဒ်အနေဖြင့် ဤကျင့်စဥ်သည် နောက်ဆုံးတွင် ကျင်ဟုန်လက်ထဲသို့ ရောက်သွား၏။
"ခင်ဗျားက အဲဒါကို မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ သိမ်းထားခဲ့တာ!"
တန်းချန်ကျစ်က လှောင်ပြောင်ကာ။
"ဒါကို ပိုဆိုးအောင် ပြောင်းလဲနေတာက ကောင်းကင်နဲ့ မြေကြီးပဲ... ကျင့်ကြံနည်းစနစ်နဲ့ ဘာဆိုင်လဲ... တာအိုဘာသာကို ကျင့်သုံးတဲ့သူတွေနဲ့ ဘာဆိုင်လို့လဲ ငါက ကောင်းကင်ဘုံရဲ့ အလိုကို လိုက်နေတာ တခြားဘာမှ မရှိဘူး..."
ချင်းယန်သည် ကျန်းဝူကျူးရှဲ့ဓားကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ကာ-
"ဒါဆို ခင်ဗျားရဲ့ မသေနိုင်တဲ့ လိုက်စားမှုက ဘေးဆိုးအဆင့် ရောက်သွားပြီလား?"
တန်းချန်ကျစ်၏ အကြည့်များကလည်း ကျန်းဝူကျူးရှဲ့ဓားပေါ်မှာ ကျဆင်းသွားသည်- "ချင်းယန် ကောင်းကင်နဲမြေကြီးက ပိုဆိုးလာပါပြီ... တာအိုဘာသာကို ကျင့်သုံးသူတွေက မကောင်းတာတွေထက် မပြောင်းလဲရင် ကောင်းကင်နဲ့မြေကြီးကို ဘယ်လိုလုပ် ပေါင်းစည်းမှာလဲ"
ချင်းယန်က ဓားကို ငုံ့ကြည့်ကာ :"တာအိုနဲ့ ပေါင်းစည်းနိုင်အောင် ကျုပ်တို့ကို မူလကြယ်မြေပုံ ပေးခဲ့တာလား"
တန်းချန်ကျစ်က ပြုံးလိုက်သည်။
"ချင်းယန်... မင်းက မူလကြယ်မြေပုံကို လေ့ကျင့်နေတာလား... ငါ့ကို ပြောစမ်း အဲဒါကရော ဆိုးယုတ်တဲ့ နည်းလမ်းပဲလား"
ချင်းယန်သည် ကျန်းဝူကျူးရှဲ့ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး သူ့အမူအရာက ပြောင်းလဲသွားသည်။ မူလကြယ်မြေပုံက မကောင်းတဲ့ နည်းလမ်းမဟုတ်ချေ။ သို့သော် ရွှေပုစဥ်းရင်ကွဲ အမတကောင်းကင်လမ်းစဥ်ကလည်း မကောင်းတဲ့ နည်းတစ်ခုမဟုတ်ခဲ့။
ဆိုးယုတ်တဲ့နည်းထက် အဆတစ်ရာ ပိုဆိုးနေတာပင်။
တန်းချန်ကျစ်က ထွက်သွားပြီး။
"စစ်မှန်တဲ့ဘုရင်ရဲ့ အမတလမ်းကို ပိတ်ပင်ခဲ့တဲ့ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းက ကျင့်ကြံသူတွေကို နည်းလမ်းသစ်တွေ ပြုစုပျိုးထောင်ပေးပြီး ကောင်းကင်နဲ့မြေကြီး သဟဇာတ ဖြစ်အောင် လုပ်ဆောင်ဖို့ပဲ မဟုတ်ဘူးလား... ချင်းယန် ငါလုပ်လိုက်တာက ဘာမှားနေလို့လဲ?"
ချင်းယန်၏ မျက်လုံးများထဲတွင် ပြင်းထန်သော အရိပ်တစ်ခု တောက်ပလာသည်။ ဓားကိုဆွဲ၍ လှည့်သွားပေမယ့် တန်းချန်ကျစ်က သူ့ရဲ့ လူသတ်ချင်လာသော ရည်ရွယ်ချက်ကို သတိမထားမိပုံရသည်။ သူက ပြုံးပြီး။
"ဒီခန္ဓာကိုယ်က ဘယ်သူ့ဟာလဲ မေ့သွားပြီလား"
ချင်းယန် တုံ့ဆိုင်းသွားသည်။
အဲဒါက ချန်ရှီရဲ့ ခန္ဓာကိုယ်ပဲ။ သူသတ်ဖို့ မဖြစ်ချေ။
တန်းချန်ကျစ်က ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့ ငါက သက်ရှိဘုံမှာ ဘာအမှားမှ မလုပ်ပါဘူး"
သူ စကားပြောနေစဉ်မှာပင် ချန်ရှီသည် အသက်မဲ့ရုပ်အလောင်းတစ်ခု မြေပြင်ပေါ်သို့ ရုတ်တရက် လဲကျသွားခဲ့သည်။ ချင်းယန်လည်း ဓားကို မြေကြီးထဲသို့ စိုက်သွင်းလိုက်ပြီး ချန်ရှီရဲ့ အသက်ရှူသံကို ခံစားကြည့်လိုက်သည်။ သူ့နှလုံးက ခုန်နေဆဲဖြစ်ပြီး သူ့ချီနဲ့ သွေးတွေက တဖြည်းဖြည်း ပြန်ကျလာတာကို တွေ့လိုက်ရသည်။ တန်းချန်ကျစ်က ချန်ရှီ၏ကိုယ်ခန္ဓာကို ပြန်လည်ရှင်သန်စေခဲ့တာပင်။
သို့သော် ချန်ရှီရဲ့ ဝိညာဉ်က ပြန်မလာသေးပေ။ သူသည် အသက်ရှင်သော အလောင်းတစ်လောင်းမျှသာ ဖြစ်သည်။
"ထူးဆန်းတဲ့ ဘေးဥပဒ်အဲ... သူ့ရည်ရွယ်ချက်က ဘာလဲ... တစ်ဆယ်လေးကို သူတို့ရဲ့ဧကရာဇ်မင်းလို့ ဘာလို့ပြောတာလဲ..."
ချင်းယန် ခဏလောက် စဉ်းစားပြီးနောက် တာအိုကျင့်ကြံသူ တစ်ယောက်ကို ခေါ်လိုက်သည်။
"ဝိညာဥ်ခေါ်တတ်သူကို သွားခေါ်!"
ချန်ရှီသည် ကွယ်လွန်ပြီးနောက် သူ့ဝိညာဉ်သည် မြေအောက်ကမ္ဘာသို့ ပျံဝဲသွားပြီး သူ့အရိုးစုဆီသို့ ပြန်ဝင်သွားခဲ့သည်။
ထိုအချိန်အတောအတွင်း အရိုးစု၏ သွေးကန်ငရဲသည် မိုင်တစ်ရာကျယ်ဝန်းသော မှော်အစွမ်းဖြင့် ကြီးထွားလာခဲ့ပြီး အလွန်အစွမ်းထက်လာသည်။ ၎င်းက စွမ်းအားအမြင့်ဆုံးသော နတ်သန့်စင်နယ်ပယ် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်လုနီးပါး ဖြစ်နေပါပြီ။
သွေးကန်ငရဲသည် အတုအယောင်နယ်မြေ၏ အချို့သော အသွင်အပြင်ကိုပင် ယူဆောင်လာခဲ့သည်။
အထူးသဖြင့် အရိုးစု၏အရိုးများသည် မရေမတွက်နိုင်သော စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ခံနိုင်ရည်ရှိခဲ့ပြီး အစွမ်းထက်ဆုံး မှော်လက်နက်များကပင် ၎င်းအား ဒဏ်ရာအနာတရဖြစ်စေရန် ခက်ခဲစေသည်။ ၎င်း၏ လှုပ်ရှားမှုနှင့် အမူအရာတိုင်းသည် ကြယ်များပြောင်းခြင်းနှင့် နက္ခတ်တာရာများကို ပြောင်းလဲခြင်းတို့ကို ခံစားရစေသည်။
ဤသေးငယ်သော အရိုးစုသည် ပြင်းထန်သောဖိနှိပ်မှုခံစားချက်ကိုလည်း ဖော်ထုတ်ပေးနိုင်သေး၏။
သို့သော် သွေးကန်ငရဲသည် သွေးပင်လယ်ငရဲအဆင့်သို့ မရောက်ရှိမီ သိသာထင်ရှားသော ချို့ယွင်းချက်များ ရှိနေသေးသည်။ နောက်တစ်ဆင့်ကို အချိန်မရွေး မြန်မြန်ရောက်ဖို့ မဖြစ်နိုင်ချေ။
ချန်ရှီ အနည်းငယ် စိတ်ရှုပ်နေပြီး အရိုးစု၏ တိုးတက်မှုကို စစ်ဆေးရန် အလုပ်များလွန်းနေခဲ့သည်။ သူ့နှလုံးသားက တုန်လှုပ်ချောက်ချားသွားကာ အပြန်ပြန်အလှန်လှန် ခုန်နေသည်။
"ကျင်ဟုန်ကို သတ်လိုက်တာက ဆရာတူအစ်ကို ဝူဝမ့်များလား သူက ငါ့မွေးရာပါ တာအိုသန္ဓေသားကို ယဇ်ပူဇော်ခဲ့တာမလား... တာအိုသန္ဓေသားက တကယ့်ကို အစွမ်းထက်တာပဲ!"
"ဦးလေးချင်းယန် ဘေးကင်းရဲ့လား... သူသာ လက်စားချေဖို့ သွားရှာရင် အန္တရာယ်ကြီးထဲကျသွားမှာ ကြောက်ရတယ်"
"ငါ့သေပြီးရင် ဝင်လာမယ့် ဘေးအန္တရာယ်တွေက တခြားသူတွေကို ဒုက္ခပေးမှာလား... ဝူဝမ့်က သူ့ကို ရှင်းပစ်မှာလား"
တစ်ယောက်တည်း တုန်လှုပ်ချောက်ချားကာ ရေရွတ်မိသည်။ အချိန်အတော် ကြာပြီးနောက် ရပ်လိုက်ပြီး။
"ဦးလေးချင်းယန် ကျနော့်အတွက် ဦးလေးအသက်ကို အန္တရာယ်ပေးစရာ မလိုပါဘူး... ဒီရန်ငြိုးကို ကျနော်ကိုယ်တိုင် လက်စားချေမယ်... ငါ့ရဲ့ နတ်သန္ဓေသားကို ငါကိုယ်တိုင် ပြန်ယူမယ်!"
သူသည် အရိုးစုတစ်ခုဖြစ်နေတာ ထင်ရှားသော်လည်း သူ့ရင်ဘတ်ထဲတွင် ပူလောင်သောခံစားမှုမျိုးကို ခံစားနေရသည်။
"ငါ လေ့ကျင့်တာ သုံးနှစ်ပဲ ရှိသေးတယ်... ဒီသုံးနှစ်ထဲမှာ ငါ ခန္ဓာပေါင်းစည်းနယ်ပယ်ကို ရောက်နေပြီ! ငါ့ကို ဆယ်နှစ်လောက်သာ အချိန်ပေး! ငါ ဝူဝမ့်ကို နှိပ်စက်ပြမယ်!"
"ဦးလေးချင်းယန် ဘာမှ မလုပ်နဲ့!"
သူသည် နှိပ်စက်ညှဉ်းပန်းသည့် အချိန်အား တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် ချန်ရှီသည် ထူးဆန်းသော ဆွဲငင်အားကို ခံစားလိုက်ရလေသည်။ အဘွားရှားရဲ့ ဝိညာဉ်ခေါ်သံလောက် မပြင်းထန်တဲ့အတွက် တခြားသူလုပ်နေတာပဲဖြစ်မယ်လို့ ထင်လိုက်၏။ သူက တခြားဘာကိုမှ ဂရုမစိုက်ဘဲ ဆွဲထုတ်ခံလိုက်ပြီးနောက် သူ့အရိုးစု ခန္ဓာကိုယ်ကို ထျန်းကျစ်ပြည်မှာ ချန်ထားခဲ့လိုက်သည်။
တစ်ခုတည်းသော အတွေးဖြင့် လမ်းညွှန်ထားသော အရိုးစုသည် ၎င်း၏ နည်းလမ်းကျသော လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ကာ ၎င်း၏ စွမ်းအားသည် တစ်နေ့ထက်တစ်နေ့ တိုးလာခဲ့သည်။
ချန်ရှီသည် အစွမ်းထက်သော တာအိုကျင့်ကြံသူများဆီက အဝိုင်းခံထားရတာ တွေ့လိုက်ရသည်။ ခေါင်းဆောင်မှာ တာအိုကျင်ယွဲ့၊ ထိုက်ဟွာတောင်၏ အကြီးအကဲ လေးဦးထဲမှ တစ်ဦးဖြစ်ပြီး ဝိညာဉ်များကို ခေါ်ယူရာတွင် ကျွမ်းကျင်သည်။ ချင်းယန်သည် တိုင်ဟွာတောင်မှ ဝိညာဉ်များကို ဖိတ်ခေါ်ရာတွင် ကျွမ်းကျင်သော တာအိုဝါဒီအားလုံးကို စုစည်းကာ ချန်ရှီဝိညာဉ်ကို အတူတကွ ခေါ်ဆောင်စေခဲ့သည်။
ချင်းယန်ကို မြင်လိုက်ရတော့မှ ချန်ရှီ သက်ပြင်းတစ်ချက်ချကာ လေးလံသော အလေးချိန်ကို သူ့နှလုံးသားထဲမှ ရုတ်သိမ်းလိုက်သည်။
"ကျေးဇူးတင်ပါတယ် တာအိုကျင့်ကြံသူတို့..."
ချန်ရှီ မတ်တပ်ထရပ်ပြီး လူအုပ်ကို ဦးညွှတ်လိုက်သည်။
"မခံယူရဲပါဘူး!"
အားလုံးက နှုတ်ခွန်းဆက်စကား ပြန်ပြောကြပြီး တာအိုကျင်ယွဲ့က အပြုံးလေးနဲ့ ပြောလာသည်။
"ချန်ကျွမ့်ယွမ်ရ ငါတို့ကို ကျန်းဝူကျူးရှဲ့ဓား ပေးအပ်ပြီး ငါတို့ကို ကယ်တင်ဖို့ အသက်ကို စွန့်စားခဲ့တယ်... နောက်ဆုံးတော့ သေလုမျောပါးကို ဖြစ်သွားတာ... ငါတို့ကလည်း ကျေးဇူးတင်ကြောင်း ပြောချင်လို့ပါ..."
ချန်ရှီ: "ယဉ်ကျေးလွန်းနေပါပြီဗျာ... ခင်ဗျား စိတ်မရှိရင် နောက်တစ်ခါ ကျနော့်ကို ချန်ကျွမ့်ယွမ် ဒါမှမဟုတ် သခင်ကြီးချန် လို့ခေါ်နိုင်ပါတယ်... ကျနော်က မိသားစုမှာ ထိပ်တန်း ပညာရှင်တစ်ယောက်ပဲ... အဖေတောင် အဲဒါကို မလုပ်နိုင်ဘူး"
တာအိုကျင်ယွဲ့သည် "သူ့အဖိုးတုန်းကလိုပဲ... ဟန်ဆောင်ရတာကြိုက်တယ် ဒါပေမယ့် သူက ကျေးဇူးရှင်ပဲ" ဟု စိတ်ထဲက တွေးလိုက်သည်။
ထို့ကြောင့် သူ့ကို ချန်ကျွမ့်ယွမ် ဟုခေါ်လိုက်သည်။
ဤနှစ်များ တစ်လျှောက်လုံး ထိုက်ဟွာချင်း နန်းတော်၏ ခိုင်ခံ့မြဲမြံစွာ ရပ်တည်နိုင်မှုမှာ အမှန်ပင်ထူးခြားသည်ဟု ချန်ရှီ ဝမ်းမြောက်စွာ ယုံကြည်ခဲ့သည်။ ချင်းယန် ချဉ်းကပ်လာတော့ ချန်ရှီ ဦးညွှတ်လိုက်သည်။
"ဦးလေးယန်"
ချင်းယန်က သူ့ကို အပေါ်အောက် ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။
"မင်းအဆင်ပြေနေတော့ ငါလည်း စိတ်အေးပါပြီ"
ချန်ရှီက ခပ်ဖျော့ဖျော့ပြုံးကာ။
"ဦးလေး ဘေးကင်းလို့ ကျနော်လည်း စိတ်အေးသွားပြီ"
ချင်းယန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ငါသိသွားပြီ... မင်းအဖိုးအတွက် ငါ့အသက်ကို တစ်ခါလောက် စွန့်စားပြီးပြီလေ... မင်းအတွက် ထပ်ပြီးစွန့်စားရအောင် ငါက အဲဒီလောက်ထိ မတုံးသေးပါဘူး... မင်းအတွက်မင်း လက်စားချေရမယ်.... မင်း အနိုင်မယူနိုင်ရင် ငါမင်းကို ကူညီမယ်"
ချန်ရှီကတော့ ရှေ့ကို လှမ်းပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ လွှတ်ပေးဖို့ ငြင်းဆန်နေတော့သည်။
"လွှတ်စမ်း... တစ်ဆယ်လေး! လွှတ်! နာတယ်! နာကျင်တယ်! ငါ ဒဏ်ရာရထားတုန်းပဲ... အရမ်းနာတာကွ!"
ချန်ရှီ လွှတ်ပေးလိုက်သည်။ သူ့မျက်လုံးတွေ နီရဲလာပြီး အနည်းငယ် ရှက်သွားသလိုလည်း ခံစားလိုက်ရသည်။
"ဦးလေးယန်... ကျနော် ဦးလေးကို နောက်တစ်ခါ ထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာ...ကျနော် မရဏကမ္ဘာမှာ စိတ်ပူပြီး သေတော့မလို့..."
သူစကားပြောရင်းနဲ့ မျက်ရည်တွေ ကျလာတော့သည်။ ချင်းယန်လည်း ခဏလောက် နှုတ်ဆိတ်သွားပြီး။
"ငါ ဒီလောက် မမိုက်မဲပါဘူးကွာ... စိတ်မပူပါနဲ့... ငါတို့ ထပ်ပြီး အန္တရာယ် ကြုံလာရရင် ငါ ရှေ့တိုးမှာ မဟုတ်ဘူး"
ဤကဲ့သို့ အခြေအနေမျိုး ထပ်မံပေါ်ပေါက်လာပါက ချင်းယန်သည် ပထမဆုံး ရှေ့ထွက်ဦးမယ် ဆိုတာ ချန်ရှီ သိပါသည်။
ရေကန်ငါးကန်ထဲက လူဆိုးခြောက်ယောက်ထဲက ချင်းယန်ဟာ အကြမ်းတမ်းဆုံး စကားတွေပြောတတ်ပေမယ့် သူ့မှာ အနွေးထွေးဆုံး နှလုံးသားလည်း ရှိပြီး အမြဲတမ်း တာဝန်ယူတတ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရပါက သူသည် အမြဲတမ်း ပထမဦးဆုံး ရှေ့ထွက်သူဖြစ်ပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိကာ ကျန်ငါးယောက်ကို အသက်ရှင်ရန် အခွင့်အရေးပေးတတ်သည်။
"တစ်ဆယ်လေး နောက်တစ်ခု ရှိသေးတယ်"
ချင်းယန် တုံ့ဆိုင်းသွားပြီးမှ မိုးကောင်းကင် ဘေးဥပဒ် တန်းချန်ကျစ်၏အသွင်အပြင် အသေးစိတ်ကို ပြန်ပြောပြလိုက်သည်။
"တန်းချန်ကျစ် မူလကြယ်မြေပုံ ပေးတာက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်နိုင်ချေရှိတယ်... မင်းအဘိုးနဲ့ ငါက ရွှေပုစဥ်းရင်ကွဲ ပြေးလမ်းအစီအစဉ်ကို သူ့သင်္ချိုင်းမှာ တူးခဲ့တာ... သူက အဲဒါကို သူ့အုတ်ဂူမှာ ရည်ရွယ်ချက်ရှိရှိ ထားခဲ့တာဖြစ်မယ်"
ချန်ရှီ၏နှလုံးကလည်း တုန်တုန်ယင်ယင် ဖြစ်လာသည်။
"သူ့နည်းလမ်းသစ်က ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လေ့ကျင့်ထားနိုင်လား စမ်းသပ်ချင်တာ! ဒါပေမယ့် ဒါက အန္တရာယ်များလွန်းတဲ့အတွက် တခြားသူတွေကို စမ်းသပ်ဖို့ ရွေးချယ်ခဲ့တာပဲ ဖြစ်မယ်... ဒါပေမယ့် သူ့သင်ကြားတဲ့ နည်းလမ်းက ဘာမှထူးထူးခြားခြား မရှိဘူးဆိုတာကို အဘိုးက သိမြင်ခဲ့လို့ ထားခဲ့တာ... အဲဒါက ကျင်ဟုန်က ရှာတွေ့သွားတာပေါ့"
ချင်းယန်က ညင်သာစွာ ခေါင်းညိတ်ပြီး။ "နောက်တစ်ခု ရှိသေးတယ်... တာအိုထျန်းကျန်း အကြောင်း သူ့ကို ပြောပြတဲ့အခါ သူက သူ့အကြောင်းကို သိသလိုပဲ အံ့သြမှုမျိုး မပြဘူး... တာအိုချောင်ယင်က ကျောင်းအုပ်လည်း ဖြစ်ပေမယ့် ချောင်ယင်ကလည်း တာအိုထျန်းကျန်းအကြောင်း မသိဘူး.... "
ချန်ရှီ သံသယစိတ်နဲ့ ပြန်မေးလိုက်သည်။
"ဦးလေး ဆိုလိုတာက..."
"တာအိုထျန်းကျန်းရဲ့ စည်းတံဆိပ်ကို လောင်ကျွမ်းစေခဲ့တဲ့ အမတမီးက သူနဲ့ ပတ်သက်နေနိုင်တယ်... သူက မီးမညှိရင်တောင် ဘယ်သူလုပ်လဲဆိုတာ သူသိမှာပဲ"
ချန်ရှီ အံ့အားသင့်သွားသည်။
"မိုးကောင်းကင် ဘေးဥပဒ် တန်းချန်ကျစ်က တာအိုထျန်းကျန်းကို လွှတ်ပေးပြီး ယင်နဲ့ယန် ဘုံနှစ်ခုလုံးကို အန္တရာယ်ဖြစ်အောင် လုပ်နေတာလား... သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ?"
ချင်းယန် တုံ့ဆိုင်းသွားပြီး ကိစ္စအားလုံးကို ဖြည်လိုက်သည်။
"တစ်ဆယ်လေး... တန်းချန်ကျစ်က မင်းကို ဧကရာဇ်မင်းအဖြစ် ဂုဏ်ပြုနေတယ်... မင်းမရဏနိုင်ငံထဲမှာ တရားမ၀င်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တာမလား"