ဘယ်သူ့ကို စော်ကားခဲ့တာလဲ ~
Vol. 4 Ch. 59
နေ့လယ်ခင်း...
နွေရာသီ၏ အပူဆုံးအချိန်...
သိုင်းဌာန ဒါရိုက်တာ ဝမ်ထုံက နေ့လယ်စာ စားပြီးသည်နှင့် အဲယားကွန်း ရှိသည့် သူ၏ အခန်းသို့ ပြန်လာခဲ့သည် ။ သူက ခြေချိတ်ထိုင်းရင် စီးကရက်ခဲကာ ဇိမ်ခံနေသည် ။
ထမင်းစားပြီး စီးကရက်ခဲရသည်က မနေ့ညက စီးကရက်အရသာကိုပင် ပြန်သတိရသွား၏ ။
သူမနေ့ညက နတ်ဘုရားတစ်ပါးလို စံစားခဲ့ရပေသည် ။
" ယင်ကျန့် က မိခင်ကောင်းရှိတာ ကံကောင်းတယ်... "
ဝမ်ထုံ တွေးလိုက်မိ၏ ။ သူ၏ အကူအညီကြောင့် ယင်ကျန့် ဟိုင်းချန်အထက်တန်းကျောင်းတက်ခွင့် ရခဲ့သည် ။ ယင်ကျန့် သိုင်းပညာရှင်တပိုင်း ဖြစ်လာသည်မှာလည်း သူ၏ အထောက်အပံ့ကြောင့်ပင် ဖြစ်သည် ။ ယနေ့ကိစ္စကိုလည်း သူ မကူညီလျှင် ယင်ကျန့် ဘဝပျက်ပေမည် ။ အတိုချုပ်ရလျှင် ယင်ကျန့်၏ ကြီးပြင်းလာမှုမှာ သူ၏ ကူညီမှုများကြောင့်သာ ။
" ယင်ကျန့် အရွယ်ရောက်လာရင် ငါ့ကို ကျေးဇူးတင်နေလိမ့်မယ်... "
ဝမ်ထုံက အနာဂတ်အား တွေးလိုက်မိသည် ။
သို့သော်လည်း သုံးနှစ်ကြာ သူ့အား ရန်ညိုးထားနေသည်ကို သူမသိပေ ။
ရုတ်တရပ်...
" ဘုန်း..... "
ရုံးခန်းတံခါးအား ကြမ်းတန်းစွာ ကန်ဖွင့်ခံလိုက်ရသည် ။
" ဘယ်ကောင်လဲကွ... "
ဝမ်ထုံံ လန့်သွားပြီး ဒေါသထွက်ကာ ခုန်ထလိုက်၏ ။ မည်သို့သော သူက သူ့ရုံးခန်းအား ကန်ဖွင့်ရဲပါသနည်း ။
သို့သော်လည်း ကျောက်ရှု ဝင်လာသည်ကို မြင်လျှင် ဒေါသထွက်နေသော သူ့မျက်နှာက ဖားယားသည့်အသွင် ပြောင်းလဲသွား၏ ။
" ခေါင်းဆောင်ကျောက်... ဘာကိစ္စရှိလို့လဲဗျ... "
" ဝမ်ထုံ...."
ကျောက်ရှု သည် လှည့်ပတ်ပြောမနေတော့....
" မင်းအခု ဒါရိုက်တာ မဟုတ်တော့ဘူးလို့ ပြောဖို့လာတာ... ဒီနေ့လည် အပြီးထွက်သွား... မင်းနေရာကို နောက်မှ တခြားသူ ခန့်လိုက်မယ်... "
ကျောက်ရှုက ပြောပြီးသည်နှင့် မျက်နှာပျက်နေသော ဝမ်ထုံကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားသည် ။
' ဘာဖြစ်လို့လဲ...'
ဝမ်ထုံ၏ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်သွား၏ ။
' ခေါင်းဆောင်ကျောက်က ဘာလို့ ရုတ်တရပ် အလုပ်ထုတ်လိုက်တာလဲ... ဘာအမှားလုပ်မိလို့လဲ...'
ဝမ်ထုံက ဆယ်နှစ်တာလုံး အလိုက်သိခဲ့သည်ကြောင့် ဒါရိုက်တာ ဖြစ်လာခဲ့သည် ။ ယခု သတိပေးခြင်းပင် မခံလိုက်ရပဲ ကျောက်ရှုက အလုပ်ထုတ်လိုက်၏ ။
ဝမ်ထုံသည် သူဘာအမှား လုပ်မိမှန်း မသိပေ ။ သူအလုပ်လုပ်ရာတွင် အမှားအယွင်းမရှိခဲ့သလို အမြဲပင် ကျောက်ရှုသဘောကျအောင် နေခဲ့၏ ။
တူညီသော ကိစ္စ ဟိုင်းချန်သိုင်းအထက်တန်းကျောင်းတွင် ဖြစ်ခံနီး နေလေပြီ ။
သို့သော် ကျောင်းအုပ်ယန်၏ အခြေအနေက ဝမ်ထုံံ ထက်ပိုကောင်းလေသည် ။
ကျောင်းအုပ်ယန်က ဟိုင်းချန်အထက်တန်းကျောင်း၏ ကျောင်းအုပ်အဖြစ် နှစ်များစွာ လုပ်ကိုင်ရာခဲ့ရာ သူ၏ ကျောင်းသားများစွာမှာ ဘွဲ့ရပြီးဖြစ်၍ နေရာစုံ တွင် အလုပ်လုပ်ကိုင်နေကြပြီဖြစ်သည် ။
ဝမ်ထုံ က ကျောင်းအုပ်ယန်ထက် အာဏာပိုရှိသော်လည်း ကျောင်းအုပ်ယန်က အဆက်အသွယ်ပိုများပေသည် ။
ကျောင်းအုပ်ယန်က ရုံးခန်းတွင် ထိုင်ကာ သိုင်းဌာန၏ လက်ထောက် ဒါရိုက်တာ ဖြစ်ရန် မည်သို့ လုပ်ရမည်ကို စဥ်းစားနေလေသည် ။
' ဒီနှစ်တွေထဲ... ဟိုင်းချန်မြို့ရဲ့ အထက်ပိုင်းရာထူးမှာ အလုပ်လုပ်နေတဲ့ ငါ့ကျောင်းသားတွေ နဲနဲတော့ရှိတယ်... '
ကျောင်းအုပ်ယန်က လက်ချောင်းဖြင့် စားပွဲကို စီးချက်ကျကျ ခေါက်ရင်း တွက်ချက်နေသည် ။
' နှစ်တွေအကြာကြီး ငါမသုံးပဲထားတဲ့ အဆက်အသွယ်တွေလဲရှိသေးတယ်... သုံးဖို့ အချိန်ရောက်ပြီ... ဒါရိုက်တာ ဝမ်ရဲ့ ထောက်ခံချက်ပါပေါင်းရင် ငါရာထူးတိုးဖို့ အချိန်ရောက်ပြီ... '
ကျောင်းအုပ်ယန် အတွေးလွန်နေတုန်း ဖုန်းဝင်လာသည် ။ ခေါ်ဆိုသူ ရှဲ့ရှင်း ၏ အမည်ကို မြင်လိုက်လျှင် သူချက်ချင်းပြုံးလိုက်မိသည် ။ ရှဲ့ရှင်းကား သူ၏ အနှစ်သက်ဆုံး ကျောင်းသားတစ်ယောက်ပင် ။ ရှားတက္ကသိုလ်မှာ ဘွဲ့ရပြီး ဟိုင်းချန်မြို့သို့ ပြန်လာကာ ရာထူးကြီး တစ်ခုတွင် အလုပ်လုပ်နေ၏ ။
ကျောင်းအုပ်ယန် က သိုင်းဌာန၏ လက်ထောက်ဒါရိုက်တာ ရာထူးရရန် ရှဲ့ရှင်း ကို အကူအညီတောင်းရန် စဥ်းစားထားပြီးဖြစ်သည် ။
ထို့ကြောင့် ရှဲ့ရှင်းက သူ့အား ဖုန်းခေါ်နေသည်ကို မြင်လိုက်လျှင် ဤကိစ္စအား သိပြီး သူ့ကို ထောက်ခံ၍ အကူအညီပေးရန် ဖုန်းခေါ်သည်ဟု ထင်လိုက်၏ ။ သူ အထူးလုပ်အားပေးတစ်ယောက် ရခဲ့လေပြီ ။
' ရှဲ့ရှင်း... ဒီကလေး...'
ကျောင်းအုပ်ယန် အနည်းငယ် ထိမိသွား၏ ။ သူ၏ မျက်လုံးများ တောက်ပလာပြီး ...
' ငါ သူ့ကို မမေးရသေးတာတောင်... သူက စပြီးဆက်နေတယ်... သိတက်လိုက်တဲ့ကလေး...'
ကျောင်းအုပ်ယန် ဖုန်းကိုင်လိုက်သည် ။
" ရှဲ့ရှင်း... ဒီနေ့ ဖုန်းဆက်ဖို့ ဘယ်လို စိတ်ကူးရသွားတာလဲ... ဒီနေ့ည အိမ်မှာ ညစာ လာစားပါလား... မင်း ဆရာမရဲ့ လက်ရာကတော့ သိတဲ့အတိုင်း ရှယ်နော်..."
" ဆရာယန်... "
ရှဲ့ရှင်း ပြောလိုက်သည်နှင့် ကျောင်းအုပ်ယန်၏ အမူအရာမှာ ပြောင်းလဲသွားသည် ။
" တစ်ယောက်ယောက်ကို အပြစ်လုပ်မိသေးလား..."
" ဘာလဲ... "
ကျောင်းအုပ်ရန် လန့်သွား၏ ။ သူ့ကိုယ်သူ စိတ်ထိန်းလိုက်ကာ...
" ဘာဖြစ်လို့လဲ... တစ်ခုခုဖြစ်သွားလို့လား..."
" သိုင်းဌာနက ခေါင်းဆောင်ကျောက်က ဆရာ့ကို ကျောင်းအုပ်ရာထူးက ထုတ်ပေးဖို့ ပြောနေလို့... "
ဟိုင်းချန်းမြို့ရှိ ပညာရေး ဌာနမှာ သိုင်းဌာန၏ လက်အောက်တွင် မဟုတ်ပေ ။ သိုင်းဌာနက အာဏာအရှိဆုံးဖြစ်သဖြင့် ခေါင်းဆောင်ကျောက်၏ စကားက အရာရောက်ပေသည် ။
သို့သော်လည်း ကျောက်ရှုက တစ်ခြားဌာနများကို တိုက်ရိုက် မကိုင်တွယ်နိုင်သဖြင့် သူလုပ်ချင်သည်ကို တစ်ခြား ဌာနများနှင့် ဆွေးနွေးရသည် ။
ဆွေးနွေးသည်ဟု ပြောသော်လည်း တစ်ခြားဌာနများက သူလုပ်ချင်သည်ကို သဘောမတူလျှင် သူ့တွင် တစ်ခြားနည်းလမ်းများ ရှိလေသည် ။
" ဘာပြောတယ်... "
ကျောင်းအုပ်ယန် ကြောက်လန့်သွာ၏ ။ သူသည် သိုင်းဌာနတွင် လက်ထောက် ဒါရိုက်တာဖြစ်ရန် စိတ်ကူးယဥ်နေသောလည်း သူ၏ ကျောင်းအုပ်ထိုင်ခုံက မမြဲတော့ချေ ။
" ဆရာယန်... ကျောက်ရှုကို တစ်နည်းနည်းနဲ့ အပြစ်လုပ်မိတာ ရှိလား..."
ရှဲ့ရှင်းက ထပ်မေးလိုက်သည် ။
" မရှိဘူး... လုံးဝ မရှိဘူး..."
ကျောင်းအုပ်ယန်က သေချာစွာဖြင့်...
" ငါနဲ့ ခေါင်းဆောင်ကျောက်က ရင်းနှီးပါတယ်... တနေ့က ဖုန်းပြောတုန်းကတောင် အေးအေးဆေးဆေးပဲကို... "
" အဲ့တာဆို ထူးဆန်းတယ်... ခေါင်းဆောင်ကျောက်က အတည်ကြီး လုပ်နေတာ... သူ ဆရာကို သေချာပေါက် အထုတ်ခံရအောင် လုပ်မယ်ထင်တယ်... ကျွန်တော် အတက်နိုင်ဆုံးတော့ အချိန်ဆွဲထားတယ်... စာမေးပွဲ ကို တခုခု ထိခိုက်မှာ စိုးလို့ ဆိုပြီး ခေါင်းဆောင်ကျောက်ကို ရွှေ့ဆိုင်းပေးဖို့ မေတ္တာရပ်ခံထားတယ်... ဒါပင်မဲ့ စာမေးပွဲပြီးလို့ ပြသနာကို မဖြေရှင်းနိုင်ရင် ကျောင်းအုပ်ရာထူးကို ဆက်ထိန်းထားနိုင်မယ် မထင်ဘူးနော်... "
" ဒါပင်မဲ့ ငါသူ့ကို ဘာမှ အပြစ်မလုပ်ဖူးဘူးဟ... "
ထိပ်ပြောင်လေးယန် ငိုပေတော့မည် ။
" မင်းလည်းသိတာပဲ... ငါ လူတိုင်းကို လေးလေးစားစားပဲ ဆက်ဆံတယ်... ခေါင်းဆောင်ကျောက် မပြောနဲ့ ငါဘယ်သူ့ကိုမှ အပြစ်မလုပ်ဖူးဘူး..."
ကျောင်းအုပ်ယန်သည် မနက်က ကျောင်းထုတ်ခဲ့သော လင်းမို့အား မေ့ထားလိုက်လေပြီ ။ လင်းမို့ကဲ့သို့ ညံ့ဖျင်းသော ကျောင်းသားက သူ့အား ဘာလုပ်နိုင်မည်နည်း ။
ထို့ကြောင့် ဒါရိုက်တာ ဝမ်နှင့် ကျောင်းအုပ်ယန်သည် မည်သူ့အား အပြစ်လုပ်မိမှန်း စဥ်းစားမရကြပေ ။
" အဲ့တာဆို ကျွန်တော်လည်း မသိတော့ဘူး... "
ရှဲ့ရှင်းက...
" ဆရာယန် ဖြေရှင်းဖို့ တက်နိုင်သလောက် စဥ်းစားထားပါ ... ခေါင်ဆောင်ကျောက်ရဲ့ အခုသဘောထားနဲ့ဆိုရင် စာမေးပွဲဖြေပြီးရင် ဆရာသေချာပေါက်အလုပ်ပြုတ်မှာ... "
" ငါနားလည်ပါတယ်... "
ကျောင်းအုပ်ယန်က တွေဝေစွာ ပြောလိုက်၏ ။
" ကျေးဇူးတင်ပါတယ် ရှဲ့ရှင်း... ဒီပြသနာ ပြေလည်သွားရင် ငါမင်းကို ညစာဖိတ်ကျွေးအုံးမယ် ..."
ထိုအချိန်...
ဟိုင်းချန် အထက်တန်းကျောင်း တတိယနှစ် အခန်း ၁၀ တွင်...
ဟောက်ရန်က ဖုန်းကိုင်ရင် လျောက်လာသည် ။
" အကိုမို့ အဖေက အကိုမို့ကို ညစာ ကျွေးချင်လို့တဲ့..."
" ဟမ်.... မင်းအဖေကလား..."
လင်းမို့ အံ့အားသင့်သွား၏ ။
" ကျွန်တော်လည်း နဲနဲသိချင်နေတာ... "
ဟောက်ရန်က ခဏစဥ်းစားပြီး...
" အကိုမနေ့ညက ကျွန်တော့ကို ကယ်ခဲ့လို့လား... ဒါပင်မဲ့ အဲ့ အမှိုက်ငါးကောင်ကို အကိုမို့မရှိလည်း ကျွန်တော်အေးဆေးနိုင်တာပဲကို... "
" ဖြစ်နိုင်လောက်တယ်... "
လင်းမို့ အကြမ်းဖျင်း ခန့်မှန်းပြီး ဖြစ်သည် ။ ဟောက်ရန်၏ အဖေက သူ့ခွန်အားကို စိတ်ဝင်စားသွားပြီး မြင်ချင်ပုံရသည် ။
" အကို သဘောတူလား... အဲ့တာဆို ကျွန်တော် အဖေ့ကို ပြောလိုက်တော့မယ်... "
ဟောက်ရန်က...
" နေရာကတော့ အကိုမငြင်းရင် ဟိုင်ချန် ဟိုတယ်မှာ မှာထားလိုက်မယ်တဲ့... "
" အာ... နေရာ နဲနဲတော့ ပြောင်းလိုက်... "
လင်းမို့က လျင်မြန်စွာ ပြောလိုက်၏ ။
" မင်းအဖေကို ဒီည ဟော့ပေါ့စားမလာလို့ မေးကြည့်လိုက်... "
လင်းမို့သည် ဟိုင်းချန် ဟိုတယ်သို့ သွားလျှင် တက်ကြွအမှတ်များ မရမည်ဆိုးသဖြင့် ဂျင်ရုံအပြင်တွင်သာ ဟော့ပေါ့ထိုင်စားချင်ပေသည် ။