← Chapters

တပည့်ခံယူခြင်း

Vol. 17 Ch. 170

တပည့်ခံယူခြင်း

Vol. 17 Ch. 170

စုချန်းသည် ကျောက်တုံးအိမ်လေးသို့ နောက်တစ်ကြိမ် ပြန်သွားပြန်၏။ ဤတစ်ကြိမ်တွင်ကား သူ့ပုံစံသည် ယခင်ကထက်ပို၍ တည်ငြိမ်လာဟန် ရှိသည်။ မိမိကိုယ် ယုံကြည့်မှု လွန်ကဲခြင်း နေရာတွင် လေးစားခြင်း၊ ကြည်ညိုခြင်းတို့က အစားထိုး ဝင်ရောက်လာဟန် ရှိသည်။

ရှီကိုင်းဟွမ်သည် ရေကန်ဘေးတွင် ထိုင်၍ စိတ်အေးလက်အေးနှင့် ငှားမျှားနေ၏။ သူ၏ ငါးမျှားပုံမှာကား အဆန်း။ ငါးမျှားတံ၏ ထိပ်တွင် ငါးမျှားချိတ်ရှိရမည့်အစား မူလစွမ်းအင် အစုအဝေး တစ်ခုသာ ဖြစ်ပေါ်နေသည်။ သူသည် ထိုငါးမျှားချိတ်တွင် ရေထဲတွင် နစ်မြှုပ်ထားလိုက်သည်။ အတန်ကြာသော် မူလစွမ်းအင် အစုအဝေးမှ ငါးဖမ်းပိုက်သဖွယ် လိုင်းကလေးတခု ဖြစ်ပေါ်လာပြီး ငါးများမှာ ထိုလိုင်း၏ ပတ်ပတ်လည်တွင် စုဝေးလာကြ၏။ အနီးသို့ ရောက်သည်နှင့် မူလစွမ်းအင်လိုင်းမှ ငါးများအား ဆွဲဆောင်နေသည့် ထူးခြားသော အနံ့အသက် တစ်မျိုးကို စုချန်း ရရှိလိုက်သည်။ အဘိုးအို၏ မူလစွမ်းအင်သည် ထိုအနံ့မျိုးကိုပင် ထုတ်လွှတ်နိုင်စွမ်း ရှိချေသည်တကား။

စုချန်းသည် ခပ်လှန်းလှန်းမှ နေ၍ အဘိုးအို ရှီကောင်းဟွမ်ကို ရိုသေလေးစားစွာ ဦးညွှတ်ပြီး ပြောလိုက်၏။

“စုချန်းက ဆရာကြီးကို နှုတ်ခွန်းဆက်ပါတယ် ခင်ဗျာ”

ရှီကောင်းဟွန်ကား ခေါင်းပင် မော့မလာ။

“ဒီတခါကော ဘာတွေများ လုပ်ပြဦးမလို့လဲ ကောင်လေး”

စုချန်းသည် အတော်လေး ကြာအောင် တိတ်ဆိတ် ငြိမ်သက်သွား၏။ ထို့နောက် သူက ပြောလိုက်သည်။

“ပထမတစ်ကြိမ် ဆရာကြီးနဲ့ တွေ့တော့ ကျွန်တော်ဟာ မိန်းကလေး တစ်ယောက်ကြောင့် အရူးတစ်ယောက်လို ခံစားနေခဲ့ရတယ် ရယ်စရာကောင်းတဲ့ သစ္စာတခုကို ဆရာကြီးရှေ့မှာ ဆိုခဲ့မိတယ် ... ”

ဤတကြိမ်တွင် စုချန်းသည် မည်သည့် မူလစွမ်းရည်ကိုမှ ထုတ်ဖော်ပြသခြင်း မရှိသလို ရှီကောင်းဟွမ်ကို ဖော်လန်ဖားခြင်းလည်း မရှိ။ သူတို့နှစ်ယောက် စတင် ကြုံတွေ့ခဲ့ရပုံကို အသေးစိတ် ရှင်းလင်း ပြောကြားနေလေရာ ရှီကိုင်းဟွမ် ကိုယ်တိုင်ပင် အံ့သြသွား၏။ သို့သော် ရှီကောင်းဟွမ်ကား အံ့သြခြင်းကို မပြ။ သူ့ကိုကြည့်ရသည်မှာ ရေကန်ထဲမှ ငါးများကိုသာ အာရုံစိုက်နေဟန် ရှိ၏။

“ဒါကြောင့်မို့လိုလည်း ကျွန်တော်ဟာ ဆရာကြီးရဲ့ ဆူပူမှုကို ပထမဆုံးအကြိမ် ခံခဲ့ရတယ် ဒါပေမဲ့ ဒီလို ဆူပူမှုကြောင့်ပဲ ကျွန်တော် အိပ်မက်က လန့်နိုးလာခဲ့ရတယ် နောက်တော့ ကျွန်တော် နားလည်လာတာက ကျွန်တော်တို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ အစမကောင်းခဲ့ဘူး ဆိုတာပါပဲ ဆရာကြီး စိတ်ထဲမှာ ကျွန်တော်ဟာ ကိုယ်စားနိုင်တာထက် ပိုပြီး ကိုက်ဖို့ ကြိုးစားနေတဲ့ သတ္တဝါမျိုးလို့ ယူဆနေမှန်း၊ ဒီအဓိဌာန်ကိုလည်း သက်သက်မဲ့ မာနထောင်လွှားပြီး အပျော်ရွတ် လိုက်တာပါလို့ ထင်နေမှန်း ကျွန်တော် သိပါတယ်”

ရှီကိုင်းဟွမ် မျက်မှောင်ကုတ်လာ၏။

“အမှန်အတိုင်း ပြောရရင် အဲဒီအခိုက်အတန့်မှာ ဖြစ်ပေါ်လာတဲ့ စေ့ဆော်မှု တစ်ခုကြောင့်သာ ဒီလို အဓိဌာန်သစ္စာမျိုးကို ရေရွတ်လိုက်မိပေမဲ့ ဒီအိပ်မက်ကြီးကို အကောင်အထည် ပေါ်လာအောင် လုပ်နိုင်မဲ့ စွမ်းရည်မျိုး ကျွန်တော့မှာ မရှိပါဘူး ဆရာကြီး ဒီလို စွမ်းရည်မျိုး မရှိမှတော့ အဆုံးမရှိတဲ့ တွင်းနက်ကြီးထဲကို ခုန်ချဖို့ ကျွန်တော့အနေနဲ့ ဘယ်လို အကြောင်းတရားမှ ရှိမနေဘူးလို့ ဆိုနိုင်ပါတယ်၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျွန်တော် မှားနေပြီဆိုတာ ပြန်သိလိုက်ရတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့က ကျွန်တော် ဆိုခဲ့တဲ့ အဓိဌာန်ဟာ စေ့ဆော်မှု တစ်ခုတည်း အပေါ်မှာ မူတည်နေတာ မဟုတ်မှန်း သိလိုက်ရလို့ပါပဲ”

ရှီကိုင်းဟွမ်၏ မျက်လုံးသည် အရောင်တောက်လာ၏။

“ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးဟာ နေရာတကာမှာ သွေးဗီဇ ဆက်ခံသူတွေ ဖြစ်ကြတဲ့ တော်ဝင်မျိုးနွယ်စုတွေသာ လွှမ်းမိုးနေကြတဲ့ အနေအထားပါ သွေးဗီဇမပါ သာမန်လူတစ်ယောက်သာ ဖြစ်တဲ့ ကျွန်တော်ဟာ ဒီလိုဖြစ်ရပ် အများကြီးကို မြင်ခဲ့ကြုံခဲ့ရပြီးပါပြီ၊ တစ်ခါကဆိုရင် လူတယောက်ဟာ အပြစ်မရှိတဲ့လူတွေကို မူလစွမ်းရည်တွေ အသုံးပြုပြီး သတ်ဖြတ်နေတာမျိုးကို မြင်ခဲ့ရတယ် သူ့ရဲ့ အကြောင်းပြချက်ကတော့ သူတို့ရဲ့ ရှင်သန်မှုဟာ တန်ဖိုးမရှိလို့ပါတဲ့ခင်ဗျာ ကျွန်တော်ဟာ ကောင်းကင်တိမ်တိုက် နယ်ခြားဒေသကို ရောက်ခဲ့ဖူးသလို အဲဒီမှာ နေထိုင်ရတဲ့ သနားစရာ လူတွေကိုလည်း မြင်တွေ့ခဲ့ဖူးပါတယ်၊ နေ့စဉ်နေ့တိုင်း သူတို့ ခံစားနေရတဲ့ ဒုက္ခတွေကတော့ ကြောက်စရာပါပဲခင်ဗျာ နောက်တော့ ကျွန်တော်ဟာ တော်ဝင်မျိုးနွယ်စုဝင်တွေကို သတ်ဖြတ်ပြီး နယ်ခြားဒေသက သာမန်လူတချို့ကို ကယ်တင်နိုင်ခဲ့ပါတယ် ဒါပေမဲ့ ကျွန်တော် လုပ်ခဲ့တာဟာ သမုဒ္ဒရာထဲကို ရေတစ်ပေါက် လောင်းထည့်လိုက်သလို ဘာမှ အရာမထင်ပါဘူး အဲဒီအခါကျမှ လောကကြီးမှာ ကျွန်တော် မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ သိပ်ကို များနေသေးပါလား ဆိုတာ သိလိုက်ရပါတယ်”

ဤတစ်ကြိမ်တွင်တော့ ရှီကိုင်းဟွမ်သည် မနေနိုင်တော့ဘဲ နောက်လှည့်ကာ စုချန်းကို စိုက်ကြည့်နေခဲ့လေပြီ။

“အဲဒီနေ့ကစပြီး ကျွန်တော် မျှော်လင့်ခဲ့တာက တစ်ယောက်ယောက် ရှေ့ကိုထွက်လာပြီး သူတို့ရဲ့ မျက်ရည်တွေကို သုတ်ပေးဖို့ပါပဲ”

စုချန်းက လေသံတိုးတိုးနှင့် ပြောဆိုနေ၏။ သူ့မျက်နှာပေါ်တွင်ကား ခါးသီးသော အပြုံးတစ်မျိုး ဖြစ်ပေါ်နေလေသည်။

“မှန်ပါတယ် ... အဲဒီတုန်းက ကျွန်တော် တကယ်တမ်း မျှော်လင့်ခဲ့တာ တစ်ယောက်ယောက် သူတို့ရှေ့က မားမားမတ်မတ် ရပ်ပေးဖို့နဲ့ အဲဒီ တယောက်ယောက်ဟာ ကျွန်တော့်ရဲ့ သူရဲကောင်း ဖြစ်လာဖို့ပါ ... သူတို့ရှေ့မှာ ရပ်နေမဲ့လူဟာ ကျွန်တော်လို့ ဘယ်တုန်းကမှ မတွေးမိသလို ကျွန်တော်ကိုယ်တိုင်လည်း သူရဲကောင်းတစ်ယောက် ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့ပါဘူး ... ဒါပေမဲ့ ...”

“ဒါပေမဲ့ ဘာဖြစ်သလဲ အဲဒီမိန်းကလေးကြောင့် စေ့ဆော်မှုတစ်ခု ဖြစ်လာတယ် ဆိုပါတော့”

နောက်ဆုံးတော့ ရှီကိုင်းဟွန် စကား ပြောလာခဲ့ပေပြီ။ စုချန်းက ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်၏။

“မှန်ပါတယ်ဆရာကြီး အဲဒီနေ့မှာပဲ ကျွန်တော်ဟာ ဒီလို သစ္စာအဓိဌာန်မျိုးကို ဆိုမိခဲ့တယ် ဒါဟာ စေ့ဆော်မှုကြောင့် ဖြစ်လာတယ် ဆိုပေမဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်မျိုး သက်သက်တော့ မဟုတ်ပါဘူး ဒါဟာ အဆင့်မြင့်နယ်မြေ တစ်ခုကို ထိုးဖောက် ဝင်ရောက်ဖို့ လိုအပ်နေတဲ့ နောက်ဆုံး တွန်းကန်အားလို့ပဲ ဆိုရမှာပါခင်ဗျာ ဒါပေမဲ့ ဒီတွန်းကန်အားသာ မရှိရင်လည်း ကိုယ့်ရဲ့ မသိစိတ်ထဲက ဆန္ဒအမှန်ကို ကျွန်တော် ဘယ်တော့မှ သိနိုင်ခဲ့မှာ မဟုတ်ပါဘူး”

ရှီကိုင်းဟွမ် သက်ပြင်းချလိုက်၏။ သူ့ပုံစံမှာ စုချန်း၏ ရှင်းလင်းချက်ကို နားလည်သဘောပေါက် သွားဟန်ပေါ်သည်။ စုချန်းကား ဝမ်းသာအားရဟန်မပြ။ အေးချမ်းသော လေသံနှင့် စကားဆက်ပြန်သည်။

“လွန်ခဲတဲ့ ရက်တွေမှာ ကျွန်တော် အလွန်စိတ်ရှုပ်ခဲ့ ရသလို ဆရာကြီးအနေနဲ့ ကျွန်တော့်ကို ဘာကြောင့် တပည့်အဖြစ် လက်မခံနိုင်မှန်း နားမလည်နိုင် ဖြစ်ခဲ့ရပါတယ် ဒါပေမဲ့ မနေ့ကပဲ ကျွန်တော် နားလည်သွားခဲ့တယ်၊ ဘာကြောင့် ဆရာကြီးဟာ ကျွန်တော့်ရဲ့ဆရာ ဖြစ်လာနိုင်သလဲ ဆိုတာ နားလည်လာခဲ့တယ်၊ ဒါဟာ ဆရာကြီး အင်အားကြီးမားလို့ မဟုတ်ပါဘူး ဆရာကြီး ဘယ်သူ ဘာလုပ်သလဲ ကျွန်တော့ကို ဘယ်လိုဆုံးမခဲ့သလဲ ဆိုတာတွေကြောင့်ပါပဲ ခင်ဗျာ … ဒါကို နားလည်သွားတာနဲ့ ဆရာကြီး ဘာကြောင့် တပည့် လက်မခံသလဲ ဆိုတာကိုပါ တစ်ဆက်တည်း နားလည်လာခဲ့တယ် ဆရာကြီး တပည့်လက်မခံဘူး ဆိုတာ ဆရာကြီးရဲ့ စံနှုန်းနဲ့ကိုက်မဲ့ တပည့်မျိုး ရှာမတွေ့သေးလို့ပဲလေ လူအတော်များများဟာ ဆရာကြီးရဲ့ ရည်မှန်းချက်ကို မသိဘူး၊ ဆရာကြီး ဘာလုပ်နေသလဲ ဆိုတာ နားမလည်ဘူး၊ ဒီတော့ သူတို့အနေနဲ့ ဆရာကြီးရဲ့ သင်ကြားပြသမှုကို ဘယ်လိုလုပ်ပြီး နားလည်ပါတော့မလဲ၊ ဒါဟာ အဓိက အကြောင်းတရားပဲပေါ့ ငါ့ကို ဆရာအဖြစ် လိုချင်ရင် 'ရှီကိုင်းဟွမ်ကို အနိုင်ယူပါ'ဆိုတဲ့ ကစားနည်းကို ကစားကြပါဆိုတဲ့ ဆရာကြီးရဲ့ စကားအတိုင်း လူတွေဟာ ဆရာကြီးကို အနိုင်ရဖို့ပဲ ကြိုးစားနေကြတာကိုး ဒီတော့ ဆရာကြီးက သူတို့ကို ဘယ်လက်ခံပါတော့မလဲ”

ရှီကိုင်းဟွမ်၏ မျက်လုံးသည် စူးရှစွာ လင်းလက် တောက်ပလာ၏။

စုချန်းက စကားဆက်ပြန်သည်။

“နောက်ဆုံးတော့ ကျွန်တော် နားလည်သွားပါပြီ ကျွန်တော်ဟာ ဆရာကြီး လျှောက်နေတဲ့လမ်းကို ဆက်လျှောက်ချင်ပါတယ်၊ ဒါဟာ စေ့ဆော်မှုကြောင့် ဖြစ်လာတဲ့ တဒင်္ဂဆန္ဒ မဟုတ်ပါဘူးခင်ဗျ အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ထားတဲ့ ကျွန်တော့ရဲ့ ရွေးချယ်မှုပါ”

ထို့နောက် သူသည် မြေကြီးပေါ် ဒူးထောက်ချလိုက်ပြီး ပြောလိုက်လေသည်။

“ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ ဆရာကြီး”

***

လေသင်္ဘောမြို့တော် ပိုင်အိမ်တော် ခန်းမဆောင်တွင် ဖြစ်သည်။ ပိုင်ကျင်ထိုက်တစ်ယောက် ခန်းဆောင်ရှေ့တွင် ထိုင်နေ၏။ သူ့မျက်နှာမှာ ရေပြင်ပမာ တည်ငြိမ်လျက် ရှိသည်။ သူ့မျက်နှာမှာ မြင်းမျက်နှာကဲ့သို့ ရှည်လျားပြီး တရုတ်စာလုံး “ရှစ်” ဂဏန်းနှင့် တူလှပေရာ ပုံပျက်ပန်းပျက်နှင့် အလွန် ရုပ်ဆိုးလှ၏။

အနှီ အရုပ်ဆိုးလှသော လူထံမှ သတ်ဖြတ်လိုသော အငွေ့အသက်များ တရှိန်းရှိန်း ထွက်ပေါ်နေပြီး သူ့ကိုယ်ခန္ဓာ၏ ပတ်ပတ်လည်တွင် နူးညံ့သိမ်မွေ့ သွေးရောင် မြူခိုးများ ယှက်သန်းလျက် ရှိသည်။ ထိုမြူခိုးများကို သူ့အစေခံများ အလွန်ပင် ကြောက်လန့်နေဟန်ရှိပြီး အသံပင် မထွက်ရဲကြပေ။

ရုပ်ဖြောင့်ဖြောင့် အစေခံ တစ်ယောက်က ပိုင်ကျင်ထိုက်၏ ဘေးတွင် ဒူးထောက်လျက်သား ရှိနေ၏။ သူက သခင်ဖြစ်သူကို အသံတိုးတိုးဖြင့် အစီရင်ခံလျက်ရှိသည်။

“နတ်ဆိုးမျက်နှာဟာ တောင်သုံးလုံးပြိုင်ပွဲမှာ နာမည်ကြီးလာတဲ့ စုချန်းဆိုတာ သေချာနေပါပြီ သခင် ကျွန်တော်တို့ သခင်လေးနဲ့ သူ့ကြင်ယာတော်ကို သတ်သွားတာလည်း ဒီကောင်ပါပဲ (ပိုင်ဖန်းနှင့် သူ့မိန်းမ သေဆုံးသွားပုံကို အခန်း ၅၄ တွင် တင်ဆက်ပြီးဖြစ် ... ပုံ စာရေးသူ) ထပ်ပြောရရင် သူဟာ ကျွန်တော်တို့ မျိုးနွယ်စုရဲ့ မိုးကြိုးဓားနည်းစနစ်ကိုပါ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေပြီလို့ ဆိုပါတယ်”

“ဖျောင်း”

ပိုင်ကျင်ထိုက်၏ ထိုင်ခုံလက်တန်းသည် အစိတ်စိတ် အမွှာမွှာ ကျိုးပဲ့သွား၏။ လက်နှင့် ချိုးဖဲ့လိုက်ခြင်း မဟုတ်။ ပိုမို ထူထဲလာသော မြူခိုးများကြောင့် ကျိုးပဲ့သွားခြင်း ဖြစ်သည်။

“တစ်နှစ်တောင် ကြာသွားပြီ ဒီကောင့်တွေ ရှာတွေ့ဖို့ ငါတို့ တစ်နှစ်လောက် အချိန်ယူလိုက်ရတယ် ဆိုတဲ့ သဘောပေါ့”

ပိုင်ကျင်ထိုက်က အေးစက်သော လေသံနှင့် ပြောလိုက်သည်။ ထိုအခါ အစေခံလူငယ်က တောင်းပန်လိုက်၏။

“ကျွန်တော် အသုံးမကျလို့ပါ သခင် ... သခင့်ကို အကြာကြီး စောင့်ဆိုင်း စေခဲ့မိတယ်”

“ခု ဒီကောင့်ကို တွေ့ပြီပဲ ထားလိုက်တော့ ဒါကိုပဲ အာရုံစိုက်ကြတာပေါ့ကွာ”

“သည်းခံပါ သခင် ခုဆိုရင် ဒီကောင်လေးဟာ နဂါးကျောင်းတော်ထဲကို ရောက်သွားပြီ ကျွန်တော်တို့ရဲ့ မိုးကြိုးဓား နည်းစနစ်ဟာလည်း နဂါးကျောင်းတော်ထဲ ရောက်သွားပြီလို့ ဆိုနိုင်တာပေါ့”

ဤအခြေအနေတွင် သူတို့အနေနှင့် စုချန်းကို ပြဿနာရှာပါက နဂါးကျောင်းတော်နှင့် ထိပ်တိုက် တိုးသွားနိုင်၏။ ထိုအခါ ပိုင်ကျင်ထိုက်က ခေတ္တမျှ စဉ်းစားရင်း ပြောလိုက်သည်။

“ဒီကိစ္စ ယိအာကို လုပ်ခိုင်းလိုက် အခွင့်အရေးရှာပြီး ဒီကောင့်ကို သတ်ပစ်လိုက်လို့ အမိန့်ပေးခိုက်စမ်း”

“တကယ်လို့ တခြားကလေး တစ်ယောက်ကပါ မိုးကြိုးဓားနည်းစနစ်ကို တတ်သွားရင်ကော သခင်”

“ပိုင်မျိုးနွယ် မူပိုင်နည်းစနစ်ကို တခြားလူလက်ထဲ အရောက်ခံလို့မရဘူး ဒီတော့ သူ့ကိုပါ သတ်ပေါ့ကွာ”

“ကောင်းပါပြီသခင်”

All Chapters