အခြေအနေများ
Vol. 56 Ch. 830
အတွင်းအတွင်း၌ (၃)စက္ကန့်မျှ အသံတိတ်သွားပြီးနောက် ပို၍ပင် ဆူညံ့ပွက်လော ရိုက်သွားတော့သည်။ လူတိုင်းမှ မေးခွန်းကိုယ်စီ မေးနေကြသဖြင့် ဖုန်းယွီပင် ရှင်းရှင်းလင်းလင်း မကြားလိုက်ရချေ။
ဖုန်းယွီ ဒေါသပေါက်ကွဲကာ စားပွဲခုံကို ဆောင့်ကန်လိုက်တော့သည်။
“ပါးစပ် ပိတ်ထား……
ကျုပ် ဒီမဟာမိတ်အဖွဲ့ အတွက် အားလုံးကိုစုပြီး ဆွေးနွေးဖို့လုပ်တာ.. စည်းကမ်းလေးတော့ ရှိကြမှပေါ့.. ဘာလို့ ဒီလောက် ရိုင်းစိုင်းနေကြရတာလဲ..”
ဖုန်းယွီ အမှန်တကယ် ဒေါသထွက်နေပေပြီ။
ရောက်လာသူ အများစု တိတ်ဆိတ် ငြိမ်သက်သွားကြသည်။ မကျေနပ်သူ လက်တစ်ဆုပ်စာမျှသာ ရှိတော့သည်။ ထိုအုပ်စုအတွင်း ရီရှင်းစွန်း အဖွဲ့၏ အထွေထွေမန်နေဂျာလည်း ပါဝင်ပေသည်။
“မန်နေဂျာဖုန်း.. မင်း ပြောသလိုဆို ဒီမဟာမိတ်အဖွဲ့က မင်းထုတ်တဲ့ စည်းကမ်းတွေ လိုက်နာရမယ်ပေါ့..”
ဖုန်းယွီ ထိုလူကိုကြည့်ကာ ရယ်မောလိုက်ရင်း..
“ကျုပ်က စည်းကမ်းသတ်မှတ်မယ့်သူ ဆိုရင်ရော ဘာဖြစ်လဲ.. ကျုပ်စည်းကမ်းတွေက ဒီမှာရှိတဲ့ လူတိုင်းအတွက် အကျိုးရှိရမယ်.. မင်းသာ ကျုပ်လောက် လုပ်နိုင်စွမ်းရှိရင် စည်းကမ်းသတ်မှတ်လို့ရမယ်..”
ဖုန်းယွီသည် အရည်အချင်း မရှိသူများကို မုန်းတီးကာ ဒုက္ခပေးချင်းစိတ် ပေါ်နေပေသည်။ အစိုးရအတွက် အလုပ် လုပ်နေသည် အထင်ရောက်ကာ အခြားလူများထက် အဆင့်မြင့်နေသည်လော။
ဖုန်းယွီသည် ထိုအဆင့်နိမ့် အရာရှိများကို ဂရုမစိုက်ချေ။ မြို့တော်ဝန် သို့တည်းမဟုတ် ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ဤနေရာတွင် ရှိနေလျှင်ပင် မိမိ ပြောလိုရာ ပြောမည်သာပင်။
အားလုံး ငြိမ်သွားသည့် အခါတွင်မှ ဖုန်းယွီ ဆက်ပြောလိုက်သည်..
“အနောက်နိုင်ငံတွေမှာရှိတဲ့ ကုန်တိုက်ခွဲအများစုရဲ့ အဆင့်မြင့် စီမံခန့်ခွဲရေး ဝန်ထမ်းတွေကို ကျုပ်သိတယ်.. သူတို့ ကုန်တိုက်တွေမှာ အထူးကောင်တာ တစ်ခု ပေးဖို့ ကျုပ်စည်းရုံးနိုင်လိုက်တယ်.. အနောက်တိုင်းသားတွေက ကုန်တိုက်တွေမှာ ဈေးဝယ်လေ့ရှိတဲ့အပြင် အရေးပါတဲ့ အရောင်းဖြန့်ဖြူးရေး နေရာတစ်ခုဆိုလဲ မှန်တယ်.. အဲ့နေရာတွေက ကျုပ်တို့ အမှတ်တံဆိပ်တွေက မြှင့်တင်ပေးနိုင်တယ်.. ကုန်တိုက်ထဲ မဝင်နိုင်တဲ့ အဖျော်ယမကာ တွေ ပျက်စီးသွားမယ့် အန္တရာယ်ရှိတယ်..”
တက်ရောက်လာသူများအတွင်းမှ ကုမ္ပဏီကြီးများ၏ ခေါင်းဆောင်တစ်ချို့ အတွေးနက်သွားကာ ၎င်းတို့၏ အချိုရည်များကို ပြည်ပသို့ တင်ပို့ခဲ့သော်လည်း အဝေးဆုံး ပို့နိုင်သည်မှာ အရှေ့တောင် အာရှ တစ်ခုတည်းသာ ဖြစ်သည်။ ၎င်းတို့၏ ထုတ်ကုန်များအား ဥရောပသို့ တင်ပို့နိုင်ခဲ့လျှင်ပင် ပမာဏ နည်းပါးပေသည်။ အများစုမှာ တစ်ကြိမ်သာ အရောင်းအဝယ် လုပ်နိုင်ခဲ့သည်။ ဆုံးရှုံးမှုဖြစ်စေသည့် သဘောတူညီချက်များ ဖြစ်သည့်တိုင် ဈေးကွက် ရှာဖွေရေးအတွက် လက်ခံနေရပေသည်။
မိမိတို့ ထုတ်ကုန်များအား ဥရောပသို့ တင်ပို့ကာ အရည်အသွေး သက်သေပြထားပေသည်။ ကုန်ပစ္စည်း အများအပြား တရုတ်စားသုံးသူများကို ဆွဲဆောင်ရန် ကြော်ငြာများတွင် နိုင်ငံအများအပြားသို့ တင်ပို့ထားကြောင်း အလေးပေး ဖော်ပြထားကြသည်။
နိုင်ငံခြားသားပင်လျှင် ထိုထုတ်ကုန်အား ဝယ်ယူကြသဖြင့် ကောင်းမွန်သည့် ထုတ်ကုန်ဟု ဆိုလိုရာ ရောက်ပေသည်။
ကျန်းလီပေါင် အပါအဝင် တရုတ်အဖျော်ယမကာ ကုမ္ပဏီများသည် ၎င်းတို့၏ ရောင်းချမှု နည်းစနစ်များကို အခြားနိုင်ငံများ၌ တုပနိုင်ခြင်း မရှိချေ။ ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် အချိုရည် စတင်ရောင်းချသည့်အခါ ပွဲတော်ရာသီအတွင်း ကြော်ငြာများ အလေးပေး လုပ်ကြပြီး အဖျော်ယမကာများကို လက်ဆောင်ပုံစံ ထုပ်ပိုးတတ်ကြသည်။
ကုမ္ပဏီများသည် ဖောက်သည်များ လုံလောက်အောင် ရရှိသည်နှင့် သီးသန့် အဖျော်ယမကာအဖြစ် ဈေးကွက် တင်ကာ ဈေးကွက်ဝေစုကို တဖြည်းဖြည်း ချဲ့ထွင်ကြတော့သည်။ အဓိကကြော်ငြာပုံစံမှာ cctv ၌ ကျော်ငြာခြင်း ဖြစ်သည်။
အနောက်နိုင်ငံများတွင် ရုပ်မြင်သံကြားလိုင်း ပိုမိုများပြားကာ ရှုကြည့်သူများမှာ CCTV တစ်မျိုးတည်းသာ ရှိသည့် တရုတ်နိုင်ငံနှင့် မတူဘဲ လိုင်းမျိုးစုံပေသည်။ CCTV တွင် ကြော်ငြာခြင်းသည် ပိုမိုထိရောက်ကာ ကြော်ငြာထားသည့် ကုန်ပစ္စည်းများ၏ ရောင်းအားလည်း ပိုမိုမြင့်မား လာမည် ဖြစ်သည်။
“မန်နေဂျာဖုန်း.. မင်း ငါတို့ ထုတ်ကုန်တွေ နိုင်ငံခြားမှာ ရောင်းနိုင်ဖို့ ကူညီမှာလား..”
လူတစ်ယောက် ထမေးလိုက်သည်။
“အမေရိကန်.. ဥရောပနဲ့ တခြားဒေသတွေရဲ့ ကြော်ငြာတွေမှာ ငွေတော်တော်များများ ရင်းနှီးမြုပ်နှံဖို့ လိုတယ်.. အဲ့အမောင့်ကလဲ တရုတ်နိုင်ငံက ကြော်ငြာခထက် တော်တော် ပိုလိမ့်မယ်.. ဒါပေမယ့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ စားသုံးသူ အသုံးစရိတ်တွေ တရုတ်ထက် အများကြီး ပိုမြင့်တော့ အတူတူပေါင်းလုပ်ရင် တော်တော်ကောင်းတဲ့ နှုန်းထားတွေနဲ့ ရနိုင်တယ်.. အဲ့လိုနည်းနဲ့ ကျုပ်တို့ ထုတ်ကုန်တွေ ဈေးကွက်ချဲ့ထွင်မှုစရိတ် လျှော့ချနိုင်တာပေါ့..”
“မန်နေဂျာဖုန်း.. ကြော်ငြာခတွေ ပေးဖို့ ပြောနေတာလား.. ကြော်ငြာမယ့် အဓိက ထုတ်ကုန်က ဘာလဲ.. ကျုပ်တို့က ဘယ်လို အချိုးနဲ့ ဘယ်လောက်ပေးရမှာလဲ..”
“ဒီကိစ္စ ရှင်းအောင် ကြိုပြောထားမယ်.. ဒီမှာရှိတဲ့ လူတွေအားလုံး ဈေးကွက်ရှာဖွေရေး ကုန်ကျစရိတ်အတွက် ပေးစရာ မလိုဘူး.. ရွေးထားတဲ့ ထုတ်ကုန်တွေပဲ ပေးချေဖို့ အရည်အချင်းရှိမယ်…”
ဖုန်းယွီ အလေးအနက် ပြောလိုက်သည်။
လူအုပ်ကြီးမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတော့သည်။ မည်သည်ကို ဆိုလိုသနည်း။ ရွေးချယ်မျု လုပ်ငန်းစဉ် ရှိနေသည်လော။ အားလုံး အရည်အချင်း မပြည့်မီပါက မည်သည့်အတွက် ဖိတ်ခေါ်ရသနည်း။ ငွေကြေး အင်အား ပြသနိုင်သည့် ကုမ္ပဏီကြီးများကို ကြည့်ရှုရန်လော။
မေးခွန်းများမေးရန် ကြိုတင်ကြံစည်ထားသည့် ကျောက်ချင်းရှန် အသံကျယ်ကျယ်ဖြင့်..
“မန်နေဂျာဖုန်း.. ကျုပ်တို့ အမှတ်တံဆိပ်တွေကို ဘယ်လိုမျိုး ရွေးချယ်မှာလဲ…”
“ဒါက ရိုးရှင်းပါတယ်.. ပထမအချက်အနေနဲ့ ထုတ်ကုန်တွေဟာ အမေရိကန်၊ ဥရောပနဲ့ တခြားနိုင်ငံတွေရဲ့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနရဲ့ စံနှုန်းကို ကျော်ဖြတ်နိုင်ရမယ်.. ထုတ်ကုန်က အဲ့စံနှုန်းတွေ မကျော်နိုင်ဘူးဆိုရင် ဘာမှ အသုံးမဝင်ဘူး.. နောက်တစ်ခုက ကုမ္ပဏီတွေဟာ အတိုင်းအတာ တစ်ခုထိတော့ ရှိရမယ်.. ဘာကို ပြောချင်တာလဲဆိုတော့ ကုမ္ပဏီအနေနဲ့ ကုန်တိုက်တွေ အားလုံးအတွက် ထုတ်ကုန် အလုံ အလောက် ပို့နိုင်ရမယ်.. အကြမ်းဖျဉ်း ခန့်မှန်းချက်တစ်ခု လုပ်ထားတာတော့ မြောက်အမေရိကမှာ ကုန်တိုက်ပေါင်း (၁၀၀၀)ကျော်လောက်ရှိတယ်.. အားလုံးပေါင်းရင် (၅၀၀၀)လောက်ရှိတော့ ကုန်တိုက်တိုင်းမှာ အနည်းဆုံး ပုလင်း/ဗူး (၁၀၀)လိုမယ်ဆိုတော့ ခင်ဗျားတို့အနေနဲ့ ပုလင်း/ဗူး (၅၀၀၀၀၀)လောက် အချိန်မရွေး ပို့နိုင်ဖို့ လိုတယ်..”
ဖုန်းယွီ ပြောသည့် လိုအပ်ချက်မှာ ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် အခြေခံခြင်းမဟုတ်ဘဲ ထောက်ပံ့နိုင်မှု အာမခံရန် ဖြစ်သည်။ အချို့ ကုန်ပစ္စည်းများမှာ ဈေးကွက်ထဲ၌ မရောင်းချလိုသဖြင့် စက်ရုံများမှ လိုအပ်ချက် မဖြည့် ဆည်းနိုင်ချေ။ ဖုန်းယွီ၏ ယခင်ဘဝ၌ ကျန်းလီပေါင်သည် နောင်လာမည့် နှစ်များ၌ ထိုအမှားမျိုး ကျူးလွန်ခဲ့သည်။ (၂၀၀၀)ခုနှစ် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ဈေးကွက်ချဲ့ထွင်မှု ပြင်းပြင်းထန်ထန် ပြုလုပ်ပြီးနောက် ဖြန့်ဖြူးသူများ၏ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့ချေ။
ဤသည်က ကြော်ငြာအတွက် ငွေဖြုန့်းတီးကာ မိမိကိုယ်ကို သတ်သေခြင်းပင်။
ဤအစည်းအဝေသို့ ရောက်လာသူများမှာ ဖုန်းယွီ၏ စံနှုန်းကို ဖြည့်ပေးနိုင်ပေသည်။ သို့ရာတွင် ကုမ္ပဏီများသည် ကုန်ပစ္စည် များပြားစွာ တင်ပို့ပါက တရုတ်ဈေးကွက်၌ ထိခိုက်ပေလိမ့်မည်။ ပြည်ပဈေးကွက်အတွက် ပြည်တွင်း ဈေးကွက် စွန့်လွှတ်လိုက်ရခြင်းမှာ ပညာရှိရာ မရောက်ချေ။
ဖုန်းယွီ လိုအပ်ချက်များ ကြေငြာပြီးသည့်အခါ ကုမ္ပဏီ တော်တော်များများသည် စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့ရာတွင် ဖုန်းယွီ လိုချင်သည့် ကုမ္ပဏီများမှာ သူ့ကို စိုက်ကြည့်နေကြဆဲပင်။ ထိုကုမ္ပဏီ များသည် ရည်မှန်းချက် ပြည့်မီရန် ယုံကြည်မှုရှိကာ နိုင်ငံအသီးသီး၏ အစားအစာ ဘေးကင်းရေး စစ်ဆေးမှုများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မည် ဖြစ်သည်။
“နောက်တစ်ခုက ကုမ္ပဏီတွေအနေနဲ့ ကြော်ငြာဖို့ ရန်ပုံငွေ အလုံအလောက် ရှိရမယ်.. ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်၊ စာစောင် တွေမှာ ကြော်ငြာပြီး ကုန်တိုက်တွေမှာလဲ ကြော်ငြာတွေ လုပ်ရမယ်.. ငွေအမောင့် နည်းနည်းနောနော မဟုတ်ပေမယ့် အကျိုးကျေးဇူးတွေက အဲ့ထုတ်ကုန်ကို စားသုံးသူတွေ လက်ခံသွားပြီ ဆိုတာနဲ့ ရောင်းအား တက်လာမှာ သေချာတယ်.. ဒါကိုလဲ အားလုံး သိပြီးသား ဖြစ်မှာပါ..
ဟုတ်ပြီ.. ကုန်တိုက်တွေမှာ နေရာချထားမှု အကြောင်း ပြောရအောင်.. ကျုပ်တို့ ထုတ်ကုန်တွေကို အမျိုးအစားတွေ ခွဲထားမှာ.. အမျိုးအစားအလိုက် ဈေးကွက် ရှာဖွေခြင်းကလဲ ကွဲပြားလိမ့်မယ်.. အဲ့လိုပဲ ထုတ်ကုန်တွေကို စားသုံးသူတွေ ရွေးချယ်နိုင်အောင် အုပ်စု ဖွဲ့ထားရမယ်.. ဥပမာ.. နို့ထွက်ပစ္ဏည်းတွေကို စာရင်းလုပ်ပြီး အတူတူ ထားမယ်.. ကာဗွန်နိတ် အချိုရည်တွေကိုလဲ မျိုးတူရာ စုထားမယ်.. လက်ဖက်အဖျော်ယမကာတွေကို ထုတ်ကုန် အမျိုးအမျိုးမှာ အတူထား ရောင်းပေးမယ်.. ဈေးနှုန်းတွေကတော့ အနည်းဆုံး (၁)ယွမ်လောက် ကွာလိမ့်မယ်..”
“မန်နေဂျာဖုန်း.. ကျုပ်တို့ ထုတ်ကုန် တော်တော်များများ တရုတ်နိုင်ငံမှာ ဈေးနှုန်းတူ ရောင်းပေးပြီး ဘာလို့ နိုင်ငံခြားမှာ ဈေးနှုန်း မတူရမှာလဲ..”
“ကျုပ်တို့ ထုတ်ကုန်တွေက စားသုံးသူတွေအတွက် အသစ်ဖြစ်နေတဲ့အပြင် အဲ့နေရာတွေမှာ မရင်းနှီးသေးဘူး.. ခင်ဗျားထုတ်ကုန်တွေရဲ့ လက်လီဈေးနှုန်းတွေအတွက် သပ်သပ် သီးခြား ထပ်ပြီး ဆွေးနွေးမှာ ဆိုပေမယ့် အဲ့ဈေးနှုန်းတွေကလဲ လိုအပ်ချက်တွေနဲ့ ကိုက်ညီနေမှရမယ်.. ထုတ်ကုန်တွေအားလုံး နိုင်ငံခြားမှာ ဈေးနှုန်း မြင့်မြင့်နဲ့ ရောင်းနိုင်မယ် မထင်နဲ့.. ကိုကာကိုလာတောင် နိုင်ငံအသီးသီးမှာ ဈေးနှုန်း အမျိုးမျိုးနဲ့ ရောင်းနေရတာ..
ဒီနေ့ မပြောသေးတဲ့ အသေးစိတ် အချက်အလက်တွေ အများကြီး ရှိသေးတယ်.. လိုအပ်ချက်တွေပြည့်မှီပြီး နိုင်ငံခြားကို စွန့်စား ရောင်းချချင်တဲ့သူတွေ အနေနဲ့ မှန်ပုံတင်ဖို့ ပုံစံစာရွက်တွေ လာယူကြပါ.. အစားအစာ ဘေးကင်းရေး စံနှုန်း စစ်ဆေးဖို့အတွက် ထုတ်ကုန်တွေ တစ်စုတည်း ပြည်ပ ပို့လိုက်မှာပါ.. ခင်ဗျားတို့ ထုတ်ကုန်တွေ စစ်ဆေးချက် အောင်မြင်တာနဲ့ ဆက်ပြီး ဆွေးနွေးကြတာပေါ့..”
လူအများစုသည် ပုံစံဖောင်များ ယူရန် ရှေ့သို့ ထွက်လာကြသော်လည်း ဖောင်ပုံစံ ဆယ်ပုံတစ်ပုံသာ ပေးမည်ကို ဖုန်းယွီ သိထားပေသည်။ တရုတ်အဖျော်ယမကာများသည် ပြည်ပ အဖျော်ယမကာ ကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်ရန် အင်အားများ ပူးပေါင်းရမည် ဖြစ်သည်။ တရုတ်ကုမ္ပဏီများ သီးသန့်ဖြင့် အနိုင်ယူ၍ မရနိုင်ချေ။
--------**$$^$$**--------