← Chapters

ကျောင်းသားအားလုံးတက်ကြွခြင်း ၁ ~

Vol. 4 Ch. 48

ကျောင်းသားအားလုံးတက်ကြွခြင်း ၁ ~

Vol. 4 Ch. 48

ကျောင်းကွင်းပြင်...

လင်းမို့သည် ကွင်းပြင်၏ အလယ်တွင် လက်နှစ်ဖက်ကို နောက်ပစ်ပြီး လှံတစ်ချောင်းအသွင် မတ်မတ် ရပ်နေ၏ ။ ကျွမ်းကျင်သူ တစ်ဦးကဲ့သို့ပင် ။

ဆရာ များ လာစောင့်ကြည့်နေကြသည် ။ ကျောင်းအုပ်ယန်လည်း လုပ်လက်စ အလုပ်များ ပစ်ထားခဲ့ကာ လာကြည့်နေ၏ ။

" အိုး... အဲ့ကလေးက လင်းမို့မှတ်လား... သူဒီလို ဟန်ဆောင်ပြမယ် ထင်မထားဘူး... "

ကျောင်းအုပ်ယန် က လင်းမို့အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည် ။ လင်းမို့က ပညာရှင် တစ်ယောက်ကဲ့သို့ ဟန်ဆောင်နေသည်ကို မြင်လျှင် သူအံ့သြ မိသော်လည်း ခဏခြင်း နားလည်သွားသည် ။

လင်းမို့သည် တတိယနှစ်များကြားထဲတွင် အားအနည်းဆုံးဖြစ်သော်လည်း ပထမနှစ် နှင့် ဒုတိယနှစ် များနှင့် ယှဥ်လျှင် ဆရာကြီး ဖြစ်နေပေလိမ့်မည် ။

" ကျောင်းအုပ် ယန် ..."

ဆရာမလုက ချက်ချင်း သွားပြီး နှုတ်ဆက်လိုက်သည် ။ သူမက ရှင်းပြလိုက်၏ ။

" ဆရာ အရင်ခိုင်းထားတဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်တွေကို လှုံ့ဆော်ဖို့... လင်းမို့ အကြံထုတ်လိုက်တာ... "

" မဆိုးဘူး... စိတ်ဝင်စားစရာ ကောင်းပါတယ်..."

ကျောင်းအုပ်ယန် က သဘောကျကာ ခေါင်းညိတ်လိုက်သည် ။ ပြီးနောက် သူက...

" လင်းမို့ရဲ့ ခွန်အားနဲ့ဆို ပြသနာမရှိလောက်ဘူးမှတ်လား... သူ ဒုတိယနှစ်တွေကိုတော့ မရှုံးလောက်ပါဘူးနော်... "

" လင်းမို့က တတိယနှစ်ထဲမှာ အားအနည်းဆုံး ဆိုပင်မဲ့ ဒုတိယနှစ်တွေနဲ့ တစ်ယောက်ချင်းချရင် နိုင်ပါတယ်... ပထမနှစ်တွေကတော့ ပြောစရာတောင် မလိုဘူး... "

ဆရာမလုက ရင်ဘက်ကို ပုတ်၍ ဂတိပေးလိုက်သည် ။

" အင်း... ငါလည်းထင်ပါတယ်... "

ကျောင်းအုပ်ယန်က ခေါင်းတဆက်ဆက်ညိတ်၍ ထောက်ခံလိုက်သည် ။

" တတိယနှစ်ရောက်ရင် ခန္ဓာကိုယ်က ဖွံ့ဖြိုးပြီးသွားပြီဆိုတော့ ဦးနှောက်နဲ့ ခန္ဓာကိုယ်က ပိုသန်မာတာပေါ့... တစ်ယောက်ချင်း ချမှာကိုတော့ မစိုးရိမ်ဘူး... အုပ်စုလိုက်ဝိုင်းရိုက်ခံရမှာ စိုးရိမ်တာ... "

ကျောင်းအုပ်ယန်က လင်းမို့၏ ခွန်အားကို ယုံကြည်သော်လည်း အုပ်စုလိုက် ဝိုင်းရိုက်ခံရမည်ကို စိုရိမ်မိသည် ။

သို့သော်လင်းမို့၏ လက်ရှိခွန်အားမှာ အုပ်စုလိုက် ဝိုင်းရိုက်လျှင်ပင် အကုန်သတ်နိုင်သည်ကိုတော့ ကျောင်းအုပ်ယန် မသိလိုက်ချေ ။

" စိတ်မပူပါနဲ့ရှင့် ကျွန်မအားလုံး စီစဥ်ပြီးပါပြီ..."

ဆရာမလုက...

" ပွဲထိန်းဖို့ ဆရာတွေအများ​ကြီး ခေါ်ထားပါတယ်... တစ်ယောက်ချင်းပဲ ချခိုင်းမှာပါ..."

" နင်စီစဥ်ထားတာကောင်းတယ် ... အသေးစိတ် သေချာ စီစဥ်ထားတာပဲ... "

ကျောင်းအုပ်ယန်က စိတ်တိုင်းကျသွား၏ ။

" ရန်အန်... နင်က စာသင်တာလည်းကောင်းတယ်... စီစဥ်တာလည်း ကောင်းတယ်... အခွင့်အရေးရရင် နေရာရွှေ့ဖို့ ငါစဥ်းစားပေးမယ်... "

ဆရာမလု ထိုစကားကို ကြားလိုက်သည်နှင့် ဝမ်းသာသွားသည် ။ သူမ ရာထူးတိုးပေတော့မည် ။ သူမ ပို၍ပင် တက်ကြွသွား၏ ။

ပြောရင်းဆိုရင်းပင် ကျောင်းသားအုပ်ကြီးက ကျောင်းကွင်းပြင်သို့ ဒေါသတကြီး ပြေးလာကြသည် ။ ရာဂဏာန်းများစွာ ရှိလောက်​သည် ။ ပထမနှစ် ၊ ဒုတိယနှစ်နှင့် တတိယနှစ်များပင် ပါဝင်လေသည် ။

ဆရာမလုက ကျောင်းအုပ်ယန်၏ ရှေ့တွင် သူမလုပ်ဆောင်နိုင်စွမ်း ပြချင်သည်ကို ထိန်းမရတော့ ။

" လင်းမို့ကို စိန်ခေါ်ချင်တဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်တွေ နင်တို့ စာရင်းအရင်သွင်းရမယ်... တတိယနှစ်တွေ စာရင်းသွင်းဖို့ ကူညီပေးလိုက်ကြ ..."

တစ်ခနအတွင်း စာရင်းပေးသွင်းထားသည့် စာရွက်ရာဂဏာန်း ဆရာမလု၏ လက်ထဲသို့ ရောက်ရှိလာသည် ။

" လင်းမို့... "

ဆရာမလုက စိန်ခေါ်စာများကို သယ်၍ လင်းမို့ဆီသို့ လျောက်လာခဲ့သည် ။

" နင်အဆင့်သင့်ဖြစ်ရင် စလိုက်ရအောင်... "

" ဖြစ်ပါပြီ... "

လင်းမို့က အပေါ်ဆုံးမှ စိန်ခေါ်စာကို ယူလိုက်သည် ။

' အိုး... ပထမဆုံးက ဆရာကြီးဟ...'

စိန်ခေါ်စာတွင် မိတ်ဆက်ကို အတိုချုပ်သာ ဖော်ပြထားသည် ။

' ဟို့ဖန်း အတန်းတွင်း ပထမ... အတန်းအားလုံး တွင် အဆင့် ၁၆... '

လင်းမို့ ဆက်ဖတ်လိုက်တော့ သွေးအန်လုမတက် ဖြစ်သွားသည် ။

' အတန်း ပထမနှစ်... အခန်း ၇ ...လက်သီးပြင်းအား ၆၆၈ ကီလို... '

' ချီးးးး... ပထမနှစ် လက်သီးပြင်းအား ၆၆၈ ကီလိုက စိန်ခေါ်ရဲတယ်လား...'

လင်းမို့ အမူအရာမှာ ထူးဆန်းသွားသည် ။

ဆရာမလုလည်း လင်းမို့၏ လက်ထဲမှ စာရွက်ကို ယူကြည့်ပြီး ထူးဆန်းသော အမူအရာ ဖြင့် ...

" ဒီကလေးက ပထမနှစ်မှာ ပါရမီရှင် ဖြစ်တာနဲ့ တတိယနှစ်ကို စိန်ခေါ်လို့ရမယ်ထင်နေတာလား... ပထမနှစ်နဲ့ တတိယနှစ် ခွန်အားဘယ်လောက်ကွာလဲ မသိဘူးလား... "

" ဟို့ဖန်းက ဘယ်သူလည်း... "

လင်းမို့က စာရွက်ထောင်ပြပြီး မေးလိုက်သည် ။

" ငါ..."

ဝတုတ်တုတ် ဖက်တီးလေးက လူအုပ်အတွင်းမှ ရင်ကော့ပြီး ဖြေလိုက်၏ ။

" မင်း စိန်ခေါ်စာကို ပြန်ယူလိုက်ပါလား..."

လင်းမို့က ကြင်နာစွာ သတိပေးလိုက်သည် ။

" ဘာလဲ... ငါ့ကို ကြောက်လို့လား..."

ဖက်တီးလေးက လင်းမို့ပြောသည်ကို အကောင်းမမြင်ဘဲ ကွင်းထဲသို့ မောက်မာသည့်ဟန်ဖြင့် ဝင်လာခဲ့သည် ။

" မင်းကြောက်ရင် ဒူးထောက်ပြီး တောင်းပန်လိုက်... ငါသနားရင် လွှတ်ပေးလိုက်မယ်... "

ကြည့်နေကြသူများအားလုံး တိတ်ဆိတ်သွား၏ ။ ကျောင်းအုပ်ယန်နှင့် ဆရာများက ဟို့ဖန်းအား အရှုးတစ်ယောက်လို ကြည့်နေကြသည် ။

" ဒီ ဟို့ဖန်းက တတိယနှစ်တွေ ဘယ်လောက်သန်မာလဲ မသိဘူးပဲ..."

ဆရာတစ်ယောက်က သက်ပြင်းချလိုက်၏ ။

" ဘယ်အတန်းက ကျောင်းသားလဲ..."

ကျောင်းအုပ်ယန်က မေးလိုက်သည် ။

" သူ့ဆရာရှိလား... ဒီပွဲပြီးရင် သူ့ကို စိတ်ရောဂါကု ဆရာဝန်ဆီ ခေါ်သွားလိုက် ..."

လင်းမို့လည်း ဆွံ့အသွား၏ ။ သူကြင်နာပြနေသော်လည်း ထိုကလေးက အရိုက်ခံချင်နေသည် ။

" လာလာ ဖက်တီးလေး..."

လင်းမို့က လက်ယမ်းခေါ်လိုက်သည် ။

" ဟာဟာဟားးး မင်းလက်ခံရဲသားပဲ..."

ဟို့ဖန်းက လင်းမို့ဆီသို့ ရင်ကော့ကာ လျောက်လာရင်း တိုက်ရိုက်ထုတ်လွှင့်နေသော ကျောင်းသားထံ လှမ်းပြောလိုက်သည် ။

" ညိုကီ... တတိယနှစ်ကကောင်ကို ငါဘယ်လိုရိုက်တယ်ဆိုတာ ဓာတ်ပုံ ကောင်းကောင်းရိုက်ပေးထား..."

" ဟုတ်တယ်... သူ့ကိုရိုက်..."

" ပထမနှစ်​​တွေကို အထင်မသေးရဲအောင် ရိုက်ပစ်... "

" ဟို့ဖန်း... နင်က အချောဆုံး... "

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသော ပထမနှစ်များကလည်း ဟို့ဖန်းကို အားပေးကြသည် ။

" ဟို့ဖန်း... မင်းလုပ်နိုင်တယ်... မင်းနိုင်မှာ..."

" ငါတို့ကို အနိုင်ကျင့်ရတာ မလွယ်မှန်း အဲ့ကောင်သိအောင် ရိုက်ပစ်... "

" အဲ့ကောင် ​​ော က်ခွက် ဖြတ်ရိုက်ပစ်... "

ဟို့ဖန်းက သူ့အား ဝိုင်းချီးကျူးနေကြသဖြင့် ​မြောက်ကြွမြောက်ကြွ ဖြစ်နေ၏ ။

" အားလုံးပဲ... ငါတစ်ချက်ထဲနဲ့ အနိုင်ယူပြမယ်... "

ဟို့ဖန်းက သူ့အတန်းဖော်များကို လက်ပြလိုက်ပြီး မြေပြင်ပေါ်သို့ ပြင်းပြင်းထန်းထန်း နင်းချလိုက်ကာ ပြေးဝှေ့မည့် နွားတစ်ကောင်ကဲ့သို့ လင်းမို့ဆီသို့ ဦးတည်ထားလိုက်သည် ။

ပထမနှစ်များက ထိုမြင်ကွင်းကို မြင်လျှင် စိတ်လှုပ်ရှားသွားကြသည် ။

" ဟို့ဖန်းရဲ့ နာမည်ကျော် နွားဝှေ့ချက် ဟ... "

" ဟို့ဖန်းက တတိယနှစ်ကောင်ကို တစ်ချက်ထဲ အပြတ်လုပ်တော့မယ်ထင်တယ်... "

" တတိယနှစ်ခွေးတော့ ပျံဖူးတော့မယ်... "

" ဟို့ဖန်းက စိတ်မရှည်ဘူး... အနိုင်မယူခင် နဲနဲတော့ ရိုက်သင့်တယ်..."

" ဟိုကောင်က တတိယနှစ်ဆိုတော့ ဟို့ဖန်းက သတိထားနေတာ ထင်တယ်... သူ့အကျွမ်းကျင်ဆုံး သိုင်းကွက်နဲ့ တစ်ဘက်ကို အခွင့်အရေးမပေးတော့ဘူး..."

' ဘာကောင်တုန်းဟ...'

ဟို့ဖန်း၏ တိုက်ကွက်ကို မြင်လျှင် လင်းမို့ အံ့သြ သွား၏ ။ တခြားသူများ တိုက်ခိုက်လျှင် အားနည်းသည့်နေရာများအား အဓိက ကာကွယ်ကြသော်လည်း ဤဖက်တီးက ခေါင်း​​​​မော့၍ မျက်နှာ ရှေ့ထိုးပေးထားသည် ။ လင်းမို့ ပါးရိုက်ပစ်ချင်စိတ် ထိန်းမရတော့ ။

ဟို့ဖန်းက အားကုန် ပြေးဝင်လာသည်နှင့် အားပေးသံများ ဆူညံသွားသည် ။ လင်းမို့က လက်ကိုမြှောက်ပြီး...

" ဖြောင်းးး..."

သူရိုက်လိုက်သည့်အားကြောင့် ဟို့ဖန်၏ လည်ပင်းကြီး လိမ်သွားပြီး ဘေးသို့ ပျံတက်သွားသည် ။

" ဝှီးးးး..."

" ဘုန်း..."

ကြည့်နေကြသော ကျောင်းသားများ ပါးရိုက်သံ အကျယ်ကြီးနှင့် ပျံတက်သွားသော ဝက်ပျံကြီးကို မြင်လိုက်ကြရသည် ။

All Chapters