ဖူကွမ်းကျန့်၏ ဆုံးဖြတ်ချက်
Vol. 56 Ch. 831
ဖုန်းယွီ ခန့်မှန်းချက် မှန်ပေသည်။ ကုမ္ပဏီ (၉)ခုသာ မှတ်ပုံတင်ရန် ပုံစံများ တင်သွင်းလာသည်။ ပါဝင်ရန် ကြိုတင် သဘောတူထားသည့် လီဟဟ၊ ကျန်းလီပေါင် စသည့် ကုမ္ပဏီများ ထည့်တွက်မထားချေ။
ထိုကုမ္ပဏီ (၉)ခုတွင် ဖျော်ရည်၊ ကာဗွန်နိတ်၊ လက်ဖက်ခြောက်နှင့် ဓာတ်သတ္ထုရေထွက်ပစ္စည်းများ ပါဝင်ပေသည်။ ၎င်းတို့အနက် ကုမ္ပဏီ(၂)ခုသည် ဓာတ်သတ္ထုရေထွက်ပစ္စည်းများ ထုတ်လုပ်ပေသည်။ တစ်ခုမှာ ဝမ်တာ့လျန် သတ္ထုရေသည် ပိုင်တာ့ချန်း အုပ်စု၏ လုပ်ငန်းခွဲဖြစ်ပြီး ကျန်တစ်ခုမှာ ယောင်ရှန်းတောင် ၏ တောင်သူကြီးသတ္ထုရေ ဖြစ်သည်။ ထိုကုမ္ပဏီ (၂)ခုသည် ဖုန်းယွီ၏ ယခင်ဘဝတွင် အလွန်ကျော်ကြား ပေသည်။
ဝူတာ့လျန် သတ္ထုရေကို အစောပိုင်းကတည်းက တည်ထောင်ခဲ့သော်လည်း ရောင်းအားမှာ သာမာန်သာပင်။ တရုတ်တို့သည် စမ်းရေကို စိတ်မဝင်စားဘဲ ကုမ္ပဏီသည် ထုတ်ကုန်များကို ပေကျင်းတွင်သာ ရောင်းချနိုင်ပေသည်။ တောင်သူကြီး သတ္ထုရေမှာ အသစ်တည်ထောင်သည့် အမှတ်တံဆိပ် အသစ်ဖြစ်သည်။ ထုတ်ကုန်များကို တရုတ်နိုင်ငံတွင် မရောင်းချခဲ့ချေ။
ယောင်ရှန်းတောင်သည် လီပါ့ရှစ်နှင့် လီဟဟ၏ ပေါင်းခံရည်များ ရောင်းအားကောင်းသည်ကို တွေ့ရပြီးနောက် ယှဉ်ပြိုင်ရန် သတ္ထုရေ အမှတ်တံဆိပ် အသစ်တည်ထောင်ရန် ဆုံးဖြတ်လိုက်သည်။
“အားလုံး ကျေးဇူးပြုပြီး ထိုင်ပါအုံး.. ကုမ္ပဏီတွေ ရွေးသင့် မရွေးသင့် အစီရင်ခံစာ တစ်စောင်စီ ပေးရပါမယ်.. နောက်ဆုံးမှာ အားလုံးရဲ့ အကျိုးခံစားခွင့်အပေါ် သက်ရောက်မှု ရှိပါလိမ့်မယ်..”
ဖုန်းယွီသည် မှတ်ပုံတင် ပုံစံများကို အားလုံး မြင်သာအောင် ပြကာ ကျူးရှင်လီ၊ ဝမ်ကောင်းရှင်းနှင့် ကျန်လူများကို ရွေးခွင့်ပေးလိုက်သည်။
တွန်ကြီးနှင့် ကောင်းရှစ်ဖူတို့ကို ရွေးသင့်ပေသည်။ ၎င်းတို့မှာအသင့်စား ခေါက်ဆွဲ ထုတ်လုပ်သူများ ဖြစ်သော်လည်း လက်ဖက်နီနှင့် လက်ဖက်စိမ်း အဖျော်ယမကာများသည် အရသာကောင်းလှပေသည်။ ဤသည်က ထိုင်ဝမ်နှင့် တရုတ် ဆက်ဆံရေး တိုးတက်စေ ပေလိမ့်မည်။ ၎င်းတို့သည် အဆင့်မြင့် အရာရှိများထံမှ ထောက်ပံ့ကြေးများပင် ရနိုင်သေးသည်ဟု ဝမ်ကောင်းရှင်း ပြောလာပေသည်။
မည်သို့ပင်ဆိုစေကာမူ ဝမ်ကောင်းရှင်း၏ အုန်းပင် ကုမ္ပဏီသည် လက်ဖက်ဖျော်ရည် မထုတ်လုပ်ချေ။ လီဟဟ၊ လီပါ့ရှစ်၊ ကျန်းလီပေါင် အစရှိသည့် ကုမ္ပဏီကို ပြိုင်ဆိုင်ရန် စိတ်မဝင်စားချေ။
“ဒီ ဝူတာ့လျန် စမ်းရေ ကောင်းတယ်.. သူ့စမ်းရေက သန့်ရှင်းပြီး ကျန်းမာရေး အကျိုးရှိတယ်.. နိုင်ငံခြားသားတွေ ကျန်းမာရေး ဂရုစိုက်တာဆိုတော့ ဒီတံဆိပ် ကြိုက်လောက်တယ်..”
ကျူးရှင်လီ ပြောလိုက်သည်။
“ဝူတာ့လျန် ဝင်လို့ရမယ်ဆိုရင် တောင်သူကြီးရဲ့ နွေဦးရေကိုလဲ ရွေးသင့်တယ်.. မဟုတ်ရင် ငါတို့မှာ အမှတ်တံဆိပ် တစ်ခုထဲ ဖြစ်နေမှာ..”
ကျောက်ရှင်းချန် ဝင်ပြောလိုက်သည်။
အစည်းအဝေတွင် မည်သည့်စကားမှ ဝင်မပြောသော ဝူလောင်ကျီနှင့် ဖုန်းယွီတို့ သက်ပြင်းချမိသည်။ ဝူလောင်ကျီသည် တရုတ်နိုင်ငံတွင် ခြေကုပ်မရသေးဘဲ အတိုင်းအတာ တစ်ခုအထိ သေးငယ်နေသဖြင့် အချိန်အနည်းငယ်ကြာအောင် စောင့်ရပေအုံးမည်။
ဤအချိုရည်များ အောင်မြင်စွာ ဈေးကွက်ချဲ့ထွင်ပြီးနောက် အခြားအမှတ်တံဆိပ်များနှင့် စကားပြောနိုင် ပေလိမ့်မည်။ သို့မဟုတ်ပါက အားလုံး အသုံးမဝင်ချေ။
ဖယ်ရှားခံရသည့် ကုမ္ပဏီများသည် ၎င်းတို့အမှတ်တံဆိပ်များကို မသိသဖြင့် လီဟဟကဲ့သို့ အခြားကုမ္ပဏီများလို မဟုတ်၍ ဖြစ်သည်။ ဥပမာအားဖြင့် နို့ထွက်ပစ္စည်း ထုတ်ကုန်များနှင့် ရီရှင်းစွန်း အုပ်စု ကိုထုတ်လုပ်သည့် ယီလီ ကုမ္ပဏီ၊ ကျောက်ချင်းရှန်၊ ဟယ်ပါ့ချန်းနှင့် ကျန်ကုမ္ပဏီများသည် မဟာမိတ်ဖွဲ့ရန်နှင့် ၎င်းတို့ကို ပယ်ဖျက်ရန် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
“ဒီကုမ္ပဏီတွေက အဖျော်ယမကာ မဟာမိတ်အဖွဲ့မှာ ပါဖို့ ကျုပ်တို့ရွေးထားတဲ့ ကုမ္ပဏီတွေပါ.. နောက်တစ်ခုက ခင်ဗျားတို့ လက်အောက်မှာရှိတဲ့ ကုန်ပစ္စည်း မျိုးစုံအကြောင်း ပြောပြမယ်.. ခင်ဗျား ကုမ္ပဏီတစ်ချို့မှာ အမှတ်တံဆိပ် တစ်ခုထက်ပိုနေတာဆိုတော့ အမှတ်တံဆိပ်နဲ့ ထုတ်ကုန်တွေ သေချာလေး ဂရုစိုက်ရွေးချယ်ဖို့ လိုတယ်..”
ဖုန်းယွီ လူအားလုံးကို ကြည့်လိုက်သည်။ ထိုဖယ်ရှားရေး လုပ်ငန်းစဉ်သည် အဖွဲ့ဝင် တစ်ယောက်စီ၏ အကျိုးခံစားခွင့်အပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး ၎င်းတို့ကို မည်သို့ ရွေချယ်မည် ဖြစ်ကြောင်းကိုမူ မသိချေ။
“လီဟဟရဲ့ ချီလီ၊ ဗီတာမင်ရေ၊ လက်ဖက်ရည်အေး ဖျော်ရည်နဲ့ ဆန်းဆန်း တွေကတော့ ဒီမဟာမိတ် အဖွဲ့မှာ ပါရမှာပေါ့..”
ကျောက်ချင်းလီ ပြောလိုက်ခြင်းပင်။
“ကျန်းလီပေါင်ရဲ့ အားကစား အချိုရည်တွေနဲ့ လက်ဖက်ဖျော်ရည်လဲ ပါရမယ်..”
လီကျန်းဝေ ချက်ချင်း ပြောလိုက်သည်။
“လီပါ့ရှစ်ရဲ့ နို့ထွက် ဖျော်ရည်တွေ၊ ငရုတ်ကောင်းရေနဲ့ လက်ဖက်ဖျော်ရည်တွေလဲ ပါရမယ်..”
“ကျုပ်တို့ရဲ့ အုန်းပင် အမှတ်တံဆိပ် ပါဝင်ဖို့ အုန်းရေကို သုံးမှာပါ..”
ဝမ်ကောင်းရှင်း တည့်တည့် ပြောလိုက်သည်။ ဖုန်းယွီ ပြောထားသည်မှာ အစစ်အမှန်လောဆိုသည်ကို သိချင်ပေသည်။
“ကျုပ်တို့ရ့း ဟွေးယွင်က အာရုံကျော သစ်သီး ဂျူစီ တွေသုံးမှာပါ.. ဒါပေမယ့် နောက်နောင် အသစ်ထုတ်မယ့် ထုတ်ကုန်တွေက နောင်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်ပါတယ်..”
ပုံမှန် သစ်သီးဖျော်ရည်များ၏ သက်တမ်းသည် ကြာရှည်မခံဘဲ ကျူရှင်းလီ၏ အသီးဖျော်ရည်များကိုသာ သုံးနိုင်ပေသည်။ ၎င်းတို့၏ အသီးနှံများကို ယခင်က ဥရောပသို့ တင်ပို့ရောင်းချခဲ့သော်လည်း သနားစရာ ကောင်းလောက် အောင်ပင် ရောင်းအားနည်းခဲ့သည်။
“ကောင်းပြီလေ.. ပြီးသွားပြီပေါ့.. ချင်းရှန် ခင်ဗျားက ရွေးထားတဲ့ ကုမ္ပဏီတွေကို အကြောင်းကြားပြီး ကျုပ်တို့ရဲ့ စည်းမျဉ်း စည်းကမ်းတွေအကြောင်း ပြောပြလိုက်ပါ.. ဈေးကွက်ဝင်ကြေး မတတ်နိုင်ရင်၊ ထုတ်လုပ်မှု မဖြည့်စည်း နိုင်ဘူးဆိုရင် အဖွဲ့က ထုတ်ပစ်မှာဆိုတာ ပြောထားလိုက်.. သူတို့ ကုန်ပစ္စည်း ပေးချေဖို့ လဆိုင်းရှိသေးတယ်.. ငွေကြေးကြပ်တည်းတဲ့ ကုမ္ပဏီတွေဆို ဒီကိစ္စ မေ့ခိုင်းလိုက်တော့..”
“ကောင်းပြီ.. ငါ့တာဝန်ထားလိုက်..”
ကျောက်ချင်းရှန် ခေါင်းညိတ်လိုက်သည်။ မဟာမိတ်အဖွဲ့အကြောင်း ပထမဆုံး သိသူဖြစ်ပြီး လီဟဟသည် ၎င်းတို့ ထုတ်လုပ်မှုကို တိုးချဲ့ကာ လုံလောက်သည့် ရန်ပုံငွေ ရှိပေသည်။ မဟာမိတ်အဖွဲ့အတွက် အဆင့်သင့်ဖြစ်သည့် ပထမဆုံး ကုမ္ပဏီဖြစ်သဖြင့် ထုတ်ကုန်များစွာ သုံးနိုင်ပေသည်။
************
ဖူကွမ်းကျန့်သည် လေ့လာမှုတစ်ခုအတွင်း အတွေးနက်နေပေသည်။ ဖုန်းယွီသည် အမေရိကန် လက်လီဈေးကွက် အတွင်း ဝင်ရောက်ချင်သည့်အခါ အမေရိကန်ရှိ အရောင်းဖြန့်ဖြူးရေး လမ်းကြောင်းများနှင့် ဆက်သွယ်နိုင်ရေး ကူညီခဲ့သည်။ ဤသည်ကို ပိုမိုရင်းနှီးသည့် ဆက်ဆံရေးတစ်ခု ထူထောင်ရန်ပင်။
ယခုမူ မတူတော့ချေ။ ဖုန်းယွီသည် ဥရောပ၏ လက်လီဈေးကွက် ဖွင့်လိုက်သည်နှင့် လေနှင့်မိုး လျှပ်စစ် ပစ္စည်းများ၊ လေနှင့်မိုး အိမ်သုံးပစ္စည်းများ စသည်တို့ကို ဖူကွမ်းကျန့်၏ ကုမ္ပဏီလက်ထဲသို့ လွှဲပြောင်း ပေးတော့မည် မဟုတ်တော့သည်မှာ သူ့အတွက် သိသာထင်ရှားသည့် ဆုံးရှုံးမှု တစ်ခုဖြစ်သည်။
လေနှင့်မိုး လျှပ်စစ်နှင့် လေနှင့်မိုး အိမ်သုံးပစ္စည်းများ၏ အမြတ်ငွေများ တိုးလာပြီး ဖူကွမ်းကျန့်သည် ထိုကုမ္ပဏီများရှိ သူ့ရှယ်ယာများမှ အမြတ်ဝေစု ပိုမိုရရှိနိုင်သော်လည်း တိုးလာမည့် အမြတ်ငွေမှာ ဆုံးရှုံးမှုနှင့် နှိုင်းယှဉ်ပါက မပြောပလောက်ချေ။
ဖူကွမ်းကျန့်သည် ဖုန်းယွီနှင့် ပူးပေါင်းလုပ်ကိုင်ရန် သူ့မိသားစု ဖြန့်ဖြူးရေးလမ်းကြောင်းများကို အသုံးချခဲ့ပြီး သူ၏ ကုန်သွယ်ရေး ကုမ္ပဏီသည် ငွေကြေးများစွာ ရယူခဲ့သည်။ ဖုန်းယွီ၏ ထုတ်ကုန်များသည် အနောက်နိုင်ငံ အများအပြားသို့လည်း ရောက်ရှိခဲ့သည်။
သို့ရာတွင် ဖုန်းယွီသည် သူ့ကိုယ်ပိုင် ဖြန့်ဖြူးရေးလမ်းကြောင်းများ တည်ထောင်လိုက်သည်နှင့် ဖူကွမ်းကျန့်သည် သူနှင့် မသက်ဆိုင်တော့ချေ။
ယခုမူ ဖူကွမ်းကျန့် အကြပ်ရိုက်နေပေသည်။ ဖုန်းယွီကို လက်မခံလျှင် နိဂုံးချုပ်သွားလောက်သည်။ လက်ရှိ အနေအထားထိ ရောက်ရှိလာသည်မှာ ဖုန်းယွီကြောင့်သာ ဖြစ်သည်။ ဖုန်းယွီနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် သူမိသားစုနှင့် သူ့ပိုင်ဆိုင်မှုများ တိုးလာခဲ့သည်။ ဖုန်းယွီကြောင့်သာ မဟုတ်ပါက သူသည် ရှေးဟောင်းပစ္စည်းများ အရောင်းအဝယ်လုပ်နေဆဲ ဖြစ်ကာ ဟောင်ကောင်တွင် အသုံးမဝင်သည့် မျိုးဆက်သစ်များထဲမှ တစ်ယောက် ဖြစ်နေအုံးမည်ပင်။
ဖူကွမ်းကျန့်သည် ဖုန်းယွီကို ကူညီလိုက်ပါက သူ့ကုန်သွယ်ရေးလုပ်ငန်း အကြီးအကျယ် ထိခိုက်သွားမည် ဖြစ်သည်။ လေနှင့်မိုး လျှပ်စစ်နှင့် လေနှင့်မိုး အိမ်သုံးပစ္စည်း ထုတ်ကုန်များသည် သူ့ကုမ္ပဏီ၏ အဓိကဝင်ငွေ အရင်းအမြစ် ဖြစ်သည်။
ဖူကွမ်းကျန့်သည် ဖုန်းယွီအကြောင်း ကောင်းကောင်း သိပေသည်။ ဖုန်းယွီသည် တစ်ချိန်လုံး နောက်နောက် ပြောင်ပြောင် ပုံစံရှိသော်လည်း တစ်ခုခု ဆုံးဖြတ်ပြီးသည်နှင့် မပြင်တော့ချေ။
“ကွမ်းကျန့် မင်းဘာလို့ အကြာအကြီး ထိုင်နေတာတုန်း.. ငါဒီလောက် ခေါ်နေတာတောင် မကြားဘူး..”
ဖူရုံချီ စာကြည့်ခန်းအတွင်း ဝင်လာကာ သားဖြစ်သူ ပုခုံးပုတ်လိုက်သည်။
“အဖေ… ကျုပ် တစ်ခု တွေးနေလို့ပါ..”
“မင်းရဲ့ ကုန်သွယ်ရေး ကုမ္ပဏီ ကိစ္စလား.. ဖုန်းယွီက ဖြန့်ဖြူးခွင့် ပိတ်တော့မှာလား..”
ဖူကွမ်းကျန့် သူ့ဖခင်ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။
“အဖေ ဘယ်လိုလုပ်သိလဲ..”
ထိုကိစ္စနှင့်ပတ်သက်၍ မည်သူ့ကိုမှ မပြောခဲ့ဖူးသလို သူနှင့် ဖုန်းယွီကြားမှ ကိစ္စဖြစ်ပေသည်။
“မင်းကို ဒုက္ခပေးနိုင်တာ ဒါပဲရှိတာကို.. မင်းသာဆို ကိုယ်ပိုင် ဖြန့်ဖြူးရေး လမ်းကြောင်းတွေ ထူထောင်မှာလား.. မကြာခင် ဖြစ်လာတော့မယ်.. ဒီကိစ္စ မင်းစောစောစီးစီး စဉ်းစားထားသင့်တယ်.. သူက ဖြန့်ဖြူးရေး လမ်းကြောင်း လိုချင်မှတော့ သူ့ကို ပေးလိုက်.. ဖြန့်ဖြူးသူတွေနဲ့ မိတ်ဆက်ပေးပြီး သူ့ကို ကူညီလိုက်သင့်တယ်..”
ဖူရုံချီ ပြောလိုက်သည်။
“ကျုပ် သူ့ကို ကူညီရအုံးမှာလား.. သူ့ကို နည်းနည်း ပညာပေးပြီး ဖြန့်ဖြူးရေးလမ်းကြောင်း ပြန်ယူသင့်လား.. အဲ့က ရမယ့် အမြတ်ငွေက နည်းနည်းနောနောမှ မဟုတ်တာ..”
ဖူကွမ်းကျန့်မှာ ရလာမည့် အမြတ်များကို လက်လွတ်မခံလိုချေ။
“ဖုန်းယွီရဲ့ ထုတ်ကုန်တွေမရှိရင် မင်းကုမ္ပဏီက တခြားကုမ္ပဏီတွေက ထုတ်ကုန်တွေ မရောင်းနိုင်ဘူးလား.. လေနှင့်မိုး ရဲ့ ရောင်းအားက မင်းကုမ္ပဏီရဲ့ အောင်မြင်မှုလို့ သတ်မှတ်ပြီး နိုင်ငံခြား ဈေးကွက်အသုံးချပြီး နိုင်ငံခြားကို ချဲ့ထွင်ချင်တဲ့ ကုမ္ပဏီတွေကို ချပြလို့ရတယ်လေ.. ဖုန်းယွီကလဲ မင်းကို ငြင်းမှာမဟုတ်ဘူး.. မင်းက ကုမ္ပဏီ အမျိုးမျိုးအတွက် ပြည်ပ ဖြန့်ဖြူးသူ တစ်ယောက်ဆိုလဲ ဟုတ်တယ်.. ပြီးတော့ ဖုန်းယွီက မင်းရဲ့ ကိုယ်ပိုင် လမ်းကြောင်းနဲ့ ထူထောင်ချင်တာ.. အရောင်းပိုင်းကို တာဝန်ယူပြီး ရှယ်ယာ နည်းနည်း ပြန်တောင်းလို့ မရဘူးလား.. မင်းကုမ္ပဏီမှာ ဆုံးရှုံးမှု ရှိကောင်းရှိနိုင်ပေမယ့် ပြန်စဉ်းစားကြည့်အုံး..”
ဖူရုံချီသည် သာဖြစ်သူ ပုခုံးကို ပွတ်ပေးပြီး စာကြည့်ခန်းထဲမှ ထွက်သွားတော့သည်။ ထိုသို့ ဆုံးဖြတ်ချက်ချခြင်းမှာ ဖူရုံချီ၏ ညီအစ်ကိုများအား ဆုံးရှုံးမှု အနည်းငယ် ဖြစ်စေနိုင်သောလည်း သူ့သားဖြစ်သူသည် ရေရှည်တွင် အကျိုးရှိပေလိမ့်မည်။
ဖူကွမ်းကျန့် မျက်လုံးများ တောက်ပလာကာ သူဘာလုပ်ရမည်ကို သိသွားပေပြီ။
--------**$$^$$**--------