အခန်း ၄၇ : မင်းတို့အားလုံး အမှိုက် တွေ
Vol. 4 Ch. 47
~
ဟိုင်းချန်မြို့...
မြို့၏ဆင်ခြေဖုံး အမည်မသိ တောင်ထိပ်တစ်ခုမှ ဟိုင်းချန်အထက်တန်းကျောင်း ရှိ ရေကန်တုကို အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်နေ၏ ။
လင်းမို့နှင့် နှာဘူးတစ်သိုက်အား စောင့်ကြည့်နေသည် ။
" ငါတို့ ပစ်မှတ်ကို တွေ့ပြီ..."
မှန်ဘီလူးဖြင့် ကြည့်နေသော သိုင်းပညာရှင်က အဖော်လေးယောက်ကို ပြောလိုက်သည် ။
" ငါတို့ဘယ်ချိန်စလုပ်မလဲ... "
သွေးဆာနေသော ရောင်ဝါနှင့် မျက်စိတစ်ဖက်ကန်းနေသော သိုင်းပညာရှင် ကမေးလိုက်၏ ။ သူစောင့်ရသည်ကို စိတ်မရှည်သည့်ပုံ ရသည် ။
" ပရိုဆန် စမ်းပါဟ မင်းကလည်း... ငါတို့ညကျမှ စမယ်... "
ထက်မြက်ပုံရသော သိုင်းပညာရှင်က အထင်သေးဟန်ဖြင့်ပြောလိုက်သည် ။ သူက မှန်ဘီလူးနှင့် ကြည့်နေသော သိုင်းပညာရှင်ကို...
" ဘော့စ်... ကျွန်တော်တို့ ဒီနေ့ လက်ခံလိုက်တယ့် တာဝန်က နဲနဲတော့..."
" ငါက တာဝန်ပေးတဲ့သူလားကွ..."
ခေါင်းဆောင်က ဒေါသထွက်သွားသည် ။
" အလုပ်ရှင်က အများကြီးပေးထားတာ... ငါငြင်းလို့မရဘူး... အကုန်အေးဆေးနားနေကြ ... ညကျမှ စလှုပ်ရှားမယ်... "
လင်းမို့ တစ်ယောက် သူ့အား မှန်ဘီလူးနှင့် အဝေးမှ စောင့်ကြည့်နေသည်ကို မသိ ။ သူ၏ အာရုံ ခံနိုင်မှုမှာ မည်မျှပင် အားကောင်းနေကာမူ ဆယ်ကီလိုမီတာအထိ ရောက်နိုင်မည်မဟုတ်ပေ ။
ယခုအချိန် လင်းမို့၏ စိတ်ထဲတွင် တက်ကြွ အညွှန်းကိန်းများကို ကြည့်၍ ပျော်နေလေသည် ။
' 48 '
မနက်အနားပေးချိန်တွင် တက်ကြွအညွှန်းကိန်းမှာ ၄၈ အထိရောက်နေပေသည် ။
' ငါ့ တက်ကြွအညွှန်းကိန်း လေး...'
လင်းမို့ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည် ။
' ငါ့ တက်ကြွအညွှန်းကိန်းကို ငါအထင်သေးမိတာပဲ... ခု ၄၈ နဲ့ဆို တစ်နာရီကို ၉.၆ ကီလို တောင်တိုးလာမှာ... တနေကုန်ဆိုရင် ရာကျော်သွားမယ်... "
သူ အရင်က စာမေးပွဲမတိုင်မှီ လက်သီးပြင်းအား ၂၄၀၀ ကီလိုအထိ ရောက်မည်ဟု ထင်ခဲ့သော်လည်း ယခုအခြေအနေအရ ၂၅၀၀ ကီလိုအထိ ရောက်နိုင်ပေသည် ။ ပထမနှစ် နှင့် ဒုတိယနှစ် ကျောင်းသားများကို ဆေးမထိုးရသေး ။ သူဆေးထိုးပြီးပါက မည်မျှအထိ ရောက်နိုင်မည်ကို သူမခန့်မှန်းနိုင်တော့ ။
' လက်သီး ပြင်းအား ကီလို ၃၀၀၀ အထိရောက်ရင် အဆင့်၂ သိုင်းပညာရှင် ဖြစ်လာမှာပဲ... စာမေးပွဲမစခင် ရောက်နိုင်ရင်ကောင်းမယ်... အဲ့တာဆို တစ်နိုင်ငံလုံးကို လန့်အောင်လုပ်လို့ရပြီ ဟီဟီဟီးးး....'
လင်းမို့က အနာဂတ်ကို တွေးပြီး စိတ်ကူးယဥ်နေစဥ်တွင် ဆရာမလု က သူ့ဆီသို့ လာနေ၏ ။
" ဟဲ့ လင်းမို့... နင်က သာယာနေတယ်ပေါ့... "
ဆရာမလုက တမင်ပြောလိုက်သည် ။ တစ်ကျောင်းလုံး ကြိုးစားနေကြသော်လည်း အိပ်နေနိုင်သည်မှာ လင်းမို့တစ်ယောက်သာရှိလေသည် ။ ဆရာမလုက စ လိုက်၏ ။
" ဟီးဟီး..."
လင်းမို့ ရယ်လိုက်သည် ။
" ကျွန်တော် ဒီအတိုင်းအိပ်ရတာ ကျောတွေ တောင့်လှပြီ... အိပ်ရာလေး ယူလာခွင့်ပေးရင် ပိုကောင်းမှာ... "
" နင်စဥ်းစားရဲတယ်လား..."
ဆရာမလု စူးရှရှ ကြည့်လိုက်၏ ။
" ငါ့မှာတောင် အိပ်ရာမရှိဘူး... နင့်ကိုနင် ကျောင်းအုပ်များမှတ်နေလား... "
" ဆရာမ နောက်က ပြတင်းပေါက်ကနေ ကျောင်းအုပ်ကြည့်နေတယ်... "
လင်းမို့က သတိပေးလိုက်သည် ။
ဆရာမလုက အမှီးတက်နင်းခံလိုက်ရသော ကြောင်ကဲ့သို့ နောက်သို့ ခုန်၍ လှည့်ကြည်မိလိုက်သည် ။ သို့သော် သူမ ဘာမှ မတွေ့ ။ သူမကို လင်းမို့ နောက်တာမှန်း နားလည်သွားသည် ။
" ငါနင်နဲ့ ဟာသလုပ်ဖို့ အချိန်မရှိဘူး... အရေးကြီးတာ ပြောဖို့လာတာ... အရင်ရက်က ငါပြောထားတာ ဘယ်လိုလဲ ... "
" ပထမ နှစ်နဲ့ ဒုတိယနှစ်တွေကို လှုံဆော်ဖို့လား..."
လင်းမို့ ထိုသည်ကို တွေးထားပြီးဖြစ်၍ ရင်ဘက်ကို ပုတ်ကာ...
" အချိန်မရွေး စလို့ရပြီ... "
ဆရာမလုက...
" ဟဲ့ အဲ့တာဆို ဘာစောင့်နေတာလဲ မြန်မြန်စတော့လေ... အကူလိုသေးရင် ငါ့ကိုပြော..."
" လူအကူတော့မလိုဘူး... ဒါပင်မဲ့ ကျောင်းအသံလွှင့် ဌာနကိုတော့ သုံးခွင့်ပေး... "
ငါးမိနစ်အကြာ...
လင်းမို့၏ အသံက စပီကာ များမှ ထွက်ပေါ်လာသည် ။ ယ
" ဟဲလို တက်စတင်း ဝမ်းတူးသရီး ဟလိုဟလို... ကြားရလား ကြားရလား... "
လင်းမို့ အသံအရင် စမ်းလိုက်သည် ။
" အားလုံးပဲ မဂ်လာပါ... ငါက တတိယနှစ် အခန်း ၁၀ က လင်းမို့. .."
လင်းမို့၏ အမည်မှာ ကျောင်းအတွင်း ကျော်ကြားသဖြင့် လူတိုင်း အာရုံစိုက်နားထောင်လိုက်ကြသည် ။
" လင်းမို့လား..."
" စာမေးပွဲလက်လျော့ပြီး အိပ်နေတဲ့ကောင်လား..."
" သူက ဘာလို့ ရေဒီယိုကနေ အော်နေတာလဲ... "
" စာမေးပွဲ လက်လျော့လိုက်ပြီး ဘယ်လို နောင်တရခဲ့ကြောင်း ရင်ဖွင့်မလို့လား..."
" အဲ့တာ ဖြစ်နိုင်တယ်..."
" ဒီကောင်အရေထူလိုက်တာ... သူ မရှက်ဖူးလားမသိဘူး... "
လင်းမို့က...
" ငါဒီနေ့ ဒီနေရာမှာ ရောက်နေတာက ပထမနှစ်နဲ့ ဒုတိယနှစ်ကျောင်းသားတွေကို စကားနဲနဲလောက် ပြောချင်လို့... "
ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသားများသည် သူတို့ပျင်းနေကြသဖြင့် ဖျော်ဖြေရန် လင်းမို့အား ကျောင်းကဖိတ်ခေါ်လိုက်သည်ဟု ထင်လိုက်ကြသည် ။
လင်းမို့က မာနကြီးစွာဖြင့်...
" ဒုတိယနှစ် ကျောင်းသားတွေ... ငါဘယ်သူ့ကိုမှ ရည်ရွယ်ပြီး ပြောတာမဟုတ်ဘူးနော်... မင်းတို့်အားလုံးက အမှိုက်တွေ..."
' ဗုံးးးး...'
ဒုတိယနှစ်ကျောင်းသားများအားလုံး ပေါက်ကွဲသွားကြသည် ။
" လင်းမို့ ဘာပြောလိုက်တာလဲ... "
" တတိယနှစ်အမှိုက်က ငါတို့ကို လှောင်ရဲတယ်လား..."
" ဘယ်သူက သူ့ကို ယုံကြည်မှုတွေ ပေးလိုက်တာလည်း..."
" ငါ့ကောင်တွေ လာလာ သွားကြမယ်... အသံလွှင့်ရုံကို သွားပြီး အဲ့ကောင်ကို သွားရိုက်မယ်... "
ပထမနှစ် ကျောင်းသားများက ရယ်နေကြသည် ။
" ဟားဟားဟား... ဒုတိယနှစ်တွေ သနားစရာပဲ ... အမှိုက်ကောင်က လှောင်တာခံနေရတယ်... "
" ဒုတိယနှစ်ကကောင်တွေ စိတ်တိုနေကြမှာ ငါလောင်းရဲတယ်... "
" ဒုတိယနှစ်က ခွေးကောင်တွေကို သွားကြည့်ရအောင်... "
ထိုအချိန်...
" ပြီးတော့ ပထမနှစ်တွေ... "
လင်းမို့က ခနရပ်ပြီး...
" မင်းတို့က အမှိုက်ကောင်တွေထက်တောင် ပိုဆိုးသေးတယ်... "
' ဗုံးး....'
ပထမနှစ်များလည်း ပေါက်ကွဲကုန်ကြသည် ။
လင်းမို့ ကျေနပ်စွာ ပြုံးလိုက်၏ ။ ဤသည်က သူစဥ်းစားထားသော အစီအစဥ်ပင် ။ ထိုကလေးများအား ဒေါသထွက်အောင်ဆွပြီး နာနာလေးရိုက်နှက်ပစ်ရမည် ။ သူတို့ လင်းမို့၏ အရှက်ခွဲ ခြင်းကို ခံရလျှင် ရေကုန်းရေခမ်း ကြိုးစားကြပေတော့မည် ။ လင်းမို့က မြင့်တက်လာသော တက်ကြွအညွှန်းကိန်းကို ထိုင်ကြည့်နေရုံပင် ။
နောက်ပိုင်း တက်ကြွအညွှန်းကိန်း ပြန်ကျလာလျှင် အသံလွှင့်ရုံသို့လာ၍ သူတို့မည်မျှ အသုံးမကျကြောင်း စကားအနည်းငယ်ပြောရုံဖြင့် ပြန်တက်လာပေမည် ။
" ဟီးဟီးဟီး... မင်းတို့ ပထမနှစ်နဲ့ ဒုတိယနှစ်တွေ စိတ်ဆိုးနေပြီလား... ငါ့ကို ရိုက်ချင်လား..."
လင်းမို့ နတ်ဆိုးတစ်ကောင်လို ရယ်လိုက်ပြီး...
" ငါ့ကို ရိုက်ချင်ရင် အသံလွှင့်ရုံကို လာခဲ့... မင်းတို့ အမှိုက်ဟုတ်မဟုတ် သိလိမ့်မယ်... "
လင်းမို့အား ဘေးတွင်ရပ်နေသော ဆရာမလုက လက်မထောင်ပြလိုက်သည် ။
" နင့်နည်းလမ်းက ကောင်းတယ်... ကြိုးစားဖို့ တရားဟောနေရင် ဘယ်သူမှနားထောင်မှာ မဟုတ်ဘူး..."
သူမ လင်းမို့ စီစဥ်နေသည်ကို နားလည်ပေသည် ။
' ဒီကလေးတွေ... တတိယနှစ်က အားအနည်းဆုံး ကျောင်းသားရိုက်တာခံရရင် ရှက်သွားလိမ့်မယ်...'
အထက်တန်းကျောင်းတွင် တတိယနှစ်က အသက်အကြီးဆုံးဖြစ်၍ အသန်မာဆုံးဖြစ်သည် ။ ဒုတိယနှစ်ကျောင်းသားများထဲတွင် လက်သီးပြင်းအား ၈၀၀ ကီလိုကျော်သူမှာ လက်ချိုးရေ၍ ရပေသည် ။ အဆင့်မြင့် သိုင်းအလုပ်သင် သိပ်မရှိပေ ။
ဆရာမလု အမြင်အရ လင်းမို့သည် တတိယနှစ်တွင် အားအနည်းဆုံးဖြစ်သော်လည်း လက်သီးပြင်းအား ကီလို ၉၀၀ ကျော်ရှိသည် ။ ဒုတိယနှစ်များအား အနိုင်ယူရန် လုံလောက်သည် ။ ပထမနှစ်များကတော့ ဒုတိယနှစ်များ အရိုက်ခံရသည်ကို ထိုင်ကြည့်နေရုံ တက်နိုင်ပေသည် ။
" ဆရာမ တိုက်ပွဲကွင်းကို သွားရအောင်... "
လင်းမို့ ပြုံးလိုက်၏ ။
" ဒီနေ့ ဆယ်ယောက်လောက် ရိုက်ပစ်မယ်... "