ပျော်ရွှင်မှု သုံးဆ
Vol. 4 Ch. 51
~
လင်းမို့သည် သူ၏ ပစ္စည်းပို့ဆောင်မှုကြောင့် ယင်ကျန့်အရိုက်ခံနေရမှန်း ခန့်မှန်းမိမည်မဟုတ် ။
အရင်နှစ်ကြိမ်ကဲ့သို့ ပစ္စည်းလက်ခံရန် သူ ဂိတ်ဝတွင် စောင့်နေလိုက်သည် ။
ဒလီသမား ရောက်လာသောအခါ လက်တုန်နေသည်ကို သတိထားမိလိုက်၏ ။
" အကို... ဘာဖြစ်နေတာလဲ... လက်တွေတုန်နေပါလား... "
လင်းမို့က မေးလိုက်၏ ။ သူ စိတ်ထဲတွင် သက်ပြင်းချမိလိုက်သည် ။ တခြားသူများက ဒလီသမား လုပ်ရသည်မှာ အရမ်းပင်ပန်းသည်ဟု ပြောသည်ကို ကြားဖူးသော်လည်း ယခုမှသာ လက်တွေ့ကြုံဖူးသည် ။ ဤဒလီသမားမှာ အရင်နှစ်ရက်က ကျန်းမာကြံ့ခိုင်နေသော်လည်း ဒီနေ့ ပင်ပန်းလွန်းသဖြင့် လက်များပင် တုန်ရီနေချေသည် ။
" ဘာမှ မဖြစ်ပါဘူး... ဘာမှ မဖြစ်ပါဘူး..."
ဒလီသမား အယောင်ဆောင်ထားသော သိုင်းပညာရှင်က ခေါင်းခါပြီး ဖြေလိုက်၏ ။ လင်းမို့ တွေးနေသည်ကိုသာ သူသိလျှင် လက်ထဲရှိသည့်အထုပ်နှင့် ရိုက်မိပေလိမ့်မည် ။
' ပင်ပန်းတယ်ဆိုတာဘာလဲ...'
' ငါကြောက်နေတာကွ...'
' ငါ့လို သာမန်သိုင်းပညာရှင်လေးက S အဆင့် မစ်ရှင်မှာ ပါရမယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး... ဒီမစ်ရှင်မှာ တစ်ခုခု လွဲချော်မိလို့ကတော့.... ငါ့လို ငါးဆားနယ် ပိစိလေးက ဂြိုလ်ပြာပေါ်ကနေ ဝှီးးးး ဆို လွင့်သွားမှာကွ..."
' ငါ စိတ်မလှုပ်ရှား သင့်ဘူးလား...'
' ငါ လက်မတုန်သင့်ဘူးလား...'
လင်းမို့ ပစ္စည်းလက်ခံရန် လက်မှတ်ထိုးနေသည်ကို ဒလီသမားက တုန်ရီစွာဖြင့် စောင့်နေ၏ ။
လင်းမို့က လက်မှတ်ထိုးပြီးသည်နှင့် ဘေးဘီကြည့်ကာ ရေရွတ်လိုက်သည် ။
" အာ... ယင်ကျန့် ဒီနေ့မတွေ့ပါလား... အရင်နှစ်ရက်က တွေ့တော့ ဒီနေ့တွေ့မယ်ထင်နေတာ... "
ဒလီသမားက ထိုသည်ကို ကြားလျှင် တွေးလိုက်မိ၏ ။
' အော်အေးအေး... ခုယင်ကျန့်ကို မတွေ့ရတာ လမ်းကြားထဲ အရိုက်မခံရလို့ဘဲ... ဘယ်ချောင်မှာ အရိုက်ခံနေရလဲမသိဘူး... '
သူ၏ ကိုယ်ပျောက်နားကြပ်အတွင်း နာကျင်စွာ အော်နေသော ယင်ကျန့်၏ အသံကို ကြားနေရပေသည် ။
' ရက်စက်လိုက်တာ... '
မိန်းကလေးအိမ်သာ အတွင်း...
မစ်ရှင်ပြီးမြောက်သည်နှင့် Peppa Pig နှင့် Captain Woof တို့က ထွက်သွားကြသည် ။
စိုစွတ်သော ကြမ်းပြင်တွင် ဒေါသထွက်နေသော ယင်ကျန့်သာ ကျန်နေခဲ့၏ ။
' ငါ သူတို့ကို ဘယ်တုန်းက စော်ကားမိလို့လဲ... "
ယင်ကျန့်သည် ထိုသူများပြောသည့် လူမှား၍ ဆိုသည်ကို မယုံတော့ ။ လူမှား၍ အိမ်သာထဲထိ လာရိုက်မည်လား ။ လူမှား၍ သုံးရက်ဆက်တိုက် ရိုက်စရာအကြောင်းမရှိ ။
" အား... ငါ့လက်ကောက်ဝတ် ကျိုးပြီထင်တယ်..."
နာကျင်မှုကြောင့် ယင်ကျန့် အော်လိုက်မိသည် ။ အရိုးကျိုးလျှင် ပြန်ကောင်းရန် ရက်တစ်ရာ ကြာသည်ဟု သူကြားဖူးသည် ။ စာမေးပွဲစရန် ဆယ်ရက်သာ လိုတော့ရာ သူ၏လက် ပြန်ကောင်းနိုင်မည်လော ။
" ငါ... ငါ ဒုက္ခိတ ဖြစ်ပြီလား... "
ယင်ကျန့် ထိတ်လန့်တုန်လှုပ်သွားသည် ။ သူ တက္ကသိုလ် ဝင်ခွင့် မရပါက တစ်သက်လုံး ဒုက္ခိတ ဖြစ်သွားပေတော့မည် ။
ယင်ကျန့်သည် Peppa Pig နှင့် Captain Woof က သက်ညှာသွားကြောင်း မသိပေ ။ မဟုတ်လျှင် သူ့တစ်ကိုယ်လုံးရှိ အရိုးများကို ချိုးသွားမည်ဖြစ်သည် ။
' မဟုတ်ဘူး... ငါ ဦးလေးဝမ်ကို ခေါ်ရမယ်...'
ယင်ကျန့် ဖုန်းထုတ်လိုက်သည် ။
' ဦးလေးဝမ်က သိုင်းဌာနက ဒါရိုက်တာပဲ... ငါ့အမေနဲ့ ဆက်သွယ်နေတာဆိုတော့ သူ့ကို လက်စားပြန်ချေခိုင်းရမယ်... '
ယင်ကျန့်က မျက်ရည်သုပ်လိုက်ကာ ဖုန်းထဲတွင် ရှာလိုက်သည် ။ သူ့ရင်ဘက်တစ်ခုလုံး ဒေါသများနှင့် ပြည့်နေလေပြီ ။ ဦးလေးဝမ် လက်မခံလျှင် ယနေ့ည သူအမေအား ပြောခိုင်းရမည် ။
" လက်စားချေရမယ် ...ငါ လက်စားချေရမယ်... "
ယင်ကျန့် တစ်ကိုယ်လုံး မီးများထတောက်တော့ မတက်ပင် ။ ဒေါသထွက်လွန်း သဖြင့် တစ်ကိုယ်လုံး တုန်ရီလာသဖြင့် လက်ထဲကိုင်ထားသောဖုန်း လွတ်ကျသွား၏ ။ ဖုန်းက ဘေးအိမ်သာများထဲသို့ လေးငါးမီတာထိ လွှင့်သွားပြီး ကင်မရာ ပွင့်သွားသည် ။
ယင်ကျန့်က ဝမ်းနည်းစွာ လဲလှောင်းရင်း ငိုကြွေးနေသဖြင့် ဖျက်ဆီးခြင်း အမျိုးသမီး ဟုခေါ်သည့် စုန်းမကြီး ခပ်သုတ်သုတ် အိမ်သာထဲ ဝင်လာသည်ကို မသိလိုက် ။ သူမက သူမ၏ ဒုက္ခကို ရှင်းရန် ထိုင်ချလိုက်စဥ် ခြေထောက်နားသို့ ဖုန်းတစ်လုံးလွင့်လာသည်ကို မြင်လိုက်ရ၏ ။ ဖုန်းကင်မရာဖွင့်ထားသည်ကို သူမ မြင်လိုက်ရသည် ။
" အားးးးးးးး....."
သူမ ကြောက်လန့်သွားသဖြင့် ငယ်သံပါအောင် အော်လိုက်ပြီး ဖုန်းကို ခြေထောက်ဖြင့် ဆောင့်နင်းပစ်လိုက်သည် ။ ပြီးနောက် အဝတ်အစားကို အမြန်ပြန်ဝတ်ကာ လူသတ်ချင်သည့် အော်ရာဖြင့် အပြင်သို့ ထွက်လာခဲ့သည် ။ သူမ ဘေးသို့ ကြည့်လိုက်ရာ ယင်ကျန့်ကို မြင်သွားသည် ။
" ယင်ကျန့်းးးးးး...."
ဖျက်ဆီးသူ အမျိုးသမီးက အံကြိတ်လိုက်၏ ။ သူမ ယင်ကျန့်အား သိပေသည် ။ ယင်ကျန့်သည် အဆင့်ကောင်းသဖြင့် ကျောင်းရှိဆရာ တော်တော်များများက သတိထားမိကြသည် ။ ယင်ကျန့်လိုမျိုး ကျောင်းသားက မိန်းကလေးအိမ်သာထဲ ခိုးဝင်၍ ဓာတ်ပုံံခိုးရိုက်လိမ့်မည်ဟု သူမ ထင်မထားခဲ့ ။
" ဖျက်ဆီး.... အဟွတ်... ဆရာမ.... ကျ...ကျွန်တော် ရှင်းပြ..."
ယင်ကျန်း ဆုံးအောင် မပြောလိုက်ရ ။
" ရှင်းပြစရာလိုသေးလား... ငါကန်းနေတာ မဟုတ်ဘူးဟဲ့... ဒီနေ့ ကမ္ဘာပေါ်က မိန်ကလေးတွေအတွက် ငါ နင့်ကို သတ်မယ်..."
ဖျက်ဆီးသူ အမျိုးသမီးက ပြောပြောဆိုဆိုဖြင့် ညာခြေကို ကြာပွတ်တစ်ချောင်းကဲ့သို့ လွှဲ၍ ယင်ကျန့်၏ ပန်ထိုးအပ်ကလေးကို အားကုန် ကန်လိုက်သည် ။
" အူးးးးးးး...."
ယင်ကျန့် ကြမ်းပြင်ပေါ်တွင် ကွေးကောက်သွားလေသည် ။ သူ၏ အရေးကြီးသော တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသည် ။
ထိုကန်ချက်က ယင်ကျန့်အား အမှန်တကယ် ဒုက္ခိတ ဖြစ်သွားစေနိုင်သည် ။
ဖျက်ဆီးသူ အမျိုးသမီးက ထိုမျှနှင့် မကျေနပ်ဘဲ ယင်ကျန့်ကို ကုပ်မှဆွဲ၍ ဖြေရှင်းချက်တောင်းရန် ကျောင်းအုပ်ယန်ဆီသို့ ဆွဲခေါ်သွားသည် ။
ကျောင်းအုပ်ယန်က ဖျက်ဆီးသူ အမျိုးသမီး ၏ စွတ်ဆွဲချက်ကို ကြားလျှင် ဒေါသထွက်သွား၏ ။ သူက ခုံကို ဒေါသတကြီး ရိုက်ကာ...
" မင်း လူ မဟုတ်ဘူးလား..."
" ကိုယ်ကျင့်တရား မရှိတဲ့ကောင်... "
" ဆရာမကို ဓာတ်ပုံ ခိုးရိုက်ရဲတယ်လား... မင်း လူ မဟုတ်ဘူးလား..."
" သိုင်းပညာလမ်းစဥ်မှာ ကိုယ်ကျင့်တရားက အရေးအကြီးဆုံးပဲ... မင်းလိုကျောင်းသား သာ တက္ကသိုလ်တက်ပြီး ကျွမ်းကျင်ပညာရှင်ဖြစ်သွားရင် လူ့အဖွဲ့အစည်းအတွက် ဒုက္ခပဲ... ဆရာမ... မငိုနဲ့... ဆရာမအတွက် တရားမျှတအောင် ကျွန်တော် လုပ်ပေးမယ်... "
" ကျောင်းအုပ်ယန်... အဲ့တာဆို ကျွန်မ ဂုဏ်သိက္ခာအတွက် ရှင့်ကိုပဲ အားကိုးမယ်နော်... "
ဖျက်ဆီးသူ အမျိုးသမီးက ငိုရင်း...
" ယင်ကျန့်လို အကျင့်ဆိုးတဲ့ ကျောင်းသားမျိုး တက္ကသိုလ် ဝင်ခွင့်ရလို့ကတော့... ကျွန်မရှင့်ကို ဒီတိုင်းမထားဘူး... "
ခွေနေသော ယင်ကျန့်၏ မျက်နှာတွင် သွေးမရှိတော့ ။ ဒုက္ခိတ ဖြစ်သည်ထက် သူ့ဘဝ ပြီးသွားသည်ကို သူသိလိုက်သည် ။
လူတချို့ ပျော်ရွှင်နေချိန်ဝယ် လူတချို့ဝမ်းနည်းနေကြသည် ။
လင်းမို့၏ မျက်နှာက ဝင်းပနေပေသည် ။
လင်းမို့ သည် ဂျင်ရုံ အပြင်ဘက် ပြတင်းပေါက်တွင် ဘယ်လက်က ဟော့ပေါ့ စားရင်း ညာလက်က အသားကင်ကိုင်ကာ စည်းစိမ်ခံနေ၏ ။ သူ၏ နောက်တွင် ဖွန်ကြောင်သူ မဟာမိတ်အဖွဲ့က ဝိုင်းဖားနေကြသည် ။
ယခုအချိန်တွင် လင်းမို့ကျေနပ်နေသည် ။ အသားကင်နှင့် ဟော့ပေါ့ကြား ရွေးရမည်လော ။ ကလေးများသာ ရွေးချယ်ကြသည် ။ လူကြီးဆိုသည်က နှစ်မျိုးလုံး အပိုင်သိမ်းရပေမည် ။
ဖွန်ကြောင်သူ မဟာမိတ်က လင်းမို့အား သူတို့ခေါင်းဆောင် အဖြစ် လက်ခံရန် ဝိုင်းဖားနေကြသည် ။ လင်းမို့ကဲ့သို့ သူတို့ အောင်မြင်ချင်ကြသည် ။
" ခေါင်းဆောင်... ဂဏာန်းဘုရင်ကို သတ်ပြီးပြီး... တခြမ်းကို ကင်ပြီး တခြမ်းကို ဟော့ပေါ့ထဲ ထည့်လိုက်မယ်နော်... "
" ခေါင်းဆောင် ဘော်စတွန် ပုဇွန်တုပ်ကို ဘာလုပ်ရမလဲ လူတော်တော်များများက ကင်စားပင်မဲ့ ခေါင်းဆောင်က သာမန်လူမှ မဟုတ်တာ ... ဟော့ပေါ့ထဲ ထည့်လိုက်ရမလား... "
" ခေါင်းဆောင် bluefin တူနာ စားလို့ရပြီး ဝါဆာဘီ လည်း ပြင်ထားတယ်... "
" ခေါင်းဆောင်က အမဲအူ ကြိုက်တယ်ဆိုလို့ ခြံထဲက နွားကို ဖမ်းလာခဲ့တယ် ...သတ်လိုက်ရမလား... "
လင်းမို့ကို ခေါင်းဆောင် တင်မြှောက်ခွင့်ရရန် နှာဘူးတစ်သိုက်က အကောင်းဆုံး ကြိုးစားနေကြသည် ။ သူတို့၏ နတ်သမီးများကို လိုက်သည်ထက် လင်းမို့ကို ဆရာတင်လိုက်သည်က ပိုကောင်းသည်ဟု သူတို့ ဆုံးဖြတ်လိုက်ကြလေသည် ။
သာမန် ဟော့ပေါ့နှင့် အကင်များမှာ ဇိမ်ခံအစားအစာအဖြစ် ပြောင်းသွား၏ ။
" ငါ ငါးအသားစိမ်းမကြိုက်ဘူး... တူနာတွေကို ဟော့ပေါ့ထဲထည့်လိုက်... "
လင်းမို့က မကျေမနပ်ဖြင့် လက်ယမ်းလိုက်သည် ။
" ကျွေးတာက ကျွေးတာပဲ... စေတနာက အဓိကပဲ... ငါမင်းတို့ခေါင်းဆောင် လုပ်မယ်လို့ ကတိမပေးဘူးနော် ...ငါ့ကို ခေါင်းဆောင်လို့ခေါ်ရင် မစားတော့ဘူး..."
" မလုပ်ပါနဲ့ အကို့မို့... မကြိုက်ရင် ခေါင်းဆောင်လို့မခေါ်တော့ဘူး ...အကိုမို့လို့ပဲ ခေါ်မယ်နော်..."
ဘောမ များက စိုးရိမ်တကြီး ပြောလိုက်၏ ။
" အကိုမို့ ..."
ဟောက်ရန်က နှစ်ချို့ ဝိုင်ပုလင်း တစ်လုံးသယ်ရင်း ရောက်လာ၏ ။
" အကိုမို့ အသားကင်နဲ့ ဟော့ပေါ့ကို ဘာလို့ ဝိုင်မပါဘဲ စားနေတာလဲ... ဒီမှာ အဖေ့ဆီက ခိုးလာတာ ' 82 lafite '...."
ဟောက်ရန်က ဝိုင်ပုလင်းကို ဖွင့်လိုက်၏ ။ ဝိုင်ဖန်ခွက်မရှိသဖြင့် ပုဂံလုံးအကြီးတစ်ခုထဲ အပြည့် လောင်းထည့်လိုက်သည် ။ ( သူ့အဖေမြင်ရင် ရင်ကျိုးမှာ... 😂 )
လင်းမို့က ယူ၍ အလုတ်ကြီး နှစ်လုတ် သောက်လိုက်ပြီး မျက်မှောင်ကြုပ်ကာ ...
" ဟောက်ရန်... ဝိုင်က အရသာ သိပ်မကောင်းဘူး... အတုတွေဖြစ်နေအုံးမယ်... "
" မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... "
ဟောက်ရန်က သေချာစွာဖြင့်...
" ကျွန်တော် အဖေ့ရဲ့ မြေအောက်ဝိုင်ထားတဲ့ အခန်းထဲက ခိုးလာတာ... ကျွန်တော် ငယ်ငယ်လေးထဲက ဒီပုလင်းတွေ့ဖူးတယ်... အဖေက အိမ်ကိုသာရောင်းရင်ရောင်းမယ် သူ့ဝိုင်ပုလင်းတွေကို ဘယ်တော့မှ မရောင်းဘူး... "
" ညီအကိုကောင်း..."
လင်းမို့က ဟောက်ရန်၏ ပုခုံးကိုပုတ်ကာ ဝိုင်တငုံသောက်လိုက်၏ ။ ဤဝိုင်က စူပါမားကပ်မှ ရောင်းသော ယွမ် ၈၀ တန် ဝိုင်ထက်တော့ ပိုကောင်းသည်ဟု သူခံစားမိလိုက်သည် ။
" ဟောက်ရန်...မင်းအိမ်ပြန်ရောက်ရင် မင်းအဖေက မင်းကို ရိုက်တော့ မရိုက်လောက်ဘူးမလား..."
လင်းမို့ မေးလိုက်မိ၏ ။
" ဒါ.... "
ဟောက်ရန်လည်း ထိုအခါမှ အန္တရာယ်ကို ခံစားမိလိုက်သည် ။
" ထားလိုက်ပါ... အကိုမို့ သောက်ကောင်းတယ်ဆို ပြီးတာပဲ... ကျွန်တော် လေ့ကျင့်ဖို့ ဂျင်ရုံထဲ သွားတော့မယ်..."
ဂျင်ရုံအတွင်းရှိ လေ့ကျင့်နေသူများ ဒေါသထွက်နေကြသည်။ ပြတင်းပေါက်ရှိ လင်းမို့သည် သူတို့၏ အကြီးမားဆုံး ရန်သူ ဖြစ်လာ၏ ။
" လွန်သွားပြီ..."
" လုံးဝကို လွန်သွားပြီ..."
" အရင်က ငါတို့ရှေ့ အသားကင်စားတယ်...'
" မနေ့က ဟော့ပေါ့စားပြတယ်.... ဒီနေ့ကျ အသားကင်ရော ဟော့ပေါ့ရော စားပြတယ်... "
" ဒါ လူသားတစ်ယောက် လုပ်သင့်တာလား..."
" ဒါယောကျ်ားတစ်ယောက် လုပ်သင့်တာလားးး..."
လင်းမို့သည် ဂျင်ရုံအတွင်ရှိ ကျောင်းသားများ၏ စိတ်ခံစားချက်ကို မသိသလော ။ သူသိသဖြင့် ပို၍လုပ်ပြနေခြင်းပင် ။ သူပိုစားပြမှ သူတို့ပိုကြိုးစားကြပေမည် ။ လင်းမို့ သူ့အတွက်သူ စားနေခြင်းမဟုတ် ။ သူ့အတန်းဖော်များ၏ ဘဝရှေ့ရေးအတွက် သူစားပြ နေရခြင်းဖြစ်သည် ။
ရလဒ်အနေဖြင့် တက်ကြွအညွှန်းကိန်းက ၇၀ ထိရောက်သွား၏ ။
" မဆိုးဘူး... မဆိုးဘူး..."
လင်းမို့ ဟော့ပေါ့ထဲမှ ဂဏာန်းဘုရင်၏ လက်မကို လှမ်းယူလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် ။
ဟော့ပေါ့သည် ပျော်ရွှင်ဖွယ် ကောင်း၏ ။
အသားကင်သည် ပျော်ရွှင်ဖွယ် ကောင်း၏ ။
တက်ကြွအညွှန်ကိန်းများသည် ပျော်ရွှင်ဖွယ် ကောင်း၏ ။
ဂျင်ရုံ၏ အပြင်တွင်ထိုင်ရင်း ပျော်ရွှင်မှု သုံးဆ ရနေသဖြင့် လင်းမို့ ကျေနပ်သွားသည် ။
" မနက်ဖြန်လည်း ဒီလိုပဲ ဆက်လုပ်ပါ... "
လင်းမို့ ပေါ့ပေါ့ပါးပါး ပြောလိုက်၏ ။
သူ့နောက်တွင် ရှိသော ဘောမများက စိတ်ချနိုင်ကြောင်း ကတိ အထပ်ထပ် ပေးလိုက်ကြသည် ။ သူတို့တွင် ငွေအပြင်ဘာမှ မရှိ ။ အပေါဆုံးက ပိုက်ဆံပင် ။ မနက်ဖြန်တွင် ပိုကောင်းအောင် ကြိုးစားရပေမည် ။
ထို့နောက်...
ကျေနပ်စွာ စားနေသော လင်းမို့တစ်ယောက် အမှောင်ထဲမှ ကြည့်နေသော အေးစက်စက် မျက်ဝန်းတစ်စုံကို မသိလိုက်မိ ။
Chapter 52
~