← Chapters

ငါ့ကို အမှိုက်လို့ ထင်နေတာလား...

Vol. 4 Ch. 53

ငါ့ကို အမှိုက်လို့ ထင်နေတာလား...

Vol. 4 Ch. 53

~

သိုင်းပညာရှင် ငါးယောက်က ဤနေရာတွင် တားဆီးထားသည်မှာ လင်းမို့ကို မဟုတ်ပေ ။ လင်းမို့ကိုသာ ပစ်မှတ်ထားမိပါက နေအလင်းအဆင့် သိုင်းပညာရှင်၏ လက်ချက်ဖြင့် ညနေကတည်းက ကိစ္စချောသွားပေလိမ့်မည် ။ သူတို့လာသည်မှာ ကောင်းဟောက်ရန် အတွက်သာ ဖြစ်သည် ။

သို့သော်လည်း သူတို့ ဂျင်ရုံအပြင်တွင် လင်းမို့၏ နှိပ်စက်ခြင်းကို လေးနာရီလောက် ခံစားခဲ့ကြရ၏ ။

သူတို့ အမှောင်ထဲတွင် ဒုက္ခဆင်းရဲခံ၍ ပုန်းနေစဥ် လင်းမို့ ဘာလုပ်ခဲ့ပါသနည်း ။

အပြင်တွင် အေးဆေးထိုင်၍ ဟော့ပေါ့နှင့် အကင် စားပြနေခဲ့သည် ။ ထိုသည်ကို ဒေါသ မထွက်မည့်သူ ရှိနိုင်မည်မထင် ။

သူတို့၏ ခေါင်းဆောင်ပင် မနဲ စိတ်ထိန်းနေခဲ့ရသည် ။ ပစ်မှတ်က အရေးကြီးသဖြင့် မျိုသိပ်နေခဲ့၏ ။ ယခုတော့ ရေကန်အသင့်ကြာအသင့် ဖြစ်လေပြီ ။

" ဟုတ်တယ် ဘောစ့်... အဲ့ကောင်ကို အရင်ရိုက်ရအောင်..."

တခြားတစ်ယောက်က ဝင်ပြောလိုက်သည် ။

ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်ပြီး...

" ငါ မရိုက်ချင်ဘူးလို့ ဘယ်တုန်းကပြောလို့လဲ... ဟိုကောင် မင်းသွား.... အကန့်အသတ်ကိုသိနော်... လက်မလွန်စေနဲ့... "

" ဟုတ်ကဲ့ပါ..."

အေးစက်စက် သိုင်းပညာရှင်က လက်ဝါးနှစ်ဘက်ကို ပွက်ကာ လင်းမို့ဆီသို့ လျောက်လာခဲ့၏ ။

" အကိုမို့ ပြေး...."

ဖက်တီးလေး က လင်းမို့ကို တွန်းလွှတ်သည် ။

" သူတို့က ကျွန်တော့်ဆီလာတာ... အကိုအမြန်ပြေးရင် လိုက်ဖမ်းမှာ မဟုတ်ဘူး... "

" ပြေးမလား..."

အေးစက်စက် သိုင်းပညာရှင်က နှာခေါင်းရှုံ့လိုက်ပြီး...

" ငါက မင်းတို့ မမွေးခင်ထဲက သိုင်းပညာရှင်ဖြစ်လာတာ... ကျန်းနန် စီရင်စုရဲ့ သိုင်းလောကမှာ ကျင်လည်နေတာ ကြာပြီ.... မင်း ငါ့ရှေ့က ပြေးလို့လွတ်မယ်ထင်နေတာလား..."

မှန်ပါသည် လင်းမို့ မပြေး ။ ဤငါးယောက်က သူပြေးရန် မလုံလောက် ။

လင်းမို့သည် အန္တရာယ်ရှိသည်ဟု ခံစားမိပါက သူ့အမှီးပင် မြင်ရလိမ့်မည်မဟုတ်ပေ ။

လင်းမို့က ဟောက်ရန်ကို သူ့နောက်သို့ဆွဲကာ ပြိုင်ဘက်ဆီသို့ ဦးတည်လိုက်သည်။

" အိုးးး..."

အေးစက်စက် သိုင်းပညာရှင် အံ့သြသွား၏ ။ သူက မျက်ခုံးပင့်လိုက်ပြီး...

" မင်းက သစ္စာရှိမယ်လို့ ထင်မထားဘူး... မင်းက သတ္တိရှိမှာတော့ ငါမင်းကို သက်ညှာပါ့မယ်..."

" အကိုမို့....."

ဟောက်ရန်က ထိမိသွားပြီး မျက်ရည်များပင် စီးကျလာသည် ။ ဤရန်သူများ သူ့အားလာရှာသည်မှာ သေချာနေသော်လည်း အကိုမို့က ထွက်မပြေးဘဲ ကာကွယ်ပေးနေသည် ။

အကိုမို့နှင့် သူငယ်ချင်းဖြစ်ခွင့်ရခဲ့သည်မှာ သူ၏ ကံကောင်းခြင်းပင် ။

' ဒီအခြေအနေမှာတောင် သူရင်ဆိုင်ရဲတယ်...'

' အရိုက်ခံရမယ်မှန်းသိတာတောင် ထွက်မပြေးဘူး...'

' ငါ့ကိစ္စမှန်း သိနေတာတောင် အကိုမို့ ဝင်ပါရဲတယ်... ငါက ဘာလို့ ရင်မဆိုင်ရဲရမှာလဲ...'

ဟောက်ရန်က ထွက်မပြေးတော့ဘဲ အကိုမို့နှင့်အတူ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည် ။

' ညီအကိုကောင်းဆိုတာဘာလဲ... ညီအကိုဆိုတာ ခံအတူတူ စံအတူတူကွ...'

ဟောက်ရန်က ထိုသည်ကို တွေးပြီးသည်နှင့် အံကြိတ်၍ ရှေ့တိုးကာ အော်ပြောလိုက်သည် ။

" ဟေ့ ငရမန်ကန်း... မင်း ဇရှိရင် အကိုမို့ကို မရိုက်နဲ့ ငါနဲ့ ချမယ်..."

သို့သော် ဟောက်ရန် အနည်းငယ် နောက်ကျသွားသည် ။ သူပြောလိုက်စဥ် လင်းမို့က ပြေးဝင်သွားသည် ။

ဟောက်ရန်က စိုးရိမ်သွား၏ ။

" အကိုမို့ စောင့်အုံး... အတူအရိုက်ခံမယ်..."

ဟောက်ရန် စကားဆုံးအောင်မပြောလိုက်ရ ။ အေးစက်စက် သိုင်းပညာရှင်က မည်သို့မည်ပုံ ဖြစ်သွားသည်မသိဘဲ ဗိုက်ကိုကိုင်ကာ ဒူးထောက်၍ နာကျင်စွာ အော်နေ၏ ။

' ဘာလဲ... ဘာကောင်လဲ...'

ဟောက်ရန် အံ့သြ သွားသည် ။ သူ ရင်ဆိုင်နေသူများအား ဆရာကြီးများ ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း အကိုမို့ကိုပင် မနိုင်ချေ ။

ဟောက်ရန်သည် အကိုမို့၏ ခွန်အားကို သေချာ သိပေသည် ။ ယခုအခြေအနေကို လင်းမို့သန်မာသည်ဟု မထင်ဘဲ ပြိုင်ဘက်က အားနည်းလွန်းသည်ဟု ထင်လိုက်၏ ။

' သိုင်းလောကမှာ ဆယ်နှစ် ကျင်လည်လာတာလား... မင်းဆယ်နှစ်လုံး နေ့တိုင်း အရိုက်ခံနေရတယ်လို့တော့မပြောနဲ့... ဒါပဲလား... ဒါ သိုင်းပညာရှင်လား ... မင်းသာ သိုင်းပညာရှင်ဆို မင်းအဖေက ကောင်းကင်အဆင့်ကွ...'

​ဟောက်ရန်သာ ဆွံ့အ သွားသည်မဟုတ် ။ ကျန်သည့် သိုင်းပညာရှင်လေးယောက်လည်း ဆွံ့အသွားချေသည် ။

' ဘာဖြစ်သွားတာလဲ...'

' ဒီကောင် တစ်ချက်တောင် မခံဘူးလား...'

' သူ့လက်သီးက မြန်လိုက်တာ... ခုခံချိန်တောင် မရလိုက်ဘူး...'

ခေါင်းဆောင်က တခြားသူများထက် ပို၍မြင်သည် ။

' ဒီတစ်ခါတော့ သံပြားကန်မိပြီ...'

'' ဒီမစ်ရှင်က သရုပ်ဆောင်ရုံံပဲ မဟုတ်ဘူးလား... ငါတို့ ဘာဆက်လုပ်ကြမလဲ..."

ပိန်ပိန်ပါးပါး သိုင်းပညာရှင်က ပြောလိုက်သည် ။

" ငါတို့အားကုန် ကြိုးစားရမယ်ဆိုရင် ဒီစျေးနဲ့ မရဘူး... အလုပ်အပ်တဲ့သူကို ပိုတောင်းရမယ်... "

" ​​ော က်စကား များမနေနဲ့ တိုက်ကြဟ ..."

ခေါင်းဆောင်က အေးစက်စွာ အမိန့်ပေးလိုက်သည် ။

" ချ... "

" သတ်..."

သူတို့ လေးယောက် အတူတကွ လှုပ်ရှားလာသည်မှာ ကြာပြီဖြစ်၍ တစ်ယောက်နှင့်တစ်ယောက် နားလည်မှုရှိပေသည် ။ သူတို့က လင်းမို့အား အချိတ်အဆက်မိမိ ဝိုင်းရံထားလိုက်သည် ။

" အကိုမို့... အဲ့လေးကောင်ကို ကျွန်တော်ချမယ်... ကျွန်တော့ ဘယ်လောက်သန်မာလဲ စောင့်ကြည့်နေ... "

ဟောက်ရန်က အံအားသင့်နေသော အခြေအနေမှ ပြန်လည်နိုးထလာပြီး ခွန်အားပြရန် ပြင်လိုက်ပြီး ပြေးဝင်လာသည် ။

" မင်း သူတို့နဲ့ ချမှာလား..."

လင်းမို့သည် ဟောက်ရန်အား ထူးဆန်းစွာကြည့်လိုက်၏ ။ ဖက်တီးလေးမှာ ဒီလူငါးယောက် ဘယ်လောက်သန်မာမှန်း သိပုံမရပေ ။ ဒီလူငါးယောက်မှာ သိုင်းပညာရှင်များကြားတွင်ပင် သတိထားရမည့်သူများဖြစ်သည် ။

' မင်းက သိုင်းပညာရှင်တပိုင်းတောင် မဖြစ်သေးဘဲနဲ့ သူတို့နဲ့ တိုက်ချင်တာလား...'

လင်းမို့သည် ဟောက်ရန်အား လျစ်လျူရှုထားလိုက်၏ ။ သူက သိုင်းပညာရှင်လေးယောက်ထံ ပြေးဝင်သွားလိုက်သည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ က ပေါက်ကွဲထွက်လာလေပြီ ။

" ဖောင်း...ဖောင်း...ဖောင်း...ဖောင်းးးး..."

လင်းမို့ လက်သီးလေးချက်သာ ထိုးလိုက်ရသည် ။

သိုင်းပညာရှင်လေးယောက်က ရှောင်၍ မရလိုက်ဘဲ ဗိုက်ကို အထိုးခံလိုက်ရသည် ။ သူတို့ ဗိုက်ကိုကိုင်ကာ ဒူးထောက်ကျသွားသည် ။

" အကိုမို့ မမြန်လွန်းဘူးလား..."

ပြေးလာသော ဖက်တီးလေး ဘာမှ မဘာလိုက်ရ ။

" ဘာလို့ နှစ်ယောက်ချန်မထားတာလဲ... အဆင့်တက်ထားတော့ လက်ယားနေပြီ..."

လင်းမို့က ဟောက်ရန်ကို အဓိပ္ပါယ်အပြည့်နှင့် ကြည်လိုက်လေသည် ။

' ငါမင်းကို ဆော့ခိုင်းလို့မရဘူး..'

' မင်းဝင်ဆော့လို့မရဘူး...'

လင်းမို့သည် အဆင့်၄ ရောက်နေ၍ ကံကောင်းသည်ဟု ခံစားမိလိုက်သည် ။ မဟုတ်လျှင် ဤမျှ လွယ်မည်မဟုတ် ။ ဒီလူငါးယောက်က အားမနည်းပေ ။

" အကိုမို့... ဒီလူတွေ လက်သီးပြင်းအား ၅၀၀ ကီလိုမှ ရှိရဲ့လားမသိဘူး...သူတို့ မှောက်သွားတာ မြန်လိုက်တာ..."

ဖက်တီးလေးက မေးလိုက်၏ ။

" ၅၀၀ ကီလိုတော့ ကျော်ပါတယ်ဟ..."

လင်းမို့က ပြန်ဖြေလိုက်သည် ။

" ငါ...ငါ... "

တစ်ဖက်လပ်က စော်ကား၍ပြောနေသည်ကို မခံနိုင်တော့ဘဲ စကားပြောဖို့ ထရပ်ရန် ကြိုးစားလိုက်သည် ။

သို့သော်လည်း သူရပ်ခွင့်မရလိုက် ။ ဖက်တီးလေးက ကျောကို စောင့်ကန်လိုက်သည် ။

" လှဲနေစမ်း..."

ဖက်တီးလေးက လက်နှစ်ဖက်ကို နောက်ပစ်၍ ကမ္ဘာကြီးအား အထက်စီးမှ ကြည့်နေသည့် နတ်ဘုရားအသွင်ဖြင့်...

" မင်း လက်သီးပြင်းအားလေး ၅၀၀ ၆၀၀ လောက်နဲ့ ဓားပြတိုက်ရဲတယ်လား... အကိုမို့ မြန်လို့နော်... ငါ့လက်စာသာမိရင် မင်းတို့ ဒီထက်ပိုနာမယ်... "

လင်းမို့သည် မြေပြင်ပေါ်တွင် လဲနေသူ ငါးယောက်အား စာနာစိတ်ဖြင့် ကြည့်လိုက်သည် ။ ဟောက်ရန်၏ စကားများက လွန်လွန်းလှသည် ။ သူတို့ငါးယောက် စိတ်ဝေဒနာပင် ရသွားနိုင်သည် ။

သို့သော်လည်း လင်းမို့သည် ဒီလူငါးယောက်မှာ ဟောက်ရန်အား တကယ်ရန်ပြုမည်မဟုတ်မှန်း သိပေသည် ။ သူတို့ ခြိမ်းခြောက်နေသော်လည်း ရန်လိုစိတ်မရှိပေ ။ ထို့အပြင် သူတို့ပြောနေသည်ကို လင်းမို့ကြားလိုက်၏ ။

" အကိုမို့ သွားရအောင်...'

ဟောက်ရန်က တစ်ဖက်လပ်ကို အကြိမ်အနည်းငယ် ထပ်ကန်လိုက်သည် ။ တစ်ဖက်လပ်၏ ဖုံးအုပ်ထားသော မျက်လုံးကာ က ကျွတ်ထွက်သွားပြီး အကောင်းအတိုင်းရှိနေသည့် မျက်လုံးက ပေါ်လာလေသည် ။

" ချီးးးး.. ငါ မင်းကို မျက်လုံးတစ်လုံးနဲ့ ရက်စက်တယ့်ကောင်လို့ ထင်ထားတာ... မင်းဘယ်သူ့ကို ခြောက်ဖို့ ကြိုးစားနေတာလဲကွ... "

ဟောက်ရန်က အကြိမ်အနည်းငယ် ထပ်ကန်လိုက်၏ ။

" သွားစို့...သွားစို့..."

လင်းမို့က မကြည့်ရက်တော့ဘဲ ဟောက်ရန်ကို ဆွဲခေါ်သွားလိုက်သည် ။

ဟောက်ရန်က မကျေမနပ် ရေရွတ်လာ၏ ။

" အကိုမို့ ဆွဲထားလို့နော်... မဟုတ်ရင် ဒီကောင်တွေ ကျွန်တော့်ကို အထင်ကြီးသွားလိမ့်မယ်... အကိုမို့ ယုံတယ်မှလား..."

" ယုံတယ်... ယုံတယ်... "

လင်းမို့က ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည် ။

" ဟောက်ရန်... မင်းက ငါ့ကို တကယ်အမှိုက်လို့ ထင်နေတာလား... "

" ဘာလဲ... "

ဟောက်ရန်က လင်းမို့ကို ရှုပ်ထွေးစွာ ကြည့်လိုက်၏ ။ လင်းမို့ပြောသည်ကို သူရုတ်တရပ် နားမလည်နိုင်တော့ ။

" ဘာမှ မဟုတ်ပါဘူး... "

အဖြေကား ဟောက်ရန်၏ မျက်နှာထက်တွင် ပေါ်နေသဖြင့် မေးရန်မလိုတော့ပေ ။ သူက ဟောက်ရန်၏ ပုခုံးကို ပုတ်လိုက်ပြီး...

" ဟောက်ရန် ... နောက် ဒီလူငါးယောက်နဲ့ တွေ့ရင် ​မြန်မြန်သာပြေး... အဖမ်းမခံရစေနဲ့... "

All Chapters