ဦးလေးဝမ်၏ လက်ချက်
Vol. 4 Ch. 56
~
မနက်စောစော...
လင်းမို့သည် ရပ်ကွက်အတွင်း ဆူညံနေသဖြင့် နိုးလာခဲ့၏ ။
' ဒီလောက်အစောကြီးရှိသေးတာကို... ပေးမအိပ်နိုင်ဘူးလား...'
လင်းမို့က ဒေါသတကြီးထကာ ပြတင်းပေါက်ဆွဲဖွင့်ကြည့်လိုက်သည် ။
' ချီး... ဘာဖြစ်နေကြတာလဲ...'
အောက်တွင် လူအုပ်ကြီး ရောက်နေ၏ ။ ရာဂဏန်းရှိပြီး ရပ်ကွက်အတွင်းရှိ လူဦးရေ၏ တစ်ဝက်လောက်ရှိသည် ။
လင်းမို့ သေချာကြည့်လိုက်မှ MAD ( သိုင်းဌာန) ဌာနမှ သိုင်းပညာရှင် တစ်ဒါဇင် လောက်ကို တွေ့လိုက်ရသည် ။
' ဘာဖြစ်တာလဲ... MAD တွေတောင် ရောက်နေပါလား...'
လင်းမို့လည်း စပ်စုချင်သွားပြီး မျက်နှာ အမြန်သစ်ကာ A1 ဆေးများထည့်ထားသော ရေနွေးဘူးကြီးကို ယူ၍ အောက်ကို ပြေးဆင်းတော့သည် ။
အောက်သို့ရောက်သောအခါ အိမ်နီးချင်း အဒေါ်ကြီးများ ပြောနေသည်ကို ကြားမှ နားလည်သွားသည် ။
' အော်... ငါ့ကြောင့်ဖြစ် သွားတာပဲ...'
လင်းမို့ ခေါင်းယမ်းမိလိုက်သည် ။ သူမနေ့ညက ပစ်လိုက်သော အမှိုက်များကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခြင်းပင် ။
အမှိုက်ပုံကို မွှေသော ပလုံကောက်သူမှ A1 ဆေး ပုလင်းခွံ့များစွာ တွေ့ရှိလိုက်ရသဖြင့် MAD ကို အကြောင်းကြားလိုက်ခြင်းဖြစ်သည် ။ A1 ဆေးက သာမန်လူများ လက်လှမ်းမမှီနိုင်သော ဆေးဖြစ်သဖြင့် သာမန်ရပ်ကွက်တွင် ဤသို့တွေ့ရှိရခြင်းက သာမန်မဟုတ်ဟု ယူဆ၍ MAD က စုံစမ်းစစ်ဆေးနေ၏ ။ သို့သော်လည်း သူတို့ ဘာမှ ရှာမတွေ့သေးချေ ။
ထိုကိစ္စကို ရပ်ကွက်အတွင်းမှ လူများကြားပြီး ဝိုင်းအုံကြည့်နေကြခြင်းဖြစ်သည် ။
' ဒီလူတွေ ငါပစ်တယ်လို့ထင်မှာ မဟုတ်ဘူး... ဟီးဟီးဟီးး '
လင်းမို့က A1 ဆေးများ ထည့်ထားသော ရေနွေးဘူးကို မော့သောက်လိုက်၏ ။ သူ၏ လှုပ်ရှားနေသော အာရုံကြောများ ငြိမ်သက်စေရန် များများသောက်ပေးရမည် ။
" လင်းမို့..."
သက်လတ်ပိုင်း ဆံပင်လှိုင်းတွန့်နှင့် အမျိုးသမီးက ရုတ်တရပ် လှမ်းခေါ်လိုက်သည် ။
လင်းမို့ သည် သူမနာမည်မသိသော်လည်း အလုပ်မရှိ အကိုင်မရှိ တနေကုန်တနေခန်း ရပ်ကွက်ထဲ အတင်းလိုက်ပြောသည့် သူမှန်း မှတ်မိလိုက်သည် ။
ဆံပင် လှိုင်းတွန့်နှင့် အမျိုးသမီး က လင်းမို့ကို တွေ့လိုက်သည်နှင့် အနားသို့လျောက်လာပြီး...
" လင်းမို့... နင်ဒီကို ဘာလာလုပ်တာလဲ... ဒီမှာ ဘာဖြစ်သွားလဲသိလား... A1 ဆေး တစ်ရာလောက် တွေ့တာတဲ့... ဒီကိစ္စကို လာကြည့်ဖို့ နင်နဲ့ တန်လို့လား..."
' နင်နဲ့တန်လို့လား...'
ထိုအမျိုးသမီး၏ တိုက်ခိုက်သည့် စကားကြောင့် လင်းမို့ ဆွံ့အသွားချေသည် ။
' ငါသာ အမှိုက်မပစ်ရင် နင်တို့ လာစပ်စုလို့တောင်ရမှာမဟုတ်ဘူး... '
သို့သော်လည်း လင်းမို့သည် ထိုအဒေါ်ကြီးနှင့် ပြိုင်ငြင်းရန် ပျင်းလွန်းလှသည် ။ ကျောင်းနောက်ကျနေသဖြင့် ထွက်လာခဲ့လိုက်တော့သည် ။
" ဟမ့်... အမှိုက်က အမှိုက်ပဲ..."
ဆံပင်လှိုင်းတွန့်နှင့် အမျိုးသမီးက ထွက်ပြေးသွားသော လင်းမို့ကို ကြည့်ကာ အောင်နိုင်သူအပြုံး ပြုံးလိုက်၏ ။
လင်းမို့ ထွက်သွားပြီးမကြာမှီ ရပ်ကွက်အတွင်းသို့ လူနာတင်ကားတစ်စီး ဝင်လာသည် ။ တက်ကြွခြင်းဘုရင် လျို့ရှား ဆေးရုံဆင်းလာခြင်းပင် ။ လျို့ရှားသည် သက်သာလာသော်လည်း စာမေးပွဲဖြေရန် မသေချာတော့ပေ ။
" အာ... ရပ်ကွက်ထဲက လူတွေ ဘာလို့ ဝိုင်းအုံနေကြတာလဲ ..."
မိဘများက တွဲလာရသော လျို့ရှားက အံသြသွားပြီး မေးလိုက်၏ ။
" သူတို့ ကျွန်တော် သက်သာလာတာသိလို့ ဝိုင်းကြိုနေကြတာလား... "
လျို့ရှားသည် အိမ်နီးခြင်းများ၏ ကြင်နာမှုကို ရုတ်တရပ် ခံစားမိလိုက်သည် ။
' ဒီလူတွေ...'
" အယ်... လျို့ရှား ပြန်လာပြီးလား... "
လျို့ရှားကို ပထမဆုံး မြင်လိုက်သူမှာ ဆံပင်လှိုင်းတွန့်နှင့် အမျိုးသမီးပင် ။ သူမ ဝမ်းမြောက်ဝမ်းသာစွာဖြင့် ပြေးလာခဲ့သည် ။
" အန်တီ တို့ဘာလုပ်နေကြတာလဲ..."
လျို့ရှားက မျှော်လင့်တကြီး မေးလိုက်၏ ။ သို့သော်လည်း လျို့ရှား အများကြီး စိတ်ကူးယဥ်မိလိုက်ပုံရသည် ။
ဆံပင်လှိုင်းတွန့်နှင့် အန်တီက တည့်တိုးပြောလိုက်လေသည် ။
" ဒီမှာ ဖြစ်သွားတဲ့ကိစ္စ နင်မသိသေးဘူးလား... ငါ့တို့ရပ်ကွက်ထဲက လူတစ်ယောက်က A1 ဆေးတွေသုံးပြီး ပုလင်းခွံ ရာဂဏန်းလောက် လွှင့်ပစ်ထားတာတဲ့... "
" ဘာ...."
လျို့ရှား တုန်လှုပ်သွားမိသည် ။ သူ စာမေးပွဲဝင်ခွင့်ရမှတ် ပိုများနိုင်ရန် အန္တရာယ်ရှိသည့်ဆေးကို အသက်ရင်း၍ သောက်ခဲ့ရသော်လည်း မအောင်မြင်ခဲ့ပေ ။ သို့သော်လည်း တခြားသူများက A1 ဆေးကို ရေလိုသောက်နေ၏ ။ သူ မခံစားနိုင်တော့ ။
" ဖူးးးးး..."
လျို့ရှား ဒေါသထွက်လွန်းသဖြင့် သွေးအန်သွားသည် ။ သူ့တစ်ကိုယ်လုံး ပျော့ခွေသွား၏ ။
" အားးးး..."
ဆံပင်လှိုင်းတွန့်နှင့် အန်တီက လန့်၍ အော်လိုက်သည် ။ အဝေးသို့ မရောက်သေးသော် လူနာတင်ယာဥ်က ပြန်လှည့်၍ လျို့ရှားကို ပြန်ခေါ်သွားတော့သည် ။
" ဝီးဝူ...ဝီးဝူ....ဝီးဝူ...ဝီးဝူ..."
မနက် ၈ နာရီ....
ဟိုင်းချန်အထက်တန်းကျောင်း၏ မနက်စာသင်ချိန် စတင်သည်မှာ တစ်နာရီ ရှိသွားလေပြီ ။
ကျောင်းအုပ်ယန်၏ ရုံးခန်းတွင် ဧည့်သည်အချို့ ရောက်နေ၏ ။ သူတို့က... ပတ်တီးစီးထားသော ယင်ကျန့်နှင့် သူ့ဦးလေး ဝမ်ပင် ။
" ဟားဟား ဒါရိုက်တာဝမ်... ရှားရှားပါးပါး လာလည်တာပဲ... "
သိုင်းဌာနမှာ မြို့၏ အသန်မာဆုံးဖြစ်သည် ။ သိုင်းဌာန၏ ဒါရိုက်တာ ဖြစ်သူ ယင်ကျန့် ၏ ဦးလေးဝမ်က ကျောင်းအုပ်ယန်နှင့် ရာထူး တူသော်လည်း ပါဝါ ပိုရှိလေသည် ။
ထို့ကြောင့် ကျောင်းအုပ်ယန်က ထရပ်၍ ကြိုဆိုလိုက်သည် ။ ဒါရိုက်တာဝမ် မည်သည့်အတွက်လာမှန်း သူသိပေသည် ။
" ကျောင်းအုပ်ယန် ... ကျုပ်ကွေ့ပတ် ပြောမနေတော့ဘူး တည့်တည့်ပဲ ပြောတော့မယ်... " ဒါရိုက်တာဝမ်၏ နာမည်မှာ ထုံ ဖြစ်သည် ။
ယင်ကျန့်က နာခံစွာ ထရပ်လိုက်၏ ။
ဦးလေးဝမ်၏ အကူအညီကိုရရန် သူ့အမေ တစ်ညလုံး ကြိုးစားထားရလေသည် ။
" ဘာပဲဖြစ်ဖြစ် ကျောင်းအုပ်ယန် ရာ... ယင်လေးက ကလေးပဲရှိသေးတာဗျာ... ဒီလိုကြီး အပြစ်ပေးခံလိုက်ရတော့ သူ့အနာဂတ်နဲ့ သိုင်းလမ်းစဥ်ကို ဘယ်လိုရှေ့ဆက်လို့ရတော့မလဲ... "
ဝမ်ထုံက တခါတည်း အများကြီးပြောပြီး နိဂုံးချုပ်လိုက်၏ ။
" ဒါရိုက်တာဝမ်... ခင်ဗျားပြောတာ ကျုပ်လက်ခံပင်မယ့်... ဒီကိစ္စက... "
ကျောင်းအုပ်ယန်က ခဏစဥ်းစားပြီး...
" မိန်ကလေးအိမ်သာထဲကို ဝင်ပြီး ဆရာမကို ဓာတ်ပုံခိုးရိုက်တာက ဘယ်လောက် ဆိုးလဲ ခင်ဗျားလဲသိတာပဲ... ဆရာမကို စိတ်ကျေနပ်အောင် ကျုပ် လုပ်မပေးလို့ မရဘူးလေ... "
" ကျုပ်နားလည်ပါတယ်... "
ဒါရိုက်တာ ဝမ်က ခေါင်းညိတ်လိုက်ပြီး...
" ဆရာမကို ကျုပ်တို့ဘက်က ကျေနပ်တဲ့အထိ ဆောင်ရွက်ပေးပါ့မယ်... ကျောင်းအုပ်ယန် ဘက်က လက်ခံပေးဖို့ ကျုပ်မျှော်လင့်ပါတယ်... "
" ဆရာမက ကျေနပ်တယ်ဆိုရင် ကျုပ်ဘက်က ပြသနာ မရှိပါဘူး..."
ကျောင်းအုပ်ယန်က မျက်နှာသာ ပေးရပေမည် ။
" ကိစ္စတစ်ခု ရှိသေးတယ်ဗျ... ကျောင်းသားတစ်ယောက်ကို ကျောင်းထုတ်ချင်လို့ ကျောင်းအုပ်ယန် ကူညီနိုင်မလားလို့... စိတ်မပူပါနဲ့ နာမည်ဆိုးထွက်နေတဲ့ လင်းမို့ ဆိုတဲ့ကျောင်းသားပါ... "
ဒါရိုက်တာ ဝမ်က ပြောလိုက်၏ ။
ယင်ကျန့်က ညဏ်ကောင်းသူ ဖြစ်သည် ။ ဒါရိုက်တာဝမ်ကို အကူအညီတောင်းဖို့ မလွယ်မှန်းသိသဖြင့် လင်းမို့အား အထက်တန်းအောင်လက်မှတ် မရအောင် တစ်ခါတည်း အပြတ်ဖြတ်လိုက်ခြင်းပင် ။ အကူအညီတောင်းနိုင်ရန် သူ့အမေက အများကြီး ပေးဆပ်ခဲ့ရပေသည် ။ ဤအခွင့်အရေးကို သူဖြုန်းတီး၍ မဖြစ်ချေ ။
" ဒါ.... "
ကျောင်းအုပ်ယန်က မျက်မှောင်ကြုပ်လိုက် မိ၏ ။ ပထမကိစ္စကူညီရသည်က လွယ်သော်လည်းကျောင်းသားတစ်ယောက်ကို ကျောင်းထုတ်ခြင်းက ကျင့်ဝတ်ကို ကျော်လွန်နေသည် ။
တတိယနှစ် ကျောင်းသားတစ်ယောက်ကို အကြောင်းပြချက်မရှိ ကျောင်းထုတ်လိုက်လျှင် ထိုကျောင်းသားက အထက်တန်းကျောင်း အောင်လက်မှတ်ပင် ရတော့မည်မဟုတ်ပေ ။ လင်းမို့က ညံ့ဖျင်းသော ကျောင်းသားဖြစ်စေကာမူ သူ မတရား မလုပ်ချင် ။
" ကျောင်းအုပ်ယန်... "
ဒါရိုက်တာဝမ်က ပြုံးပြီး...
" ကျုပ် သတင်းတချို့ ကြားထားတယ်... ကျုပ်တို့ဌာနမှာ လက်ထောက် ခေါင်းဆောင်နေရာ လွတ်တော့မယ်တဲ့... ကျုပ်အတွက် မျှော်လင့်ချက် မရှိပင်မဲ့ ... ခင်ဗျားဆိုရင်တော့ မျှော်လင့်လို့ ရတယ်နော်... "
" တကယ်လား..."
ကျောင်းအုပ်ယန် အနည်းငယ် အံ့သြသွားပြီး မျက်ဝန်းများ အေးစက်သွားသည် ။