← Chapters

နိုင်ငံခြားသူလေးအား မျှားခြင်း

Vol. 130 Ch. 1947

နိုင်ငံခြားသူလေးအား မျှားခြင်း

Vol. 130 Ch. 1947

လင်းရီ တုတ်တုတ်မျှ မလှုပ်ပေ။ ခပ်ဖျော့ဖျော့ အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ရေးထိုးထားခဲ့၏။ “ မင်းမှာ အဲ့လို အစွမ်းအစမျိုး ရှိတယ်လို့ ထင်လား ….”

“ တခြားသူဆိုရင်တော့ ပြဿနာ နည်းနည်း ရှိနိုင်တယ်ဆိုပေမယ့် မင်းဆိုရင်တော့ လုံးဝ ပြဿနာ မရှိဘူး ….”

“ ငိုးပဲ …”

သင်္ဘောသားက ဟောင်ကောင်လေသံဖြင့် ကျိန်ဆဲလိုက်ပြီး အခြား မည်သည့် အပိုစာသားမျှ ရွတ်မနေတော့ချေ။ သူ၏ ရှော့ခ်တိုက်စက်ကို ကိုင်၍ လင်းရီ၏ ဝမ်းဗိုက်သို့ ထိုးသွင်းလာခဲ့သည်။

ဝှစ် …

လင်းရီ သာမန်လျှံကာ လက်မြှောက်လိုက်ပြီး အမျိုးသား၏ လည်ပင်းကို ဆွဲညှစ်လိုက်၏။

ထို့နောက် လေပေါ်သို့ ပင့်မြှောက်လိုက်သည်။

သင်္ဘောသား၏ မျက်နှာမှာ ရဲရဲနီသွားခဲ့ပြီး လက်ထဲရှိ ရှော့ခ်တိုက်စက်ကလည်း ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့သည်။ လင်းရီ၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် ညှစ်ထားရင်း သူ့ခြေထောက်နှစ်ချောင်းကို ဆက်တိုက်ကန်ကျောက်နေကာ လင်းရီ၏ ချုပ်နှောင်ထားမှုမှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေလျက်ရှိ၏။ သို့တိုင်အောင် အဆုံး၌ အသုံးမဝင်ခဲ့ချေ။

ထိုအချိန်မှာပဲ သူ့ကိုယ်သူ သွားမရှုပ်သင့်သည့် လူတစ်ယောက်နှင့် ဇယားရှုပ်မိပြီ ဖြစ်ကြောင်းကို ကိုယ့်ကိုယ်ကို သတိပြုမိလိုက်လေသည်။

“ ငိုးပဲ မိဖစစ် ဖမစစ်ကောင် … မင်းငါ့ကို အမြန် အောက်ချပေးစမ်း …”

ဤအခြေအနေသို့ရောက်သည့်တိုင် သင်္ဘောသားမှာ သူ၏ အထက်စီးလေသံကိုတော့ လုံးဝ မလျှော့သွားဘဲ လင်းရီကို ဆက်တိုက် ကျိန်ဆဲနေသည်။

သူ့ကိုယ်သူ ဟောင်ကောင်သားဆိုပြီး သူများထက် သာလွန်သည်ဟု တွေးထင်နေခဲ့၏။

ပြည်မကြီးတွင် စောက်တောသား ကျပ်မပြည့်များက ခပ်များများဖြစ်ပြီး ၎င်းတို့နှင့် သူ့ကိုယ်သူ နှိုင်းယှဉ်ရက်စရာပင် မရှိချေ။

“ ငါ မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား ဟုတ်လား ….”

လင်းရီ သူ၏ နောက်ကျောမှ စကေဘာတစ်ချောင်းကို ထုတ်လာ၍ သင်္ဘောသား၏ လည်ပင်း သွေးလွှတ်ကြောနေရာသို့ ထောက်ထားလိုက်သည်။

“ ယုံလိုက် .. ငါနည်းနည်းလေး အားစိုက်ထုတ်လိုက်တာနဲ့ ဘုရားသခင်နဲ့ ချက်ချင်း တွေ့နိုင်ပြီပဲ …”

စကေဘာထံမှ အေးစက်သည့် ခံစားချက်ကို ခံစားမိတော့ သင်္ဘောသားမှာ အံ့အားသင့်ပြီး ကြက်သေသေသွားခဲ့၏။

သူ၏ ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားခဲ့ပြီး ကြောက်ရွံ့မှုက စတင်ကြီးစိုးလာသည်။

သူ သင်္ဘောသား လုပ်လာခဲ့သည်မှာ တစ်နှစ်ကျော် ရှိပြီ ဖြစ်ပြီး တစ်ဖက်သူက ဓားထုတ်လာခဲ့သည့် အခိုက်အတန့်မှာပဲ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများအား ခံစားမိပြီး ဖြစ်သည်။

“ မင်းကိုယ်မင်း ဘာတွေ လျှောက်လုပ်နေတယ်ထင်လဲ ….”

“ ငါ အစက ပြန်တော့မလို့ပဲ .. ဒါပေမယ့် မင်းနဲ့ လာဆုံမှတော့ မေးခွန်းတချို့ မေးလိုက်မယ်…” လင်းရီ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်ပြီး “ တကယ်လို့ မင်း သေချာဖြေပေးမယ်ဆို မင်းကို လွှတ်ပေးဖို့ စဉ်းစားပေးမယ်….”

“ မင်း ဘာ …. ဘာ ဘာမေးမှာလဲ ….”

“ မနက်အစောကြီး ဒီနေရာကို လာပြီး စစ်ဆေးတယ်ဆိုတော့ မင်းရဲ့ အလုပ်တာဝန်က ဘာလဲ …”

“ ငါက ကုန်းပတ်ကို စစ်ဆေးဖို့ တာဝန်ယူထားတဲ့လူပဲ …”

လင်းရီ ခေါင်းမော့လိုက်ပြီး “ ဒီရဟတ်ယာဉ် ဘယ်အချိန်တုန်းက ဆင်းသက်လာခဲ့တာ …”

“ တမြန်မနေ့ည ဆယ်နာရီလောက်တုန်းက …. “ သင်္ဘောသားမှာ ဘာကိုမျှ မဖုံးကွယ်ရဲဘဲ သူသိသမျှ အရာအားလုံးကို ပြောပြလိုက်သည်။

ဤအဖြေကို ကြားတော့ တစ်ဖက်လူက ရဟတ်ယာဉ်ဖြင့် ဤနေရာသို့ ပျံသန်းလာခဲ့ခြင်း ဖြစ်ကြောင်းကို ပို၍ပင် သေချာသွားခဲ့တော့သည်။

ယခုဆို အခြေအနေက ပိုပြီး ရေရာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်၏။

“ မင်း မေးလို့ ပြီးပြီလား … ပြီးရင် ငါ့ကိုလွှတ်ပေးတော့ …” သင်္ဘောသားက မေးမြန်းလာခဲ့သည်။

“ မပူနဲ့ … ငါမင်းကို လွှတ်ပေးမှာ … ဒါပေမယ့် ဒီမှာတော့ မဟုတ်ဘူး….”

“ မင်း … မင်း ဘာပြောချင်တာလဲ ….”

လင်းရီသည် သင်္ဘောသား၏ ကိုယ်ကို လက်ရန်းအစွန်းသို့ ဆွဲသွားလိုက်ပြီး “ မင်းကို အောက်ချပြီး ငါးစာကျွေးမလို့လေ….”

“ မင်း … မင်း ငါ့ကို ဘာမှ မလုပ်ပါဘူးလို့ ကတိပေးထားခဲ့တယ်လေ…. “

“ ငါ ဘယ်တုန်းကပြောခဲ့ဖူးလို့ .. စဉ်းစားပေးမယ်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား …ပြီးတော့ ငါက လူကောင်းတစ်ယောက်လည်း မဟုတ်တာကို ဘာမို့လို့ စကားတည်ရမှာလဲ ….”

ပြောပြီးနောက် လင်းရီ လက်လွှတ်လိုက်ကာ သင်္ဘောသားကို ပင်လယ်ထဲသို့ ပစ်ချလိုက်သည်။

ထို့နောက် ရဟတ်ယာဉ်အနားသို့ ပြန်လာခဲ့ပြီး အခြား ဖုန်းတစ်လုံးထုတ်ကာ လေယာဉ်မုဒ်အွန်လိုက်သည်။ သတိမထားမိနိုင်သည့် တစ်နေရာတွင် ဝှက်ထားခဲ့ပြီးနောက် ထိုနေရာမှ ထွက်လာခဲ့လေသည်။

ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့ရင်း လင်းရီ ကန်သင်းနေရာသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာသို့ ရောက်တော့ လူတို့ အတော်များနေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။ ခန့်မှန်းချေ လိုက်ပါစီးနင်းလာသူများ၏ ၆၀ ရာခိုင်နှုန်းခန့် ရှိနိုင်သည်။

လူတော်တော်များများကတော့ ဝန်ထမ်းများအား အပိုဝန်ဆောင်မှုကြေးပေးကာ မနက်စာကို အခန်းသို့တိုင် ပို့ပေးခိုင်းကြသည်။

ထို့ပြင် မနက်စာအမှီ မထနိုင်သည့် လူတို့ကလည်း ရှိ၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သင်္ဘောပေါ် လိုက်ပါစီးနင်လာသူ အများစုတွင် အလယ်အလတ်တန်းလွှာတို့က အများဆုံး ဖြစ်ကြောင်း မြင်တွေ့နိုင်ပေသည်။

သင်္ဘောပေါ်ရှိ မနက်စာက စုံလင်ပေါများလှပြီး အဓိက တည်ခင်းပေးထားသည်ကတော့ ဟောင်ကောင် အစားအသောက်များ ဖြစ်လေသည်။ ဤတစ်ချက်ကိုလည်း ဗစ်တိုးရီးယားက ဟောင်ကောင်မှ စတင်ရွက်လွင့်လာခဲ့သည်ဖြစ်ရာ နားလည်ပေး၍ ရသည်။ ခရီးသည် အများစုက ဟောင်ကောင်မှ ဖြစ်၏။

ဟောင်ကောင် စတိုင် မနက်စာကို မှာယူပြီးသည့်နောက် လင်းရီသည် တိတ်ဆိတ်သည့် ထောင့်တစ်နေရာသို့ သွားထိုင်ကာ ဘေးဘီဝဲယာအား စူးစမ်းကြည့်လိုက်သည်။

ခရီးသည် အများစုက အာရှသားများ ဖြစ်ကြပြီး လူအုပ်ထဲတွင် နိုင်ငံခြားသား တစ်ချို့လည်း ရှိနေသည်။

သို့သော် ဤလူများအားလုံးက အတော်လေး သာမန်ဆန်နေကာ ကျီချင်းရန်ကို ပြန်ပေးဆွဲသည့် ကိစ္စ၌ ပါဝင်ပတ်သက်နေသူများနှင့် လုံးဝမျှ အပ်စပ်နေခဲ့ခြင်း မရှိပေ။

သို့သော် ဤသည်က လင်းရီအတွက်တော့ အရေးမပါပေ။ သူ့အစီအစဉ်ထဲ၌ အခြားသော ပစ်မှတ်သားကောင်များ ရှိထားပြီး ဖြစ်၏။

အစားအသောက် အော်ဒါမှာပြီးနောက် လင်းရီသည်လည်း အခြားသော လိုက်ပါစီးနင်သူများနည်းတူ တိတ်ဆိတ်စွာ စားသောက်နေလျက် ရှိသည်။

ရံဖန်ရံခါတွင် သူ့ဘက်က တစ်စုံတစ်ယောက်နှင့် သိကျွမ်းနေသကဲ့သို့ အခြားသူများအား လက်ဝှေ့ယမ်းပြနေတတ်၏။

သင်္ဘောပေါ်ရှိ လူများအတွက်ကတော့ လင်းရီမှာ အခြားသော သာမန် လိုက်ပါစီးနင်သူ တစ်ဦးပင်။ ၎င်းအပြင် မိန်းကလေး တော်တော်များများကလည်း သူ့အနားသို့ ရောက်လာပြီး အားတက်သရောနှင့် စကားလာပြောလျက် ရှိကာ လင်းရီသည်လည်း ကောင်းကောင်းမွန်မွန် တုံ့ပြန်နေခဲ့သည်။ ၎င်းတို့နှင့် စကားပြောရင်း သင့်လျော်သည့် ပစ်မှတ်အား ရှာဖွေနေလျက် ရှိတော့၏။

မိနစ် အနည်းငယ်ကြာ စူးစမ်း လေ့လာပြီးသည့်နောက် လင်းရီ သူ့ပစ်မှတ်အား ရှာဖွေတွေ့ရှိသွားခဲ့သည်။

ဆယ်မီတာ အကွာတွင် အနီရောင်ဂါဝန်နှင့် သက်လတ်ပိုင်း အမျိုးသမီး ရှိနေပြီး အရွယ်ကတော့ သုံးဆယ်ခန့်ဟု ထင်ရ၏။ မနက်စာကို ပေါ့ပေါ့ပါးပါး စားသောက်နေရင်း ဖုန်းဖြင့် သတင်းများအား ဖတ်ရှုနေသည်။

သူမ၏ ညာဘက်ဘေးတွင်တော့ လက်တော့ တစ်လုံး ရှိ၏။

အသားဖြူဖြူနှင့် နိုင်ငံခြား တစ်ဦးဖြစ်သော်လည်းပဲ အပျော်စီး သင်္ဘောပေါ်တွင် စီးနင်း လိုက်ပါလာသည့်တိုင် လက်တော့ သယ်လာခဲ့သည်ကတော့ သူမအား အလုပ်စွဲလမ်းသူ တစ်ယောက်ဟု ပုံရိပ် ထင်ဟပ်နေစေသည်။

ပစ်မှတ်ကို အတည်ပြုပြီးနောက် လင်းရီ ဆက်လက် စားသောက်လိုစိတ် မရှိတော့ချေ။ နှုတ်ခမ်းအား သုတ်၍ အနီရောင်ဂါဝန်နှင့် အမျိုးသမီးထံ ဦးတည်လျှောက်လှမ်းလာခဲ့တော့သည်။

“ ဟေး လီဆာ ….”

လင်းရီသည် အမျိုးသမီး၏ နောက်သို့ သွား၍ သူမ၏ မျက်လုံးအား ပိတ်ဆို့လိုက်ကာ သူ၏ လေသံမှာတော့ အံ့အားသင့်မှု အပြည့်ဖြင့် ဖြစ်နေခဲ့၏။

စားသောက်ဆိုင်ထဲရှိ လူတော်တော်များများမှာ အဆိုပါ သေးငယ်သည့် အပြုအမူလေးအား များများစားစား သတိမမူမိကြချေ။ အသိအကျွမ်း အချင်းချင်း အမှတ်မထင် တွေ့ဆုံ၍ အံ့အားသင့်မှု ပေးစွမ်းချင်သည်ဟူ၍သာ ထင်မှတ်နေခဲ့ကြသည်။

ရုတ်ချည်း မျက်လုံးပိတ်ခံလိုက်ရသည့်အတွက် အနီရောင် ဂါဝန်နှင့် အမျိုးသမီးမှာ စိုးရိမ်ထိတ်လန့်မိသွားခဲ့သလို ဒေါသလည်း ဖြစ်သွားခဲ့သည်။ သူမ လင်းရီ၏ လက်ကို ဒေါသတကြီးနှင့် ချက်ချင်း ဆွဲဖယ်လိုက်ပြီး

“ နင် ….”

လင်းရီကို မြင်တော့ အမျိုးသမီး၏ ဒေါသမှာ ဟုန်းခနဲ ငြိမ်ကျသွားခဲ့လေသည်။

အမျိုးသမီးတို့၏ ရုပ်ချောချော ကောင်လေးများအပေါ် သည်းခံနိုင်စွမ်းက ရုပ်ဆိုးဆိုး ကောင်လေးများအပေါ် ထားရှိသည့် သည်းခံရေချိန်မှတ်ထက်တော့ ပိုသာလွန်နေသည်ကတော့ ငြင်းမရသည့် အမှန်တရား တစ်ခုဖြစ်၏။

“ အာ ဆောရီးနော် စိတ်မရှိပါနဲ့ …. အနောက်ကကြည့်ရင်း အသိတစ်ယောက်နဲ့ လူမှားသွားလို့ပါ ….” လင်းရီ အားတောင့်အားနာ ဖြစ်သွားခဲ့ပြီး ကမန်းကတမ်း တောင်းပန်စကား ဆိုလိုက်သည်။

“ ရပါတယ်… တို့လည်း လှပတဲ့ အထင်လွဲမှုတစ်ခုလို့ ထင်တယ်….” အနီရောင်ဂါဝန်နှင့် အမျိုးသမီးက တောက်ပသည့် အပြုံးလေးဖြင့်ပြောလိုက်၏။ သူမ စိတ်မဆိုးသွားခဲ့ချေ။ ထိုအစား ပျော်ရွှင်နေခဲ့၏။

“ မနက်စာ စားပြီးပြီလား … မစားရသေးဘူးဆို တို့နဲ့ အတူ စားပါလားဟင် ….”

ဤတစ်ကြိမ်တွင်တော့ လင်းရီ အံ့အားသင့်ရမည့် အလှည့်ပင်။

သူ အစကတွေးထင်ထားခဲ့သည်မှာ စကားဝိုင်း တစ်ခုကို အတင်းလုပ်ယူ၍ ရှေ့ဆက် အစီအစဉ်များအား မီးစင်ကြည့်ကရမည် ဟူ၍ပင်။ ထင်မှတ်မထားစွာဖြင့် တစ်ဖက်က အတော်လေးကို ပူးပေါင်းပါဝင်ပေးနေခဲ့ကာ သူ့အတွက် အခွင့်အရေး တစ်ခုပင် ဖန်တီးပေးလာခဲ့သည်။

နိုင်ငံခြားသူလေးတွေက စောက်ရမ်း လွယ်တာပဲကွာ ….

“ အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော်လည်း စားရသေးတာ မဟုတ်ဘူး… ဒါပေမယ့် ဒီမှာက အသံ နည်းနည်း ဆူတယ်… တခြား တိတ်ဆိတ်မယ့် နေရာသွားကြရင်ကော ….”

အမျိုးသမီး၏ မျက်နှာထက်တွင် အံ့အားသင့်သည့် အမူအရာတစ်ခုက လှစ်ဟာပြလာခဲ့သည်။

“ နင် စိတ်မရှိဘူးဆိုရင် တို့ရဲ့ အခန်းကို သွားပြီး သီးသန့် မနက်စာ စားလို့ရတယ်နော်….”

“ အင်း … အဆင်ပြေသားပဲ ….” လင်းရီ ပြုံးလိုက်၏။

“ အစ်မလို မိန်းမလှလေးတစ်ယောက်နဲ့ မနက်စာ အတူစားခွင့်ရှိတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ …”

ပြောပြီးနောက် လင်းရီသည် ဝိတ်တာအား လှမ်းခေါ်၍ အရည်အသွေးမြင့် ဟောင်ကောင် မနက်စာ နှစ်ပွဲကို မှာကာ အနီရောင် ဂါဝန်နှင့် အမျိုးသမီး၏ အခန်းသို့ ပို့ပေးရန် တောင်းဆိုလိုက်သည်။

“ ကဲ … သွားကြတာပေါ့ …” ပြောပြီးနောက် အနီရောင် ဂါဝန်နှင့် အမျိုးသမီးက သူမ၏ လက်တော့ကို ယူရန် ဟန်ပြင်လိုက်သည်။

“ မိန်းမလှလေး တစ်ယောက်ကို ပစ္စည်းအလေးကြီး သယ်ခိုင်းလို့ ဘယ်သင့်တော်မှာ …” လင်းရီ အပြုံးလေးဖြင့် ပြောကာ လက်တော့အား သူ့လက်ထဲသို့ လှမ်းယူလိုက်သည်။

အမျိုးသမီးမှာ ရွှင်မြူးသွားခဲ့ပြီး လင်းရီ၏ လက်မောင်းကို တွယ်ဖက်လာသည်။ သူမ၏ အိစက်ညက်ညောနေသည့် ရင်သားများနှင့် လင်းရီကို ဖိကပ်လာခဲ့ကာ ရွှန်းစိုသည့် မျက်၀န်းတို့ဖြင့် မော့ကြည့်လာခဲ့၏။

“ အာရှသားလေး … နင့်ရဲ့ လူကြီးလူကောင်းဆန်တဲ့ အမူအကျင့်တွေက တို့ကို တကယ်ပဲ ယစ်မူးသွားစေတယ် သိလား …..”

All Chapters