← Chapters

ကမ္ဘာမြေကြီးနှင့် ချိတ်ဆက်ခံထားရသော ဝိဥာဥ်(3)

Vol. 9 Ch. 86

ကမ္ဘာမြေကြီးနှင့် ချိတ်ဆက်ခံထားရသော ဝိဥာဥ်(3)

Vol. 9 Ch. 86

ကုကျစ်စုန့် ဆက်ပြောခဲ့သည်။

“မင်းတို့ ခုနက ဝင်ဖို့လုပ်နေတဲ့ အိမ်သာက နဂိုတည်းက အမှောင်ဖုံးနေတာပဲ၊ ဒါက အရိပ်ကျတဲ့ နေရာဖြစ်ပြီး အခန်းတည်နေရာကလည်း အဆောက်အဦးတစ်ခုလုံးရဲ့ အနောက်ဘက်ဖြစ်နေတယ်၊ ပြောရရင် အခု ဒီနေရာနဲ့ တစ်နေရာတည်းမှာ ရှိနေတယ်လေ၊ ဒီကျောက်တိုင် (၃)ခုနဲ့ ကမ္ဗည်းတိုင်တွေက တစ်ခုနဲ့ တစ်ခု တော်တော်လှမ်းလှမ်းမှာ ရှိနေပြီး အကာအကွယ်လမ်းကြောင်းလိုမျိုး ဖြစ်နေခဲ့တယ်”

“တစ်ယောက်ယောက်သာ ဒီနေရာမှာ အဆုံးစီရင်ခဲ့တယ်ဆိုရင် အငြိုးတရား၊အမုန်းတရား မရှိရင်တောင်မှ ဖုန်းရွှေနဲ့ ကမ္ဗည်းတိုင်အစီအရင်ကြောင့် သူက ဒီသင်္ချိုင်းကုန်းရဲ့ ဝိဉာဉ်အဖြစ်သတ်မှတ်ခံလိုက်ရလိမ့်မယ်၊ သူက ဒီကျောင်းထဲမှာဘဲ တစ်သက်လုံး ဖိနှိပ်ခံလိုက်ရပြီး ဘယ်တော့မှ ပြန်ဝင်စားနိုင်တော့မှာမဟုတ်ဘူး”

“ဒီတော့ အခုသရဲက သူ့ဘဘောနဲ့ သူ မကျွတ်မလွတ်ဖြစ်နေရတာ မဟုတ်ဘူး”

“မင်းတို့ ဒီကျောင်းနဲ့ ရင်းနှီးတဲ့သူတစ်ယောက်ကို မေးကြည့်ပါ၊ ဒီအိမ်သာထဲမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဆုံးစီရင်ခဲ့တဲ့သူ ရှိလားလို့၊ သူက ကျောင်းသားတစ်ယောက်ပဲ၊ ဒါပေမယ့် သေဆုံးချိန်မှာ ....”

ကုကျစ်စုန့် မည်သို့ ပြောရမည်ကို ရှုပ်ထွေးနေခဲ့ကာ ခေတ္တရပ်သွားသည်။

“ ...မိန်းကလေး ပုံစံဖြစ်နေတယ့် ကျောင်းသားလေး”

[???ယောင်္ကျားလေး? ဖြောင့်စင်းနေတဲ့ အနက်ရောင် ဆံပင်ရှည်နဲ့၊ ဒါပေမယ့် ယောင်္ကျားလေးလား? ပြီးတော့ အမျိုးသမီးအိမ်သာထဲမှာ ရှိနေတယ်?? ဘုရားရေ.. ကြည့်ရတာ နှာဘူးလားမသိဘူး]

[အိုး... ကိစ္စတွေက ပိုပိုပြီး အံ့ဩဖို့ ကောင်းလာတာပဲ]

[ကျောင်းထဲက ကလေးတွေက ယန်စွမ်းအင် အပြည့်ရှိကြတယ်၊ အဲ့တာက သင်္ချိုင်းဂူရဲ့ ယင်စွမ်းအင်ကို ထိန်းချုပ်ထားနိုင်တယ်၊ ငါအရင်က တက်ခဲ့တဲ့ ကျောင်းဆိုရင်လည်း ကျောင်းမဆောက်ခင်က သင်္ချိုင်းကုန်းပဲ၊ ဒါမျိုးတွေက ပုံမှန်ပါပဲ]

လူတိုင်းရှုပ်ထွေးနေစဥ်  မျက်နှာဝိုင်းနှင့် ကျောင်းသူလေးက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီးနောက် မျက်လုံးများ ဝိုင်းစက်သွားသည်။

“ကျွန်မ.. ကျွန်မသိပြီ၊ အဲဒီနေ့ညက ဇာတ်လမ်းတွေ ပြောနေကြရင်း စီနီယာတစ်ယောက်...”

သူမ ဖုန်းကို အမြန်ဖွင့်လိုက်ကာ ကျောင်းဖိုရမ်ထဲရှိ ပို့စ်အဟောင်းများအား ရှာဖွေနေခဲ့ပြီး‌ ဆယ်မိနစ်ကြာပြီးနောက် လွန်ခဲ့သည့် ၇နှစ်၊ ၈နှစ်ခန့်က ပို့စ်တစ်ခုအား ရှာတွေ့ကာ ကင်မရာဘက်သို့ လှည့်ပြလိုက်သည်။

“အဲဒီနေ့ညက စကားပြောနေရင်း အဲဒီတစ်ယောက်ပြောခဲ့တဲ့အထဲမှာ ကျောင်းက စီနီယာတစ်ယောက်ရဲ့ အကြောင်းလည်း ပါတယ်၊ ဒီကိစ္စက ကျောင်းမှာ ပြောနေကြတာ ကြာပြီတဲ့”

ထိုပို့စ်မှာ ၂၀၁၄ ခုနှစ်တွင် တင်ထားသည့် ပို့စ်ဖြစ်သည်။

“ကျောင်းရဲ့ စီးပွားစီမံမေဂျာက ရွေးချယ်ထားတဲ့ pseudo-mother* ကိုယ့်ကိုကိုယ် အဆုံးစီရင်”

(T/n_ အမေအရင်းလည်းမဟုတ် ၊ တရားဥပဒေအရလည်း မွေးစားတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် အမေတစ်ယောက်လိုမျိုး သတ်မှတ်ပြီး ပြုမူစောင့်ရှောက်နေတာကို ဆိုလိုတာပါ

ဒါပေမယ့် ဒီနေရာမှာတော့ ယောကျ်ားလေးတစ်ယောက်ဖြစ်နေရက်နှင့် အမေဖြစ်ချင်နေတယ်ဆိုတဲ့သဘောနှင့် လှောင်ပြောင်ပြီး ပြောတာလို့ထင်ပါတယ်၊

အခြောက်ဆိုပြီး ရိုင်းစိုင်းတဲ့သဘောနှင့် သုံးတာကိုမှ ဒဲ့မပြောဘဲ စောင်းပြောတဲ့သဘောမျိုးမို့လို့ engလိုပဲ ထားခဲ့တယ်နော်)

[မင်းတို့ သိကြလားတော့ မသိဘူး၊ သူက အနောက်ဘက် စာသင်ဆောင်ရဲ့ အမျိုးသမီးအိမ်သာထဲမှာ ညလယ်ခေါင်ကြီး သေခဲ့တာလေ၊ မနက်ခင်း‌ ကျောင်းလာတဲ့ ကျောင်းသူလေးတစ်ယောက်က သူ့အလောင်းကို ရှာတွေ့တာ၊

သူမ အခန်းထဲကို ဝင်လိုက်တော့ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီနေပြီး ကြမ်းပြင်ပေါ်မှာ လဲနေတာကို မြင်လိုက်ရတယ်တဲ့၊ အဲဒီကျောင်းသူလေးဆို နေရာတင် မေ့လဲသွားတာလေ]

အထပ် 1: [ဘာလဲ?? တကယ်ကြီးလား... ... ]

အထပ် 2: [??? အဲဒါက ဟိုတစ်လောက ဖိုရမ်မှာ နာမည်ကြီးသွားတဲ့ XXX မဟုတ်ဘူးလား?? သူတို့က လူကို သေသွားစေတဲ့အထိ အနိုင်ကျင့်လိုက်ကြတာလား??]

အထပ်3: [အဲဒီကောကောရဲ့ မိန်းကလေးဝတ်စုံဝတ်ထားတဲ့ ပုံလေးတွေက လှပါတယ်၊ စတိုင်လည်း ကျတယ်လေ၊ အဲဒါက သူ့ရဲ့ ဝါသနာလေးပဲကို၊ လူတွေက လွန်လွန်းတယ် ]

အထပ်4: [ကောင်မစုတ်လေး၊ အဲ့လိုကောင်စားမျိုးက သေသွားတာ ကောင်းတယ်နော်၊ မိန်းမ အင်္ကျီတွေ ဝတ်တတ်တဲ့ ယောင်္ကျားက တခြားယောင်္ကျားတွေနဲ့ လာရောနေတာ ၊ တွေးကြည့်လိုက်ရုံနဲ့ အော်ဂလီဆန်တယ်! ]

အထပ် 5: [သူက ဘယ်လိုသေသွားတာလဲ၊ သူသေနေတဲ့ပုံကို ဓာတ်ပုံလေးဘာလေး သီးသန့်ပို့ပေးတဲ့ ရှုန်းတိတို့များ မရှိကြဘူးလား? ငါသိချင်လို့ပါ ]

“... ...”

အထပ် 288: [ငါက ကျောင်းသား သမ္မဂ္ဂကထဲကပါ၊ အတွင်းသတင်းရထားတယ်၊ ကြားရတာတော့ သူက ဒေါက်ဖိနပ်စီးပြီး ဆံပင်တု စွပ်ထားတာတဲ့၊ ပြီးတော့ ပထမထပ်ရဲ့ အိမ်သာထဲမှာ အဆိပ်တစ်ပုလင်းလုံး‌ သောက်ထားတာဆိုပဲ၊

သွေးတွေ အန်တာများပြီး မျက်လုံးတွေတောင် နီရဲနေခဲ့တာ၊ အတွင်းသတင်းပြောတဲ့ သူကတော့ ကျောင်းပြောင်းသွားပြီ၊ သူတောင် အဝေးကနေကြည့်မိရုံနဲ့ လန့်နေတာတဲ့]

အထပာ 289:[ ငါ_ိုး...ဒါက အသတ်ခံလိုက်ရနော်၊ ကျောင်းက ဆဲဆိုနေကြတဲ့ လူတွေလည်း မဟုတ်တာတွေ ပြောနေတာကို ရပ်ပြီး လူလို အသိစိတ်ရှိကြစမ်းပါ]

အထပ် 290: [အီးပေါက်သံလောက်ကိုများ ကြောက်နေသေးတယ်၊ သရဲတွေ တစ္ဆေတွေလား၊ လာစမ်းပါ၊ ရိုက်ထုတ်ပစ်မယ်]

“ ... ...”

အထပာ 3861: [ဘုရားရေ၊ ငါဒီနေ့ အိမ်သာကို သွားတော့ မီးက ပိတ်လိုက်၊ဖွင့်လိုက်နဲ့ဖြစ်နေတာ၊ လန့်လိုက်တာ သေတော့မလိုပဲ၊ အခန်းဖော်ပြောမှာပဲ အဲဒီအိမ်သာမှာ ဖြစ်ခဲ့တာကို သိရတယ်၊

ကျွန်မကို မခြောက်ပါနဲ့ စီနီယာရေ၊ ကျွန်မမှာ မကောင်းမြင်စိတ်မရှိပါဘူး! ]

အထပ် 3862: [အဲဒါတွေက ကောလဟာလသက်သက်ကြီးပါ၊ အိမ်သာမီးက ပျက်နေတာ နေမှာပေါ့၊ ဒါဖြစ်ခဲ့ကတာ ကြာလှပြီ၊ သူသာ သရဲ ခြောက်ချင်ရင် ဟိုးအရင်တည်းက ဖြစ်မှာပေါ့]

နောက်ဆုံးမှတ်ချက်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်မှ ဖြစ်သည်။ တချို့ကျောင်းသားသစ်များမှာ လွန်ခဲ့သည့် နှစ်များမှ ထူးခြားဖြစ်ရပ်များအား စီနီယာများ၏ လမ်းပြမှုနှင့် စပ်စုရန် ရောက်လာကြခြင်းပင်။

လွန်ခဲ့သည့် နှစ်အနည်းငယ်မှ ကျောင်းသားများကတော့ ထိုအိမ်သာထဲတွင် မီးများ ပိတ်လိုက်၊ဖွင့်လိုက်ဖြစ်ကာ အင်မတန်အေးစိမ့်သွားတတ်သည်ဟု ဆိုကြသည်။

ရံဖန်ရံခါ အိမ်သာထဲမှ ဒေါက်မြင့်ဖိနပ်သံကိုလည်း ကြားရပြီး အထဲဝင်ကြည့်လိုက်လျှင် ကိုယ်တိုင်ကလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေပေ။

ဆံပင်တိုလေးနှင့် ကျောင်းသူလေးက ဖြူဖျော့နေသော မျက်နှာဖြင့် ပြောသည်။

“အဲဒီစီနီယာက မိန်းကလေးလို ဝတ်ရတာကို သဘောကျတယ်တဲ့၊ ဒါပေမယ့် သူက ကျောင်းက ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးခဲ့ဘူး၊

အဲဒီအချိန်တုန်းက အင်တာနက်ကလည်း ပေါ်ကာစဆိုတော့ သူက သူ့ဘာသာသူ သီးသန့်အကောင့်မှာ သူ မိန်းကလေးလို ဝတ်ထားတဲ့ ပုံလေးတွေ တင်ခဲ့တာ”

“တစ်နေ့ကျတော့  သူရေချိုးဖို့သွားနေတုန်း သူ့ရဲ့အခန်းဖော်က  ဘာရည်ရွယ်ချက်နဲ့‌လဲတော့မသိဘူး၊ အဲဒီစီနီယာရဲ့ ဖုန်းကို ခိုးဖွင့်လိုက်ပြီး အဲဒီပုံတွေကို မြင်သွားတာ၊

အဲဒီအခန်းဖော်ကပဲ သူ့အယ်လ်ဘမ်ထဲက ပုံတွေကို ကျောင်းရဲ့ ဖိုရမ်မှာ အကုန်တင်ပစ်လိုက်တာလေ၊ ပြီးတော့ အဆောင်ထဲက စီနီယာရဲ့ ဘီရိုကိုလည်း ခိုးဖွင့်ပြီးတော့လည်း သူ ပစ္စည်းတွေ ရှာဖွေခဲ့တယ်...”

“အဲဒီအချိန်တုန်းက လူတွေက အခုလောက် ပွင့်လင်းမြင်သာမှု မရှိတော့.. အဲဒီစီနီယာအစ်ကိုကို လူတွေက နှာဘူးကောင်လို့ ခေါ်ကြပြီး မဟုတ်မမှန်သတင်းတွေလည်း လွှင့်ခဲ့ကြတယ်၊

နောက်ဆုံးတော့ မိဘတွေရော၊ ဆရာတွေပါ သိသွားပြီး ပို့စ်ထဲမှာ ပြောခဲ့သလိုပဲ၊ အမျိုးသမီးဝတ်စုံနှင့် ဆံပင်တုတပ်ပြီး  ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်...”

မည်းမှောင်နေသော ဆံပင်ရှည်များရှိနေသော သရဲအား သူတို့အနေနဲ့ အမျိုးသမီးစီနီယာတစ်ယောက်ဟုသာ ထင်ခဲ့ကြပြီး ထိုအဖြစ်အပျက်မှာလည်း လွန်ခဲ့သည့် နှစ်များသွာက ဖြစ်ပျက်ခဲ့သည်ကြောင့် သူတို့ သေချာနားမထောင်ခဲ့ကြပေ။

အခန်းဖော်သည်လည်း ထိုစီနီယာသေဆုံးချိန်တွင် အဘယ်ကြောင့် မိန်းကလေးတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည်ကို သေချာ ရှင်းမပြနိုင်ခဲ့။

ထို့ကြောင့် သူမတို့ ထိုနေ့ညက စကားပြောကြချိန်တွင် ထိုအကြောင်းကို ကျော်ခွခဲ့ကြသည်။

သေချာ ပြန်စဉ်းစားကြည့်ပါလျှင် သူမတို့၏ အခန်းဖော်သည်ကား ထိုအဖြစ်အပျက်အပေါ်တွင်လည်း သူမ၏ အထင်အမြင်အားလည်း ပြောခဲ့သေးသည်။

“စိတ်ပျက်စရာကောင်းတယ်၊ အခုဆို  အင်တာနက်ပေါ်က လူတွေက ဒီလိုကောင်မျိုးကို အတော်ကြိုက်ကြတယ်ထင်တယ်၊ ငါတော့ ဒါကြီးကို နားမလည်နိုင်ဘူး...”

[စိတ်မကောင်းလိုက်တာ၊ အဲဒီစီနီယာက ဘယ်သူ့ကိုမှလည်း မနှောင့်ယှက်ဘဲ သူ့ဘာသာသူ တိတ်တိတ်လေး နေနေခဲ့တာလေ၊ နောက်ပြီး သူက နစ်နာသူပဲ၊ ဒါကို ဘာလို့ လူတွေရဲ့ စွပ်စွဲတာကို ခံခဲ့ရတာလဲ?!!]

[အဲဒါက လိင်ပိုင်းဆိုင်ရာ အယူဝါဒအပေါ် ဉာဏ်ရည်ဉာဏ်သွေးနိမ့်ကျမှုပဲ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ယောင်္ကျားလေးတစ်ယောက်က မိတ်ကပ်တို့၊ အမျိုးသမီး ဝတ်စုံတို့ ဝတ်ခဲ့ရင် သေလုနီးပါး အရိုက်ခံရမယ်၊

မိန်းကလေးတစ်ယောက်ကလည်း ဆံပင်ကို တိုတိုညှပ်ပြီး ယောင်္ကျားလေးလို ဝတ်ခဲ့မယ်ဆိုရင်လည်း အရှက်မရှိဘူးဆိုပြီး ဆူပူခံရမှာပဲ၊ အဲဒီကောင်လေးက အခုခေတ်မှာ မမွေးခဲ့တာ သနားဖို့ကောင်းတာပဲ ]

[သူ့ဘာသာသူ သီးသန့်နေတာကို ခိုးယူပြီးချောင်းမြောင်းအပြည့်ခံရတယ်၊ အလှောင်အပြောင်ခံရပြီး စွပ်စွဲခံရတယ်‌၊ သူ အဲဒီအချိန်မှာ ဘယ်လောက်တောင် စိတ်ထိခိုက်ခံစားခဲ့မလဲဆိုတာကို တွေးတောင် တွေးမကြည့်ရဲဘူး၊

ပြီးတော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်ပြီးတာတောင် သူ့ကို နာကျင်မှုပဲ ပေးခဲ့တဲ့ ကျောင်းထဲမှာ ပိတ်မိနေခဲ့ပြီး ပြန်လည်း မဝင်စားနိုင်ခဲ့ဘူး... ဒါမျိုးကြုံရမှတော့ သူစိတ်မဆိုးရှိနိုင်ပါ့မလား ?]

[ငါကတော့ အဲလိုလူမျိုးတွေကို မကြိုက်ဘူး၊ လက်လည်း မခံဘူး၊ ဒါပေမယ့် အခြားသူတွေရဲ့ ရွေးချယ်မှုကိုတော့ လေးစားမှု ထားပေးတယ်]

ကုကျစ်စုန့် အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့  စဉ်းစားကြည့်လိုက်၊ နာကျည်းမှုကြောင့် အဆုံးစီရင်ခဲ့တဲ့ လူတစ်ယောက်က သေပြီးတာတောင် နှစ်ပေါင်းများစွာ အချုပ်ခံထားရတယ်၊ သူ့အနေနဲ့ ပြန်လည်း မဝင်စားနိုင်ဘူး၊ အဲဒါက သရဲဖြစ်ပြီးတာတောင် အရမ်းနာကျင်နေရမှာပဲ၊

ဒါပေမယ့် သူ့ဆီမှာ အမုန်းတရားရှိနေတာတောင်မှ ဒီလောက်နှစ်တွေ အများကြီး ကျောင်းကို ဘာပြဿနာမှ မရှာခဲ့ဘူး၊ ငါကတော့ သူ့ရဲ့စိတ်နှလုံးမှာ ဆိုးရွားယုတ်မာမှုတွေ ရှိနေမယ်လို့ မထင်ဘူး”

စဉ်းစားကြည့်ပါလျှင် ထိုသရဲမှာ အမှန်တကယ်လည်း အပြစ်ကင်းပေသည်။

သူသည်ကား အငြိုးတရားများအား ထိန်းချုပ်ထားခဲ့ကာ မည်သူကိုမှ မထိခိုက်စေချင်ခဲ့ပေ။

သို့သော် ဖူဂျီအစီအရင်၏ ခေါ်သံအား ခံစားလိုက်ရသည်။

ဤနေရာတွင် နှစ်ပေါင်းများစွာ ပိတ်မိနေပြီးနောက် သူ့အနေဖြင့် သိချင်စိတ်နှင့်သာ ထိုနေရာသို့ ရောက်လာခဲ့သော်လည်း ကျောင်းသူလေးများက သူ၏ဘဝအကြောင်းကို ဆိုးရွားစွာ ပြောနေသည်ကို ကြားလိုက်ရသည်။ 

ပြောနေကြသည့် လေသံနှင့် စကားလုံးများက သူ၏ရင်ထဲမှ နာကျည်းပူဆွေးမှုများအား အရှိုက်ထိသွားစေသည်။ တစ်ချိန်လုံး ထိန်းချုပ်ထားခဲ့သော အမုန်းတရားများမှာ ထိုနေ့တွင် အန်ထွက်လာခဲ့သည်။

အလွန်အမင်း နာကျင်နေခဲ့ရတယ်။

သူ ဘာတွေများ အမှားလုပ်ခဲမိလို့လဲ??

ဘာလို့ သူက သေပြီးတာတောင် ပြန်မဝင်စားနိုင်တဲ့ အပြစ်ဒဏ်ကို ခံနေရတာလဲ??

အမုန်းတရားများ ဖုံးလွှမ်းသွားပြီးနောက် သူ လက်စားချေရန် ဆုံးဖြတ်လိုက်သည်။

ကုကျစ်စုန့်: “ငါထင်တာ မမှားဘူးဆိုရင် သူက နာကျည်းဒေါသကြောင့် ပေါက်ကွဲထွက်လာပြီး မင်းတို့ ခြောက်ယောက်ထဲကနေ လူစားထိုးရှာချင်ခဲ့တာပဲ”

သရဲ၏ လွှမ်းမိုးမှုအောက်တွင် အဆောင်တွင်းမှ ကျောင်းသူများ အဖြစ်ဆိုးများ တစ်ခုပြီးတစ်ခု ကြုံရကာ နာမကျန်းလဲ ခဏခဏဖြစ်ကြသည်။

အကယ်၍ ထိုဝေဒနာအား မခံစားနိုင်တော့၍ သေဆုံးခဲ့ပါလျှင် သူသည် ဖူဂျီစာချုပ်အား အသုံးပြုကာ သေဆုံးသွားသူ၏ ဝိဉာဉ်အား သင်္ချိုင်းကမ္ဗည်းတွင် ဝိဉာဉ်စတေးခံအဖြစ် အသုံးပြုနိုင်သည်။

ထိုအချိန်တွင် မကျွတ်မလွတ်နိုင်သည့်သရဲအဖြစ် အဖြစ်ဆိုးအား ဖယ်ရှားကာ သူ့အနေဖြင့် မြေအောက်ကမ္ဘာသို့ ဝင်ခွင့်ရသွားမည်ဖြစ်သည်။

သေဆုံးသွားသည့် ကျောင်းသူ၏ ဝိဉာဉ်သည်ကသာ စတေးခံဖြစ်လာမည်ဖြစ်ကာ မူလသရဲအစား ဖုန်းရွှေအစီအရင်ဖြင့် ထိန်းချုပ်ခံရပြီး မကျွတ်မလွတ်နိုင်သော သရဲဖြစ်လာမည်ဖြစ်သည်။

ထိုကျောင်းသူလေးသည်လည်း အစားထိုး ရှာမတွေ့နိုင်သရွေ့ သူ့အဖြစ်အတိုင်း အမြဲတမ်းပိတ်မိနေတော့မည်ဖြစ်သည်။

ကုကျစ်စုန့်:

“ဒါပေမယ့် ငါ အကဲခတ်တာ တစ်ခုတော့ လွဲသွားတယ်၊ သူက မင်းတို့ကို တစ်သက်လုံးခြောက်လှန့်တော့မှာ မဟုတ်ဘူး၊ ဘာလို့လဲတော့ မသိဘူး၊ ဒါပေမယ့် သူက တစ်ဝက်လောက်မှာ သူ့ရဲ့ နဂိုရည်မှန်းချက်(အစားထိုးဖို့)ကို လက်လျှော့လိုက်တယ်၊  မင်းတို့ကို အဆုံးထိ သတ်ပစ်ဖို့ အစီအစဉ်မရှိခဲ့တော့ဘူး၊ သူက မင်းတို့ကို ပညာပေးနေတဲ့ သဘောမျိုးလောက်ပဲ လုပ်ချင်ခဲ့တာ”

အသက်ရှိစဉ်က လှောင်ပြောင်ခံခဲ့ရသည့် ဒေါသနှင့် ဆယ်နှစ်တာလုံး ကမ္ဗည်းကျောက်စာ၏ ဖိနှိပ်ခြင်းကို ခံထားရသည့်အတွက် ထိုသရဲသည် အနည်းဆုံး ‘စွန်ဘယာ”အဆင့် သရဲဖြစ်နိုင်သည်။ ရှဲချင်းသရဲကြီး အဆင့်ခန့်ပင် ဖြစ်နိုင် သေးသည်။

သူသာ ထိုကျောင်းသူလေးများကို သေစေချင်လိုပါက သူတို့အနေဖြင့် မည်သို့မှ ပြန်၍ ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

ဖြစ်နိုင်သည်မှာ သူသည် ဆံပင်ရှည်နှင့် ကျောင်းသူလေးအား ဝင်ပူးချိန်တွင် ဝတ်စုံအနီရောင်လေးကို ဝတ်ဆင်ကာ မိတ်ကပ်လိမ်းကြည့်ချင်ခဲ့သည်။ ထို့နောက်  သူအသက်ရှိစဉ်က မနာလိုခဲ့ရသည့် နက်မှောင်ရှည်လျားသည့် ဆံနွယ်များအား ဆက်တိုက် ဖြီးလိမ်းကြည့်ခဲ့သည်...

သို့သော် ဘေးနားတွင်ရှိနေသည့် ကြောက်လန့်နေသော ကျောင်းသူလေးများ၏ မျက်နှာကို ပြန်လည်မြင်တွေ့လိုက်ရချိန်တွင် သူ၏ နှလုံးသားမှာ ပြန်လည် နူးညံ့သွားခဲ့ရပြန်သည်။

*

All Chapters