← Chapters

သေမင်းနှုတ်ခမ်း၀၌ လျှောက်လှမ်းရမည့် မစ်ရှင်

Vol. 130 Ch. 1949

သေမင်းနှုတ်ခမ်း၀၌ လျှောက်လှမ်းရမည့် မစ်ရှင်

Vol. 130 Ch. 1949

“ မှောင်ခိုပစ္စည်းတွေ တင်ဆောင်လာတယ် ဟုတ်လား …” ချိန်ချန်းရုံ အံ့အားသင့်သွားခဲ့သည်။ ယခုလို ကိစ္စရပ်မျိုး ရှိလာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။

ပုံမှန်ဆိုပါက တစ်စုံတစ်ယောက်က မှောင်ခိုပစ္စည်းများ တင်ဆောင်လာခဲ့သည်ဆိုလျှင်ပင် သင်္ဘောရပ်တန့်သည့် အခါမှသာ စစ်ဆေးရှာဖွေမည် ဖြစ်၏။ ယခုလို ရွက်လွင့်နေစဉ် အတင်းအကြပ် ရပ်တန့်ခိုင်းလာမှာ မဟုတ်ချေ။

“ ငါတို့တွေ ဂျပန်နေပိုင်နက်ထဲ ရောက်ပြီလား …”

“ ကမ်းနဲ့ ၁၁ မိုင်လောက်ပဲ လိုတော့တယ်ဆိုတော့ ဂျပန်ရဲ့ ကမ်းရိုးတန်းစောင့်တပ်တွေက ဒီကို ရှာဖွေစုံစမ်းဖို့ ရောက်လာခဲ့တာ ဖြစ်မယ်… ဒါက နိုင်ငံတကာ ရေနယ်နိမိတ် ဥပဒေနဲ့ အညီပါပဲ …”

ချိန်ချန်းရုံ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤကိစ္စတွင် ပြောမပြနိုင်သည့် တစ်စုံတစ်ရာက ထူးဆန်းနေသည်ဟု သူ့မသိစိတ်က ခံစားနေရလေသည်။

သူ့ဘက်က အသင်းသားများကို ရဟတ်ယာဉ်နှင့် ခေါ်ဆောင်လာခဲ့ပြီး သင်္ဘောမထွက်ခွာမီ ကြိုတင်စီစဉ်ထားသည့် သင်္ဘောသားများမှလွဲ၍ ကျန်သည့် လိုက်ပါစီးနင်းသူများက သာမန် ခရီးသွားဧည့်သည်များသာ ဖြစ်သည်။

ထို့ကြောင့် ဂျပန်၏ ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့မှ မည်သို့သော စုံစမ်း စစ်ဆေးမှုမျိုးကို ပြုလုပ်လာပါစေ သူတို့ဘက်က ငြင်းဆန်စရာ အကြောင်းပြချက် ရှိမနေချေ။

သို့သော် သူ့ဘက်က အနည်းငယ် အံ့အားသင့်နေမိပြီး သံသယဝင်ဖို့လည်း ကောင်းသည်ဟု ခံစားနေရ၏။

“ ကျုံးဝေ့တပ်ဖွဲ့နဲ့ ဂျပန်က ကမ်းရိုးတန်းအစောင့်တပ်တွေ ပူးပေါင်းလှုပ်ရှားနေတာများလား …” ဟဲရစ် ဝင်ပြောလာခဲ့၏။

လက်ရှိ အခြေအနေတွင် ကျုံးဝေ့တပ်ဖွဲ့က သံသယဝင်ဖို့ အကောင်းဆုံး ဖြစ်နေသည်။

“ အပေါ်ယံကြည့်ရင်တော့ အဲ့လိုကိစ္စမျိုးက လုံးဝ ဖြစ်နိုင်စရာ အကြောင်းမရှိဘူး ….”

ချိန်ချန်းရုံ ခွန်းတုံ့ပြန်လိုက်ပြီး “ ဂျပန်နဲ့ ဟွာရှကြား ဆက်ဆံရေးက မင်းတို့ သိကြတဲ့အတိုင်းပဲ … ပြီးတော့ ဒီခုဟာက အမျိုးသားရေးကိစ္စနဲ့ ပတ်သက်ဆက်နွယ်နေတာလည်း မဟုတ်တော့ ကျုံးဝေ့တပ်ဖွဲ့ဘက်က ဒီလိုနည်းလမ်းမျိုး အသုံးပြုလာစရာ အကြောင်း မရှိဘူး … လုပ်လာခဲ့ရင် သူတို့ရဲ့ ဂုဏ်သတင်း ထိခိုက်သွားမှာပဲ … ပြီးတော့ ဒီနှစ်တွေထဲ ချစ်ပ်ကိစ္စတွေကြောင့်မို့ ဂျပန်က အမေရိကန်ကို အစ်ကိုကြီးအရာ သွင်းထားတာ ကြာပြီ … အဲ့တာကလည်း ဟွာရှနဲ့ ဂျပန်ကြားက နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုပြီး တင်းမာသွားစေတယ်… ဒီလို ကိစ္စမျိုးမှာ ဂျပန်ဘက်က အကူအညီကို ယူတယ်ဆိုတာ မဖြစ်နိုင်ဘူး …”

“ ဒါပေမယ့် ဒီလို အရေးကြီးတဲ့ အခိုက်အတန့်မျိုးမှာ ဖြစ်လာတာကြီးကတော့ ထူးဆန်းလွန်းတယ်…”

ချိန်ချန်းရုံ ခေါင်းညိတ်ပြီး ဟဲရစ်၏ စကားကို သဘောတူလိုက်သည်။

“ အလျင်လိုစရာ မလိုဘူး .. ဒီ ကိစ္စ အတည်ပြုဖို့ သခင်လေးဆီ ငါ ဆက်သွယ်လိုက်ဦးမယ်…”

မကြာမီ ချိန်ချန်းရုံသည် ဖန်းရှီဟုန်၏ နံပါတ်ကို ဆက်သွယ်၍ အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။

ခေါ်ဆိုမှုက တိုတောင်းပြီး တစ်မိနစ်မျှသာ ကြာမြင့်လိုက်၏။

မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက် ဖန်းရှီဟုန်ဘက်က ပြန်လည် ဆက်သွယ်လာခဲ့သည်။

ဤတစ်ကြိမ် ခေါ်ဆိုမှုကတော့ အတော်လေး ရှည်ကြာသည်။ ငါးမိနစ်ခန့်ကြာပြီးတော့မှသာ ဖန်းရှီဟုန်ဘက်က ဖုန်းပြန်ချသွားခဲ့၏။

“ သခင်လေးက ဘာပြောလဲ …” ဟဲရစ် မေးမြန်းလိုက်သည်။

“ သခင်လေး ပြောတာ သူ့ရဲ့ အဆက်အသွယ်တွေသုံးပြီး ဂျပန် အာဏာပိုင်တွေနဲ့ ဆက်သွယ်ကြည့်တာ မှောင်ခိုပစ္စည်းတွေ တင်ဆောင်လာတယ်လို့ သတင်းရထားတာ ဟုတ်တယ်…. ခိုင်လည်း ခိုင်မာတယ်… ပမာဏကလည်း မသေးဘူး … အဲ့တာကြောင့် ဒီခုလို ပြုမူလာတာဆိုပဲ …”

“ ဒါဆိုရင်တော့ တိုက်ဆိုင်သွားတာ နေမှာပါ ….”

ချိန်ချန်းရုံ ခေါင်းညိတ်လိုက်ပြီး သူ၏ သက်တောင့်သက်သာ မဖြစ်မှုကလည်း သိသိသာသာ လျော့ကျသွားခဲ့သည်။

“ ကမ်းရိုးတန်းအစောင့်တပ်တွေ မကြာခင် ဒီပေါ် တက်လာတော့မှာ … ငါတို့ ပြင်ဆင်ထားသင့်လား …”

“ ငါတို့ လူတွေကို ဖြန့်ပြီး စစ်ဆေးခိုင်းလိုက် …” ချိန်ချန်းရုံ ညွှန်ကြားလိုက်ပြီး “ မင်း ၊ လီချန်းရှန်း ၊ ရွှီကျားဟောင် နဲ့ ငါက ဓားစာခံကို စောင့်ကြပ်မယ်… ကျန်တဲ့ တခြားလူတွေကိုတော့ သံသယဝင်စရာ မဖြစ်ရအောင် လူစုခွဲထားခိုင်းလိုက် …”

“ ဂျိုဝီနဲ့ မာတင်ကရော … သူတို့နှစ်ယောက်ကို ထပ်ပေါင်းထည့်လိုက်ရင်လည်း အဆင်ပြေတာပဲလေ…” ဟဲရစ် အဆိုပြုလိုက်၏။

“ သူတို့လည်း စီ- အဆင့်တွေပဲ … ငါတို့ငါးယောက် စောင့်ကြပ်နေတော့ ပိုပြီး လုံခြုံ စိတ်ချရတာပေါ့ ….”

“ မင်းတို့သုံးယောက်က နိုင်ငံခြားသားတွေ… ငါနဲ့ တပူးပူးတတွဲတွဲ ရှိနေရင် သံသယဝင်ဖို့ ကောင်းသွားလိမ့်မယ်…”

ချိန်ချန်းရုံ ပြောလိုက်ပြီး “ ဂျပန် ကမ်းရိုးတန်းအစောင့်တပ်တွေက ဒီကို မှောင်ခိုပစ္စည်း ရှာဖွေဖို့ လာမှာ … ပြီးတော့ မင်းတို့လို နိုင်ငံခြားသားတွေက အာရှသားတွေရဲ့ မျက်လုံးထဲမှာ အဓိက ပစ်မှတ်တွေပဲ … တကယ်လို့ မင်းရဲ့ ဟွာရှန့် ဘာသာစကားသာ ကျွမ်းကျင်မနေဘူးဆိုရင် ဒီအခန်းထဲမှာတောင် မခေါ်ထားချင်ဘူး …”

ဟဲရစ် ပခုံးတွန့်လိုက်ပြီး “ ကောင်းပြီလေ… မင်းပြောတဲ့အတိုင်းပေါ့ …”

ချိန်ချန်းရုံ ဆက်ပြီးပြောသည်။ “ ဂျိုဝီနဲ့ မာတင် အခန်း ၁၄၀၆ ထဲမှာ နေခိုင်းလိုက် … ကျန်တဲ့လူတွေကိုတော့ ရနိုင်သလောက် လူစုခွဲထားခိုင်းလိုက် … တစ်ဖက်က စုံစမ်းလာတဲ့အချိန်ကျရင် မလိုအပ်တဲ့ အထိကရုဏ်းတွေ ဖြစ်လာမှာကို ငါ မလိုချင်ဘူး .. အကုန်လုံးကို သေချာ ပူးပေါင်းခိုင်းလိုက် …”

“ နားလည်ပြီ …”

ချိန်ချန်းရုံ၏ လူများအားလုံးက စီအဆင့်များပင်။

လင်းရီအတွက်ကတော့ မစ်ဆူမိသားစု၏ နင်ဂျာများ၏ အကူအညီဖြင့်ပင် ဤမစ်ရှင်က အတော်လေး အန္တရာယ်များသည့် မစ်ရှင်တစ်ခု ဖြစ်လေသည်။

ကလင် ကလင် ကလင် …

အခန်း ၁၃၄၈ ထဲ၌ လင်းရီသည် အိတ်ကပ်ထဲရှိ သူ့ဖုန်းသံ မြည်လာသည်ကို ကြားလိုက်ရသည်။

ခန်ဂျိ နာခါတာမှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ လူကြီးမင်းလင်း … ငါတို့ သင်္ဘောပေါ် တက်လာတော့မယ်… မင်း ညွှန်ကြားတဲ့အတိုင်း ငါတို့အကုန်လုံး စီစဉ်ထားပြီးပြီ … ဘယ်နေရာမှာ တွေ့ကြမလဲ …”

“ သင်္ဘောပေါ် တက်လာပြီးရင် အခန်း ၁၃၄၈ ထဲ ဝင်လာခဲ့ … ကျုပ်တို့ အတူ လှုပ်ရှားကြမယ်… ပြီးတော့ ယူနီဖောင်း တစ်စုံလည်း ယူလာခဲ့ပြီး .. အဲ့တာမှ လှုပ်ရှားရလွယ်မှာ …”

“ နားလည်ပြီ … ဆယ်မိနစ်အတွင်း သင်္ဘောပေါ် ရောက်မယ်… ကျေးဇူးပြုပြီး အဆင်သင့် လုပ်ထားပေးပါဦး …”

“ ကောင်းပြီ … မင်းနဲ့ အတူ အလုပ်လုပ်ဖို့ စောင့်နေတယ်…”

ဖုန်းချပြီးနောက် လင်းရီသည် သူ့အင်္ကျီ အဝတ်အစားကို သပ်ရပ်အောင် ပြုပြင်၍ တံခါးဖွင်ကာ ခန်းဂျိ နာခါတာ ရောက်အလာကို စောင့်ဆိုင်းနေလေသည်။

မိနစ် အနည်းငယ်ကြာပြီးနောက် အပြင်ဘက်တွင် ဥဩဆွဲသံတချို့ကို ကြားလိုက်ရသည်။ လင်းရီ ပြတင်းပေါက်သို့ သွားကြည့်လိုက်တော့ ကမ်းရိုးတန်း အစောင့်တပ်ဟု လိုဂိုတပ်ထားသည့် သင်္ဘောလင်းစင်းက ဗစ်တိုးရီးယား သင်္ဘောကို လေးဘက်လေးလံ ဝန်းရံထားသည်အား မြင်တွေ့လိုက်ရလေသည်။

၎င်းတို့ တက်လာဖို့ အချိန် သိပ်မကြာလောက်တော့ချေ။

ထိုအချိန်မှာပဲ သင်္ဘော၏ PA စနစ်က စစ်ဆေးရေးဝင်မည့် အကြောင်းကို လူတိုင်းသိအောင် ကြေညာလာသည်။

စီးနင်လိုက်ပါလာသူများအား ထိတ်ထိတ်ပျာပျာ မဖြစ်ကြရန် သတိပေးပြီး စစ်ဆေးရန် ဝင်မည့်သူများက ပင်လယ်ဓားပြများ မဟုတ်ကြောင်း ပြောကြားလာခဲ့သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ဂျပန်ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့ဝင်တို့ သင်္ဘောပေါ် ရောက်ရှိလာသည်။

လင်းရီမှာ တံခါးဝတွင် မတ်တပ်ရပ်ရင်း ခန်ဂျိနာခါတာ ရောက်အလာကို စိတ်ရှည်မှုအပြည့်ဖြင့် စောင့်ဆိုင်းနေခဲ့၏။

အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးနေခဲ့ပြီး အပြင်ဘက်၌ အလျင်လိုသည့် ခြေလှမ်းသံတို့ ထွက်ပေါ်လာခဲ့ကာ တံခါးမှာ သတိပေးခြင်း အလျဉ်းကင်းစွာဖြင့် ရုတ်ချည်း တွန်းပွင့်လာသည်။

ဆံပင်အတို ၊ ကောင်းမွန်သည့် ကိုယ်လုံးကိုယ်ထည်နှင့် ကမ်းရိုးတန်းအစောင့်တပ် ယူနီဖောင်းကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီး အထဲသို့ ဝင်ရောက်လာခဲ့သည်။

ချက်ချင်းဆိုသလို လင်းရီ၏ စကေဘာက ငွေရောင် အလင်းတစ်ချက် လက်သွားခဲ့ပြီး တစ်ဖက်လူ၏ လည်ပင်းသို့ ထောက်ထားလိုက်၏။

ယူနီဖောင်းနှင့် အမျိုးသားမှာ ချက်ချင်း လက်မြှောက်ပြလိုက်ပြီး “ လူကြီးမင်းလင်း …”

“ ခန်းဂျိ နာခါတာ …”

“ ဟုတ်တယ် ၊ ငါပါ …”

လင်းရီ စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် ချလိုက်သည်။

“ ဆောရီးပဲ …”

“ ရပါတယ်…” ခန်ဂျိ နာခါတာ ပြောလိုက်ပြီး “ ဒီမှာ အဝတ်တွေ ယူလာခဲ့ပေးတယ်… ငါတို့ လူတွေလည်း အဆင့်သင့်ပဲ … လူကြီးမင်းလင်း အဆင်သင့် ဖြစ်တာနဲ့ လှုပ်ရှားလို့ ရပြီ …”

“ ကောင်းတယ်…”

လင်းရီ ယူနီဖောင်းကို ယူလိုက်ပြီး ခန်ဂျိ နာခါတာထံမှ သေနတ်တစ်လက်ကို လက်ခံလိုက်၏။

တစ်မိနစ် အတွင်းမှာပဲ ယူနီဖောင်း ဝတ်ပြီးသွားခဲ့ပြီး “ အရည်အချင်းရှိတဲ့ ဖိုက်တာတွေကို စုစည်းပြီး အခန်း ၁၄၀၆ နဲ့ ၁၄၀၈ ကို သေချာ အာရုံစိုက်ထား …”

“ ကောင်းပြီ … တခြား လိုအပ်တာ ရှိရင်လည်း ပြောလို့ ရတယ်…”

“ အခန်း ၁၄၀၆ ထဲမှာ နိုင်ငံခြားသား နှစ်ယောက် ရှိတယ်… အမျိုးသား တစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက် … သူတို့ရဲ့ အရည်အချင်းက တော်တော်မြင့်တယ်… အရင်ဦးဆုံး သူတို့နား မသိမသာ ချဉ်းကပ်ကြမယ်… အမျိုးသားကိုတော့ ငါရှင်းလိုက်မယ်… အမျိုးသမီးကိုတော့ မင်းရှင်းလိုက် …”

“ နားလည်ပြီ …”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ စကြတာပေါ့ …”

အစီအစဉ် ချမှတ်ပြီးသည်နှင့် သူတို့နှစ်ဦး အခန်းထဲမှ ထွက်ခွာလာခဲ့ကြသည်။

ထိုအချိန်၌ ဂျပန် ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့ဝင်များမှာ အလွှာအသီးသီးသို့ စစ်ဆေးရေး ဝင်နေကြချေပြီ။

လင်းရီနှင့် ခန်းဂျိနာခါတာလည်း လူအုပ်ထဲသို့ ဝင်ရောနှောကာ မစ်ဆူမိသားစု၏ နင်ဂျာများနှင့် လက်ချင်း ပူးပေါင်းပြီး ၁၄ လွှာသို့ ဦးတည်လိုက်ကြ၏။

ကျန် အလွှာများနှင့် မတူညီဘဲ ၁၄ လွှာမှာ ပုံမှန် မဟုတ် တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ မတူညီသည့် ကမ္ဘာနှစ်ခု၌ တည်ရှိနေသည်ဟုပင် အမှတ်မှားရလောက်သည်အထိပင်။

အုပ်စုမှာ ဂရုတစိုက်ဖြင့် အခန်း ၁၄၀၆ ထံသို့ ချဉ်းကပ်လာသည်။

လင်းရီ အသက်ပြင်းပြင်း ရှူသွင်း၍ ခန်းဂျိနာခါတာကို ကြည့်လိုက်သည်။

“ စကြစို့ …”

All Chapters