အနည်းအများ
Vol. 4 Ch. 60
~
ကောင်းဖန်းသည် ငွေလအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်သည့်အတွက် ပြောသည့်အတိုင်း လုပ်လေသည် ။ လင်းမို့အား ညစာ ကျွေးမည် ပြောထားသဖြင့် ဟော့ပေါ့ပွဲပြင်ကာ ဂျင်ရုံအပြင်တွင် စောင့်နေလိုက်သည် ။
သူက Moutai ( တရုတ်က နာမည်ကြီးအရက်) တစ်လုံးသယ်လာပြီး သောက်ရင်းစားရင်း စကားပြောချင်သည်ပုံပေါ်သည် ။
ဤမြင်ကွင်းက ဂျင်ရုံ အတွင်းရှိ ဆရာနှင့် ကျောင်းသားများကို အံ့အားသင့်သွားစေသည် ။
' မင်းတို့မှာ ကိုယ်ကျင့်တရားရှိသေးလား...'
လူ တစ်ယောက်စားပြနေသည်ပင် လွန်နေပြီဖြစ်သော်လည်း ယခု နောက်တစ်ယောက် ထပ်တိုးလာခဲ့သည် ။
" အဖေ... "
ဟောက်ရန်က သူ့အဖေကို မသက်မသာကြည့်ကာ...
" အဖေ... သာက အထဲမှာ ပင်ပင်ပန်းပန်း လေ့ကျင့်ရမှာကို အဖေတို့က အပြင်မှာ ထိုင်စားပြမလို့လား.... သားခံစားချက်ကို ထည့်မစဥ်းစားတော့ဘူးလား... သားအတန်းဖော်တွေရဲ့ ထူးဆန်းတဲ့အကြည့်တွေကို ထည့်မစဥ်းစားတော့ဘူးလား..."
" ထွက်သွားစမ်း... သွားလေ့ကျင့်တော့... ငါတို့စားနေတာကို မနှောက်ယှက်နဲ့... "
ကောင်းဖန်းက သူ့သားကို ကန်ထုတ်လိုက်သည် ။
" ဝူးဝူးဝူး...."
ဟောက်ရန်က ခေါင်းငိုက်စိုက်ဖြင့် ပြေးသွားတော့သည် ။
" လာလာ လင်းမို့ထိုင်... "
ကောင်းဖန်းက သူ့သားကို ဆက်ဆံပုံနှင့် တခြားဆီပင် ။ သူက လင်းမို့ကို နွေးထွေးစွာ ကြိုဆို၍ ဝိုင်ပုလင်းဖွင့်ကာ ဧည့်ခံလိုက်သည် ။
သူတို့က အကျတ်နှေးသည့် အသားများကို အရင်ထဲ့ကာ ဝိုင်ကို အရသာခံ ပြီး သောက်လိုက်၏ ။ ကောင်းဖန်းက စကားစပြောသည် ။
" မနေ့ညက လူငါးယောက်ကို ငါလွှတ်လိုက်တာမှန်း မင်းသိတယ်မလား..."
" ဟုတ်ပါတယ်... "
လင်းမို့မငြင်း ။ လူငါးယောက်ကို အမှောက်သိပ်လိုက်ခြင်းဖြင့် သူ့ခွန်အားကို ဖော်ပြပြီးဖြစ်၍ ငြင်းနေသည်က ထူးတော့မည်မဟုတ် ။
" အထင်ကြီးစရာပဲ..."
ကောင်းဖန်းက ရိုးရိုးသားသား ချီးမွန်းပြီး....
" သိုင်းပညာရှင် ငါးယောက်ကို တစ်ချက်စီနဲ့ အနိုင်ယူနိုင်တယ်ဆိုတော့ မင်းခွန်အားက ကောင်းကင်အဆင့် နီးနေပြီထင်တယ်... "
" နီးပါပြီ..."
လင်းမို့၏ လက်ရှိ လက်သီးပြင်းအားမှာ ၁၇၀၀ ကီလို ကျော်နေပြီဖြစ်၍ ၂၀၀၀ ကီလိုပြည့်လျှင် ကြယ်နှစ်ပွင့်ရောက်ပေတော့မည် ။
သူ၏ တိုက်ခိုက်ရေးစွမ်းရည် အဆင့်၄ ကို ထုတ်မပြချင်လျှင် သူဝန်ခံ ရမည် ။ သိုင်းပညာရှင် တစ်ယောက်အဖြစ်သာ နိမ့်နိမ့်ချချ နေရပေမည် ။
လင်းမို့ နိမ့်ချနေသည်ကိုပင် ကောင်းဖန်းက ထိတ်လန့်နေတုန်းပင် ။
" ကောင်းလိုက်တာ... သူရဲကောင်းတွေက ငယ်ငယ်ထဲက အရည်အချင်းရှိကြတယ်... ငါ့သား သာ မင်းတဝက်လောက် ထူးချွန်ရင်ကောင်းမယ်... "
လင်းမို့သည် မနာလိုဖွယ် တခြားသူ၏ ကလေးဖြစ်လာသည်ကို နားလည်သွားသည် ။
လင်းမို့က ခွက်ကိုမြှောက်၍ ကောင်းဖန်းနှင့် ခွက်ချင်းတိုက်လိုက်သည် ။
" ဟောက်ရန်က သိပ်မထူးချွန်ပင်မယ့်... ကျွန်တော့် တဝက်လောက်တော့ ရှိပါတယ်... "
လင်းမို့က နှစ်သိမ့်၍ ပြောလိုက်သည် မဟုတ် ။ ဟောက်ရန်၏ လက်ရှိခွန်အား လက်သီးပြင်းအား ၁၀၀၀ ကီလိုနှင့် တိုက်ခိုက်ရေးစွမ်းရည် အဆင့်၂ က သူ့တဝက်ရှိပေသည် ။ နောက်ရက်အနည်းငယ်ကြာလျှင်တော့ သူ မသိတော့ ။
" သူက မင်းတဝက်လား..."
ကောင်းဖန်းသည် တစ်ခုခုမှားနေသည်ဟု ခံစားမိလိုက်သော်လည်း ထုတ်မပြောဘဲ စကားလမ်းကြောင်းလွဲလိုက်သည် ။
" ဟောက်ရန် ငါ့ကို ပြောတာတော့ မင်းက ဒီ ဂျင်ရုံကို ညတိုင်းလာတယ်ဆို... အသားကင်နဲ့ ဟော့ပေါ့ စားရုံပဲ မဖြစ်နိုင်ဘူး... မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်ချင်လို့မလား..."
လင်းမို့ ထိတ်လန့်သွား၏ ။ သူ သိုသိုသိပ်သိပ်နေသော်လည်း ဖော်ထုတ်ခံလိုက်ရသည် ။ အံ့သြစရာ ကောင်းလှသည် ။
" ဟားဟားဟား... မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တစ်ဆို့နေတာကို ငါ့ခန့်မှန်းမိပါတယ်..."
ကောင်းဖန်း၏ မျက်နှာက ညဏ်ပညာများဖြင့် ပြည့်ဝနေပြီး...
" ဆက်လေ့ကျင့်နေလဲ မထူးတော့လို့ ဒီလာပြီး ညဏ်အလင်းပွင့်တာကို လာရှာတာမှလား... တခြားသူတွေက မင်းကို ပျင်းနေတယ်ထင်ကြပင်မဲ့... မင်းက ညဏ်အလင်းပွင့်တာကို စောင့်နေတာမှလား..."
" အာ..."
လင်းမို့ ဟော့ပေါ့အိုးအတွင်းမှ အသားလုံး ယူစားလိုက်သည် ။
' ဘယ်မှန်မလည်းဟ.... '
ဟောက်ရန်၏ အဖေက စိတ်ကူးယဥ်လွန်းသည် ။ သူက ညဏ်အလင်းပွင့်သည်ကိုပင် စောင့်နေရမည်လား ။ ထိုသည်က အဓိပ္ပါယ် မရှိ ။
သို့သော်လည်း တစ်ဖက်လူက သူအား အစားကောင်း ကျွေးနေသည်ဖြစ်ရာ မှားနေသည်ကို သူထောက်မပြတော့ ။
" ဟုတ်တယ်...ဟုတ်တယ်..."
လင်းမို့က အသားလုံးများ ပလုပ်ပလောင်းစားရင် ဗလုံးဗထွေး ပြန်ဖြေလိုက်သည် ။ သူ့ညီအကို၏ အဖေဖြစ်သဖြင့် သူပြန်မငြင်းတော့ပေ ။
" ထင်ထားတဲ့ အတိုင်းပဲ..."
ကောင်းဖန်းက သူကိုယ်သူ ပို၍ သဘောကျသွားသည် ။ သူ၏ ညဏ်ပညာအပြည့်နှင့် မျက်လုံးများက အရာအားလုံးမြင်နိုင်ပေသည် ။
" မင်း အဆင့်၃ အစောပိုင်းမှာ တစ်နေတယ်ထင််... အချိန်မရွေး အဆင့်၃ အလယ်ဆင့် ရောက်နိုင်တယ်မှလား... "
လင်းမို့က ခဏ စဥ်းစားပြီး...
" အဲ့လိုပါပဲ..."
သူအဆင့် ၄ အလယ်ဆင့် ချိုးဖျက်နိုင်သည်ကို စောင့်နေခြင်းဖြစ်သဖြင့် ကောင်းဖန်းပြောသည်နှင့် ဆင်တူပေသည် ။
" အထင်ကြီးစရာပဲ..."
လင်းမို့၏ အဖြေကိုကြားလျှင် ကောင်းဖန်၏ မျက်လုံးများ တောက်ပသွား၏ ။
" တိုက်ခိုက်ရေးစွမ်းရည် တိုးတက်ဖို့က လက်သီးပြင်းအား တိုးဖို့ထက် ပိုခက်တယ်... ကြယ်နှစ်ပွင့် သိုင်းပညာရှင်တွေတောင် မင်းလောက် ရှိမှာ မဟုတ်ဘူး... အထင်ကြီးစရာပဲ... အထင်ကြီးစရာပဲ...."
ကောင်းဖန်းသည် လင်းမို့အား သိုင်းမဟာသခင် အဆင့်ရောက်မည်ဟု ပို၍ပင် ယုံကြည်သွား၏ ။
လင်းမို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်၄ ရောက်နေမည်ဟု သူထင်မိမည်မဟုတ် ။ သူသိလျှင် ဟော့ပေါ့ပင် ဆက်စားနိုင်လိမ့်မည်မဟုတ်ချေ ။
ထိုစဥ်...
လင်းမို့ သည် ဟော့ပေါ့စားရင်း တက်ကြွအညွှန်းကိန်းကို ကြည့်နေစဥ်တွင် အဆင့်တက်သွားသည်ကို ခံစားမိလိုက်၏ ။
' ဒါ သွေးစွမ်းအားလား...'
သူ့ ခန္ဓာကိုယ်အတွင်းရှိ ထိန်းချုပ်ထားနိုင်သော အတွင်းအဂ်ါများ၏ စွမ်းအားအပြင် သွေးစွမ်းအားကိုလည်း ခံစားမိလိုက်သည် ။ အဆင့်၄ အလယ်ဆင့်၏ စွမ်းအားပင် ။
လင်းမို့သည် အဆင့်တက်သွားသည်ကို မအံ့သြပေ ။ မနေ့ညက အဆင့်၄ အစပိုင်း၏ အထွတ်အထိပ်ကို ရောက်နေသဖြင့် သူအချိန်မရွေး အဆင့်တက်တော့မည်ဖြစ်သည် ။ သူ အဆင့်မတက်မှသာလျှင် ထူးဆန်းနေပေလိမ့်မည် ။
ရှေ့တွင်ထိုင်နေသော ကောင်းဖန်းက လင်းမို့ ပြောင်းလဲသွားသည်ကို သတိမထားမိ ။ သူက ဝိုင်သောက်ရင်း သက်ပြင်းချလိုက်သည် ။
" မင်း တက္ကသိုလ်မရောက်သေးတာတောင် အဆင့်၃ ရောက်နေပြီ... မင်းတက္ကသိုလ်ရောက်ရင် နေရာမှန်ရောက်သွားပြီ... "
ကောင်းဖန်း၏ စကားကို လင်းမို့ စိတ်ဝင်စားသွားပြီး မေးလိုက်၏ ။
" တက္ကသိုလ်မှာ ဘာရှိလို့လဲ... "