← Chapters

စစ်မှန်သော ယောကျ်ားတစ်ယောက်သည် မိန်းမ တစ်ယောက်ကို မမှီခို ~

Vol. 4 Ch. 46

စစ်မှန်သော ယောကျ်ားတစ်ယောက်သည် မိန်းမ တစ်ယောက်ကို မမှီခို ~

Vol. 4 Ch. 46

' သူဘာလို့လာတာလဲ...'

လင်းမို့ အနည်းငယ် စိတ်ရှုပ်သွားသည် ။ ကျန်းရွှယ် အဘယ်ကြောင့်လာရှာမှန်း သူမသိ ။

ဂျင်ရုံတွင် တွေ့သည်က ကိစ္စမရှိသော်လည်း ကျောင်းတွင် တွေ့သည်ကမကောင်း ။

' မနေ့က ငါသင်ပေးလိုက်လို့ လာခြိမ်းခြောက်ချင်တာလား... ငါမနေ့က မလုပ်သင့်တာ လုပ်မိလိုက်ပြီ...'

လင်းမို့ နောင်တရသွားသည် ။

ဟောက်ရန်တို့ အဖွဲ့က လင်းမို့ကိုကြည့်လိုက် ကျန်းရွှယ်ကို ကြည့်လိုက်နှင့် ရှုပ်ထွေးနေကြ၏ ။ သူတို့၏ အမြင်အရ လင်းမို့ အပျော်လွန်၍ ထခုန်နေသင့်ပေသည် ။ သို့သော်လည်း လင်းမို့၏ စိတ်ပျက်နေသော မျက်နှာကို မြင်လျှင် အံ့အားသင့်သွားကြသည် ။

" ဘာလဲ... "

လင်းမို့၏ တုံ့ပြန်မှုကိုမြင်လျှင် ဟောက်ရန်တို့အဖွဲ့ နာကျင်သွားသည် ။ လင်းမို့ စိတ်ပျက်နေသည်ကို သူတို့ နားမလည်တော့ ။

" လင်းမို့ မင်းသေချင်နေတာလား..."

" မင်း နတ်သမီးလေးကို ဘယ်လိုပြောလိုက်တာလဲ..."

" ကျန်းရွှယ်ချက်ချင်း ပြန်လှည့်သွားလိမ့်မယ် ... ငါဒီကောင့်ကို သတ်မယ်... "

နှာဘူးတစ်ဖွဲ့လုံးက ကျန်းရွှယ် စိတ်တိုသွားပြီး လှည့်ထွက်သွားမည်ဟု ထင်လိုက်ကြသည် ။ သို့သော်လည်း သူတို့ထင်သည့်အတိုင်း ဖြစ်မလာခဲ့ ။ ကျန်းရွှယ်က လှည့်မထွက်သွားသည့်အပြင် လက်ဆောင်ထုပ်ကိုင်၍ လင်းမို့ဆီသို့ လှမ်းလာခဲ့သည် ။

ကျန်းရွှယ်၏ အတွေးက ရိုးစင်းလှသည် ။ သူမ အကြွေးတင်သည်ကိုမကြိုက် ။ လင်းမို့၏ အကူအညီဖြင့် အဆင့်၂ အထွတ်အထိပ်သို့ ရောက်ခဲ့သည်ဖြစ်ရာ သူမ ပြန်၍ကူညီရမည်ပင် ။

သူမတွင် ဆေးယဥ်ပါးမှုကြောင့် သုံးမရတော့သည်ဆေးပုလင်းများရှိရာ ထိုသည်တို့အား လင်းမို့ကို ပေးရန်ဆုံးဖြတ်လိုက်သည် ။

" ဒီ ဘူးထဲမှာ မတူတဲ့ ဆေးဆယ်မျိုးပါတယ်... ငါဒါတွေကို သုံးမရတော့ဘူး... နင့်လက်သီးပြင်းအားက ကီလို ၉၀၀ ကျော်ပဲရှိတယ်ဆို... ဒီဆေးသုံးပြီးကြိုးစားလိုက်ရင် အနည်းဆုံးတော့ အနိမ့်ဆုံးတက္ကသိုလ် သေချာပေါက်ဝင်တယ်... "

" ဟစ်..."

" ဟစ်..."

" ဟစ်..."

ဟောက်ရန်တို့အဖွဲ့ အံ့သြ သွားကြသည် ။ ဤမြင်ကွင်းက သူတို့လက်ခံနိုင်သည့် အတိုင်းအတာထက် ကျော်လွန်သွား၏ ။ ဆေးပုလင်းက မည်မျှ အဖိုးတန်လိုက်မည်နည်း ။ ကျန်ရွှယ် ရူးများသွားလေသလား ။ ထိုမျှ စျေးကြီးသော လက်ဆောင် ကို မည့်သည့်အတွက်ကြောင့် ပေးရပါသနည်း ။

' လင်းမို့ရဲ့ သကြားမေမေ လုပ်ပြီး တက္ကသိုလ်ဝင်ခွင့်ရအောင် ကူညီပေးနေတာလား... '

' နောက်လိုက်ခွေးက အမေတွေ့သွားတာလား...'

" ငါနားမလည်ဘူး..."

ဒူးထောက်ခွေးက တုန်လှုပ်သွားသည် ။

" ငါ့နတ်သမီးလေးကို ငါအကုန်ပေးခဲ့တယ်... ငါ့အဖေဝယ်ပေးတဲ့ ဆေးတောင် တိတ်တိတ်လေး လက်ဆောင်ပေးခဲ့တာတောင် ငါ့နတ်သမီးလေးက ငါ့ကို ဖုန်းကာဗာ တစ်ခုပဲ ပြန်ပေးခဲ့တယ်... '

ရိုးရှင်းသော ဖုန်းကာဗာလေးတစ်ခု ဖြစ်သော်လည်း ဒူးထောက်ခွေးအဖို့ ကမ္ဘာကြီးတစ်ခုလုံး ရလိုက်သလို ခံစားခဲ့ရသည် ။ ယခု ထိုဖုန်းကာဗာလေး စုတ်သွားသော်လည်း သိမ်းထားဆဲပင် ။ ညအိပ်ရာဝင်တိုင်း အနီးဆုံး ထားအိပ်ခဲ့ပေသည် ။

ယခုတော့...

ကျန်းရွှယ်ပေးသော လက်ဆောင်နှင့်ယှဥ်လျှင် အမှိုက်လောက်ပင် တန်းဖိုးမရှိတော့ ။

" ဖူးးးး...."

ဒူးထောက်ခွေး ရေကန်ဘေးတွင် ဒူးထောက်၍ သွေးအန်နေတော့သည် ။ တခြား နှာဘူးများမှာ ဒူးထောက်ခွေးလောက် မခံစားရသော်လည်း နာကျင်နေဆဲပင် ။ ရေကန်ဘေးရှိ လူများ ဝမ်းနည်းသော အမူအရာဖြင့် တိတ်ဆိတ်သွားကြသည် ။

လင်းမို့လည်း အံ့သြ သွားသည် ။ ကျန်းရွှယ် ဤမျှ ရက်ရောမည်ဟု သူမထင်ခဲ့မိ ။ သို့သော် သူလက်မခံနိုင် ။ သူ့အိမ်တွင် A1 ဆေးကို ရေလုပ်သောက်နေသည်ဖြစ်ရာ ထိုအဆင့်နိမ့်ဆေးများကို မသုံးချင်တော့ပေ ။

' ချီး... ငါ့ကိုများ ထဘီနား ခိုးစားတဲ့ကောင်မှတ်နေလား...'

' နင်ပေးတဲ့ဆေးတွေကို ငါကဘာလုပ်ရမှာလဲ... '

' သံမဏိလင်းမို့က ကပ်စားရုပ်ပေါက်နေလို့လား...'

" မလိုပါဘူး... "

လင်းမို့ တုံ့ဆိုင်းမနေဘဲ ငြင်းလိုက်၏ ။

" ဘာလဲ... "

" လင်းမို့က ငြင်းလိုက်တာလား..."

" တုံးလိုက်တဲ့ကောင်... "

" နောက်လိုက်ခွေးလုပ်နေပြီး ပေးတဲ့လက်ဆောင်ကို ငြင်းရဲတယ်လား... မင်း ရဲ့ မျက်နှာ ဘယ်နားထားတော့မလဲ... "

ကျန်းရွှယ် အနည်းငယ် ရှုပ်ထွေးသွားသည် ။ သူမပေးသော လက်ဆောင်အား ငြင်းမည်ဟု မထင်ခဲ့ချေ ။

" ဘာအဓိပ္ပါယ်နဲ့မှ ပေးတာမဟုတ်ဘူး... မနေ့ညက ကိစ္စကြောင့် ကျေးဇူးတင်လို့ ပေးတာပါ... "

ကျန်းရွှယ် ရှင်းပြလိုက်သည် ။

" မနေ့ညက ငါတို့နှစ်ယောက် ဘာမှ မဖြစ်ဖူးဘဲ ထားလိုက်ပါ... "

လင်းမို့က ရှင်းရှင်းလင်းလင်း ဖြေရှင်းမပြ ။

" ငါမယူတော့ဘူး... ပျက်နေတဲ့နာရီတောင် တစ်နေ့နှစ်ခါ အချိန်မှန်သေးတာပဲ... နင်ငါ့ကို အကြွေးမတင်ပါဘူး..."

မနေ့ညက ကျန်းရွှယ်ကြောင့် သူလည်း အဆင့်၄ သို့ တက်လှမ်းနိုင်ခဲ့သည် ။ ထို့ကြောင့် ကျန်းရွှယ် သူ့အား အကြွေးတင်နေသည်ဟု သူမထင်ပေ ။ ထို့ကြောင့် လက်ဆောင်ကို သူလက်မခံနိုင် ။

လင်းလို့ စကားက ဘေးနားရှိ နှာဘူးတစ်သိုက်ကို မှင်သက်သွားစေသည် ။

' မနေ့ညက ဘာမှ မဖြစ်ခဲ့ဖူးဘဲ ထားပါလား...'

' ကံကောင်းတာလား...'

' ချီး... မင်းတို့နှစ်ယောက် မနေ့ညက ဘာလုပ်ခဲ့တာလဲ ရှင်းရှင်းလင်းလင်းပြောပါဟ... '

" ဒါဆို..."

ကျန်းရွှယ်သည် လင်းမို့ သူမ၏ လက်ဆောင်ကို လက်မခံခြင်းမှာ လူအများရှေ့ ရှက်၍ဟု တွေးထင်သွားသည် ။ ထို့ကြောင့်...

" အဲ့တာဆိုလည်း နင်နဲ့ နှစ်ယောက်ထဲတွေ့တဲ့ အခါမှပဲ ပေးတော့မယ်... "

ပြောပြီးသည်နှင့် ကျန်းရွှယ်က နောက်တွင်မီးခိုးတန်းချန်ကာ ပြေးသွားတော့သည် ။ ဆွံ့အနေသော နှာဘူးတစ်သိုက်မှာ ကြောင်အအကျန်နေခဲ့၏ ။

' နတ်သမီးတွေက ဘယ်တုန်းက အဲ့လောက် ကြင်နာတက်လာတာလဲ...'

' လင်းမို့ မလိုချင်တာတောင် သူက ဇွတ်ပေးချင်တုန်းပဲ...'

' နှစ်ယောက်ထဲတွေ့မှ ပေးမှာလား... သူတို့က နှစ်ယောက်ထဲ တွေ့ကျအုံးမှာပေါ့...'

ဖွန်ကြောင်သူ တစ်ဖွဲ့လုံး သူတို့ရှင်သန်ခဲ့သည်မှာ မည်မျှ သနားစရာကောင်းကြောင်း ခံစားသွားကြသည် ။

" အဖွဲ့ခေါင်းဆောင်... "

လင်းမို့သည် ရုတ်တရပ် ခြေထောက်အား ဆွဲထားသည်ကို ခံစားမိလိုက်သဖြင့် အောက်ငုံ့ကြည့်ရာ ဖွန်ကြောင်သူ မဟာမိတ် ခေါင်းဆောင် ငါးဖမ်းသမားကို တွေ့လိုက်ရသည် ။ ငါးဖမ်းသမားက သူ၏ ပေါင်ကို ဖက်ကာ...

" အဖွဲ့ခေါင်းဆောင်..."

လင်းမို့ လန့်သွား၏ ။

" ငါ မင်းတို့ ဖွန်ကြောင်သူ မဟာမိတ်ရဲ့ ခေါင်းဆောင်မဟုတ်ဘူး..."

" ခေါင်းဆောင်း လင်းမို့... ဒီနေ့ အတွေ့အကြုံနဲ့ဆို အကိုက ကျွန်တော်တို့ ခေါင်းဆောင် ဖြစ်လို့ရပြီ..."

ဒူးထောက်ခွေးက နောက်ပေါင်တစ်ဖက်ကို လာဖက်ပြီး...

" ခေါင်းဆောင်... ကျွန်တော်တို့ကို ဦးဆောင်ပေးပါ..."

" ခေါင်းဆောင်... မဟုတ်ဘူး... ဖေဖေကြီး... ဖေဖေကြီး လင်းမို့... ကျွန်တော်တို့ ဆင်းရဲသား သားလေးတွေကို ကယ်တင်ပေးပါ..."

လင်းမို့ ထိုနှာဘူးနှစ်ကောင်ကို ကန်ထုတ်လိုက်သည် ။

" ထွက်သွား... ငါအရေးကြီးတာ လုပ်စရာရှိသေးတယ်... "

All Chapters