← Chapters

ကျောင်းသားအားလုံး တက်ကြွခြင်း ၂

Vol. 4 Ch. 49

ကျောင်းသားအားလုံး တက်ကြွခြင်း ၂

Vol. 4 Ch. 49

~

ဆူညံစွာ အားပေးနေကြသော ကျောင်းသားများ တိတ်ဆိတ် သွားကြသည် ။ ယခုအချိန်တွင် ရေစက်ကျသံပင် ကျယ်လောင်နေပေလိမ့်မည် ။

“ ​ဘာဖြစ်... “

ကျောင်းသားအားလုံး မြေပြင်တွင် လဲကျနေသော ဖက်တီးလေးကို ကြည့်လိုက် လင်းမို့ကို ကြည့်လိုက်နှင့် သတိပြန် မကပ်ကြသေးချေ ။ ဖြစ်သွားသည်ကို သူတို့နားမလည်နိုင်တော့ ။

ပထမနှစ်၏ ကြယ်ပွင့် ဟို့ဖန်းတစ်ယောက် ပါးရိုက်ခံရပြီး ပျံသန်းသွားသည် ။ မည်သို့ ဖြစ်နိုင်ပါမည်နည်း ။

“ ဟို့ဖန်း ဂရုမစိုက်လို့လား... “

“ ပထမနှစ် ထိပ်တန်းကျောင်းသားက တတိယနှစ်ဘိတ်ချေးကို မနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး... “

“ မဖြစ်နိုင်ဘူး... “

ပထမနှစ် နှင့် ဒုတိယနှစ်ကျောင်းသားများ ဘာပြောရမှန်းမသိတော့ပေ ။ တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ အားပေးနေကြသော ကွန်မန့်များပင် ပျောက်ကွယ်သွားသည် ။ ယခုဖြစ်ပျက်သွားသည်ကို သူတို့လက်မခံနိုင်ကြ ။ ပါးရိုက်ခံလိုက်ရသည်မှာ ဟို့ဖန်း၏ မျက်နှာမဟုတ် ။ ပထမနှစ်များ၏ ဂုဏ်သိက္ခာပင် ။

ဆရာများနှင့် တတိယနှစ်ကျောင်းသားများက ဘာမ မခံစားရ ။ ဤသည်မှာ ပုံမှန်သာဖြစ်သည် ။ ပထမနှစ်က တတိယနှစ်ကို နိုင်ရန် အကြောင်းမရှိ ။

“ နောက်တစ်ယောက်... “

လင်းမို့ ထိတ်လန့်နေကြသော ကလေးများကို လစ်လျှူရှုလိုက်သည် ။

‘ ဒါ အစပဲ ရှိသေးတယ်... “

ယနေ့ ဤကလေးများ လက်မြှောက်အရှုံးပေးသည်အထိ သူရိုက်ပေးရမည် ။ စာမေးပွဲကို လက်လျော့ခဲ့သူနှင့် သူတို့အကြား မည်မျှခွန်အား ကွာခြားသည်ကို နားလည်သွားကြပေလိမ့်မည် ။ ထိုမှသာ တက်တက်ကြွကြွ ကြိုးစားကြမည်ဖြစ်သည် ။

‘ ငါ့ညီလေး ညီမလေးတွေ... မင်းတို့ကောင်းဖို့ ငါလုပ်ရတာပါကွာ...’

လင်းမို့ သူ့လက်ကို ငုံ့ကြည့်လိုက်သည် ။ ဒီနေ့ အလုပ်ရှုပ် သည့်နေ့ပင် ။

“ နောက်တစ်ယောက်... ဝမ်ဟောင်... “

ပထမနှစ်၏ အဆင့်၁ ပါရမီရှင် ။ ပထမနှစ်၏ အသန်မာဆုံး ။ လက်သီးပြင်းအား ၇၀၁ ကီလို ။ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၁ အထွတ်အထိပ် ။

ဝမ်ဟောင်က ပထမနှစ်များ၏ မျှော်လင့်ချက် ဖြစ်လာခဲ့သည် ။ ပထမနှစ်များ၏ ဂုဏ်သိက္ခာကို ပြန်ယူပေးနိုင်သူမှာ ဝမ်ဟောင်တစ်ယောက်သာရှိလေသည် ။

မိနစ်ဝက်အကြာ...

သူတို့၏ မျှော်လင့်ချက်ကို လင်းမို့ ပါးရိုက်ပစ်လိုက်သည် ။

ပါးရိုက်ခံလိုက်ရသော ဟို့ဖန်းနှင့် ဝမ်ဟောင်တို့ ကွင်းပြင်ဘေးရှိ တံတိုင်းနားတွင် ထိုင်နေကြသည် ။ သူတို့၏ နီမြန်းနေသော ပါးကိုကိုင်ကာ ဒေါသထွက်နေကြ၏ ။

“ အကိုဝမ်... အကိုတောင် ပါးရိုက်ခံလိုက်ရတယ်... “

“ ဖန်း... ငါတို့က ငယ်သေးတယ်... တတိယနှစ်တွေက ကြောက်စရာကောင်းလိုက်တာ... “

လင်းမို့က နောက်တစ်ယောက် ဆက်ခေါ်လိုက်သည် ။

“ နောက်တစ်ယောက်... ရွမ်လင်လင်... လာပြီး ပါးရိုက်ခံစမ်း... “

“ ငါ... “

ရွမ်လင်လင် က သတ္တိမရှိတော့ ။

“ ငါ အပေါ့သွားချင်လို့... အရင်သွားလိုက်ဦးမယ်... “

“ ဆယ်စက္ကန့်လောက်ပဲ ဘာမှ မကြာဘူး ...လာလာ.... ပါးရိုက်ခံပြီးမှ အိမ်သာသွားတော့... “

လင်းမို့ သူ့အား ထွက်ပြေးခွင့်မပေး ။

“ တတိယနှစ်က ညီအကိုတွေ... အဲ့ကောင်ကို ကွင်းထဲ ပစ်ထည့်လိုက်... “

“ ဖြောင်း... ဝှီးးး... ဘုန်း... “

ဟို့ဖန်း၏ ဘေးတွင် မျက်နှာအုပ်ထားသူ နောက်တစ်ယောက် တိုးလာသည် ။

“ နောက်တစ်ယောက်... စာရင်းပေးထားတဲ့သူတွေ တန်းစီထား... တစ်ယောက်ပြီး တစ်ယောက်တက်ခဲ့ ငါ့အချိန်ကို မဖြုန်းနဲ့... “

ပထမနှစ်များ ပြိုလဲသွားကြသည် ။ ကြီးမားသော အရှုံးကြောင့် စိတ်ဓာတ်များပင် ရိုက်ချိုးခံလိုက်ရသည် ။

“ လင်းမို့က လူဆိုးပဲ...”

“ တတိယနှစ်တွေက ငါတို့ထက် သန်မာလိုက်တာ... “

“ သူ့ ခွန်အားနဲ့တောင် ဘယ် တက္ကသိုလ်မှ မမီဘူးတဲ့... “

“ ငါတို့ မကြိုးစားရင် သူ့ထက်တောင် ဆိုးသွားမှာပေါ့... ဘယ်တက္ကသိုလ်မှ မီမှာ မဟုတ်ဘူး... “

“ မဟုတ်ဘူး... ငါတက္ကသိုလ် တက်ရမယ်... “

“ တက္ကသိုလ်တက်ဖို့ ငါတို့ ကြိုးစားရမယ်... “

လင်းမို့သည် ပါးသုံးချက် ရိုက်ပြီးနောက် သူ၏ တက်ကြွအညွှန်းကိန်း မြင့်တက်လာသည်ကို မြင်လိုက်ရသည် ။ ၄၈ မှ ၅၄ ရောက်သွား၏ ။ ပါးတစ်ချက် ရိုက်လိုက်တိုင်း အညွှန်းကိန်းက မြင့်တက်လာသည် ။

‘ ဒါ ပါးရိုက်တာလား... ‘

လင်းမို့ သူ၏ နီရဲနေသော လက်ဝါးကို ငုံ့ကြည့်ပြီး ကွင်းဘေးရှိ ပါးရိုက်ခံထားရသူများကို ကြည့်လိုက်သည် ။

‘ မဟုတ်ဘူး... ဒါ စီနီယာ တစ်ယောက်ရဲ့ ဂရုဏာပဲ...’

ပထမနှစ်များ အရှုံးပေးသွားသော်လည်း ဒုတိယနှစ်များက မကြောက် ။ ပထမနှစ်များကို အနိုင်ကျင့်၍ ရသော်လည်း သူတို့ကို အနိုင်ရရန် လွယ်ကူလိမ့်မည်မဟုတ် ။ အသက်တစ်နှစ်သာ ကွာသဖြင့် မကြောက်ပေ ။

“ ပထမနှစ်တွေ ရှုံးသွားပြီး... ငါတို့ အလှည့်ရောက်တော့မယ်... “

“ လင်းမို့ က ဘာလို့ ပထမနှစ်တွေကိုပဲ စိန်ခေါ်နေတာလဲ... ငါတို့ကို ကြောက်လို့လား... “

ပြီးနောက်...

ဒုတိယနှစ်များ၏ ယုံကြည်မှု သုံးမိနစ်အတွင်း ပျောက်ကွယ်သွားသည် ။

ဒုတိယနှစ်၏ ပထမအဆင့် ပါရမီရှင်က လင်းမို့၏ ပါးရိုက်ပျံသန်းခြင်း သိုင်းကွက်ဖြင့် အနိုင်ယူခံလိုက်ရဖြင့် ဒုတိယနှစ်များ စိတ်ဓာတ်ကျသွားကြသည် ။

“ ငါတို့ ဝင်ခွင့်စာမေးပွဲဖြေရဖို့ တစ်နှစ်ပဲလိုတော့တယ်... ခုထိ တတိယနှစ်က အားအနည်းဆုံးကို မနိုင်သေးဘူးလား...”

“ တတိယနှစ်ရဲ့ အားအနည်းဆုံးကိုတောင် တစ်ယောက်မှ မနိုင်ဘူးဆိုတော့... ငါတို့ တစ်ယောက်မှ တက္ကသိုလ် မတက်နိုင်တော့ဘူးလား...”

“ ဟူးးး... ဝင်ခွင့်စာမေးပွဲက ခက်လိုက်တာ...”

“ ငါ မနက်က လေ့ကျင့်တာ ငါးမိနစ်စောပြီး နားလိုက်မိတယ်... ညကြရင် မိနစ်ငါးဆယ်ပိုပြီး လေ့ကျင့်ရမယ်... “

“ ငါနားလည်ပြီ... ငါနားလည်ပြီ... စီနီယာအကို လင်းမို့က ငါတို့ကြိုးစားချင်စိတ်ရှိအောင် ပါးရိုက်ပေးတာပဲ...”

“ အကို လင်းမို့က သူ့မှာ မျှော်လင့်ချက်မရှိတော့မှန်းသိလို့ ငါတို့ ကြိုးစားအောင် လုပ်ပေးနေတာပဲ... သူ့ ဂုဏ်သိက္ခာတောင် ဂရုမစိုက်တော့ဘူး... “

“ ငါတို့ အကိုလင်းမို့ကို လေးစားရမယ်... “

“ ပိုကြိုးစားပြီး ​အမြန်ဆုံး အကိုလင်းမို့ကို ကျော်ဖြတ်နိုင်ရမယ်... “

ကွင်းပြင်ဘေးရှိ ပါးရိုက်ခံထားရသော ကျောင်းသားတစ်ရာကျော်မှာ မျက်နှာတွင် လက်ငါးချောင်းရာနှင့် နီရဲနေသော်လည်း မျက်လုံးများမှာ စိတ်ဓာတ်ကြံ့ခိုင်မှုများဖြင့် တောက်ပ​နေသည် ။

လင်းမို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ကျေနပ်စွာပြုံးလိုက်၏ ။ သူ၏ တက်ကြွအညွှန်းကိန်းမှာ ၇၀ ကျော်သွားလေပြီ ။ ချစ်စရာ ဂျူနီယာလေးများမှာ သူမျှော်လင့်ထားသလို တာဝန်ကျေကြသည် ။

သို့သော်လည်း မီးလောင်တုန်း ဆီလောင်းထည့် ပေးရမည် ။

“ ဒုတိယနှစ် ကျောင်းသားတွေ ...ငါမင်းတို့ကို အမှိုက်လို့ပြောတာ လက်ခံလား...”

ဒုတိယနှစ်ကျောင်းသားများမှာ အရှက်ခွဲ ခံလိုက်ရသည့်အတွက် စိတ်မဆိုးကြတော့ ။ တိုက်ခိုက်လိုစိတ်များနှင့် တက်ကြွနေကြသည် ။ သူတို့က ကျယ်လောက်စွာဖြင့်...

“ လက်ခံပါတယ်... “

တက်ကြွအညွှန်းကိန်းက ၇၃ ထိရောက်သွားသည် ။

လင်းမို့က ကျေနပ်စွာ ခေါင်းညိတ်ပြီး ...

“ ပထမနှစ်ကျောင်းသားတွေ မင်းတို့က အမှိုက်ထက်ဆိုးတယ်ဆိုတာ ငါပြောတာ လက်ခံလား...”

“ လက်ခံပါတယ်... “

တက်ကြွအညွှန်းကိန်းက ၇၅ ထိရောက်သွား၏ ။

ဟိုင်းချန် အထက်တန်းကျောင်းတစ်ခုလုံးရှိ ကျောင်းသားများအားလုံး ကြိုးစားလိုစိတ်များ မြင့်တက်သွားသည် ။

ဆရာများမှာ ကျေနပ်နေကြ၏ ။ ယခုလို သင်ယူချင်စိတ် တက်ကြွနေမှု ကို တစ်ခါမှ မမြင်ဘူးကြ ။ နောက်နှစ်အနည်းငယ်အတွင်း ဟိုင်းချန်အထက်တန်းကျောင်း၏ ရလဒ်များမှာ များစွာတိုးတက်လာပေတော့မည် ။

“ အဲ့တာဆို ပိုပြီး ကြိုးစားကြ... “

လင်းမို့က ပြောပြီးသည်နှင့် ပညာရှင်တစ်ယောက်လို လှည့်ထွက်လာခဲ့လိုက်သည် ။ ပြီးနောက် လူမမြင်သည့် ထောင့်တစ်ခုတွင် ထိုင်ကာ လက်သီးပြင်းအား တိုးလာသည်ကို ထိုင်ကြည့်နေတော့သည် ။

‘ ၁၃၀၀ ကီလို...’

‘ ၁၄၀၀ ကီလို... ‘

‘ ကျောင်းက ကျယ်လွန်းတာ ဆိုးတာပဲ... အဝေးရောက်ကုန်တော့ တက်ကြွအမှတ်တွေ နည်းကုန်ပြီ... ကျောင်းသာ ပိုကျဥ်းရင် ဒီနေ့ ၁၅၀၀ ကီလို ကို ရောက်တယ်... ‘

လင်းမို့ ခေါင်းယမ်းမိလိုက်သည် ။ တစ်နေ့အတွင်း လက်သီးပြင်းအား ကီလို ၂၀၀ တိုးလာသည်ကို သူနည်းသည်ဟုပင် ထင်နေမိ၏ ။

ကျောင်းဆင်းသည်နှင့် ပစ္စည်းလက်ခံရန် စာဝင်လာသည် ။

‘ A1ဆေး ပုလင်း ၉၀ ရောက်လာပြီလား....ဟီဟီဟီးးး...’

လင်းမို့ ပြေးထွက်သွားသည် ။ ယနေ့ သူ၏ လက်သီးပြင်းအား ၂၀၀ ကီလို တိုးလာသည်မှာ တက်ကြွအညွှန်းကိန်း အပြင် ရေနွေးဘူးထဲရှိ A1 ဆေးများကြောင့်လည်းပါသည် ။

လင်းမို့သည် ယခု ပုလင်း၉၀ ရရှိတော့မည် ဖြစ်သဖြင့် ရည်ရွယ်ချက်တစ်ခု သတ်မှတ်ထားလိုက်သည် ။

‘ ငါ နှစ်ရက်အတွင်း လက်သီးပြင်းအား ၂၀၀၀ ကီလိုကို ရောက်ရမယ်... ‘

A1 ဆေးများနှင့် တက်ကြွနေသော ကျောင်းသာများ ပေါင်းလိုက်လျှင် သူ၏ ရည်မှန်းချက် ပြည့်ဝနိုင်ပေသည် ။

ထိုအချိန်...

တတိယနှစ် အခန်း ၁၄ မှ ယင်ကျန့် စိတ်မသက်မသာ ခံစားမိလိုက်သည် ။

‘ ငါဘာလို့ ရင်တွေခုန်နေတာလဲ... ငါဒီနေ့ အရိုက်ခံရအုံးမှာလား... ‘

All Chapters