← Chapters

သူမကို ပျောက်သွားတယ်

Vol. 130 Ch. 1938

သူမကို ပျောက်သွားတယ်

Vol. 130 Ch. 1938

“ တကယ်ကိုပဲ … ငါတို့ အရင်ကလည်း ဒီကိစ္စ ဘော့စ်လျိုနဲ့ ပြောခဲ့ဖူးတယ်… တကယ်လို့ ကျုံးဝေ့တပ်ဖွဲ့သာ ဒီပစ္စည်းကို သုံးနိုင်မယ်ဆိုရင် ကျွန်းပေါ်မှာ အမေရိကန်နဲ့ ယှဉ်ပြိုင်လို့ရပြီ …”

“ မင်း ပြောသလိုဆိုရင် တကယ်လို့ အမေရိကန်တွေသာ ဒီပစ္စည်းကို ရသွားခဲ့ရင် ကျွန်းပေါ်မှာ ပြိုင်ဘက်ကင်း ဖြစ်သွားမယ်ပေါ့ ဟုတ်လား …”

“ အင်း … အဲ့လိုဖြစ်မှာက ကျိန်းသေပေါက်ပဲ …” ချိုးယွီလော့ ပြောလိုက်ပြီး “ မဟုတ်ရင် သူတို့အဲ့လောက်ထိ တင်းကြပ်ထားနေမလား … တကယ်လို့ တစ်ခုခုသာ လွဲမှားချော်မှားတွေ ဖြစ်သွားခဲ့ရင် ငါတို့အတွက်က ဆုံးရှုံးမှုကြီးပဲ …”

ပစ္စည်းကို သေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီးနောက် လင်းရီ သေတ္တာအား ခေတ္တ သေချာကြည့်ရှုလိုက်သည်။

“ ဒီကောင်တွေ တော်တော်တော့ အားထုတ်ထားတာပဲ … အထူးသဖြင့် ဒီရဲ့ ထုပ်ပိုးမှုပဲ … ငါတော့ တော်တော်လေး ကြိုက်တယ်…”

လင်းရီ ပြုံးလိုက်ပြီး “ အထဲက ပစ္စည်းကို ဘေးချိတ်ထားရင်တောင် သေတ္တာ တစ်ခုတည်းနဲ့တင် တန်ကြေး တော်တော်ရှိနေပြီ …”

“ မီးဒဏ်ခံ၊ ရေဒဏ်ခံ ၊ ပေါက်ကွဲအားလည်းခံ ၊ ငါ ကြားတာတော့ ဒီဟာလေးက ယွမ် တစ်သိန်းကျော်တယ်ဆိုပဲ …” ချိုးယွီလော့ ပြောလိုက်၏။

“ အထက်ကြီးအကဲတွေက ဒီကိစ္စကို ဘယ်လိုစီစဉ်လိုက်တာ .. သူတို့က ငါ့ကို ဘာလုပ်စေချင်တာလဲတဲ့ …”

“ နင့်လူတွေက ဗီဇသွေးရည်ကြည်ကို သုတေသန လုပ်ပေးဖို့ တာဝန်ယူရမယ်… ကျုံးဝေ့တပ်ဖွဲ့က တခြား ကဏ္ဍတွေကို တာဝန်ယူမယ်…” ချိုးယွီလော့ ငါးအသားတစ်ဖဲ့အား တူဖြင့် ညှပ်၍ ပြောလိုက်ပြီး “ ဒါပေမယ့် အချိန်တစ်ခုလောက်အထိတော့ ငါ ဒီမှာနေပြီး နင်နဲ့ ပူးပေါင်းပေးမှာပါ ….”

“ ပူးပေါင်းပေးမယ် …”

“ ကျိုးဟိုင် နိုင်ငံတကာ ဆေးဝါး သုတေသန စင်တာမှာက နိုင်ငံခြားသားတွေ အပြည့်ပဲလေ.. ငါတို့ ကိုယ့်လူကိုယ်ပဲ သုံးရမှာပေါ့ … ငါက အဲ့ဒီ သုတေသန ရလဒ်မှတ်တမ်းတွေ မပေါက်ကြားဖို့ အဓိက တာဝန်ယူထားတဲ့လူ ….”

“ အဲ့ကိစ္စ မင်း စိုးရိမ်စရာမလိုပါဘူး … ငါကပဲ ဦးဆောင်ပြီး လုပ်သွားမှာ …”

“ နင်က ဦးဆောင်မယ် ဟုတ်လား …” ချိုးယွီလော့ လင်းရီကို အံ့အားတကြီး ကြည့်လိုက်မိသည်။ “ နင်က ဒေါက်တာ ဟုတ်မှန်းတော့ ငါသိတယ်.. ဒါပေမယ့် နင်က ဆေးဝါးအကြောင်း ဘာနားလည်လို့ …”

“ နည်းနည်း သိတယ်လေ…” လင်းရီ ပြောလိုက်ပြီး “ ကိုယ့်ကိုယ်ကို ကျွမ်းကျင်သူတစ်ယောက်လို့ မပြောနိုင်ပေမယ့် ကူညီပေးလို့တော့ ရပါသေးတယ်…”

“ အဲ့လိုဆို ပိုလွယ်သွားတာပေါ့ …” ချိုးယွီလော့ ပြောလိုက်ပြီး “ နင်သာ ဒီကိစ္စ ကိုင်တွယ်လိုက်မယ်ဆိုရင် ငါတို့ဖို့လည်း အများကြီး အဆင်ပြေသွားပြီ …”

လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ တပ်ဖွဲ့ကရော ဆေးသုတေသနနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်နိုင်နေပြီလဲ … ဘာရလဒ်မှ မရှိသေးဘူးလား …”

ချိုးယွီလော့ ပခုံးတွန့်ပြလိုက်၏။ “ ဒါက စီ - အဆင့် သွေးရည်ကြည်ဆိုတာပဲ သူတို့ အတည်ပြုနိုင်သေးတယ်… ကျန်တာကိုတော့ စစ်ဆေးနေကြတုန်းပဲ …”

လင်းရီ နှုတ်ခမ်းကိုက်မိသွားခဲ့၏။ သုတေသန လုပ်ငန်းစဉ်က သူထင်ထားသည်ထက်ပင် နှေးကွေးလေးလံနေလေသည်။

“ အိုကေ .. စားလို့ဝပြီမလား … ပိုက်ဆံရှင်းပြီး ဒီက လစ်ကြစို့ …”

“ ဘာတွေ အလျင်လိုနေတာ … ဒီက အစားအသောက်တွေက တော်တော်ကောင်းပါတယ်… နည်းနည်းလောက် ထပ်စားစို့လေ…"

“ မြို့စောင့်တပ်ခရိုင်ဆီ ငါ သွားဖို့ လိုသေးတယ်.. ဒီကိစ္စမှာ သူတို့ရဲ့ ပူးပေါင်းပါဝင်ပေးမှုလည်း လိုအပ်တယ်… ငါ တစ်ယောက်တည်း မကိုင်တွယ်နိုင်ဘူးဟ …” ချိုးယွီလော့ ပြောလိုက်ပြီး “ အခုတောင် နှစ်နာရီ ရှိတော့မယ်.. အရမ်းနောက်ကျပြီးမှ အကြီးအကဲနဲ့ သွားတွေ့တာ ရိုင်းတာပေါ့ …”

“ ဒါဆိုလည်း ကောင်းပြီလေ.. ငါ ဒီကောင်ကို ယူပြီး သွားလေ့လာထားလိုက်မယ်…” လင်းရီ ပြောလိုက်သည်။

“ အိုး ဒါနဲ့ … မင်း သုတေသန စင်တာကို ရောက်ရင် မင်း ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နဲ့ … ငါ့နာမည်ပဲ ပြောလိုက် … သူတို့ ပေးဝင်လိမ့်မယ်…”

“ သိပြီ …” ချိုးယွီလော့ များများစားစား အတွန့်မတက်ခဲ့ချေ။ လင်းရီ ကိစ္စများကို ကိုင်တွယ်မည့်ကိစ္စနှင့် ပတ်သက်၍ သူမ ယုံကြည်ချက် အပြည့် ရှိလေသည်။

စားသောက်ပြီးနောက် ချိုးယွီလော့သည် တက္ကစီ တစ်စင်းငှား၍ ထွက်ခွာသွားခဲ့ကာ လင်းရီကတော့ စခန်းသို့ ပြန်ရောက်လာသည်။

လမ်းတွင် ကောင်းကျုံးယွမ်ထံမှ ဖုန်းဝင်လာခဲ့ပြီး ကျီချင်းရန် ကျိုကျုံးဗီလာကနေ ပြောင်းရွေ့သွားခဲ့ပြီ ဖြစ်ကြောင်း အသိပေးလာသည်။

ဤသတင်းကို ကြားတော့ လင်းရီ အံ့အားသင့်မသွားခဲ့ချေ။

ဖုန်းချပြီးနောက် လင်းရီ ကားကို လှည့်၍ စခန်းသို့ မပြန်တော့ဘဲ ထိုအစား သူ့အိမ်သို့သာ ဦးတည်လာသည်။

ဘာကြောင့်မှန်း သူ မသိသော်လည်းပဲ ထိုနေရာသို့ ပြန်သွားဖို့ကို သူ့စိတ်က နှိုးဆော်နေခဲ့သည်။

ကျိုကျုံးဗီလာသို့ ပြန်ရောက်လာသည်တွင် ခြံဝန်းတစ်ခုလုံးက စိမ်းလန်းစိုပြေနေပြီး တောထနေသည့် သစ်ကိုင်းနှင့် အရွက်များကိုလည်း ချိုင်ရခြင်း မရှိသေးကာ အတော်လေး ရှည်လျားနေပြီး စိတ်ကို အနည်းငယ် ကစဉ့်ကလျား ဖြစ်စေသည်။

သူ၏ လက်ဗွေရာကို အသုံးပြုပြီး လင်းရီ အိမ်ထဲသို့ ဝင်လာခဲ့သည်။

ကျီချင်းရန်က ထွက်ခွာခဲ့ပြီ ဆိုပေမယ့် သူမ၏ အနံ့အသက်တို့ကတော့ အိမ်ထဲရှိ လေထုထဲတွင် သိုင်းကျန်ရစ်နေသေး၏။

သူမကိုယ်တိုင် အနီးနားတွင် ရှိနေသကဲ့သို့ လင်းရီ ခံစားနေရသည်။

အပေါ်ထပ်သို့ တက်သွားသည်တွင် အခန်းတိုင်းက သန့်ရှင်းသပ်ရပ်နေသည်ကို လင်းရီ သတိပြုမိလိုက်၏။ ကျီချင်းရန်၏ ကိုယ်ပိုင် ပစ္စည်းများအားလုံး ဘာမှ မရှိတော့ချေ။ ဗွီရိုထဲတွင်လည်း ပြည့်လျှံနေလေ့ ရှိသည့် သူမ၏ အင်္ကျီအဝတ်အစားတို့မှာ ယခု တစ်ထည်မှ မကျန်တော့ပေ။ သို့သော် သူ့ အဝတ်အစားများကတော့ အစီအရီ ကျန်ရစ်နေသည်။

ကြမ်းပြင်တစ်နေရာတွင် ကျွတ်ကျကျန်နေရစ်ခဲ့သည့် ဆံနွယ်မျှင်စ အနည်းငယ်ကသာ သူမ ဤနေရာသို့ ရောက်လာခဲ့ဖူးကြောင်းကို သက်သေပြုပေးနေလျက် ရှိသည်။

အောက်ထပ်သို့ ပြန်ဆင်းလာပြီးနောက် လင်းရီ ဆိုဖာပေါ်တွင် ထိုင်၍ မျက်လုံးမှိတ်ထား၏။

ဤအိမ်ကြီးထဲတွင် တစ်ယောက်တည်းနေရင်း သူ့ကိုယ်သူ တစ်ကမ္ဘာလုံး၌ တစ်ယောက်တည်း ကျန်ရစ်သည့် လူသားမျိုးနွယ် တစ်ယောက်အလား ခံစားနေခဲ့ရသည်။

တစ်ကမ္ဘာလုံးရှိ အလိုရှိသည့် အရာကို သူ ယူနိုင်သည်။ သူ လုပ်ချင်သည့် အရာအားလုံးကို သူ လုပ်နိုင်သည်။ သို့သော် စိတ်လှုပ်ရှားစရာကား မကောင်းတော့။ သူ အသက်ရှင်နေရသည့် ရည်ရွယ်ချက်တို့ ပျောက်ဆုံးနေသယောင် ခံစားနေရသည်။

အချိန်က ဘယ်တော့မှ မရပ်တန့်သည့် မြစ်တစ်စင်းကဲ့သို့ စီးဆင်းသွားခဲ့ပြီး ၎င်းမှာ ကမ္ဘာပေါ်ရှိ မည်သည့်အရာကမျှ သူ၏ အာရုံကို ရရှိရန် မထိုက်တန်သကဲ့သို့ပင်။

တောက်ပသည့် နေလုံးကြီးလည်း မိုးကုပ်စက်ဝိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ပြီး နောက်ဆုံးကျန်ရစ်သည့် အလင်းတစ်စ ပျောက်ကွယ်သွားခဲ့ပြီးနောက်တွင် ကြယ်ရောင်စုံသည့် တာရာကောင်းကင်သည်လည်း ၎င်း၏ ကာလာအစစ်အမှန်ကို လှစ်လာခဲ့သည်။ အပေါ် မိုးကောင်းကင်ထက်တွင် မှိတ်တုတ်မှိတ်တုတ်နှင့် လင်းလက်တောက်ပနေရင်း သူ့အား ဂရုပင် မစိုက်နိုင်၊ ကိုယ့်ဗာဟီရများနှင့်ကိုယ် ပူလောင်ဒုက္ခများနေသည့် လောကလူသားတို့အား အပေါ်စီးမှ ကြည့်ရှုနေခဲ့သည်။

မီးအလင်းရောင် မထွန်းထားသည့် ကျိုးကျုံးဗီလာသည် ညတွင် ပိန်းပိတ်မှောင်မဲနေခဲ့၏။ ခြံဝန်းထဲတွင်လည်း မီးမဖွင့်ထား၍ အိမ်ထဲနှင့် အတူတူဖြစ်နေသည်။

ဆိုဖာပေါ်တွင် ထိုင်နေသည့် လင်းရီသည် အမှောင်ထုနှင့် တစ်သားတည်း ပေါင်းစပ်နေသည့်နှယ် တစ်အိမ်လုံးတွင် မည်သူမျှ ရှိမနေသကဲ့သို့ ချောက်ချားဖွယ် ကောင်းနေပေတော့သည်။

ကလင် ကလင် ကလင် …

ရုတ်ချည်းမြည်ဟည်းလာသည့် ဖုန်းမြည်သံက တိတ်ဆိတ်တည်ငြိမ်နေသည့် အမှောင်ထု၏ လိုက်ကာကို ထက်ရှသည့် ဓားမြောင်တစ်ချောင်းနှယ် စုတ်ဖြဲလာခဲ့သည်။

ယင်းက လင်းရီကို ပိန်းပိတ်မှောင်မဲနေသည့် လောကကြီးထံမှ အကြင်နာတရားခေါင်းပါးသည့် လက်တွေ့ ကမ္ဘာကြီးထံ ပြန်လည် ဆွဲခေါ်လာသည်။

သူ ဖုန်းကို ကောက်ကိုင်လိုက်တော့ ကောင်းကျုံးယွမ် ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် သူ ဘေးသို့ ကောက်၀ဲလိုက်၏။

ဖုန်းမှာ လေးငါးကြိမ်ခန့် တုန်ခါပြီးနောက် အလိုအလျောက် ပြန်ပြုတ်ကျသွားခဲ့လေသည်။ ထို့နောက် တစ်ဖန် မြည်ဟည်းလာခဲ့၏။ ဤတစ်ကြိမ်တွင်တော့ လျန်ကျင်းမင်ထံမှပင်။

“ မင်းတို့ကောင်တွေ တစ်ယောက်တစ်လှည့် ဖုန်းခေါ်ပြီး ယီးဖြစ်ချင်နေကြတာလား ….”

ကျိန်ဆဲပြီး လင်းရီ ဖုန်းကိုင်လိုက်ကာ စိတ်မရှည်စွာ ပြောဆိုလိုက်၏။

သို့သော် လင်းရီ ဘာမျှ မပြောနိုင်သေးခင်မှာပဲ လျန်ကျင်းမင် မေးမြန်းလာခဲ့၏။

“ ဥက္ကဌကျီ မင်းနဲ့ အတူရှိနေတာလား …”

“ ဟင် …” လင်းရီ ခေတ္တ ကြက်သေသေသွားခဲ့ပြီး “ မင်း ဦးနှောက်သုံးလေ .. သူက ငါနဲ့ ဘယ်လိုလုပ်ပြီး အတူရှိနေနိုင်မှာ …”

“ အဲ့တာဆို ထူးဆန်းတယ်… ဟော်ယွမ်ယွမ် သူ့ကို ထမင်းအတူ စားဖို့ ခေါ်ထားတာ အခု ငါတို့ စောင့်နေတာ တစ်နာရီ ရှိတော့မယ်… ခုထိ ပေါ်မလာသေးဘူး .. ပြီးတော့ ဖုန်းလည်း ဆက်လို့ မရဘူး … ငါထင်တာ မင်းတို့နှစ်ယောက် အတူရှိနေတာလားပေါ့ ….”

“ သူ့ဖုန်းကို ခေါ်လို့မရဘူး …” လင်းရီ ခေတ္တ ရပ်တန့်သွားခဲ့ပြီး “ သူ ဘယ်အချိန်တုန်းက အိမ်က ထွက်လာတာ ….”

“ လွန်ခဲ့တဲ့ တစ်နာရီခွဲလောက်တုန်းက … ငါ့ကို ဖုန်းဆက်လာတော့ သူ ရုံးက ထွက်လာပြီ ပြောတယ် .. ဒါပေမယ့် တစ်နာရီလောက် ရှိတော့မယ် အခုထိ ရောက်မလာသေးလို့ …”

လင်းရီ၏ မျက်လုံးများက ညတွင် ကျက်စားသည့် မြွေဟောက်တစ်ကောင်နှယ် မျက်လုံးအိမ်တို့ ကျဉ်းမြောင်းသွားခဲ့သည်။

“ မင်းတို့ အခု ဘယ်မှာလဲ …”

“ ရှန့်ဟော် ခန်းမမှာ …” လျန်ကျင်းမင် ပြောလိုက်ပြီး “ ချင်ရှန်းလမ်းက ဟော့ပေါ့ဆိုင်လေ … ငါတို့ အရင်ကလည်း ဒီကို တစ်ခါလာဖူးပါတယ်…”

ရှန့်ဟော်ခန်းမကို လင်းရီသိသည်။ ယင်းက ချောင်ရန် အုပ်စုနှင့် ဘယ်လောက်မှ မဝေးချေ။

ယာဉ်ကြောကြပ်သည့် အချိန်၌ပင် ကားဖြင့်ဆိုပါက မိနစ် ၄၀ ဆိုရောက်ပြီ ဖြစ်၏။ တစ်နာရီခွဲ အချိန်ကာလက လိုအပ်သည်ထက်ပင် လွန်နေပြီး ဖြစ်သည်။

ဆိုလျှင် ကျီချင်းရန်က ကျန်သည့် အချိန်များ၌ ဘာလုပ်နေခဲ့သနည်း။

“ မင်းတို့ သူ့အိမ်နဲ့ ကုမ္ပဏီကို ဖုန်းခေါ်ကြည့်သေးလား …”

“ ခေါ်ကြည့်ပြီးပြီ … အဲ့မှာလည်း မရှိဘူး … ဒါကြောင့် မင်းဆီ ငါတို့ ဖုန်းခေါ်လိုက်တာ .. မင်းတို့နှစ်ယောက် ကိစ္စတွေ ရှင်းပြီးလို့ အတူ ရှိနေပြီလားပေါ့ …”

“ ကောင်းပြီ .. ငါနားလည်ပြီ … နောက်ကျ မင်းတို့ဆီ ပြန်ခေါ်လိုက်မယ်…”

ဖုန်းချပြီးနောက် လင်းရီ မျက်မှောင် တင်းတင်းကြုတ်သွားခဲ့၏။

ကျီချင်းရန်၏ အကျင့်စရိုက်ဖြင့် ဆိုပါက အကယ်၍ တစ်စုံတစ်ခု ဖြစ်လာပြီဆိုလျှင် ကျိန်းသေပေါက် သူ့ကို အသိပေးမှာ ဖြစ်သည်။ ယခုလို အလွန်အမင်း တိတ်ဆိတ်နေဖို့ဆိုသည်က မဖြစ်နိုင်ချေ။

ထို့ပြင် သူမ၏ ဖုန်းကလည်း ဆက်သွယ်၍ မရဖြစ်နေသေး၏။

ကလင် ကလင် ကလင် ..

လင်းရီ မျက်မှောင်ကြုတ်နေစဉ်မှာပဲ သူ့ဖုန်း နောက်တစ်ကြိမ် မြည်ဟည်းလာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ မိုဟုန်ရှန်းထံက ဖြစ်၏။

လင်းရီ များများစားစား တွေးတောမနေပဲ တစ်ဖက်သူက ဗီဇသွေးရည်ကြည် ပစ္စည်းအကြောင်း ပြောဆိုချင်သည်ဟု ထင်လိုက်၏။

“ ဟယ်လို အစ်ကိုရှန်း …”

“ မင်း အခု ဘယ်ရောက်နေတာ … ငါတို့လူတွေ ဥက္ကဌကျီကို ပျောက်သွားလို့ …”

All Chapters