ညဏ်ကောင်းတဲ့ ယင်ကျန့် ~
Vol. 4 Ch. 50
ကျောင်းဆင်းခေါင်းလောင်းထိုးသံ ထွက်ပေါ်လာ၏ ။
ဟိုင်းချန်အထက်တန်းကျောင်း ဂိတ်ဝတွင် ကျောင်းသားများနှင့် ပြည့်နေသည် ။ အာရုံထက်မြက် သည့်ကျောင်းသားများမှာ ဂိတ်ဝကို ဖြတ်သန်းစဥ် ကြောက်မက်ဖွက် အော်ရာများကို ခံစားမိလိုက်ကြသည် ။
ထိုခံစားချက်မှာ မမှားချေ ။ ယခုအချိန် ကျောင်းပတ်ချာလည်၌ သိုင်းပညာရှင်တစ်ရာကျော် စောင့်ကြည့်နေကြသည် ။
အားလုံးမှာ ကောင်းကင်အဆင့် များဖြစ်ကြပြီး အဖွဲ့ခေါင်းဆောင်များမှာ ငွေလတံဆိပ်များ တပ်ဆင်ထားကြသော ငွေလအဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည် ။ အားလုံးကို ဦးဆောင်သူမှာ ရင်ဘက်တွင် နေအလင်း တံဆိပ် တပ်ဆင်ထားသည့် နေအလင်းအဆင့် သိုင်းပညာရှင်ဖြစ်သည် ။
နေအလင်းအဆင့် သိုင်းပညာရှင်များမှာ လူသားဖြစ်တည်မှုကို များစွာ ကျော်လွန်ပြီးဖြစ်၍ အဆင့်မြင့် လက်နက်များ မဆိုထားနှင့် နျူကလီယားဗုံး များပင်လျှင် အန္တရာယ် ပေးနိုင်တော့မည်မဟုတ်ပေ ။
ထိုကြီးမားသော အစုအဖွဲ့ကြီးမှာ A1 ဆေး ပုလင်း ၉၀ ပေးပို့ရန်အတွက်သာဖြစ်သည် ။ အမှန်တော့ A9 ဆေးပုလင်း ၉၀ ပင် နေအလင်းအဆင့်များ လိုက်ပါဆောင်ရွက်ရန် ထိုက်တန်မည်မဟုတ်ချေ ။
ရှေးဦးစကြာဝဠာ မှ တာဝန်ပေးလိုက်သော S အဆင့် တာဝန်ကြောင့်သာ လိုက်ပါလာခဲ့ရခြင်းပင် ။ S အဆင့် တာဝန်တိုင်း နေအလင်းအဆင့် သိုင်းပညာရှင်တစ်ယောက် အစောင့်လိုက်ရမည်ဖြစ်သည် ။
သို့သော်လည်း တာဝန်ဆောင်ရွက်နေသော သိုင်းပညာရှင်အားလုံး မည့်သည့်ပစ္စည်းကို ပေးပို့ရမှန်းမသိသလို လင်းမို့တွင် မည်သို့သော ထူခြားသည့်နောက်ခံရှိမှန်း မသိရပေ ။ တာဝန်၏ အချက်အလက် တစ်စုံတစ်ရာ ပေါက်ကြားသွားပါက တာဝန်တွင် ပါဝင်သည့် သိုင်းပညာရှင်များအားလုံး ဂြိုလ်ပြာပေါ်မှ ပျောက်ကွယ်သွားမည်ဖြစ်သည် ။ နေအလင်းအဆင့်များပင် လွတ်ကင်းနိုင်မည်မဟုတ် ။
ထို့ကြောင့် တာဝန်ဆောင်ရွက်နေသော သိုင်းပညာရှင်များအားလုံး သတိကြီးစွာ ထားနေကြသည် ။ စိတ်ဓာတ်အားနည်းသည့် သိုင်းပညာရှင်များဆိုလျှင် ရင်တုန်ပန်းတုန် ဖြစ်နေကြ၏ ။
" အဖွဲ့ တစ်... အားလုံးပုံမှန်..."
" အဖွဲ့ နှစ်... အားလုံးပုံမှန်... "
" အဖွဲ့ သုံး... ......"
" အဖွဲ့ခြောက်... အားလုံးပုံမှန် ထင်ပါတယ်..."
အဖွဲ့ အားလုံးမှာ နေအလင်းအဆင့်ခေါင်းဆောင်ထံသို့ သတင်းပို့နေကြသည် ။
တခြားအဖွဲ့များ၏ ခေါင်းဆောင်များမှာ ငွေလအဆင့်များ ဖြစ်သော်လည်း အဖွဲ့ခြောက်၏ ခေါင်းဆောင်မှာ Peppa Pig ဖြစ်သည် ။
သူတို့အဖွဲ့မှာ အရင် တာဝန်နှစ်ခုအား အမှားအယွင်းမရှိ ထမ်းဆောင်နိုင်ခဲ့သဖြင့် ပါဝင်ခွင့်ရခဲ့ခြင်းပင် ။ Peppa Pig တစ်ယောက် S အဆင့် တာဝန်တွင် ပါဝင်ရမည်ဟု အိမ်မက်ပင် မမက်ခဲ့ဘူးချေ ။ Peppa Pig မှာ ကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်သည် ။
" ထင်တာလား... "
နေအလင်းအဆင့် ခေါင်းဆောင်က မကျေမနပ်ဖြင့်...
" ပုံမှန် ဆိုရင်လည်း ပုံမှန်... ပုံမှန်မဟုတ်ဘူးဆိုရင်လဲ ပုံမှန်မဟုတ်ဘူး ပြောကွ... S အဆင့် တာဝန်မှာ ထင်တယ်လို့ သုံးလို့ရမလား..."
အခြားအဖွဲ့များမှာ peppa pig တို့ အဖွဲ့အား အမြင်မကြည်ကြ ။ ထိုမျှ အားနည်းသည့်အဖွဲ့အား ပေါင်းထည့်ထားသဖြင့် မကျေနပ်ကြပေ ။
" ဟုတ်...ဟူတ်...."
Peppa Pig က အလျင်အမြန်ရှင်းပြသည် ။
" အရင်တုန်းက ပစ်မှတ်ကို နောက်ယှက်ဖို့ ကြိုးစားတဲ့ လူတစ်ယောက်ရှိပါတယ်... အရင် မစ်ရှင် နှစ်ခုတုန်းက သူ့ကို ဖယ်ရှားခဲ့ပင်မယ့်... ခုမစ်ရှင်မှာ အဲ့ ယင်ကျန့်ဆိုတဲ့သူပေါ်လာတာ မတွေ့ရသေးလို့ပါ... သူ စောင့်ကြည့်ဧရိယာထဲမှာ ရှိနေပါတယ်... "
" ရပြီ... ငါနားလည်တယ်... "
ခေါင်းဆောင်က ခဏရပ်ပြီးမှ...
" S အဆင့် မစ်ရှင်မှာ ဖြစ်လာနိုင်တယ့် အနှောက်အယှက်တွေ အားလုံး ရှင်းထုတ်ပစ်ရမယ်... တစ်သန်းမှာ တစ်ပုံပဲ ဖြစ်နိုင်ရင်တောင် ရှင်းပစ်... "
" ဒါပင်မဲ့ သူကျောင်းထဲက ထွက်မလာသေးပါဘူး... ကျွန်တော်တို့ ကျောင်းထဲ ခိုးဝင်ဖို့ မလွယ်လို့ပါ..."
Peppa Pig က ပြန်တင်ပြလိုက်သည် ။
" ငါ့ စိတ်ဝိညာဥ်အာရုံနဲ့ မင်းကို ဖုံးပေးထားမယ် ... ဂိတ်ဝကနေ ရင်ကော့ပြီး ဝင်သွားလို့ရတယ်... ဘယ်သူမှ ရှာတွေ့မှာ မဟုတ်ဘူး... "
ခေါင်းဆောင်က ယုံကြည်မှု အပြည့်ပြောလိုက်၏ ။
" နားလည်ပါပြီ..."
Peppa Pig က မျက်ခုံးပင့်၍ ကျောင်းဝန်းဆီသို့ ကြည့်လိုက်၏ ။
တတိယနှစ်... အခန်း ၁၄...
ယင်ကျန့်သည် စိတ်ခံစားချက်မကောင်းသဖြင့် အိမ်မပြန်သေးပေ ။ ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်သည်နှင့် ထိုခံစားချက်မှာ ပို၍ပင် သိသာလာသည် ။
' မဖြစ်ဘူး ငါ ဒီနေ့ အရိုက်ခံရမှာ သေချာတယ်... '
လွန်ခဲ့သော နှစ်ရက်အရိုက်ခံရသည်က သူ၏ အကန့်အသတ်သို့ ရောက်နေလေပြီ ။ မနေ့ကဆို ပို၍ပင် ဆိုးသေးသည် ။ တနေကုန် ပါးစပ်ထဲ ငံကျိကျိ ဖြစ်နေသဖြင့် ဘာမှ မစားနိုင်ခဲ့ ။
' ငါ ကျောင်းအပြင်ထွက်တာနဲ့ အရိုက်ခံရမှာ သေချာတယ်... '
သူနေ့တိုင်း အရိုက်ခံနေရသဖြင့် ဆဌမအာရုံ ရနေသည် ။
' ငါ အပြင်ထွက်လို့ မဖြစ်ဘူး...'
သို့သော်လည်း ကျောင်းခန်းထဲနေရသည်က ကျောချမ်းလာသည် ။
' ဒီနေရာ လာရိုက်ရင် ဘယ်လိုလုပ်မလဲ...'
ယင်ကျန့် စိုးရိမ်သွား၏ ။ သူချက်ချင်း အကြံတစ်ခုရလိုက်သည် ။
' သူတို့ ရှာမတွေ့အောင် ပုန်းနေရမယ်... ဘယ်မှာ ပုန်းရမလဲ... '
သူ စဥ်းစားမိလိုက်သည် ။ ယောကျ်ားများ မထင်ထားသည့်နေရာ ။ သိလျှင်ပင် ဝင်မရှာရဲမည့်နေရာ ။
ယင်ကျန့် မိန်ကလေး အိမ်သာ ထဲသို့ ဝင်ပုန်းနေလိုက်၏ ။ အနံ့ဆိုးသော်လည်း လုံခြုံသည်ဟု ခံစားလိုက်ရသည် ။
' ငါ မိန်းကလေးအိမ်သာ ထဲဝင်ပုန်းနေမယ်လို့ ဘယ်သူထင်မလဲ... '
ယင်ကျန့် သူကိုသူ ဂုဏ်ယူမိလိုက်သည် ။
' သိရင်ရော ဘာဖြစ်လဲ... ကျောင်းမှာ မိန်းကလေးအိမ်သာ အများကြီး... အဲ့နတ်ဆိုးနှစ်ကောင် တစ်ခုချင်းစီ ရှာနိုင်မလား...'
သူ ဤနေရာတွင် ညမှောင်သည်အထိ ပုန်းနေရန် ဆုံးဖြတ်လိုက်သည် ။ ညမှောင်သောအခါမှ ခိုးထွက်၍ အိမ်သို့ ပြန်ပြေးပေမည် ။ ယနေ့ သူအရိုက်မခံရဖို့ရန်သာ အရေးကြီးလေသည် ။
ယင်ကျန့် သည် သူပုန်းနေသော နေရာသို့ peppa pig တို့ ပြေးလာနေသည်ကို မသိလိုက် ။
နေအလင်းအဆင့် သိုင်းပညာရှင်၏ စိတ်အာရုံမှ မည်သို့လွှတ်နိုင်ပါမည်နည်း ။
နေအလင်းအဆင့် ပညာရှင်က ယင်ကျန့်အား မသိသော်လည်း ပုန်လျိုးကွယ်လျိုး လုပ်နေသည့်တစ်ယောက်ကို တွေ့လိုက်သဖြင့် Peppa Pig တို့နှစ်ယောက်အား အကြောင်းကြားလိုက်သည် ။
မိနစ်အနည်းငယ်အတွင်းပင်...
" ဝုန်း..."
Peppa Pig နှင့် Captain woof မှာ ယင်ကျန့် ရှေ့သို့ တံခါးကန်ဖွင့်၍ ရောက်ရှိလာသည် ။
" ဟီးဟီးးး... တိုက်ဆိုင်လိုက်တာ..."
ယင်ကျန့် ဆွံ့အ သွား၏ ။
' ငါ ဒီလောက်ပုန်းနေတာတောင် လိုက်ရှာသေးတယ်လား...ဒီနေရာကိုတောင် ရှာတွေ့တယ်ပေါ့... ငါ့ကိုဘာလို့ အဲ့လောက်မုန်းနေတာလဲ...'
ယနေ့အရိုက်ခံရမည်ကို မရှောင်လွဲနိုင်တော့မှန်း ယင်ကျန့် သိလိုက်၏ ။ ပုန်းနေသည် အသုံးမဝင်သဖြင့် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်တော့သည် ။
" လာခဲ့စမ်း..."
ယင်ကျန့်မကြောက်တော့ ။ စူးစူးရဲရဲ ကြည့်လိုက်သည် ။
" မင်းတို့ ငါ့ကို မသတ်ရင်... အနာဂါတ်မှာ ငါ မင်းတို့ကို လက်စားပြန်ချေမယ်... "
Peppa Pig တို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိသည် ။ အရင်က သူတို့ တာဝန်အရ လုပ်ရသည်ဖြစ်၍ ယင်ကျန့်အား ထိန်းချုပ်ထားရုံသာ ရိုက်ခဲ့သည် ။ တကယ်မရိုက်ခဲ့ကြ ။ ယခု ယင်ကျန့်၏ စကားက သူတို့အား အနည်းငယ် ကြောက်လန့်သွားစေသည် ။
သူတို့ နှစ်ယောက်မှာ နှစ်ပေါင်းများစွာ တာဝန်များ အတူတကွ လုပ်ဆောင်ခဲ့ကြသဖြင့် တစ်ယောက်သဘော တစ်ယောက်နားလည်သည် ။ စကားဖြင့် ပြောနေစရာမလိုတော့ ။
" ဘာပဲဖြစ်ဖြစ် အမုန်းတရားတွေ ဖြစ်လာမှတော့.... ကျိုးအောင်သာ ဆော်တော့..."
သူတို့က S အဆင့် မစ်ရှင် ဆောင်ရွက်နေသည်ဖြစ်ရာ တာဝန်လိုအပ်ချက်ကြောင့် တစ်စုံံတစ်ယောက် ကျိုးကန်းသွားသည်ကို တာဝန်ယူစရာမလိုအပ်ပေ ။ နောက်ပိုင်း ပြသနာဖြစ်လာမည်ကို ကြောက်စရာမလို ။
သူတို့နှစ်ယောက်၏ အကြည့်အတွင်း ရက်စက်မည့်ဟန်များ ပေါ်လာသည် ။