← Chapters

လေမိုးကြိုးကင်းမြီးကောက် ၁

Vol. 17 Ch. 163

လေမိုးကြိုးကင်းမြီးကောက် ၁

Vol. 17 Ch. 163

နာကျင်စွာ အော်ဟစ်သံသည် ကောင်းကင်သို့တိုင် ပျံ့လွင့်သွား၏။ စုချန်းတစ်ယောက် ဤကဲ့သို့ လှုပ်ရှား လာလိမ့်မည်ဟု ပိုင်ယိဟုန် လုံးဝ မျှော်လင့်မထား။ သို့သော် ပိုင်ယိဟုန်ကလည်း ငြိမ်ခံနေသည်တော့ မဟုတ်။ မိမိ၏လက်ညှိုး အချိုးခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ယပ်တောင်ဖြင့် စုချန်းကို လှမ်းထိုးလိုက်၏။

စုချန်းကား နောက်ဆုတ်ခြင်းမရှိ။ ထိုအစား သူက အကာအကွယ် အလွှာကို နှိုးဆွကာ သူ့ကိုယ်သူ ကာကွယ်လိုက်၏။ ပိုင်ယိဟုန်၏ ယပ်တောင်သည် အကာအကွယ်ကိုသာ ထိုးမိသွားပြီး တောက်ပသော အလင်းရောင်တန်းများ ပေါ်ထွက် လာတော့သည်။ သို့သော် သူက လက်လျှော့ခြင်း မရှိဘဲ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ကောင်းကင်ယံမှ အသံတသံ ထွက်ပေါ်လာ၏။

“ရပ်လိုက်စမ်း နဂါးကျောင်းတော်မှာ အချင်းချင်း ခိုက်ရန် ဖြစ်ပွားတာကို တားမြစ်ထားတယ်”

အချိုးခံလိုက်ရသော လက်ချောင်းမှ နာကျင်မှုက ပိုင်ယိဟုန်၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ပျောက်ဆုံးသွားစေ၏။ သူသည် အလွန်အမင်း ဒေါသထွက်နေခဲ့ပြီ ဖြစ်လေရာ ကျောင်းတော်၏ အမိန့်ကို အဘယ်မှာ နာခံနိုင်တော့မည်နည်း။ ထိုအခါ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ခွေးမသား မင်းကများ ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲသလား သတ်မယ် မင်းကို ငါသတ်ပစ်မယ်ကွ”

ထိုအချိန်တွင် စုချန်း၏ အကာအကွယ်သည် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ပိုင်ယိဟုန်သည် ယပ်တောင်ကို ဝေ့ယမ်းပြီး စုချန်းကို ပြင်းထန်စွာ ထိုးနှက်လာ၏။ သို့သော် စုချန်းကား အနည်းငယ်မျှပင် ရှောင်တိမ်းခြင်းမပြု။ ပိုင်ယိဟုန်၏ ယပ်တောင် သူ့ကိုယ်ခန္ဓာပေါ်သို့ ကျရောက်လာမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းလျက် ရှိသည်။

“တယ်လဲ ရဲတင်းတဲ့ အကောင်ပါလား”

အသံသည် ပြန်လည် ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင်ကား အသံရှင်သည် အနည်းငယ် ဒေါသ ထွက်လာဟန်ပေါ်၏။ သူ့အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။ စကားအဆုံးဝယ် တောက်ပသော အလင်းရောင် ကန့်လန့်ကာကြီးတစ်ခု ထိုးကျလာသကဲ့သို့ ထင်ရသည်။ ကောင်းကင်ပေါ်တွင်ကား အလင်းရောင်တန်းများသည် သက်တံကြီးသဖွယ် ဖြစ်ပေါ်နေ၏။ သက်တံရောင် အလင်းစက်မှုန်များသည်ကား လေထဲတွင် ပေါလောပေါ် နေကြလေသည်။

ပိုင်ယိဟုန်သည် လေထဲသို့ လွင့်စဉ်သွား၏။ သူ့ပါးစပ်မှလည်း သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်သည်။ သူ၏ တိုက်ခိုက်မှုသည် အလင်းရောင်တန်းများ ကြားဝယ် တိုးဝင် ပျောက်ကွယ်သွားသလို မိမိ၏ အင်အားကို ပြန်လည် ထိန်းချုပ်နိုင်ခြင်း မရှိသောကြောင့် ပိုင်ယိဟုန်တစ်ယောက် ကိုယ်အတတ်ကိုယ်စူးကာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

အသံက ပြန်လည် ထွက်ပေါ်လာပြန်သည်။

“ငါက ရပ်ဆိုရင် ရပ်လိုက်ပေါ့ ခုတော့ မင်းက ငါ့ရဲ့တိုက်ရိုက် အမိန့်ကိုတောင် ဖီဆန်ရဲတယ် သေချင်လို့လား နဂါးကျောင်းတော်မှာ အချင်းချင်း ခိုက်ရန် ဖြစ်ပွားတာမျိုးကို တင်းကျပ်စွာ တားမြစ်ထားတယ် ခုတော့ မင်းက စတိုက်တဲ့အတွင် ၁၀ မှတ် အနုတ်ခံရမယ် ငါ့အမိန့်ကို ဖီဆန်တဲ့အတွက် နောက်ထပ်အမှတ် ၂၀ နဲ့ အချုပ်ခန်းထဲမှာ တစ်ရက် နေရလိမ့်မယ်”

“ဘာ”

ပိုင်ယိဟုန် ကြက်သေသေ သွား၏။ သူက စုချန်းကို လက်ညှိုးထိုးရင်း အော်ဟစ်လိုက်သည်။

“သူကျတော့ကော ဘာမှ အပြစ်ပေးမခံရဘူးလားဗျ”

“ငါ့မျက်လုံးထဲမှာတော့ မင်းပဲ တိုက်ခိုက်ပြီး သူကတော့ ငြိမ်ခံနေတာပဲ တွေ့တယ် ဘာလဲ ငါမှားတယ်လို့ မင်းက ပြောချင်နေတာလား”

“သူ ငြိမ်ခံနေတယ် ဟုတ်လား”

ပိုင်ယိဟုန်က စိတ်ဆိုးမာန်ဆိုးနှင့် အရူးတစ်ယောက်ပမာ အော်ဟစ်လိုက်သည်။

“တကယ်တော့ သူကအရင် စလုပ်တာဗျ ကျုပ်လက်ကို သူချိုးလိုက်တာလေ”

“ငါ စမြင်တာတော့ မင်းကချည်း ငါ့အမိန့်ကို ဖီဆန်ပြီးတော့ သူ့ကို တိုက်ခိုက်နေတာပဲ ဒီအတောအတွင်းမှာ ကိုယ့်လက်ညှိုးကို ပြန်ချိုးမိတာကော မဖြစ်နိုင်ဘူးလား၊ တယ်လည်း အသုံးမကျတဲ့ ကောင်ပဲကွ”

ပိုင်ယိဟုန်သည် ကြိတ်မနိုင် ခဲမရဟန်ပန်ဖြင့် ဆက်လက် ငြင်းခုန်ရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက်မှာပင် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး လေထုအတွင်းမှ လက်တစ်ဖက်သည် ပိုင်ယိဟုန်အား ဖမ်းချုပ် ခေါ်ယူသွား၏။ ထိုအခါ စုချန်းက ကောင်းကင်ကို မော့ကြည့်ရင်း လေးစားသော အမူအရာနှင့် ပြောလိုက်သည်။

“တရာမျှတတဲ့ ဆုံးဖြတ်ချက်အတွက် ကျေးဇူးအများကြီး တင်ပါတယ် ဆရာ”

အသံတသံက စုချန်း၏ နားအတွင်းသို့ တိုးဝင်လာ၏။

“နောက်တစ်ခါ ပြဿနာ မဖြစ်စေနဲ့ဟေ့ ဒီတစ်ခါတော့ ဂျီဟန်းယင်ရဲ့ မျက်နှာနဲ့ မင်းကို ကူညီပေးလိုက်မယ်၊ ဒါပေမဲ့ တစ်ခါပဲ နောက်တစ်ခါ ဒီလို မရတော့ဘူး”

စုချန်းက ပြုံးလိုက်သည်။

“ကျွန်တော့အနေနဲ့ ဆရာ့ကို မျက်နှာမပျက် စေချင်ပါဘူး၊ ခင်ဗျာ ဒါကြောင့် ကျွန်တော့ဆီကလည်း ၁၀ မှတ် နုတ်လိုက်ပါ”

အထက်ပါ ပြောဆိုပြီးသည်နှင့် သူ့တွင် ထောက်ပံ့အမှတ် ၁၀ မှတ် ဆုံးရှုံးသွားပြီဟု စုချန်းက မှတ်ယူပြီး ဖြစ်သည်။ အနီရောင် ပြစ်ဒဏ်ကို သုံးကြိမ်တိုင်တိုင် ခံယူပြီးနောက် စုချန်းသည် အရေးကြီးသော ဥပဒေသ တစ်ခုကို နားလည်လာခဲ့၏။ ၎င်းမှာ သူ့အနေနှင့် အပြစ်ဒဏ်ကို ခံယူနိုင်စွမ်း တိုးမြင့်လာသည်နှင့်အညီ တချို့ စည်းမျဉ်း ဥပဒေများကို ဖောက်ဖျက် ကျူးလွန်ခြင်းမှာ ပြဿနာမရှိတော့ ဟူသော ဥပဒေသဖြစ်သည်။ နဂါးကျောင်းတော်တွင် ပြစ်မှုကျူးလွန်သော ကျောင်းသားများအား အမှတ်ဖြတ်ခြင်းဖြင့် အပြစ်ပေးတတ်သည် ဆိုပါက သူလိုအပ်သည်မှာ ရမှတ်များ ပိုမို စုဆောင်းထားရန်သာ ဖြစ်သည်။

ထိုအခိုက်မှာပင် အသံက ပြန်လည် ထွက်ပေါ် လာပြန်သည်။

“ဟဲ ဟဲ ဒီလောက် ပြဿနာလေးနဲ့ ငါက ဘာမျက်နှာပျက်စရာ ရှိသလဲကွ ထားလိုက်စမ်းပါကွာ မင်းအမှတ်တွေ ဒီကောင်ဟာ ဂျီဟန်းယင်နား တကပ်ကပ်နဲ့ ဒုက္ခပေးနေတာ အတော်ကြာပြီ၊ ဒါကြောင့် မင်းရဲ့ လက်ကိုငှားပြီး ဒီကောင့်ကို နည်းနည်းပါးပါး ပညာပေးလိုက်တဲ့ သဘောပဲ ဟဲ ဟဲ ဟဲ”

ကြည့်ရသည်မှာ ဂျီဟန်းယင်၏ ဆရာဖြစ်သူ အနှီ အဘိုးကြီးသည် သူ့တပည့်အား အစဉ်တစ်စိုက် လိုက်လံ နှောင့်ယှက်နေသူ ပိုင်ယိဟုန်အား ဆုံးမရမည့် နည်းလမ်းကို ရှာဖွေနေခဲ့သည်မှာ အတော်ပင် ကြာမြင့်နေခဲ့ပုံပေါ်၏။ စုချန်း စဉ်းစားနေခိုက်မှာပင် အသံရှင် အဘိုးကြီးသည် ထူးဆန်းသော ရယ်သံတစ်ချက်ပြုပြီး ပျောက်ကွယ် သွားတော့သည်။

သို့သော်ငြားလည်း နဂါးကျောင်းတော်တွင် အဘိုးကြီး ကဲ့သို့သော ပုဂ္ဂိုလ်မျိုး၏ စောင့်ကြည့်ခြင်းမှ လွတ်မြောက်နိုင်သော နေရာမရှိကြောင်း စုချန်းတစ်ယောက် တိတိကျကျ သိရှိခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ ထိုပုဂ္ဂိုလ်မျိုးတို့၏ အဆင့်အတန်းက မြင့်မားလှပေရာ ကျောင်းတော် ကိုယ်တိုင်က တချို့နေရာများတွင် သူတို့အား မှီခိုအားထား နေရသော သဘောတွင် ရှိ၏။

ပိုင်ယိဟုန်၏ကိစ္စ ရှင်းလင်းသွားပြီ ဖြစ်သဖြင့် စုချန်းက ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် ပိုင်ယိဟုန်၏ အစေခံဖြစ်သူကို စုချန်း မြင်တွေ့လိုက်၏။ သခင်ဖြစ်သူ ချုပ်နှောင်ခံထား ရသော်လည်း ဤအခြေအနေထိ ဆိုက်ရောက်လာအောင် သွေးထိုးပေးခဲ့သော အစေခံမှာကား အပြစ်ပေးခံရခြင်း မရှိပေ။ အထက်ပါအတိုင်း စဉ်းစားမိသည်နှင့် စုချန်း ဒေါသထွက်လာ၏။ ထိုအစေခံသည် အကင်းပါးသူ ဖြစ်လေရာ အခြေအနေ မဟန်မှန်း ချက်ချင်း သိရှိလိုက်ပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။

“မင်းကို သွားလို့ရပြီလို့ ငါ ပြောသေးလို့လား”

ပြောပြောဆိုဆို စုချန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ များပြားလှသော လေလှိုင်းရေဘဝဲ လက်တံများ ပေါ်ပေါက်လာပြီး ထိုအစေခံကို ချုပ်နှောင် လိုက်တော့သည်။ ထို့နောက် သူသည် ၎င်းကို သူနှင့်အတူ တစ်ပါတည်း ခေါ်ဆောင်သွားခဲ့၏။ ၎င်းသည် နဂါးကျောင်းတော်၏ ကျောင်းသား မဟုတ်လေရာ ကျောင်းစည်းကမ်းသည် ၎င်းအပေါ် သက်ရောက်ခြင်းမရှိ။ လူတယောက်ကို ထမ်း၍ ဝင်လာသော စုချန်းကို တွေ့သောအခါ သံမဏိ အလွန် အံ့သြသွား၏။ ထို့နောက် သူက မေးလိုက်သည်။

“သူက ဘယ်သူတုန်း သခင်”

“ငါလည်း မသိဘူးကွ သိစရာလည်း မလိုပါဘူးကွာ”

စုချန်းက အရေးမစိုက်သော ဟန်ပန်နှင့် ပြောလိုက်သည်။

“စားပွဲခုံပေါ်မှာ တင်ထားတဲ့ ဆေးပုလင်းထဲက ဆေးရည်တွေကို ဒီကောင့် ပါးစပ်ထဲ လောင်းထည့်လိုက်စမ်းဟေ့ သံမဏိ”

“ကြံံ့ခိုင်ခြင်းဆေးရည်ကို ပြောတာလား သခင် သူက မအောင်မြင်သေးဘူးလေ”

“မအောင်မြင်သေးလို့ပဲ တမင် သောက်ခိုင်းတာပေါ့ သံမဏိရဲ့ ဒါမှ ဘယ်နေရာမှာ မှားယွင်းနေသလဲ ဆိုတာ ငါတို့ ရှာတွေ့မှာပေါ့”

“နားလည်ပါပြီသခင်”

ပြောပြောဆိုဆို သံမဏိသည် ပိုင်ယိဟုန်၏ အစေခံကို ဂုတ်မှမကာ စားပွဲခုံဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။

ကြံ့ခိုင်ခြင်း ဆေးရည်ဟူသည် တစ်စုံတစ်ယောက်၏ အရေပြားကို ကြမ်းတမ်းမာကျော လာစေရန် ပြုလုပ်ပေးသည် ဆေးတစ်မျိုး ဖြစ်သည်။ ၎င်းကို ကိုယ်ခန္ဓာ သန့်စင်ခြင်း နည်းစနစ်၏ ဖြည့်စွက်ဆေးဟုလည်း သတ်မှတ်နိုင်သည်။ ကြံ့ခိုင်ခြင်းဆေးရည် အောင်မြင်စွာ ဖော်စပ် သန့်စင်နိုင်သူအား တရားဝင် အဂ္ဂရတ်ဗေဒပညာရှင် တစ်ဦးဟု သတ်မှတ်လေ့ ရှိကြ၏။

စုချန်းသည် ဤပညာရပ်တွင် နဂိုကတည်းက ပါရမီပါလသလို လအတန်ကြာ တစ်စိုက်မတ်မတ် လေ့လာခဲ့ပြီး ဖြစ်သည်။ ထို့ပြင် သူသည် ရှင်သန်ခြင်း ကျောင်းတော်၏ အထောက်အပံ့ကိုလည်း ရယူနိုင်ခဲ့လေရာ တိုးတက်မှုမှာကား အံ့မခန်း မြန်ဆန်လှသည်။ သို့တိုင်အောင် ကြံ့ခိုင်ခြင်းဆေးရည် ဖော်စပ်နည်းမှာ ရှုပ်ထွေးလှသောကြောင့် ယခုအချိန်ထိ အောင်မြင်မှုမရရှိသေး။

မူလကမ္ဘာကြီးဝယ် ဆေးတစ်မျိုး ဖော်စပ်ဖို့ ဆိုသည်မှာ ပါဝင်ပစ္စည်းများကို ရောနှော ပေါင်းစပ်ပေးရုံနှင့် ပြီးသည်မဟုတ်။ အဆင့်မြင့် ဆေးဝါးတိုင်းလိုလိုတွင် ကိုယ်ပိုင် ဖော်စပ်ပုံနည်းလမ်းများ ရှိကြကုန်၏။ ထိုအထဲတွင်မှ ဆေးစွမ်းအားကို နှိုးဆွရန်နှင့် ပါဝင်ပစ္စည်းများ အချိုးကျနစွာ ပေါင်းစပ်နိုင်စေရန် တည်ငြိမ်သော မူလစွမ်းအင် စီးဆင်မှုမျိုး ဖြစ်ပေါ်နေရန် လိုအပ်၏။ ပြီးပြည့်စုံသော ဆေးတစ်ဖုံ ရရှိစေရန် ဆေးဖော်စပ်သူသည် ဓာတ်ပြုမှုများကို ဂရုတစိုက် ထိန်းချုပ်ထားရမဲ့အပြင် အချိန်ကိုလည်း တိတိကျကျ သတ်မှတ်ထား ရပေလိမ့်မည်။

ကြံ့ခိုင်ခြင်းဆေးရည်ကို ဟန်ချက်ညီစေရန်နှင့် ပေါင်းစပ်နိုင်စေရန် အခြေခံလိုအပ်ချက် သုံးမျိုးရှိ၏။ ထိုသုံးမျိုးတွင် တစ်မျိုးသာ ချို့ယွင်းနေပါက ဆေးရည်သည် မအောင်မြင်နိုင်တော့ပေ။ စိတ်ရှပ်စရာ အကောင်းဆုံးမှာ မည်သည့်နေရာတွင် မှားယွင်းနေကြောင်း ဖော်ထုတ်ရန် အထူးပင် ခဲယဉ်းခြင်းဖြစ်သည်။ ယခုတော့ ပိုင်ယိဟုန်၏ အစေခံကို လက်တွေ့ စမ်းသပ်လိုက်ခြင်းအားဖြင့် မည်သည့်နေရာတွင် မှားယွင်းကြောင်း ဖော်ထုတ် နိုင်ပေတော့မည်။

“ဒီကောင် ဆေးတော့ သောက်ပြီးပြီ သခင်”

သံမဏိက စုချန်းအား သတင်းပို့လာ၏။

“လောလောဆယ်တော့ ဒီကောင် ထောင့်တစ်ထောင့်မှာ ထိုင်ပြီး ဘာတွေ အော်နေသလဲ မသိဘူး သခင် ဘာတဲ့ သူဟာ လေနတ်ဘုရားတောင်တော် ချန် မိသားစုကဆိုပဲ သူ့ကို ဒါမျိုးလုပ်ပြီး ပြန်ပေးရမတဲ့ ခင်ဗျ ... ”

“ချန်မျိုးနွယ်တဲ့လား ပိုင်မျိုးနွယ် မဟုတ်ဘူးလား ဘာလဲကွ သံမဏိ မင်းက ကြောက်လို့လား”

စုချန်းက ရယ်ကာမောကာနှင့် မေးလိုက်သည်။

“မဟုတ်ပါဘူး သခင်”

သံမဏိက တည်ငြိမ်သော လေသံနှင့် ပြောလိုက်သည်။

“ကျွန်တော်ဟာ သခင့်ဆီမှာ တစ်သက်လုံး အလုပ်အကျွေးပြုဖို့ သစ္စာဆိုထားပြီးသားပါ သခင်ခိုင်းတာ ဘာမဆို ကျွန်တော် မငြင်းမဆန်ဘဲ လုပ်မှာပါ၊ ဒါပေမဲ့ သခင့်အတွက်တော့ ကျွန်တော် စိတ်ပူမိပါတယ် ခင်ဗျား ကျွန်တော့အထင် တော်ဝင်မျိုးနွယ်စုတွေကို အလွယ်တကူ ရန်မစသင့်ပါဘူး”

“အလွယ်တကူ ရန်မစသင့်ဘူး ဟုတ်လား”

စုချန်းက တီးတိုးရေရွတ် လိုက်သည်။ သူ့မျက်လုံးထဲတွင် ပိုင်ယိဟုန်၏ မောက်မာဝင့်ကြွားလွန်းသော ပုံသဏ္ဌာန်ကို မြင်ယောင်လာ၏။ ထိုလူစားမျိုးသည် ဤကမ္ဘာပေါ်တွင် အလွန်ပင် ပေါများ လှချေသည်တကား။ ထိုခနမှာပင် စုချန်း၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား၏။ သူက ပြောလိုက်သည်။

“သံမဏိရေ တကယ်တော့ ငါဟာ ကိုယ်ပိုင်နည်းပြတစ်ယောက် ရှာဖွေနေတာကွ”

သံမဏိ၏ မျက်ခုံးနှစ်ဖက်က အပေါ်သို့ မြင့်တက်သွားသည်။

“ကိုယ်ပိုင်းနည်းပြ ဟုတ်လား သခင် သိပ်ကိုကောင်းမွန်တဲ့ အစီအစဉ်ပါပဲခင်ဗျာ ဆရာကောင်းကောင်း တစ်ယောက်သာ ကျောထောက်နောက်ခံ ရှိထားရင် တော်ဝင်မျိုးနွယ်စုဝင်တွေဟာ အလွယ်တကူ ရန်စရဲကြတော့မှာ မဟုတ်ဘူး၊ ဒါနဲ့ သခင်ရွေးထားတဲ့ နည်းပြက ဘယ်သူတုန်းဗျ”

စုချန်း မျက်မှောင်ကုတ် သွားသည်။ သူ နည်းပြဆရာ ရှာဖွေနေခြင်းသည် တော်ဝင်မျိုးနွယ်စုများ၏ အန္တရာယ်ကို ကြောက်ရွံ့နေ၍ မဟုတ်ပေ။

နောက်ဆုံးတွင် စုချန်းက သံမဏိကို ပြောလိုက်၏။

“ငါ လိုချင်နေတဲ့ နည်းပြဆရာရဲ့ နာမည်ကတော့ ရှီကိုင်းဟွမ်လို့ ခေါ်တယ်ကွ”

All Chapters