← Chapters

ကလေးမဝင်ရ

Vol. 4 Ch. 55

ကလေးမဝင်ရ

Vol. 4 Ch. 55

~

လင်းမို့သည် ဟောက်ရန်အိမ်သို့ပြန်ရောက်သည်နှင့် ကြုံတွေ့နေရသည်များကို ခန့်မှန်းမိမည်မဟုတ်ချေ ။

ဟောက်ရန် အရိုက်ခံနေရစဥ် လင်းမို့က ကုန်စုံဆိုင်တွင် ဓာတ်ဘူး အကြီး ဝင်ဝယ်နေလေသည် ။ A1 ပုလင်း ကိုးဆယ်က သူ၏ ရေနွေးဘူးလေးတွင် မဆန့်သဖြင့် ကြီးတာရှာဝယ်နေရသည် ။

' ရှေးဦးစကြာဝဠာ ကလဲ လူတွေလို ဝန်ဆောင်မှု မကောင်းဘူး... ဆေးပုလင်းတွေအများကြီးပေးပြီး ထည့်စရာ အိုးတော့ မပေးဘူး... '

လင်းမို့ စိတ်ထဲမှ ညီးတွားလိုက်သည် ။ သူ ရှေးဦးစကြာဝဠာ ၏ ဝန်ဆောင်မှုကို မကျေနပ်ပေ ။

တကယ်တော့ လင်းမို့လို အဆင့်မြှင့်တင်ဆေးအား ရေကဲ့သို့ သောက်နိုင်သူမှာ သိပ်မရှိ ။ လင်းမို့ကဲ့သို့ ဖြုန်းတီးသူ ရှိမည်မထင်ချေ ။

လင်းမို့ သည် အိမ်သို့ရောက်သည်နှင့် ရေနွေးခွက်ထဲရှိ လက်ကျန်ဆေးများနှင့် ဆေးအသစ်များကို ရေနွေးဘူးထဲသို့ ပေါင်းထည့်လိုက်သည် ။ ပြီးနောက် ပုလင်းခွံများကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်၏ ။

ထို့နောက် ဆေးအနည်းငယ်သောက်ကာ ရှေးဦးစကြာဝဠာ ထဲသို့ ဝင်လိုက်သည် ။

ဝင် ဝင်ချင်း လင်းမို့ အံ့သြသွား၏ ။

' ချီး... မေးလ် တွေက များလိုက်တာ... '

သူ၏ အီးမေးလ် အတွင်း မေးလ် ၉၉၉+ ဖြစ်နေလေသည် ။ မေးလ် များအား ဖွင့်ကြည့်ရာ အများစုမှာ တက္ကသိုလ်များမှာ ဖိတ်ခေါ်စာများ ဖြစ်နေသည် ။

ချင်မူ ၊ ကျင့်ဒူ ၊ ရှား တက္ကသိုလ် ကဲ့သို့သော ထိပ်တန်း တက္ကသိုလ် တစ်ရာနီးပါးက ဝင်ခွင့် ဖိတ်ခေါ်စာများ ပို့ထားကြသည် ။ သာမန်တက္ကသိုလ်များပင်လျှင် ကံစမ်းသည့်အနေနှင့် ဖိတ်ခေါ်စာများ ပို့ထားကြသည် ။

တက္ကသိုလ်တိုင်းက သူ့တို့၏ အီးမေးလ်ကို မမြင်မည် ဆိုးသဖြင့် အကြိမ်များစွာ ပို့ထားကြသည် ။

' ဘာများလဲလို့ ဝင်ခွင့်စာတွေပဲ...'

လင်းမို့သည် သူ၏ အီးမေးလ်ဘောက်ထဲရှိ စာများကို ကြည့်ကာ သက်ပြင်းချလိုက်၏ ။

အရင်ရက်များတုန်းက လင်းမို့၏ အလိုချင်ဆုံးဆုမှာ ထိပ်တန်းတက္ကသိုလ် ဝင်ခွင့်ရရန်ပင် ။ ယခု သူစာမေးပွဲဖြေရန်ပင် မလိုတော့ချေ ။ ရှားနိုင်ငံရှိ ကြိုက်သည့် တက္ကသိုလ် တက်နိုင်လေပြီ ။

' ရေလိုတယ့်အချိန်ကျ မိုးခေါင်တယ်... လေလိုတဲ့ အချိန်ကျ ရေကြီးတယ်...'

လင်းမို့ အီးမေးလ်များအား ကြည့်ရင်း တွေးလိုက်မိသည် ။

' ဒီ အီးမေးလ် တစ်ခုချင်းဆီက ကျောင်းသားတိုင်းရဲ့ မျှော်လင့်ချက်ပဲ...'

' ဒီလောက် ထိပ်တန်းတက္ကသိုလ်တွေများနေတာ ငါဘာရွေးရမလဲ... '

လင်းမို့ ဘာရွေးရမှန်း မသိတော့ ။

' ချင်မူက ရှားနိုင်ငံရဲ့ နံပါတ်တစ် တက္ကသိုလ်... '

' ကျင့်ဒူက အချမ်းသာဆုံး တက္ကသိုလ်... '

လင်းမို့သည် ထိုအီးမေးလ်နှစ်ခုအား ဟိုကြည့်လိုက် ဒီကြည့်လိုက် လုပ်ပြီး မေးလ်ဘောက်ကို ပိတ်လိုက်သည် ။

' ငါဘာလို့ ရွေးနေမှာလဲ...'

လင်းမို့ ရုတ်တရပ် တွေးလိုက်မိသည် ။ အရင်က ဖိတ်​ခေါ်ခံချင်သော်လည်း ယခုမူ လိုအပ်သည်ဟု မထင်တော့ ။

' ငါ့လက်ရှိ ခွန်အားနဲ့ဆို မမှီမှာ​ကို ကြောက်စရာမှ မလိုတော့တာ... ငါဘာလို့ ဝင်ခွင့်ကို ရွေးနေမှာလဲ...'

' ရှားနိုင်ငံတင်မဟုတ်ဘူး... ဂြိုလ်ပြာတစ်ခုလုံးက ကြိုက်တဲ့တက္ကသိုလ်သွားတက်လို့ရနေပြီကို... '

' ဝင်ခွင့်စာမေးပွဲ ဖြေဘူးတဲ့ အတွေ့အကြုံ မရလိုက်ရင် နှမြောစရာကြီး...'

ဖိတ်ခေါ်ခံရသည့် ကျောင်းသားများက ဝင်ခွင့်စာမေးပွဲ မဖြေခဲ့ဘူးသည့်အပေါ် နောင်တရမိကြောင်း ပြောသည်ကို တီဗီအစီအစဥ် တချို့တွင် သူမြင်ဖူးသည် ။

လင်းမို့အရင်က နားမလည်ခဲ့သော်လည်း ယခု နားလည်သွားလေပြီ ။

' အဲ့အချိန်ကျရင် ကောလိပ်ဝင်ခွင့် စာမေးပွဲ ချန်ပီယံဆို ပိုမမိုက်ဘူးလား...'

ထိုကောလိပ်များက အကိုမို့ကို မကြွားတက်ဟု ထင်နေသည်လား ။ သူကြွားလျှင် အကြီးကြီး ကြွားပစ်မည် ဖြစ်သည် ။

တစ်နိုင်ငံလုံး၏ ကောလိပ်ဝင်ခွင့်စာမေးပွဲ ချန်ပီယံ ဆိုသည်မှ အစစ်အမှန် ကြွားပြခြင်းဖြစ်သည် ။

' လုပ်လိုက်ရအောင်... '

လင်းမို့ ဆုံးဖြတ်လိုက်သည် ။

' စာမေးပွဲကို အကြောင်းတစ်ခုခုနဲ့ မဖြေဖြစ်ရင်... ငါအိပ်ပျော်နေလို့ မမှီလိုက်တာမျိုးပဲဖြစ်ဖြစ် အပို တာယာရှိတာပဲ... ဖိတ်ခေါ်စာတွေကို အပိုတာယာပဲ ထားလိုက်တော့မယ်... '

ဤသို့ဖြင့် ရှားနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များမှာ လင်းမို့၏ အပိုတာယာများ ဖြစ်လာကြလေသည် ။

လင်းမို့ သည် လူသစ်ရွာအား ပတ်ကြည့်လိုက်သည် ။ အထဲသို့ သူဝင်၍ မရတော့ ။ အထဲသို့ ဝင်ရန် နိုပ်လိုက်လျှင် ပြိုင်ဘက်ကင်းဖြစ်သွား၍ ဝင်၍မရဟု သတိပေးချက် ပေါ်လာသည် ။

' ထင်သားပဲ ငါ့ကို ပွဲရှာခွင့်မပေးတော့ဘူး...'

' ထားလိုက်ပါတော့.... ဘယ်သူက လူသစ်ကွင်းထဲ နေချင်လို့လဲ... '

လူသစ်ကွင်း၏ တခြားလုပ်ဆောင်ချက်များ ဖြစ်ကြသည့် သိုင်းသင်တန်း ၊ သိုက်ကွက် အတည်ပြုခြင်း နှင့် လေ့ကျင့်ရေးစိန်ခေါ်မှုတို့မှာ ရွာအပြင်တွင်ရှိ၍ အသုံးပြုနိုင်သော်လည်း လင်းမို့သည် လူသစ်ကွင်းတွင် မနေချင်တော့ပေ ။

' ရွာအပြင် ထွက်ကြည့်လိုက်ရအောင်...'

လင်းမို့ ရွာအဝင်ဝသို့ လျောက်သွားလိုက်သည် ။ ထိုနေရာတွင် ရှေးဦးစကြာဝဠာ ၏ တခြားနေရာများသို့ သွားသည့် ဂိတ်များ ရှိပေသည် ။

" လူသစ်ကျေးရွာမှာ ထွက်ခွာရန် အတည်ပြုပါသလား... လူသစ်ကျေးရွာမှ ထွက်ခွာပြီးလျှင် ပြန်လာလို့ မရတော့ပါ..."

" Yes..."

လင်းမို့ Yes ကို နှိပ်လိုက်သည်နှင့် သူ့ပတ်ဝန်းကျင်တစ်ခုလုံး ပြိုကျသွားပြီး အလွန်တောက်ပနေသော အဖြူရောင် အလင်းတန်းကိုသာ မြင်နေရသည် ။ အဖြူရောင်အလင်းတန်း ပျောက်ကွယ်သွားလျှင် ရှေးဟောင်းဂိတ်ဝတစ်ခုတွင် ရောက်နေသည်ကို တွေ့လိုက်ရ၏ ။

ဂိတ်တံခါးဝတွင် ကျန်းနန် စီရင်စု ဟု ရေးထားသည် ။ လူသစ်ကျေးရွာမှ ထွက်ခွာလာသည့်လူတိုင်း ကျန်းနန်စီရင်စုသို့ ရောက်မည်မဟုတ်ပေ ။ ရှေးဦးစကြာဝဠာ အတွင်း ရှားနိုင်ငံ၏ စီရင်စု တစ်ဒါဇင်ခန့် ရှိပေသည် ။

" မြို့ထဲဝင်မယ်..."

လင်းမို့သည် မြို့ထဲသို့ လမ်းလျောက်၍ ဝင်လိုက်သည်နှင့် သူဆေးရိတ်သိမ်းလို့ရမည့် နေရာအား ရှာတော့သည် ။

' ကောင်းကင်ဘုံသို့တက်လှမ်းခြင်းတိုက်ပွဲ ဆိုပါလား... လူသစ်ကွင်းကို အဆင့်မြှင့်ထားတဲ့ဟာပဲ...'

' အယ်... ပြိုင်ဘက်ကင်းအဖွဲ့ တိုက်ပွဲ ဆိုပါလား... ငါးယောက် ငါးယောက် ချရတာပဲ...'

' တိုက်ပွဲဘုရင် တဲ့... လူတစ်ရာ ကို တစ်ပြိုင်တည်း ချခိုင်းတာပဲ... စိတ်ဝင်စားစရာပဲ... '

လင်းမို့ ကျန်းနန်စီရင်စု မြို့ထဲတွင် လှည့်ပတ် ကြည့်လိုက်သော်လည်း အထူးကန့်သက်ချက်များကြောင့်တိုက်ပွဲများအတွင်းသို့ ဝင်ခွင့်မရပေ ။

မူလတန်းနှင့် အလယ်တန်း ကျောင်းသားများကို ထိခိုက်မည်ဆိုးသဖြင့် ဝင်ခွင့်မပေးချေ ။ အထက်တန်း ပြီးဆုံးကြောင်းလက်မှတ် ပြနိုင်မှသာ ဝင်ခွင့်ရပေမည် ။

" ဟားဟား.... ကလေးတွေ ဝင်ဆော့လို့ မရဘူးလား..."

လင်းမို့ အော်ရယ်လိုက်သည် ။ ( ရယ်သာရယ်တာ မျက်ရည်တွေနဲ့ 🤣 )

အထက်တန်းမပြီးသေး၍ သူ့တွင် အထက်တန်းအောင်လက်မှတ် မရှိ ။

' ငါ ဝင်လို့ရတာ မျှော်စင်သစ်တော ပဲရှိတယ်... '

မျှော်စင် သစ်တောတွင် မရေမတွက်နိုင်သော နတ်ဘုရားမျှော်စင်များ ရှိပေသည် ။ တိုက်ခိုက်ရေး အတွေ့အကြုံရရန်နှင့် တိုက်ခိုက်ရေးစွမ်းရည်လေ့ကျင့်ရန် အကောင်းဆုံးနေရာ ဖြစ်သည် ။ ပါရမီရှင်များ အကြိုက်ဆုံးနေရာပင် ။

မျှော်စင်များတွင် အဆင့်များစွာရှိပြီး တစ်ဆင့် နိုင်တိုင်း ရှေးဦးစကြာဝဠာ အမှတ်များ ဆုရမည်ဖြစ်သည် ။ ရှေးဦးစကြာဝဠာ အမှတ်က တစ်မှတ်လျှင် အပြင်ကမ္ဘာငွေကြေး တစ်သန်းတန်ပြီး ငွေနှင့်ဝယ်၍မရပေ ။

' ငါ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ အတွေ့အကြုံက လေ့ကျင့်စရာမှ မလိုတာ... '

လင်းမို့သည် ပျင်းရိနေရန်သာ လိုပြီး အလုပ်ကြိုးစားရန် မလိုအပ်ချေ ။

' ဒီမျှော်စင်တွေ နောက်မှတက်တော့မှ... ခုငါနဲ့မှ မဆိုင်တာ... '

လင်းမို့ ဆုံးဖြတ်ပြီး ရှေးဦးစကြာဝဠာ မှ ထွက်လာလိုက်တော့သည် ။ ယနေ့ည သူပင်ပန်းနေပေသည် ။ အကင်နှင့် ဟော့ပေါ့ အဝစားထားသဖြင့် အစာဆိပ်တက်ကာ ငိုက်နေလေပြီ ။ သူအိပ်မှ ရတော့မည် ။

ထိုအချိန် လင်းမို့နေထိုင်သော ဟိုင်းချန်မြို့ ၊ ကျန်းနန် စီရင်စု ၊ ရှားနိုင်ငံနှင့် ဂြိုလ်ပြာတစ်ခုလုံးရှိ သိုင်းလမ်းစဥ် လျောက်လှမ်းနေသူများ ရှုးသွပ်စွာ ကြိုးစားနေကြသည် ။

All Chapters