← Chapters

Chapter 29

Vol. 3 Ch. 29

Chapter 29

Vol. 3 Ch. 29

သို့သော်လက်ရှိမှာတော့ သူ၏စိတ်ကူးများမှာ ထင်မှတ်မထားသော မှတ်ဉာဏ်ပျောက်ဆုံးသည်ဆိုသည့်အချက်ကြောင့် ပျယ်လွှင့်သွားပေတော့မည်။ သို့သော်လည်း အန်းဝေမှာယီချန်အား အသာလေးလွှတ်ပေးလိုက်မည်မဟုတ်ပေ။ ယီချန်မှ အတိတ်မေ့ရုံသာမက ရူးသွပ်သွားသည်ဆိုပင်လျှင် သူ့မျက်စိအောက်တွင်သာထား၍ စောင့်ကြည့်နေမည်ဖြစ်၏။ ထို့ကြောင့် ယီချန်အနေဖြင့် ပင်စင်ယူမည့်ကိစ္စကို သူ့တွင်ရှိသမျှအင်အားကုန်ဖြင့် တားဆီးပစ်မည်ပင်။

သူသည်ဤစစ်တပ်တွင်း၌ယီချန်ထက် သာလွန်သည်ဟုပြောနိုင်မည့်ကိစ္စတစ်ခုကို အကောင်အထည်ဖော်ရန်ပြင်နေစဉ်မှာပင် ယီချန်မှပင်စင်ယူသွားပါက လူအများအနေဖြင့်သူ့အား မည်သို့ထင်မြင်ကြလာမည်နည်း။ ယီချန်ပင်စင်ယူသွား၍သာ သူသည်တပ်မှူးနေရာကိုရခဲ့သည်ဟု ပြောလာကြဦးမည်။ ဒီလိုသာဆိုလျှင် သူအကုန်ကျခံ၊အနှိမ့်ချခံပြီး အရှိန်ယူခဲ့သမျှအရာအားလုံးမှာ သဲထဲရေသွန်ဖြစ်သွားတော့မည်ပင်။ သူသည်ဤအဖြစ်အပျက်များဖြစ်လာမည်ကို မလိုလားချေ။

"ဆရာ ယီချန်ကဒီစစ်တပ်ထဲ ကျိန်းသေဆက်ပြီးရှိကိုရှိနေရမယ်"

ဟူယွမ်ချွမ်မှာ အန်းဝေ၏အဆုံးစွန်သောအခြေအနေကို သတိပြုမိကာတုန်လှုပ်သွားမိ၏။ သူ၏တပည့်ဖြစ်သူမှာ ယီချန့်အပေါ် သူထင်ထားသည်ထက် ပို၍အာဃာတကြီးနေပုံပင်။ ဟူယွမ်ချွမ်၏အခြေအနေကို သတိပြုမိလိုက်သောအန်းဝေမှာ သူ့စိတ်ကိုသူပြန်ချွန်းအုပ်ထားလိုက်သည်။

"ဆရာယီချန်တို့မိသားစုအနေနဲ့ စစ်တပ်ထဲကထောက်ပံ့မှုသာမရှိရင် လယ်လုပ်ငန်းကရတဲ့ရမှတ်လောက်နဲ့ စားဝတ်နေရေးပြေလည်မယ်ထင်နေလား။ တစ်ကယ်လို့ပင်စင်ရတောင် ဘယ်လောက်ရနိုင်မှာမလို့လဲ အများဆုံးရာဂဏန်းပေါ့။ အဲ့ပိုက်ဆံနဲ့ သူ့ညီတွေရဲ့ ပညာသင်စရိတ်ရယ် အိမ်အသုံးစရိတ်ရယ်နဲ့ ဒီကြားထဲအိမ်‌ေထာင်ပြုရင်ကုန်ကျမယ့် စရိတ်ရယ် အဲ့ဒါတွေကိုသူသည်းခံနိုင်မှာမဟုတ်ဘူး။

သူသည်းခံနိုင်ပါတယ်လို့ ပြောရင် အဲ့ဒါလိမ်တာပဲဖြစ်ရမယ်။ သူ့လိုမျိုး ကိုယ့်ဒူးကိုယ်ချွန်ပြီး တစ်လှမ်းချင်းတက်လာတဲ့လူတစ်ယောက်က ထုတ်လုပ်ရေးအဖွဲ့လိုနေရာသေးသေးလေးမှာ သူ့ကိုယ်သူအဆုံးသတ်သွားရတယ်ဆိုတဲ့အတွေးနဲ့တင် သူခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ဆရာ ကျွန်တော်အခုပြောလိုက်တဲ့စကားတွေကိုသေချာမှတ်ထားပြီး ယီချန်အတွက်ချွင်းချက်ဖြစ်အောင်လုပ်ပေးလိုက်ပါ။ အထက်ကလည်း ဒီလိုဇာတ်ကြောင်းနဲ့ဆို ယီချန့်ကိုပစ်ပစ်ခါခါလုပ်ကြမှာမဟုတ်တော့ဘူး"

ဟူယွမ်ချွမ်မှာအန်းဝေ၏ဆက်တိုက်ပေးလာသောအကြောင်းပြချက်များကြောင့် တုန်လှုပ်မှုတို့မှသည် စိတ်လှုပ်ရှားမှုဆီပြောင်းလဲသွား၏။ ထိုအ‌‌ေကြာင်းပြချက်များဖြင့်သာဆိုလျှင် အထက်ကလည်းသူသည်ယီချန်အတွက်ယူကျုံးမရဖြစ်နေ၍သာဟု ထင်ကြမည်ဖြစ်ရာ ပြဿနာလာပတ်နိုင်မည်မဟုတ်ချေ။

ဟူယွမ်ချွမ်မှာအန်းဝေ၏ဉာဏ်ရည်ဉာဏ်သွေးအားအထင်ကြီးသွားမိသည်။ သူ၏ကိုယ်စွမ်းဉာဏ်စဖြင့်ဆိုလျှင် အနာဂတ်တွင်အခက်ကြုံစရာရှိလာမည်မဟုတ်ပေ။ သူ၏သမီးဖြစ်သူအား ယီချန်နှင့်ပြတ်ပြတ်သားသားစည်းခြားခိုင်းကာ အန်းဝေနှင့်ချိတ်ဆက်ပေးမှဖြစ်တော့မည်။ အန်းဝေလိုတက်လမ်းရှိသော လူငယ်အားယခုကတည်းက သူ့ဘက်သိမ်းသွင်းထားမှသာ သူ့အနာဂတ်လည်းလမ်းပွင့်လာမည်ဖြစ်၏။

"စိတ်မပူပါနဲ့ ရှောင်ဝေ ငါကြည့်လုပ်လိုက်မယ်။ ကျန်တဲ့ကိစ္စတွေကိုငါအာမ မခံနိုင်ပေမယ့် ယီချန့်ကိစ္စကိုတော့ငါသေချာအောင်လုပ်‌နိုင်မှာပါ"

ဟူယွမ်ချွမ်နှင့်အန်းဝေမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာရယ်လိုက်ကြသည်။ ယီချန်မှာတော့ ထိုနှစ်ယောက်၏အကြံအစည်များကိုမသိရပါပဲ တစ်ညလုံးအိမ်သာကိုအပြေးသွားနေရလေ၏။ အရုဏ်တက်ချိန်မှသာ မည်းမှောင်နေသောမျက်ကွင်းများဖြင့် အိပ်၍ရတော့သည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောယီချန်မှာ 'ဝုန်း' ဟူသောအသံကျယ်ကြီးကြောင့်အိပ်ပျော်နေရာမှ ဆက်ကနဲနိုးကာထထိုင်မိသွား၏။ ထို့နောက်တွင်မူ ဘာဖြစ်သွားသည်ကိုမသိရသေးခင် နဖူးပြောင်ပြောင်နှင့်မိန်းမတစ်ဦးက ဝတ်ရုံဖြူကြီးဖြင့် သူ့ဘေးတွင်လာပြီးငိုကြွေးနေပါတော့သည်။ ယီချန်မှာ ရုတ်တရက်ကြီး သရဲခြောက်ခံရသည်ဟု ထင်ကာကြောက်လန့်သွားရ၏။

"ယီချန်ကောကော ညီမလာတာနောက်ကျသွားလို့တောင်းပန်ပါတယ်နော်။ ယီချန်ကောကောရဲ့အခြေအနေကို သိထားပေမယ့် ဖေဖေကပေးမလာလို့ ကောကောကိုတစ်ယောက်တည်းပစ်ထားခဲ့မိတယ်။ ‌ေကာ‌ေကာကိုအထီးကျန်ရအောင် ပစ်ထားခဲ့မိတယ်လို့တွေးလိုက်မိတိုင်း ညီမလေးနှလုံးသားတွေကနာလိုက်တာ ဝူးဝူးဝူး...ယီချန်ကောကော ဝူးဝူးဝူးး"

သရဲမဟုတ်ကြောင်း အတည်ပြုပြီးပါမှ ယီချန်လည်းသက်ပြင်းချလိုက်မိသည်။ သို့‌ေသာ် သူသည်အိပ်ရေးဝဝမအိပ်ရသေးခင် အနှိုးခံလိုက်ရသည့်အပြင် သူ့ဘေးနားလာရပ်၍ အဝတ်ဖြူကြီးဝတ်ကာ သူ၏နာမည်ကို,တ,၍ရှိုက်ကြီးတငင်ငိုကြွေးနေသော မိန်းမကြောင့်ဒေါသထွက်လာတော့၏။

"ဒီမှာ အဒေါ်ကြီး အဒေါ်အခန်းမှားဝင်လာတာလား စိတ်မမှန်တာလား။ ကျွန်တော်ကခုထိအသက်ရှင်ရက်ကြီးရှိနေ‌ေသးတာ‌ေနာ်။ အ‌ေဒါ်‌ေရှ့ငုတ်တုတ်ကြီးထိုင်‌ေနတာကို မြင်နေရက်နဲ့ ကျွန်တော့်အသုဘလုပ်နေတဲ့အတိုင်းဘာလို့ဒီမှာလာငိုပြနေတာလဲ"

ထိုမိန်းမကြီးမှာယီချန့်စကားကြောင့် ဆို့နင့်သွားရပုံပေါ်ကာ အငိုတန်းတိတ်သွား၏။ ထို့နောက် ပစ်ချွဲနေသောအသံဖြင့်ပြောလာသည်။

"ယီချန်ကောကော~~~"

"နေပါဦး အဒေါ်ကြီးရယ်။ ကျွန်တော်ကအခုမှ၂၃နှစ်ပဲရှိသေးတာနော်။ အဒေါ်ကဖြင့်ဆံပင်တောင်မရှိတော့တာကို ကျွန်တော့်ဆီလာပြီး ကောကော ခေါ်နေသေးတယ် မရှက်ဘူးလား"

"ယီချန်ကောကော အဆင်ပြေရဲ့လား။ ညီမက ဟူလီနလေ။ ကောကောကိုအချိန်အကြာကြီးပစ်ထားမိလို့ စိတ်ဆိုးခဲ့ရင်တောင် ညီမကိုဒီလောက်ရက်ရက်စက်စက်မပြောသင့်ပါဘူး။ ကောကောက ဘာလို့ဒီလောက်ကြမ်းတမ်းသွားရတာလဲ"

ဟူလီနမှာသူမအ‌ေပါ်အမြဲတစေနာခံတတ်သော ယီချန်ကအော်ငေါက်လာသည့်အတွက် အလွန်အံ့အားသင့်သွားရ၏။ ဤလူမှာ ဗိုလ်မှူးတစ်ဦး၏တစ်ဦးတည်းသောသမီးဖြစ်သူ သူမအားအဘယ်ကြောင့်များ လေသံမာမာဖြင့်စကားကြမ်းများပြောထွက်နိုင်ပါသနည်း။ ကြည့်ရသည်မှာ လွန်ခဲ့သောကာလများတွင် သူမအနေဖြင့်သူ့အပေါ် အဆင့်အတန်းမခွဲခြားပဲ လိုက်လျောပြေပြစ်စွာပြောခဲ့သည်မှာ လွန်သွားပုံပင်။

သို့မဟုတ်ပါကသူ၏နိမ့်ကျသောဘဝအခြေအနေနှင့် သူမလိုမြင့်မြတ်သည့်ပျိုနီပန်းလေးအား မလေးမစားဆက်ဆံရဲမည်မဟုတ်ချေ။ ထို့ပြင်သူ၏လက်ရှိအနေအထားအရဆိုလျှင် သူမကိုအရင်ကထက်ပင်မျက်နှာသာပေးရဦးမည်ဖြစ်၏။

"ယီချန်ကောကော ကောကောသာဒီအတိုင်းဆက်ပြောနေမယ်ဆိုရင် ညီမစိတ်ဆိုးရလိမ့်မယ်။ အဲ့လိုဆိုလို့ကတော့ အနာဂတ်မှာ ကောကောအနားညီမဆက်ရှိ‌ေပးနိုင် မပေးနိုင်ကိုပြန်စဉ်းစားရတော့မှာပေါ့။ ညီမသာမရှိရင် ကောကောဒီအခြေအနေထိရောက်လာမယ်ထင်လို့လား"

ယီချန်မှာသူ့ဘေးတွင်ရပ်၍ ပွစိပွစိရွတ်နေသော စကားများကိုလျစ်လျူရှုလိုက်ပြီး ဟူလီန ဟူသောအမည်သာ သူ၏နားထဲပဲ့တင်ထပ်နေပါတော့သည်။ ထိုသည်မှာ ဝတ္ထုထဲရှိ မေတ္တာရှင်ဇာတ်လိုက်မကြီး၏နာမည်ပင်မဟုတ်ပါလော။ ယီချန်မှာ ညာဘက်မျက်လုံးအားပတ်တီးဖြင့် စည်းနှောင်ခံထားရ၍ မျက်လုံးတစ်ဖက်သာ အသုံးပြု၍ ကြည့်နေရပါသော်လည်း လက်ရှိမှာအိပ်မှုံစုတ်ဖွား ဖြစ်နေ၍ အမြင်ဝေဝါးကာ ဇာတ်လိုက်မအား မမှတ်မိခဲ့ခြင်းပင်။

ထို့ကြောင့် သူသည် အခန်းထဲဝင်လာသည့် အဖြူရောင်ပုံရိပ်ကြီး၏ ပြောင်နေသောbနဖူးအား ကြည့်ကာ အသက်အရွယ်ကြီးသည့်လူဟု သတ်မှတ်၍ ပြောလိုက်မိခြင်း ဖြစ်၏။ ယီချန်မှာ ဘယ်ဘက်မျက်လုံးအား ပွတ်သပ်၍ သေချာကြည့်လိုက်ပါသည်။ စာရေးဆရာမှာ ဇာတ်လိုက်များအား အရံဇာတ်ကောင်များ၏ ရုပ်ရည်လို ချောမောကြောင်း ညွှန်းဆိုမထားပေမယ့် သူတို့နှစ်ယောက်အတွက် စာသားအလှပေါင်းများစွာဖြင့် ကွန့်ညွှန့်ထားလေ၏။

ယီချန်မှာ ဝတ္ထုစာသားများနှင့်မျက်စိရှေ့ရှိ ဘယ်လိုကြည့်ကြည့်အဒေါ်ကြီးပုံပေါ်နေသော ညီမလေးဇာတ်လိုက်မအားတိုက်ကြည့်လိုက်သည်။

-စာရေးဆရာပြောပုံအရ ဇာတ်လိုက်မဝမ်းနည်းလွန်း၍ ငိုကြွေးသည်မှာ မိုးရေထဲမှသစ်တော်ပွင့်လေးအလားဟုတင်စားထားခဲ့၏။ သို့သော်ယီချန်အမြင်မှာတော့ သစ်တော်ပွင့်အစား ခူးချိန်တန်နေပြီဖြစ်‌ေသာ သစ်တော်သီးကြီးပါပင်။

-ဇာတ်လိုက်မ၏မျက်ဝန်းများမှာ မိုးခမရွက်နှယ်ဟုသုံးနှုန်းထားသည်။ ထိုသည်မှာတော့မှန်လေ၏။ ဇာတ်လိုက်မ၏မျက်လုံးမှာ အတော်မှေးလေသည်။

-တင့်တယ်သောနှာတံဆိုသည့်အဆိုမှာတော့ နည်းနည်းပွနေပုံပေါ်၏။

-ကြွေလိုလင်းလက်ကြည်လင်သောအသားအရေ ဆိုသည့်အသုံးမှာတော့ စာရေးသူမှာ နဖူးပြင်နှင့် အသားအရေအားမှားယွင်းညွှန်းဆိုမိလိုက်ပုံပင်။

ယီချန်မှာစာအုပ်ထဲရှိအကြောင်းအရာနှင့် မျက်စိရှေ့ရှိပုံရိပ်အား တိုက်စစ်ကာ စိတ်ပျက်သွားရသည်။ ကြည့်ရသည်မှာ ဇာတ်လိုက်နှစ်ဦးကြားတွင် ပြီးပြည့်စုံသောလိုက်ဖက်မှုရှိစေရန် သဘာဝfilter ထည့်ပေးထားပုံပင်။ စာရေးသူအား ဝေဖန်ကြသည်မှာမလွန်ချေ။ မူလကိုယ်၏မှတ်ဉာဏ်အရ အန်းဝေဆိုသူမှာလည်း သူ့ပုခုံးသာသာအရပ်နှင့် မစ်ရှင်တစ်ခါထွက်တိုင်း တစ်စပိုမည်းမှောင်လာသောအသားရောင်ရှိကာ ဘန်းမုန့်လိုဝိုင်းစက်စက်မျက်နှာသွင်ပြင်ဖြင့် ထူးခြားမနေသောလူပင်။

ယီချန်မှာစာရေးသူကိုပင် သနားသွားရ၏။ သူ့လိုထောင်ထောင်မောင်းမောင်း ခန့်ခန့်ညားညားကြီးကိုပစ်၍ ဇာတ်လိုက်မနှင့်ဇာတ်လိုက်ကြား ရိုမန့်တစ်ဆန်ဆန်ဇာတ်ကွက်များဖြစ်အောင် ဖန်တီးပေးဖို့အရေး တော်တော်လေးအပင်ပန်းခံခဲ့ရပေမည်။ သို့သော် သူတို့နှစ်ယောက်၏ နောက်မျိုးဆက်အတွက်တော့ စိုးရိမ်စရာပင်။ ဟူလီနမှာ သူမအားအသေအချာစိုက်ကြည့်နေသော ယီချန်ကြောင့် ကျေနပ်သွားရ၏။ သူမသည် သူမကိုယ်ကို နားလည်မှုအပြည့်ရှိသူဖြစ်ရာ မည်သည်ကိုအသုံးချလိုက်ပါက အကျိုးရှိမည်မှန်းသိလေသည်။

သူမသာငိုကြွေးလိုက်ပါလျှင် သူမအားမျက်နှာလွဲခဲပစ်ထားခဲ့နိုင်သည့်လူမရှိခဲ့ပေ။ သူမပြန်လည်ပြုံးပြလာစေရန် သူတို့တတ်နိုင်သမျှဖြည့်ဆည်းပေးလာကြ၏။ ဟူလီနမှာထိုအချက်အား‌‌ေသချာနားလည်ထားရာ ဝှက်ဖဲတစ်ခုအ‌ေနဖြင့်ကောင်းကောင်းအသုံးချတတ်လေသည်။ လက်ရှိယီချန်မှာလည်း အေးစက်စက်နိုင်သူဖြစ်လင့်ကစား ယောင်္ကျားသားတစ်ဦးသာဖြစ်ရာ သူမ၏အလှကွန်ချာထဲမှ ပြေးမလွတ်နိုင်ပါချေ။

All Chapters