← Chapters

ကောင်းဖန်း လှုပ်ရှားလိုက်ခြင်း

Vol. 4 Ch. 58

ကောင်းဖန်း လှုပ်ရှားလိုက်ခြင်း

Vol. 4 Ch. 58

~

" ခင်ဗျားကို အခွင့်အရေးတစ်ခုပေးမယ်... "

ကျောင်းအုပ်ယန်က လင်းမို့ပြောသည်ကို ကြားလိုက်လျှင် မသိစိတ်ကြောင့် မေးလိုက်မိ၏ ။

" မင်း ဘာအခွင့်အရေး လိုချင်လို့လဲ..."

ပြီးမှ သူ့နားကြားလွဲသွားသည်ကို သတိထားမိလိုက်သည် ။ လင်းမို့ က သူ့ကို အခွင့်အရေးပေးမည်ဟု ပြောနေခြင်းပင် ။

" မင်း က ငါ့ကို အခွင့်အရေးပေးမှာလား...ဟားဟားဟား... "

ကျောင်းအုပ်ယန် ရယ်လိုက်၏ ။ သူ့ရှေ့မှ ညံ့ဖျင်းသော ကျောင်းသားကို စိတ်ဝင်တစား ကြည့်လိုက်သည် ။

" မင်း က ငါ့ကို ဘာအခွင့်အရေး ပေးချင်တာလဲ..."

ဆရာမလုလည်း ရှုပ်ထွေးသွားသည် ။ သူမ လင်းမို့ ဘာလုပ်နေသည်မှန်း မသိတော့ ။

လင်းမို့ က ကျောင်းအုပ်ယန်ကို ခပ်တည်တည် ကြည့်၍...

" ခင်ဗျားပေးတဲ့ ကျောင်းထုတ်စာကို ပြန်ယူသွားလိုက်... ကျုပ်ဘာမှ မဖြစ်ခဲ့ဘူးလို့ သဘောထားလိုက်မယ်... "

" လင်းမို့... နင်ဘာပြောနေတာလဲ... ကျောင်းအုပ်ယန်ကို ချက်ချင်းတောင်းပန်လိုက်... "

ဆရာမလုသည် လင်းမို့ မောက်မာစွာပြောလိုက်သည်ကို ကြားလျှင် ချက်ချင်းဝင်ပြောလိုက်၏ ။ သူမ ကအခြေအနေပိုဆိုးသွားမည်ကို ကြောက်သည် ။ လင်းမို့ ကျောင်းထုတ်ခံရမည်ဆိုးသည် ။

တစ်ခန်းလုံးလည်း အံ့သြသွားကြ၏ ။ ယခုအခြေအနေတွင် လင်းမို့ မာနကြီးပြနေမည်ဟု သူတို့ထင်မထားကြချေ ။

" အကိုမို့က အကိုမို့ပဲ... ကျောင်းအုပ်နဲ့ စကားပြောတာတောင် လေမလျော့ဘူး... "

ဟောက်ရန်သည် လင်းမို့က ကျောင်းအုပ်ယန်အား မောက်မာစွာပြောလိုက်သည်ကို မြင်လျှင် ဖုန်းချလိုက်သည် ။

" ကျောင်းအုပ်ယန်ကိုတောင် ငေါက်ရဲတယ်... လင်းမို့က ငါတို့စံပြပဲဟေ့... "

" လင်းမို့က အထက်တန်းအောင်လက်မှတ်တောင် မလိုချင်တော့ဘူးလား..."

" သူက တက္ကသိုလ်လည်း မတက်ဘူး... အထက်တန်း အောင်လက်မှတ်လည်း မရဘူးဆိုရင်... သူ့မှာ အလယ်တန်းအောင်လက်မှတ်ပဲ ရှိတော့မှာပေါ့... သုံးနှစ်တောင် အလကားဖြစ်သွားမှာ... "

ကျောင်းသားများ လင်းမို့၏ ရဲရင့်မှုအပေါ် သဘောကျသွားကြသော်လည်း သူ့အား သနားသွားကြသည် ။ ကျောင်းအုပ်ယန်နှင့် ထိပ်တိုက်ရင်ဆိုင်သည်က အခြေအနေများ ပိုဆိုးလာမည်ပင် ။

" မင်း လူကြီးတွေကို မလေးမစား ပြောရဲလား... ရိုင်းစိုင်းတဲ့ကောင်...."

ကျောင်းအုပ်ယန်က ဒေါသတကြီးစိုက်ကြည့်၍ ပြောလိုက်သည် ။ သူ၏ ထိပ် ပြောင်နေ၍ တော်သေးသည် မဟုတ်လျှင် ဒေါသကြောင့် ဆံပင်များပင် ထောင်နေပေလိမ့်မည် ။

" ငါ ဒီနေ့ မင်းလိုရိုင်းစိုင်းတဲ့ ကျောင်းသားမျိုး ကျောင်းမထုတ်နိုင်ရင်.... ငါ့နာမည် ပြောင်းပြန်ရေးပစ်မယ်ကွ..."

လင်းမို့က မျက်ခုံးပင့်လိုက်ပြီး ကျောင်းအုပ်ယန်ကို စကားပြန်မပြောတော့ပဲ စာရွက်ကို လှမ်းယူလိုက်၏ ။ သူက လက်မှတ်ထိုးပေးလိုက်ပြီး နောက်သို့ လှည့်ကာ ဆက်လက် ပျင်းရိရန် သူ့နေရာသို့ ပြန်သွားလိုက်သည် ။

သူအခွင့်အရေး ပေးသော်လည်း တဘက်လူ မလိုချင်၍ သူ့အပြစ်မဟုတ်တော့ ။ စာမေးပွဲ ပြီးလျှင် ငိုယို၍ ဒူးထောက်တောင်းပန်နေသော ထိပ်ပြောင်ကြီးကို မြင်ယောင်မိလိုက်သည် ။

" ဟူးးးး....."

ဆရာမလု သက်ပြင်းအရှည်ကြီး ချလိုက်မိသည် ။ သူမ လင်းမို့အား ကူညီချင်သော်လည်း အမြဲနာခံတက်သူ လင်းမို့က မောက်မာနေမည်ဟု သူမ မထင်ခဲ့ပေ ။

သို့သော် ဆရာမလု မသိသည်မှာ လင်းမို့၏ မာနက သူ၏ ခွန်အားမှ လာသည်ကိုပင် ။ လုံလောက်စွာ သန်မာနေလျှင် မည်သည့်အတွက်ကြောင့် မာနကြီး၍ မရမည်နည်း ။

" အကိုမို့.... အရမ်းမိုက်တယ်..."

ဟောက်ရန်က လင်းမို့အား လက်မထောင်ပြလိုက်ပြီး...

" ကျွန်တော်အဖေ့ကို ဖုန်းဆက်ပြီးပြီ... အောင်လက်မှတ် လေးပဲတဲ့... သူရအောင် လုပ်ပေးမယ်တဲ့... "

" အာ..."

လင်းမို့သည် ဟောက်ရန်အား အံ့သြစွာ ကြည့်လိုက်မိသည် ။

" ဒီကိစ္စသေးသေးလေးနဲ့ ဖုန်းခေါ်တာကို မင်းအဖေက မဆဲဘူးလား... "

ဟောက်ရန်သည် အဆဲမခံရသည့်အပြင် ချီးကျူးခံလိုက်ရသည် ။ သူ့အဖေ ကောင်းဖန်းမှာ လင်းမို့နှင့် နီးစပ်ရန် နည်းလမ်းရှာနေစဥ် အခွင့်အရေး ရလိုက်ခြင်းဖြစ်သည် ။

ကောင်းဖန်း၏ အတွေ့အကြုံအရ ဖြစ်ပျက်နေသည်ကို နားလည်လိုက်သည် ။ လင်းမို့ကို ကူညီရန်မှာ လွယ်ကူသဖြင့် အနာဂတ်တွင် လင်းမို့၏ မျက်နှာသာရရန် သူလှုပ်ရှားရပေမည် ။

ထို့ကြောင့် သူ့သားထံမှ ဖုန်းချလိုက်သည်နှင့် သူ၏ ဖုန်းစာအုပ်ကိုဖွင့်ကာ သူ့လူများထံ မေးစမ်း​လိုက်သည် ။

" ဟိုင်းချန်မြို့က ဒါရိုက်တာ ပေါက်စနဲ့ ကျောင်းအုပ် ပေါက်စ လေးပါလား... "

ဤနှစ်ယောက်က သူ့အတွက်အသေးအဖွဲပင် ။ ခဏကြာ စဥ်းစားပြီးနောက် အပြင်လောကတွင် တိုက်ပွဲအတူဝင်ခဲ့သော သူငယ်ချင်းဟောင်းတစ်ယောက်ထံ ဖုန်းဆက်လိုက်သည် ။

ယခု ထိုလူက နေအလင်းအဆင့်သို့ ရောက်နေပြီး အဆင့်မြင့်ရာထူးတစ်ခုတွင် နေရာရထားသည် ။ အရင်က သူနှင့် မကြာခန spa သွားသည်အထိ ခင်မင်ပေသည် ။

" အာဖန်း... ဖုန်းတွေ ဘာတွေ ဆက်လို့ပါလား... ဘာကိစ္စရှိလို့လဲ... "

ပေါ့ပေါ့ပါးပါး အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည် ။

" မင်းညငါတို့မြို့ ရောက်နေတာလား...အာ့ဆို ညဘက်အပြင်သွားရအောင်... ငါ ဒကာခံမယ်... "

" ငါ လေးလေးနက်နက် ပြောစရာရှိလို့... "

ကောင်းဖန်းက တည့်တည့်ပြောလိုက်သည် ။

ကျယ်လောင်သော အသံက ဖုန်းထဲမှ ထွက်ပေါ်လာ၏ ။

" ဘာလဲ... မင်းနောက်မိန်းမ ထပ်ယူလိုက်တာလား..."

ဟိုင်းချန် သိုင်းဌာန...

အပေါ်ဆုံးထပ် ရုံးခန်း ၊ ခေါင်းဆောင် ကျောက်ရှုက လက်နှစ်ဖက်ကို နောက်ပစ်ပြီး မှန်ပြတင်းပေါက်မှာ တဆင့် မြို့၏ ညရှုခင်းကို ခံစားနေ၏ ။

' ဟူး... ဒီနှစ်မှာ ကျန်းနန်စီရင်စုရဲ့ တခြားမြို့တွေက သိုင်းပညာရှင်တွေ ထွက်လာတာ မနည်းဘူး..."

ခေါင်းဆောင်ကျောက် ခေါင်းယမ်းရင်း သက်ပြင်းချလိုက်သည် ။

' ဒီနှစ် ငါတို့မြို့ရဲ့ စာမေးပွဲရလဒ်က အောက်ဆုံးရောက်အုံးမယ်ထင်တယ်... '

ကျောက်ရှုက လျိုကျုံးဟောင်အား ကျန်းနန်စီရင်စုတွင် တောက်ပနိုင်မည်ဟု ထင်ထားခဲ့သည် ။

သို့သော်လည်း လျိုကျုံးဟောင်က တိုက်ရိုက်ထုတ်လွှင့်မှုတွင် Black Earth ၏ ချေမှုန်းခြင်း ခံခဲ့ရပြီး စိတ်ပညာရှင်နှင့်ပင် ကုသခဲ့ရသည် ။ ယခု ပြန်ကောင်းလာသော်လည်း အရင်လောက် စွမ်းဆောင်နိုင်မည် မဟုတ်တော့ ။

ဟိုင်းချန်မြို့၏ တတိယနှစ်များတွင်လည်း လျိုကျုံးဟောင်အပြင် တခြားသိုင်းပညာရှင်အဆင့် ရောက်သူ မရှိပေ ။

ထို့ကြောင့် ကျောက်ရှုက ယခုနှစ် စာပေးပွဲ ရလဒ်မကောင်းမည်ကို ပူပန်နေရသည် ။

" စာမေးပွဲ ရလဒ်မကောင်းရင်လည်း ငါ့ခေါင်းပေါ်ပဲ ပုံကျလာမှာ... ရာထူးတိုးဖို့တော့ ဘယ်ချိန်ကျမှ မျှော်လင့်လို့ ရတော့မလဲ... "

ကျောက်ရှု ​သက်ပြင်းချလိုက်ပြန်သည် ။

" ထားလိုက်ပါတော့... ငါ့ခွန်အားလေးနဲ့ ရာထူးမတိုးလည်း နေပါစေ... လက်ရှိရာထူးလေးပဲ မြဲနေရင် တော်သေးတာပဲ..."

ထိုစဥ် ကျောက်ရှု၏ ဖုန်းမည်လာ၏ ။ ဖုန်းနံပါတ်ကို တွေ့လိုက်လျှင် မာနတကြီး ရပ်နေသောဟန်မှ ရိုရိုကျိုးကျိုးဖြင့်...

" ဘော့စ် ယွီ... ဘာများခိုင်းစရာ ရှိလို့လဲဗျ... "

ယွီပုရှောင် ... ကျန်းနန်စီရင်စု သိုင်းဌာန ခေါင်းဆောင်... ကျောက်ရှု၏ အထက်အရာရှိ ။

သူက ကောင်းဖန်း ၏ အခင်ဆုံးသူငယ်ချင်းဖြစ်သည် ။

" ကျောက်လေး..."

ယွီပုရှောင်၏ အသံက ပေါ့ပေါ့ပါးပါးရှိမနေတော့ဘဲ ဖိအားများနှင့် လေးလံနေ၏ ။ သူက လိုချင်သည်ကို တိုက်ရိုက်မပြောဘဲ ကျောက်ရှုကို အပြစ်တင်တော့သည် ။

" မင်း ငါ့လက်အောက်မှာ အလုပ်လုပ်နေတာ ဆယ်နှစ်ကျော်ပြီမှလား... ခုထိ တိုးတက်လာတာ ဘာရှိလဲ... အထူးသဖြင့် လူသုံးတဲ့နေရာ... မင်းခုအသက်အရွယ်တောင် ရောက်နေပြီး သုံးသင့်တဲ့လူနဲ့ မသုံးသင့်တဲ့လူ မခွဲခြားနိုင်သေးဘူးလား... "

ကျောက်ရှုက နားမလည်သော်လည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည် ။

" ဘော့စ်ယွီ ပြောတာ မှန်ပါတယ်ဗျ... ကျွန်တော် တိုးတက်လာအောင် ကြိုးစားနေပါတယ်... "

" မင်းဆီမှာ မျိုးရိုးနာမည် ဝမ်ဆိုတဲ့ ဒါရိုက်တာ ရှိတယ်လို့ ငါကြားတယ်... "

ယွီပုရှောင်က ရပ်လိုက်ပြီး ဆက်မပြောတော့ပေ ။

ဆက်ပြောစရာလည်း မလိုတော့ ။ ကျောက်ရှုက ဤစကားကို နားမလည်လျှင် လက်ရှိရာထူးအား မေ့ထားရပေတော့မည် ။

" ပြီးတော့..."

ယွီက တခြားစကားများ ဆက်ပြောသည် ။ နှစ်မိနစ်ကြာပြီးနောက် ဖုန်းချလိုက်တော့သည် ။

ကျောက်ရှုက ဒေါသတကြီး အံကြိတ်ကာ...

" ဝမ်ထုံ... ​ွေးမသား...."

ကျောက်ရှုသည် သူ၏ လက်ရှိရာထူး မတည်မငြိမ်ဖြစ်နေစဥ်တွင် အထက်ခေါင်းဆောင်မှ အပြစ်တင်ခံရမည်ဟု မမျှော်လင့်ခဲ့ချေ ။ ဝမ်ထုံ ဘာလုပ်ခဲ့မှန်း မသိသော်လည်း သူခေါင်းခံရပေတော့မည် ။

" ပြီးတော့ ဟိုင်းချန်အထက်တန်းကျောင်းက ထိပ်ပြောင်ယန်... ငါ့ကို စိတ်ဒုက္ခပေးတဲ့ကောင်တွေ ငါနဲ့တွေ့မယ်... "

Chapter 59

All Chapters