← Chapters

သွေးသောက်အကို ~

Vol. 4 Ch. 54

သွေးသောက်အကို ~

Vol. 4 Ch. 54

ဝမ့်ကျန်းမင်ယွမ်...

ဟိုင်းချန်မြို့၏ ထိပ်တန်း အိမ်ရာ ။ ဟိုင်းချန်မြို့၏ ထိပ်တန်း ပုဂ္ဂိုလ်များသာ နေထိုင်နိုင်သည် ။

ဟောက်ရန်၏ မိသားစုမှာ ဤအိမ်ရာတွင် နေရာအကောင်းဆုံး ဗီလာကို ပိုင်ဆိုင်ထားသည် ။

ကောင်းဟောက်ရန်၏ အဖေဖြစ်သူ ကောင်းဖန်း က ပန်းခြံအသေးလေးတွင် ထိုင်ကာ ညရှုခင်းကို ခံစားရင်း လေညှင်းခံနေသည် ။ ဘေးရှိ ကျောက်စားပွဲပေါ်တွင် ဝိုင်နီတစ်လုံး တင်ထားပြီး ဖန်ခွက်ဖြင့် ဇိမ်ခံသောက်နေ၏ ။

" အင်း ... ကောင်းလိုက်တာ... "

ကောင်းဖန်း သူ့ဘဝသူ ကျေနပ်နေ၏ ။ သူက ငွေလအဆင့် သိုင်းပညာရှင် တစ်ယောက်ဖြစ်ပေသည် ။

မြို့ကြီးများတွင် ငွေလအဆင့်က ဘာမှ မဟုတ်သော်လည်း ဟိုင်းချန်ကဲ့သို့သော မြို့လေးများတွင် ဆရာကြီးဖြစ်သည် ။

ငွေလအဆင့် သိုင်းပညာရှင် တစ်ယောက်အနေနှင့် ဟိုင်းချန်မြို့တွင် သူလုပ်ချင်ရာ လုပ်နိုင်သည် ။ တခြား ငွေလအဆင့်များနှင့် ယှဥ်လျှင် သူ၏ ဘဝမှာ သာယာလှပေသည် ။

' ဒီလိုနေ့လေးမှာ မြေအောက်ဝိုင်ခန်းထဲ သိမ်းထားတဲ့' 82 lafite ' လေး ထုတ်သောက်လိုက်ရင် ကောင်းမလား... '

ကောင်းဖန်း ရုတ်တရပ် တွေးမိလိုက်သည် ။ ၁၉၈၂ Lafite ဝိုင်ပုလင်းအား သိမ်းထားခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီ ဖြစ်သည် ။ သူထုတ်မသောက်ရက်ခဲ့ ။ ယခုည အလွန်သာယာနေပြီး လေပြေလေညှင်းကလေးက တဖြည်းဖြည်းတိုက်ခက်နေသဖြင့် သူထုတ်သောက်ရန် စိတ်ကူးမိလိုက်၏ ။

' ဝိုင်ပုလင်း ဖွင့်ပြီးရင် ဓာတ်ပုံရိုက်ပြီး လိုင်းပေါ်တင်အုံးမှ... အပြင်လောကကနေ အတူပြန်လာတယ့် ငါ့သူငယ်ချင်းတွေကို သွားရည်ကျအောင် လုပ်ရမယ်... '

ကောင်းဖန်းက ဟာသအနေနဲ့ တွေးလိုက်သော်လည်း သူ့မျက်လုံးထဲတွင် အောက်မေ့လွမ်းဆွတ်ခြင်းများ ပေါ်လာလေသည် ။

အပြင်လောက...

အလွန်ကြောက်စရာကောင်းသော တိုက်ပွဲကွင်းပြင်ဖြစ်သည် ။

ကောင်းကင်အဆင့်များ ထိုနေရာသို့ သွားရန် အရည်အချင်းမရှိပေ ။ ငွေလအဆင့်များပင် အသက်ရှင်ရန် အခွင့်အရေး ၁၀ % လောက်သာရှိလေသည် ။

ကောင်းဖန်းက အပြင်လောကမှ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သူ ဖြစ်သဖြင့် မကြာခဏ ထုတ်ကြွားလေ့ရှိသည် ။ နှစ်များစွာ အတွင်း လူအများအပြားကို သူကြွားခဲ့ပြီးဖြစ်သည် ။ ( ဟောက်ရန်က အဖေတူတာ 😂 )

'ဟောက်ရန် ဘယ်လိုနေလဲ မသိဘူး...'

ကောင်းဖန်းသည် ဝိုင်သောက်ရင်း သူ့သားအကြောင်း စဥ်းစားမိလိုက်၏ ။

' သူဒီည ပြန်မလာနိုင်လောက်တော့ဘူး... ဒီကိစ္စပြီးရင် သူ့စိတ်နေစိတ်ထား ဘယ်လောက်ပြောင်းလဲသွားမလဲ သေချာစောင့်ကြည့်ရမယ်... '

မှန်ပေသည် ။ ဟောက်ရန်ကို တားဆီးထားသော သိုင်းပညာရှင် ငါးယောက်မှာ ကောင်းဖန်း လွှတ်ထားခြင်းဖြစ်သည် ။

ငွေလအဆင့် သိုင်းပညာရှင် တစ်ယောက်အနေနှင့် သိုင်းပညာလမ်းစဥ် လျောက်လှမ်းနိုင်ဖို့ရာ ပါရမီအပြင် စိတ်နေစိတ်ထားလည်း အရေးကြီးကြောင်း သူသိသည် ။

ဟောက်ရန်က သူ့သား ဖြစ်သဖြင့် မျိုးရိုးဗီဇအရ ပါရမီ ကောင်းသော်လည်း ကျိုးစားချင်စိတ်မရှိ​ချေ ။ ထို့ကြောင့် ငွေကုန်ခံ၍ ဤပွဲကို စီစဥ်လိုက်ရခြင်းပင် ။

' ဟောက်ရန်... အိုးဟောက်ရန်လေး ... အဖေရက်စက်တာ အပြစ်မတင်နဲ့.... အဖေက မင်းကောင်းဖို့ လုပ်ရတာ... '

ကောင်းဖန်းက တွေးရင်း ဝိုင်တစ်ငုံ ​သောက်လိုက်သည် ။

' ကျွတ်...ကျွတ်...'

' အရသာရှိလိုက်တာ...'

ထိုစဥ်...

" အဖေ... သားပြန်လာပြီ... "

ကောင်းဟောက်ရန်၏ အသံက ပန်းခြံအပြင်မှ ထွက်ပေါ်လာသည် ။

" ဘာလဲ..."

ကောင်းဖန်းက တစ်စုံတစ်ယောက် ချဥ်းကပ်လာသည်ကို ခံစားမိသော်လည်း ဖြတ်သွားဖြတ်လာ ထင်လိုက်သဖြင့် ဂရုမစိုက်မိချေ ။ ထို့ကြောင့် ဟောက်ရန်ကို မြင်လိုက်လျှင် အံ့သြသွား၏ ။

" မင်းဘာလို့ ပြန်လာတာလဲ..."

ဟောက်ရန်က သူ့အဖေကို အပြစ်ရှိသည့် ခံစားချက်ဖြင့် ကြည့်လိုက်သည် ။ သူက တခြားဖွန်ကောင်များနှင့် ပြိုင်ရန် သူ့အဖေ၏ အမြတ်တနိုးသိမ်းထားသော ဝိုင်ပုလင်းကို ခိုးယူမိခဲ့၏ ။

သူ့အဖေက တစ်ခါမှ မသုံးဘူးသော လေသံဖြင့် အမေခံလိုက်ရသည့်အတွက် တစ်ကိုယ်လုံး တုန်ရီသွားသည် ။

' သိ..သိသွားပြီလား...'

ဟောက်ရန် ထိတ်လန့်စွာ တွေးလိုက်မိသည် ။ သူ့ အဖေကို ခိုးကြည့်လိုက်ပြီး...

" အဖေ... သိသွားပြီလား..."

ဟောက်ရန်က သူအရိုက်ခံရမည်ကို သိသဖြင့် ဖင်အရေထူအောင် လေ့ကျင့်လာခဲ့သည် ။ သူအမှား လုပ်မိတိုင်း သူ့အဖေက ရိုက်တက်ပေသည် ။ သူငယ်စဥ်က ကြိမ်လုံးဖြင့်သာ အရိုက်ခံခဲ့ရသော်လည်း တဖြည်းဖြည်းအရွယ်ရောက်လာသော်အခါ ကြာပွတ် ၊ သံချောင်း စသည်ဖြင့် ပြောင်းလဲလာခဲ့သည် ။ သူ၏ ခံနိုင်ရည်မှာ ပို၍ ကောင်းလာသောကြောင့်ပင် ။

ဟောက်ရန်က ယနေ့ညသူလုပ်မိသည့်အမှားမှာ အလွန်ကြီးသည့်အတွက် စံချိန်တင် အရိုက်ခံရတော့မည်ကို သိလိုက်သည် ။

' စာမေးပွဲကြောင့် ငါ့အဖေ လျော့ရိုက်ပါစေ... '

ဟောက်ရန် တိတ်တိတ်လေး ဆုတောင်းမိလိုက်သည် ။

ဆယ်စက္ကန့်ကြာအောင် စောင့်နေသော်လည်း သူ့အဖေ ထမရိုက်သဖြင့် ဟောက်ရန် ရှုပ်ထွေးသွားသည် ။

" အဖေ... သားကို မရိုက်တော့ဘူးလား..."

" မင်းကိုရိုက်ရမှာလား..."

ကောင်းဖန်းလည်း ရှုပ်ထွေးသွားသည် ။ သူ့သား အရိုက်ခံချင်နေသည်ကို သူမမြင်ဘူးပေ ။

" ငါဘာလို့ မင်းကို ရိုက်ရမှာလဲ... "

ကောင်းဖန်း၏ စကားက ဟောက်ရန်၏ နားထဲတွင် တခြားအဓိပ္ပါယ်ဖြစ်သွားသည် ။

' အဖေက ငါ့ကို ရိုက်တောင် မရိုက်ချင်တော့ဘူးလား... '

ဟောက်ရန် ထိတ်လန့်သွားပြီး ...

" သား အဖေ့ ဝိုင်ပုလင်းကို ခိုးမိတာ မရိုက်တော့ဘူးလား..."

" ဝိုင်... ဘာဝိုင်လဲ..."

ကောင်းဖန်း နှလုံးသားထဲမှ ခံစားချက်မကောင်းတော့ ။ သူ ဝိုင်ခန်းထဲသို့ ပြေးတော့သည် ။ ဝိုင်းခန်းထဲရှိ သူ၏ ချစ်လှစွာသော 82 lafite မှာ ပျောက်ဆုံးသွားချေပြီ ။

" ကောင်းးးးးဟောက်းးးးရန်းးးး...."

ဝိုင်ခန်းထဲမှ ထွက်လာသော ကောင်းဖန်း၏ လက်ထဲတွင် တစ်ဖက်က ပုဂံလုံးခန့်ထူသော သံတုတ်ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ဆေးသေတ္တာ ကိုင်ထားလေသည် ။ ရှင်းပြသည်ကို နားမထောင်တော့ဘဲ ရိုက်တော့သည် ။

ကောင်းဖန်၏ ထိန်းချုပ်နိုင်စွမ်းကြောင့် ကောင်းဟောက်ရန်က အတွင်းဒဏ်ရာမရဘဲ အပြင်ဒဏ်ရာများသာ ရလေသည် ။

ဆယ်မိနစ်ခန့် ကျေနပ်အောင် ရိုက်ပြီးမှ ဟောက်ရန် သူ့ကိုယ်သူ ဆေးလိမ်းရန် ဆေးသေတ္တာကို ပစ်ပေးလိုက်သည် ။

ကောင်းဖန်းသည် ထိုအချိန်မှသာ မေးရန်သတိရလိုက်ပြီး...

" မင်းဘယ်လိုပြန်လာတာလဲ... လမ်းမှာ အန္တရာယ်နဲ့ မတွေ့ဘူးလား..."

ကောင်းဖန်းက မေးပြီး ရေရွတ်လိုက်မိသည် ။

" မ​ေx ိုို း ငါးကောင်... ပိုက်ဆံကျယူပြီး အလုပ်သေချာမလုပ်ဘူး... "

" အန္တရာယ်လား..."

ဟောက်ရန်က နာကျင်မှုကြောင့် အံကြိတ်ရင်း ပြန်ဖြေလိုက်သည် ။

" လမ်းမှာ ဓားပြတော့ တွေ့ပင်မယ့် အန္တရာယ်မရှိပါဘူး... အဲ့အမည်မသိငါးကောင်ကိုရိုက်ဖို့ ချွေးတောင် မထွက်လိုက်ဘူး... "

ကောင်းဖန်း၏ မျက်နှာတွင် မေးခွန်းအမှတ်အသား အကြီးကြီး ပေါ်လာ၏ ။

' အမည်မသိငါးကောင်လား...'

' တစ်ချက်နှစ်ချက်ပဲ ရိုက်ရတယ်လား...'

သူ လွှတ်လိုက်သော ငါးယောက်မှာ အရမ်းမသန်မာသော်လည်း မည်သည့် ကြယ်တစ်ပွင့် သိုင်းပညာရှင်ကိုမဆို အနိုင်ယူနိုင်သည် ။

" ဘယ်သူရိုက်တာလဲ... "

ကောင်းဖန်းက မေးလိုက်၏ ။

" အကိုလင်းမို့လေ... အဖေကြားဖူးပါတယ်... "

ဟောက်ရန်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည် ။

" အကိုလင်းမို့ မြန်လို့နော်... သား ရိုက်ရင် အဲ့ကောင်တွေ ပိုနာမှာ... "

" လင်းမို့... "

ကောင်းဖန်း ထိုနာမည်ကို ကြားဖူးသည် ။

" မင်းပြောဖူးတဲ့ စာမေးပွဲလက်လျော့ပြီး ပျင်းနေတဲ့ကောင်လား... "

" ဟုတ်တယ်... အဲ့တာ အကိုမို့လေ... "

ဟောက်ရန်က...

" အဲ့လူငါးယောက်က ဘာကောင်တွေလဲမသိဘူး... အကိုလင်းမို့ကို ငါးယောက်ဝိုင်းချတာတောင် အကိုလင်းမို့က တစ်ချက်ဆီနဲ့ အမှောက်သိပ်ပလိုက်တာ... သူတို့ ခွန်အားလေးနဲ့ ဓားပြထွက်တိုက်ရဲသေးတယ်... ငတုံးတွေ..."

ကောင်းဖန်းက မယုံနိုင်သည့် အကြည့်ဖြင့် ကြည့်နေလိုက်သည် ။ ထိုအချိန် ဖုန်းဝင်လာ၏ ။ ဖုန်းနံပါတ်က သူငှားထားသော သရုပ်ဆောင်များပင် ။

" ဟယ်လို... ဘာကိစ္စလဲ..."

ကောင်းဖန်း ဖုန်းကိုင်လိုက်သည် ။

" သူဌေးကောင်း... ကျွန်တော်တို့ ငါးယောက် ခင်ဗျားကို စော်ကားမိတာများ ရှိလို့လား... "

တဖက်က မေးခွန်းထုတ်လိုက်သည် ။

" ခင်ဗျားပြောတော့ ခင်ဗျားသားကို ခြောက်ရုံပဲဆို ... ဘာလို့ ခင်ဗျားသားနားမှာ ပညာရှင်တစ်ယောက် စောင့်ရှောက်နေတာလဲ... "

' ပညာရှင်လား... တစ်လမ်းလုံး စောင့်ရှောက်ပေးတာလား...'

ကောင်းဖန်းက ပို၍ပင် အံ့သြသွား၏ ။ သို့သော်လည်း သူခန့်မှန်းမိလိုက်ပြီး ဖုန်းထဲသို့ အမြန်ပြောလိုက်သည် ။

" ငါအခု အလုပ်ရှုပ်နေလို့... ပြောစရာရှိတာ နောက်မှပြောမယ်... "

သူ ဖုန်းချလိုက်သည် ။

" ဟောက်ရန်...."

ကောင်းဖန်းက သူ့သားကို ကြည့်လိုက်သည် ။

" လင်းမို့က သားနဲ့ တစ်လမ်းလုံး အတူပြန်လာတာလား..."

" ဟုတ်တယ်လေ... ဘာဖြစ်လို့လဲ..."

ဟောက်ရန်က နားမလည်၍ ပြန်မေးလိုက်သည် ။

" ဟူး.... "

ကောင်းဖန်းသည် အပြင်လောက တိုက်ပွဲကွင်းပြင်တွင် အရာအားလုံး ကြုံဖူးသည့် ငွေလအဆင့် သိုင်းပညာရှင် ဖြစ်သော်လည်း သက်ပြင်းချလိုက်မိသည် ။

' သူ ကောင်းကောင်း ဖုံးကွယ်နေနိုင်တာပဲ...'

လင်းမို့က သူ့ကိုယ်သူ ကောင်းကောင်း ဖုံးကွယ်၍ နေပေသည် ။ သိုင်းပညာရှင်ငါးယောက်ကို တစ်ချက်ဆီထိုး၍ အနိုင်ရရန် မည်သို့သော် ခွန်အား လိုအပ်မည်နည်း ။

ကောင်းဖန်းသည် လင်းမို့က ဖုံးကွယ်နေသော ပါရမီရှင် တစ်ယောက်မှန်း သိလိုက်၏ ။ စာမေးပွဲကို အထင်သေးလွန်းသဖြင့် ပျင်းရိနေရန်ပင် ဆုံးဖြတ်လိုက်သည့် ပါရမီရှင်ဖြစ်သည် ။ ဟိုင်းချန်၏ နံပါတ်တစ် ပါရမီရှင် လျိုကျုံးဟောင်က လင်းမို့နှင့်ယှဥ်လျှင် ဘာကောင်မှ မဟုတ်တော့ ။

" ဒီလို ပါရမီရှင်မျိုး..."

ကောင်းဖန်း စိတ်လှုပ်ရှား သွားသည် ။ ထိုသို့သော ပါရမီမျိုးက အလွန်ကြောက်စရာကောင်းမှန်း သူသိ၏ ။

လင်းမို့သည်အနာဂတ်တွင် ငွေလအဆင့်အပြင် နေအလင်း အဆင့်ထိပါမက မဟာဆရာ အဆင့်ထိပါ ရောက်သွားနိုင်သည် ။

' ငါ့သား အတန်းဖော်က မဟာဆရာ ဖြစ်လာမှာလား..."

ကောင်းဖန်းက ထိုသည်ကို တွေးရင်း အသက်ရှူသံများ မြန်လာလေသည် ။

ခဏကြာ စဥ်းစားပြီးနောက် ထိုအကြောင်းကို သူ၏ အသုံးမကျသော သားကို မပြောရန် ဆုံးဖြတ်လိုက်၏ ။ သူ့သားသိလျှင် လင်းမို့ကို သွားမေးပြီး သူငယ်ချင်းအဖြစ်မှ အဆက်ပြတ်သွားပေလိမ့်မည် ။

" မင်း ငါ့ ဝိုင်ပုလင်းကို ခိုးသွားတာ လင်းမို့ကို တိုက်ဖို့လား... "

ကောင်းဖန်း ရုတ်တရပ် မေးလိုက်၏ ။

" ဟုတ်တယ် ဟုတယ်...."

ဝိုင်ပုလင်းဟူသော အသံကြားလျှင် ဟောက်ရန်က ကြောက်လန့်၍ တုန်ရီသွားသည် ။

" အဲ့တာဆို အဆင်ပြေပါတယ်... အဖေ မင်းကို မရိုက်တော့ဘူး... "

ကောင်းဖန်းက ကျင်နာစွာ ပြောလိုက်ပြီး ဆေးသေတ္တာယူကာ ဟောက်ရန်ကို ဆေးလိမ်းပေးလိုက်သည် ။

" ငါ့သား ကိုယ့်သူငယ်ချင်းကို ဝိုင်တိုက်ချင်တာ အဖေနားလည်ပါတယ်... ဒီကိစ္စ ဒီမှာပဲ ထားလိုက်တော့..."

" အဖေ...."

ဟောက်ရန်က ထိမိသွားပြီး မျက်ရည်များပင် စီးကျလာသည် ။ သူ့အဖေက နားလည်ပေးသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင် ။ အရိုက်ခံထားရသည်ကိုပင် နာသည်ဟု မထင်မိတော့ ။

" ပြီးတော့...."

ကောင်းဖန်းက မရှင်းမရှင်းပြောလိုက်၏ ။

" မင်း မှတ်ထားရမှာက မင်းနဲ့ လင်းမို့ အနာဂတ်မှာ သွေးသောက် ညီအကို လုပ်ရမယ်... "

All Chapters