← Chapters

ကောင်းချီးပေးခံထားရတဲ့ ဘဝ(1)

Vol. 9 Ch. 87

ကောင်းချီးပေးခံထားရတဲ့ ဘဝ(1)

Vol. 9 Ch. 87

[ရင်ဘတ်တွေနာလိုက်တာ၊ ဘာပြောရမလဲတောင် မသိတော့ဘူး…]

[ငါတော့ ပေါက်ကွဲချင်နေပြီ၊! ဒီလောက် မကောင်းမှုတွေအများကြီးကို ခံခဲ့ရတာတောင်မှ သူ့ရဲ့ နှလုံးသားက နူးညံ့နေသေးတယ်၊ ဘာလို့ ဒီလိုမျိုး နူးညံ့ပြီး အကြင်နာတရားရှိတဲ့ သူတစ်ယောက်က အရှက်ခွဲခံရပြီး သေခဲ့ရတာလဲ?

တကယ်သေသင့်တဲ့ကောင်က သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ခိုးကြည့်ပြီး ပုံတွေကို မကောင်းတဲ့ စိတ်နဲ့ ဖြန့်ပစ်တဲ့ အဲဒီအခန်းဖော်ကောင်ပဲ!]

[ဝူးဝူးဝူး...   စုန့်စုန့် အဲဒီကောင်လေးကို မကူညီပေးနိုင်ဘူးလား? သူက သနားစရာ ကောင်းလွန်းတယ်!]

[… …]

ကုကျစ်စုန့်၏ စကားများအား ကြားရပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူများလည်း ပွက်လောရိုက်နေခဲ့ကြသည်။

သို့သော် အလံတိုင်ရှေ့တွင် ရပ်နေကြသည့် ကျောင်းသူလေး လေးယောက်မှာတော့ စိတ်ခံစားချက်များ အလွန်အမင်း ရှုပ်ထွေးနေခဲ့ကြသည်။ သူတို့၏ ခံစားချက်ကို မည်သို့ ဖော်ပြရမည်ဆိုတာကိုပင် မသိတော့ချေ။

ဆံပင်တိုလေးနှင့် ကျောင်းသူလေးက ဆက်တိုက်ငိုနေခဲ့ကာ တီးတိုးပြောနေခဲ့သည်။

“ကျွန်မတောင်းပန်ပါတယ်…”

ကုကျစ်စုန့်:

“အခု ဘယ်သူမှ မသေသေးတာကြောင့် ပြန်လည်ပြင်ဆင်လို့ ရသေးတယ်၊ ငါ မင်းတို့ရဲ့ ဖူဂျီစာချုပ်ကို ပယ်ဖျက်ဖို့ ကူညီပေးမယ်၊ ပြီးတော့ အဲဒီကျောင်းသားလေးကိုလည်း ပြန်ဝင်စားလို့ရအောင် ကူညီပေးလိုက်မယ်၊ ယင်စွမ်းအင်အတွက် သိပ်ပြီး ပူပင်ဖို့မလိုဘူး”

“ဒါပေမယ့် ယင်စွမ်းအင်ရဲ့ တိုက်ခိုက်မှုကို ခံထားရပြီးရင် အားနည်းနေတဲ့ ခန္ဓာကိုယ်က အနားယူဖို့ လိုလိမ့်ယ်၊ အဲလိုမှ မဟုတ်ရင် မင်းတို့ရဲ့ ခန္ဓာကိုယ်က ဖျားနာလွယ်တာမျိုး ဖြစ်လာလိမ့်မယ်၊

နောက်ထပ် ဘယ်တော့မှ ဒီလိုဂိမ်းမျိုးကို ထပ်မဆော့ပါနဲ့၊ ပြီးတော့ ဘယ်တော့မှ သေဆုံးပြီးသူတွေကို လှောင်ပြောင်တာမျိုး မလုပ်ပါနဲ့၊

နောက်ပြီး အခု တိုက်ရိုက်ထုတ်လွှင်တာကို ကြည့်နေတဲ့ လူတွေထဲမှာလည်း  သဘာဝလွန်ဖြစ်ရပ်တွေ၊ သရဲတွေ၊ ဘုရားတွေကို မယုံတဲ့လူတွေ အများကြီးပါတာကို ကျွန်မသိတယ်၊

ဒါပေမယ့် သေဆုံးပြီးသူတွေဆိုတာ တစ်ချိန်က ဒီမြေပေါ်မှာ အသက်ရှင်ခဲ့တဲ့ လူသားတွေပဲ၊ ကျေးဇူးပြုပြီးသူတို့ကို လေးစားသမှုရှိပေးကြပါ”

ကျောင်းသူလေးများက ခေါင်းကို ဆက်တိုက်ညိတ်ပြလာကြသည်။

“ကျွန်မတို့ နောက်ကို ဘယ်တော့မှ ဒီလိုမျိုး မလုပ်တော့ပါဘူး!”

ဆံပင်ရှည်လေးနှင့် ကျောင်းသူလေးကလည်း မျက်လုံးများ နီရဲနေဆဲဖြစ်ကာ အသံအက်အက်ဖြင့် ပြောလာသည်။

“ကုကျစ်စုန့်ကျဲကျဲ၊ ကျွန်မတို့တွေ စီနီယာကို တောင်းပန်ဖို့အတွက် တစ်ခုခုလုပ်ပေးနိုင်တာမျိုးရှိနိုင်လား”

ကုကျစ်စုန့် ခေတ္တတွေးလိုက်ပြီး ပြောလာသည်။

“ယေဘုယျအားဖြင့် မြေအောက်ကမ္ဘာမှာရှိတဲ့ ဝိဉာဉ်တွေအတွက် ငွေစက္ကူမီးရှို့မယ်ဆိုရင် သူ့ဆီကို ဖြောင့်ဖြောင့်တန်းတန်းရောက်နိုင်ဖို့အတွက် သူ့ရဲ့ ရာသီခွင်၊ နာမည်၊ ဓာတ်ပုံနဲ့ အသက်ရှိစဉ်တုန်းက အခြားအချက်အလက်တွေ လိုသေးတယ်၊ ဒါပေမယ့် မင်းတို့က အခု ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်ပြီး မင်းတို့ရဲ့ကိုယ်ပေါ်မှာ သူနှင့် ချိတ်ဆက်ထားတဲ့ စာချုပ်ရှိနေတယ်၊

ဖူဂျီနဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ စာချုပ်ကြောင့် မင်းတို့ မီးရှို့လိုက်တဲ့ ငွေစက္ကူနဲ့ တခြားပစ္စည်းတွေက သူ့ဆီကို ပူဇော်ပစ္စည်းအနေနဲ့ တိုက်ရိုက်ရောက်သွားအောင် ကူညီပေးလိမ့်မယ်”

“မင်းတို့တွေ ဒါကိုလုပ်ချင်တယ်ဆိုရင်တော့ တောက်ဘုန်းကြီးကျောင်းတွေကိုသွားလိုက်၊ အဲဒီမှာ ပိုက်ဆံနည်းနည်းလောက်သုံးပြီး ကုသိုလ်ကောင်းမှုအကြောင်းကို သိရှိပြီး လုပ်ကိုင်နိုင်စွမ်းရှိတဲ့ တောက်ကျန့်တစ်ယောက်ကို ရှာပြီး ‘ဘဝအတွက်ကောင်းချီး’ဆိုတဲ့ စာသားနဲ့ ချိတ်ပိတ်ပြီးမှ မီးရှို့ပေးလိုက်ကြ၊

အဲဒါက သူ့ဆီက အငြိုးတရားနဲ့ အမုန်းတရားတွေကို ပယ်ဖျောက်ပေးပြီး မြေအောက်ကမ္ဘာကနေ လူပြန်ဝင်စားဖို့ ကူညီပေးလိမ့်မယ်”

“မင်းတို့မှာ အဆက်အသွယ်မရှိဘူးဆိုရင်လည်း ငွေစက္ကူကောင်းကောင်းဝယ်ပြီး စက္ကူချောင်းနဲ့ မီးရှို့ပေးလို့ရတယ်၊ အဲဒါကလည်း ကြင်နာမှုကို ပြသတာပဲ”

ဤသည်ကို ‘ကျူးရှန်လင်း’ ဟုခေါ်ဆိုပြီး နှုတ်အားဖြင့်ဖြေဖျောက်ခြင်းဟုလည်း ခေါ်သည်။

ဆွေမျိုးမိတ်ဆွေတစ်ဦးတစ်ယောက် ဖျားနာခြင်း၊ကပ်ဆိုက်ခြင်း အစရှိသည်တို့ကြောင့် ရုတ်တရက်သေဆုံးခဲ့ပါလျှင် သူတို့မှာ မသေဆုံးချင်သေးသည့် စိတ်ကြောင့် ငြိမ်းချမ်းစွာ နေရမည်မဟုတ်ဟု ဆိုကြသည်။

ထိုကဲ့သို့ ရုတ်တရက်သေဆုံးရသူများအား စိတ်ဖြေလျော့စေရန် တချို့မိသားစုများက ဘုန်းကြီးများ သို့မဟုတ် တောက်ကျန့်များအား ဖိတ်ခေါ်ကာ သေဆုံးသူအတွက် ‘ဘဝအတွက်ကောင်းချီး’ ဂါထာအား ရွတ်ဖတ်လေ့ရှိကြသည်။

အလွယ်ပြောရလျှင် ဤသည်မှ မြေအောက်ကမ္ဘာတွင် ကောင်းမွန်စွာ ဘဝကူးပြောင်းနိုင်ရန်နှင့် ပြန်လည်ဝင်စားချိန်တွင် မိသားစုကောင်းကောင်းနှင့် ကြုံတွေ့နိုင်ရန် ဆုတောင်းခြင်းသာ ဖြစ်ပေသည်။

ဆရာသခင်၏ ပညာအရည်အသွေးမြင့်လေလေ၊ ကျူးရှန်လင်း၏ စွမ်းအားကောင်းလေလေဖြစ်သည်။ ပုံမှန်အားဖြင့် ထိုကဲ့သို့ ဆရာသခင်မျိုးကို ရှာတွေ့ရန် ခက်ခဲကာ အဖိုးအခလည်း များသည်။

လွန်ခဲ့သော နှစ်များတွင် ကုသိုလ်ကောင်းမှုများပြားခဲ့သည့် လူတစ်ယောက်ရှိခဲ့ပြီး ရွှေနှင့် ကျောက်စိမ်းကဲ့သို့ တန်ဖိုးရှိသော စကားများကို ဆိုတတ်ခဲ့သည်။

ထိုသူ ကျူးရှန်လင်းအား ရွတ်ဖတ်လိုက်ချိန်တွင် သရဲတစ်ကောင်၏ မကောင်းမှုများအား ဖယ်ရှားပေးနိုင်ကာ ငရဲကျ၍ မခံစားစေရတော့ဘဲ ပြန်လည်မွေးဖွားခြင်းစာအုပ်သို့ပင် ချက်ခြင်း စာရင်းဝင်သွားစေနိုင်ခဲ့သည်။

“ကျေးဇူးတင်ပါတယ် ကုကျစ်စုန့်ကျဲကျဲ၊ ကျွန်မတို့ သေသေချာချာမှတ်ထားပါ့မယ်”

ပြန်လည်ကူညီပေးနိုင်မည့် နည်းလမ်းအား သိရပြီးနောက် ကျောင်းသူလေးများ၏ နှလုံးသားများလည်း ပို၍ သက်သောင့်သက်သာ ရှိသွားခဲ့သည်။

တင်ဆက်သူလျို့  မိုက်ကရိုဖုန်းအားကောက်ယူကာ ကင်မရာဘက်သို့ စိုက်ကြည့်၍ပြောလိုက်သည်။

“အဆောင်ထဲမှာ အစုလိုက်သရဲခြောက်ခံရတာကို စုံစမ်းပြီးသွားတဲ့နောက်မှာ လွန်ခဲ့တဲ့ ရှစ်နှစ်က အဖြစ်ဆိုးကြီးကပါ ပေါ်ထွက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ၊

အကူအညီတောင်းခံသူတွေ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကလည်း တစ်ခုပြီးတစ်ခုပေါ်လာခဲ့ပြီ၊  ပြိုင်ပွဲဝင်တွေကလည်း သူတစ်ပါးကို ဝေဖန်အကဲဖြတ်ပြီး၊ နာမည်ဖျက်ချင်ကြတဲ့ လူတွေကြောင့် အဆုံးစီရင်ခဲ့တဲ့ ဖြူစင်တဲ့ ကောင်လေးတစ်ယောက်အကြောင်းကိုလည်း ရှာတွေ့ခဲ့ပါတယ်”

“ကံကောင်းစွာနှင့်ပဲ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင် နံပါတ် (၇) ကုကျစ်စုန့်နဲ့ နံပါတ် (၁) ရှင်းယိချင်းတို့က အကူအညီတောင်းသူတွေကို ကူညီပေးဖို့ ပြောခဲ့ပါတယ်၊

ဒီတော့ ကျောင်းသူလေးတွေရဲ့ ဘဝလည်း အမြန်ဆုံးအေးချမ်းပါစေလို့ မျှော်လင့်ပါတယ်၊  နောက်ဆက်တွဲတုံ့ပြန်မှုအတွက်လည်း ပရိုဂရမ်အဖွဲ့ကို ပြန်ပြီးဆက်သွယ်ပေးမယ်လို့ မျှော်လင့်ပါတယ်”

ကျောင်းသူလေး လေးယောက်ကလည်း ကျေးဇူးတင်စကား ထပ်ပြောကြသည်။

“ဒါရိုက်တာကြီးကိုလည်း ကျွန်မတို့ရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးလို့ ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ကို ဂရုတစိုက် ကူညီပေးခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေနဲ့ ကြည့်ရှုသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”

တင်ဆက်သူလျို့ :

“ကြားဖြတ်ပြိုင်ပွဲ ‘အဆောင်မှ အကူအညီတောင်းခြင်း’ကတော့ ပြီးဆုံးသွားခဲ့ပါပြီ၊ ခုကျောင်းသူလေးတွေကို နည်းနည်းလောက် မေးကြည့်ပါမယ်၊ အခုပါဝင်တဲ့ ပြိုင်ပွဲဝင် လေးယောက်မှာ ဘယ်သူက စွမ်းအားအကြီးဆုံးလို့ ထင်ပါသလဲ??”

နောက်ဆုံးတွင် ကျောင်းသူလေးများမှာ သူတို့ မူလရွေးချယ်ထားသည့် ပြိုင်ပွဲဝင်များကိုသာ ပြန်လည်ရွေးချယ်ခဲ့သည်။

အထူးသဖြင့် ပြိုင်ပွဲဝင်နံပါတ် (၆) ဒေစီကို ရွေးချယ်ခဲ့သည့် ကျောင်းသူလေးသည် အင်မတန် ကျေးဇူးတင်နေသည်။

“ဒေစီကျဲကျဲကိုကို ကျွန်မရဲ့ကိုယ်ပေါ်က ယင်စွမ်းအင်တွေကို ဖယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ အခု အားပြည့်နေသလို ခံစားနေရတယ်၊ ဒီနေ့ကို အမြဲ အမှတ်ရနေမှာပါ”

တင်ဆက်သူလျို့ :

“ဒီနေ့ကတော့ ဒီကြားဖြတ်ပြိုင်ပွဲမှာ အားလုံး ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ပြီး သရေဖြစ်ပါတယ်”

ထိုသို့ ပြောခဲ့သော်လည်း ကြည့်ရှုသူအများစုကတော့ ဤကြားဖြတ်ပြိုင်ပွဲ၏ အဓိကဇာတ်လိုက်မှာ ကုကျစ်စုန့်ဟုသာ တွေးတောနေခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် သူမတစ်ဦးတည်းကသာလျှင် ‘ဖူဂျီ’အစီအရင်၏ တည်ရှိမှုကို သိရှိကာ အခြားကျောင်းသူနှစ်ယောက်ထပ်ရှိသေးကြောင်းနှင့် ကျောင်း၏ ဖုန်းရွှေပြဿနာကိုပါ မြင်နိုင်ခဲ့ခြင်းကြောင့်ပင်။

နေ့လည်ခင်းရောက်ပြီဖြစ်ကာ ပထမအပိုင်းပြီးသင့်သည့် အချိန်ထက်လည်း ကျော်နေပြီဖြစ်သည်ကြောင့် မှတ်ချက်များအား ဖတ်ပြီးချိန်တွင် တင်ဆက်သူမှ ပြိုင်ပွဲ၏ ပထမပိုင်းအား ရပ်နားလိုက်သည်။

“ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့် စကားပြောချိန်ကတော့ အဆုံးသတ်သွားပါပြီ၊ တိုက်ရိုက်ထုတ်လွှင့်မှုရဲ့  အကြည်ဗားရှင်းကိုလည်း မကြာခင်မှာ ပြန်တင်ပေးသွားမှာဖြစ်ပါတယ်၊ အားပေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ဒါဆိုနေ့လည်ခင်းမှာ ပြန်ဆုံကြမယ်!”

နေ့လည်ပိုင်းသည်ကညး စားသောက်အနားယူချိန်ဖြစ်ပြီး အင်တာနက်ပေါ်တွင် လူအရှုပ်ဆုံးချိန်လည်း ဖြစ်သည်။

တစ်မနက်ခင်းလုံး အစီအစဉ်ပြီးစီးသွားသည့်နောက်တွင် အွန်လိုင်းပေါ်ကို ပွတ်ဆွဲရန် ပြန်ရောက်လာကြချိန်တွင် လက်ရှိအချိန်ထိ အင်တာနက်ပေါ်တွင် အပေါက်ကွဲနေဆုံးပို့စ်မှာ မနက်ခင်းအချိန်မှ လင်းဟူတင်ထားသည့် တိုင်ကြားချက်ဖြစ်နေသေးကြောင်းကို တွေ့လိုက်ကြရသည်။

တချို့အင်တာနက်သုံးစွဲသူများက သူမ၏ တိုင်ကြားချက်ပို့စ်က ရှိနေသေးသော်ငြား ဘေးနားမှ ထပ်မံသတင်းပေးသူများ၏ ပို့စ်များကတော့ တိတ်တဆိတ် အဖျက်ခံလိုက်ရပြီဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။

ထိုအဖြစ်အား ရှာတွေ့ခဲ့ကြသည့် အင်တာနက်အသုံးပြုသူများမှာ ဒေါသတကြီးဖြစ်လာခဲ့ကာ လင်းဟူ၏ ပို့စ်ထဲမှ Chat gpအတွင်းရှိ ဘော့စ်များနှင့် screenshot များတွင် ပါဝင်သည့် ထိုကိစ္စများတွင် ပူးပေါင်းပတ်သက်နေသော အင်တာတိန်းမန့်ကုမ္ပဏီတချို့၏ မန်နေဂျာများအား သက်ဆိုင်ရာသို့ ဆက်တိုက်တိုင်ကြားနေခဲ့ကြသည်။

ချင်ကျန်း၏ ဓာတ်ပုံများနှင့် အချက်အလက်များကလည်း ပေါက်ကြားလာပြီး နောက်ထပ်  နောက်ထပ်သော အဖြစ်အပျက်များလည်း ပေါ်ထွက်လာခဲ့သည်။

ဥပမာအားဖြင့် ပြိုင်ဘက်အနုပညာရှင်အား နင်းချေခြင်း၊ အဖွဲ့ဝင်များ စုဆောင်းခြင်းအပြင် တချို့အနုပညာရှင်လေးများ၏ ပြောဆိုချက်အရ လူများအား ထိန်းချုပ်ရန်အတွက် ပုံမှန်မဟုတ်သည့် နည်းလမ်းများကိုပါ အသုံးချကြောင်း ပေါ်ပေါက်လာခဲ့သည်။

ချက်ချင်းဆိုသကဲ့သို့ပင် ချင်ကျန်း၏ စားသောက်ဆိုင်တစ်ခုအတွင် လူအများကြား ပုံပျက်ပန်းပျက် ဖြစ်သွားသည့် ပုံအား စားသောက်ဆိုင်ရှိ ဘေးစားပွဲမှလူများမှ ရိုက်ကူးထားသည့် ဗီဒီယိုများလည်း အင်တာနက်ပေါ်သို့ တက်လာခဲ့လေသည်။

[ရှောင်ကျန်း : ဖြစ်ပုံက ဒီလိုပါ၊ မနေ့ညက ငါတို့သူငယ်ချင်းတွေ စားသောက်ဆိုင်မှာ ညစာစားနေကြတာ၊ အဲဒီဘက်စားပွဲက လူတွေကလည်း ဝိုင်သောက်ပြီး စကားတွေလည်း အကျယ်ကြီးပြောနေကြတာလေ၊

ဒါပေမဲ့ ပြောနေတဲ့ စကားတွေက အောက်တန်းကျပြီး ညစ်ပတ်တဲ့ စကားလုံးတွေချည်းပဲ၊ အဲဒီတုန်းကဆို တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်နေခဲ့ရတယ်၊

အဲဒီမှာ ငါတို့လည်း ပြန်တော့မယ်ဆိုပြီး လုပ်တဲ့အချိန် အဲဒီစားပွဲက လူတွေ ရုတ်တရက်ထအော်သံကြားလိုက်ရရော၊ ငါတို့တွေ လှည့်ကြည့်လိုက်ရော သူတို့ထဲက လူတစ်ယောက်ရဲ့ မျက်နှာကြီးက ဘောလုံးလေလျှော့လိုက်သလို ရှုံ့တွသွားပြီး ဆံပင်တွေလည်း အုံလိုက်ကျွတ်ကျတာလေ! နှစ်မိနစ်လောက်အတွင်းကို ဦးရည်ပြားပါ ပေါ်လာခဲ့တာ!

ငါလည်း ထူးဆန်းလွန်းလို့ ပြန်ပြောရင် ဘယ်သူမှ မယုံလောက်ဘူးဆိုတာ သိလို့  ဗီဒီယိုရိုက်ယူလာခဲ့မိတယ်၊

ဒီမနက်က အိပ်ရာနိုးတော့ ငါနဲ့ ငါ့ကောင်မလေးက ထုံးစံအတိုင်း ထိပ်တန်းရှာဖွေမှုတွေ လျှောက်ကြည့်နေရင်းနဲ့ အဲဒီချင်ကျန်းဆိုတဲ့သူကို မြင်လိုက်ရတော့ ‘နေပါဦး၊ ဒါ မနေ့က တွေ့ခဲ့တဲ့လူမဟုတ်ဘူးလား’ဆိုပြီး  တွေးမိကြတယ်၊ ဒါနှင့် ငါလည်း သက်သေအနေနဲ့ ဒီဗီဒီယိုတင်လိုက်တာ]

ထိုဗီဒီယိုသည်ကား တင်လိုက်ချိန်မှ စ၍ နာမည်ကြီးသွားခဲ့သည်။

နှစ်မိနစ်ခန့်သာ ရှိသော ဗီဒီယိုအတိုလေးတွင် သက်လတ်ပိုင်း အမျိူးသားတစ်ယောက်မှာ အော်ဟစ်နေခဲ့ကာ မျက်နှာနှင့် ဦးခေါင်းအား လက်ဖြင့် အုပ်ကိုင်ထားသည်။

သူ၏ လက်ချောင်းများကြားမှ  အသားအရည်များက ခြောက်သွေ့ရှုံ့တွကာ ချက်ချင်းအိုမင်းလာနေသည်ကို သာမန်မျက်လုံးနှင့်ပင် မြင်နိုင်နေခဲ့သည်ပင်။

ထိုဗီဒီယိုအတွင်းမှ အော်ဟစ်သံများနှင့် ထွက်ပြေးကြသည့် လူများကြောင့် ၎င်းမှာ အထူးပြင်ဆင်ရိုက်ကူးထားသည့် သရဲဇာတ်လမ်းဖြင့်ပင် ဆင်တူနေတော့သည်။

အင်တာနက်သုံးစွဲသူများကတော့ ထိုဗီဒီယိုကိုကြည့်မိရုံနှင့်ပင် ထိတ်လန့်သွားခဲ့ကြရသည်။

[ဘုရားရေ! ကြောက်စရာကြီးပဲ!  ငါ့လို ဘာမှမသိတဲ့သူအတွက်တောင် ဒါကြီးက ပုံမှန် မဟုတ်ဘူးဆိုတာကို မြင်နိုင်တယ်?!]

[ခုနက ကပ်ရပ် ပို့စ်တစ်ခုကိုမြင်လိုက်တယ်၊ ချင်ကျန်းရဲ့ အရင်က လက်ထောက်က ပြောခဲ့တာ၊ သူအရင်တုန်းက ချင်ကျန်းရဲ့လက်ထောက်လုပ်တုန်းက အဲဒီလူမှာ ကိုယ်ဝန်ရှိနေတဲ့ ဇနီးသည်တစ်ယောက်ရှိတယ်တဲ့၊

နောက်ကျတော့ ဘာကြောင့်မှန်းတော့ မသိဘဲ အဲဒီဇနီးသည်က ရုတ်တရက်ပျောက်သွားတယ်လို့ပြောတယ်၊ ဒါပေမယ့် သူက မမေးရဲဘူးတဲ့၊

နောက်ကျ သူလည်း ချင်ကျန်းနဲ့ စိတ်သဘောထားကွဲလွဲပြီး အလုပ်ထွက်စာတင်ဖို့ လုပ်ခဲ့တာ၊ အဲဒီကနေ ထွက်ပြီးတော့ ရက်တော်တော်ကြာအောင် ကံဆိုးနေခဲ့တယ်ဆိုပဲ၊

နောက်ကျတော့ ကားအက်ဆီးဒင့်ပါဖြစ်ပြီး သေလုနီးပါး ဖြစ်ခဲ့တာတဲ့၊ ဒါနှင့် အိမ်ကိုပြန်ရောက်ပြီးတော့ သူလည်း ဘုန်းတော်ကြီးတစ်ပါးဆီသွားပြီး အကူအညီတောင်းခဲ့တယ်၊

အဲဒီမှာ ဘုန်းတော်ကြီးပြောတာက သူ့ကို ကလေးသရဲလေးက လိုက်ခြောက်နေတာတဲ့!!]

[ဘုရားရေ၊ ကိုယ်ဝန်ရှိနေတဲ့ မိန်းမက ရုတ်တရက်ပျောက်သွားတယ်၊ နောက်တော့ လက်ထောက်က ကလေးသရဲခြောက်တာခံရတယ်! အခုကျ သူကလည်း ဒီလိုပုံပျက်ပန်းပျက်ကြီးဖြစ်သွားရတယ်၊ ဆိုတော့... ဒါကတော့ လူတွေ အတွေးလွန်နေတာ မဟုတ်တော့ဘူးနော်!]

[ဒီပြိုင်ပွဲအကြောင်း နည်းနည်းပဲသိတယ်ဆိုရင်တောင် ပြောနိုင်တာတစ်ခုတော့ရှိတယ်၊  ဒီလူက မကောင်းတာတစ်ခုခုကို မွေးထားပြီး တန်ပြန်တိုက်ခိုက်ခံရတာပဲ!]

အင်တာနက်ပေါ်တွင် ဆူညံပွတ်လောရိုက်နေကြပြီးနောက် တာဝန်ရှိသူများကလည်း ဗီဒီယိုကို ယခုထက်ပိုပြီး ဆိုးရွားမှုမဖြစ်စေရန် ဖျက်ချလိုက်ကြသည်။

သို့သော် ထိုဗီဒီယိုမှာ သူငယ်ချင်းများကြားနှင့် သီးသန့် group များထဲတွင် လည်ပတ်နေဆဲပင်ဖြစ်ပေသည်။

ပြဿနာများ အနည်းငယ်သွေးအေးသွားသည့်အချိန်တွင် ‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ ပထမပိုင်းကလည်း ပြီးဆုံးကြောင်း ကြေငြာလိုက်ခြင်းဖြစ်သည်။

ကြားဖြတ်ပြိုင်ပွဲ၏ အရေးကြီးနေရာများအား မှတ်တမ်းပြန်ယူထားသည့် ကြည့်ရှုသူများက ပြန်လည်မျှဝေလာခဲ့ကြသည်။

အိပ်ဆောင်တွင်းမှ ခြောက်လန့်မှုများ၊ နောက်ဆုံးအချိန်တွင် သိလိုက်ရသည့် ကြင်နာသနားသည့် နွေးထွေးမှုတို့သည် #ဝိဉာဉ်ရေးရာအစီအစဉ်ကြားဖြတ်အစီအစဥ်# အား ထိပ်တန်းရှာဖွေမှုများသို့ ရောက်ရှိသွားစေခဲ့သည်။

တချို့အင်တာနက်သုံးစွဲသူများမှ အကူအညီတောင်းသည့် ကျောင်းသူလေးများ တက်ရောက်နေသည့်‌ ကျောင်းအား ဖော်ထုတ်လိုက်ကြသည်။

ထိပ်တန်းရှာဖွေမှုအား မြင်လိုက်ရသည့် လူအများအပြားသည်လည်း ကျောင်းဖိုရမ်သို့ ရောက်ရှိလာကာ ထိုပို့စ်အဟောင်းအား ပြန်လည်မျှဝေခဲ့ကြတော့သည်။

မကြာလိုက်ပါချေ၊ ထိုပို့စ်တွင် မှတ်ချက်များ ထောင်သောင်းချီသွားခဲ့တော့သည်။

အစီအစဉ်အား ကြည့်ရှုပြီးသည့် ကျောင်းသူလေးများ၏ အတန်းဖော်များမှလည်း ကျောင်းသူလေးများ ပြောသမျှသည် အမှန်ဖြစ်ကြောင်းနှင့် ကျောင်းတွင်းပျံ့နှံ့နေသည့် ဇာတ်လမ်းများအကြောင်းကို အတည်ပြုပေးခဲ့ကြသည်။

*

All Chapters