← Chapters

အထူးကောင်တာ တစ်ခုလိုချင်သည်

Vol. 56 Ch. 832

အထူးကောင်တာ တစ်ခုလိုချင်သည်

Vol. 56 Ch. 832

“အစ်ကိုဖူ ရောက်နေတာလား..”

ဖုန်းယွီပြုံးကာ ဖူကွမ်းကျန့်ကို ကြည့်ပြီး ဆုံးဖြတ်ချက် ချပြီးဖြစ်ကြောင်း သိလိုက်သည်။

“ညီနောင်ဖုန်း ငါ့အကူအညီလိုနေတယ်ဆိုတော့ ငါ့မှာ ငြင်းစရာမှ မရှိတာ..”

ပါးစပ်မှ ပြောနေသော်လည်း စိတ်ထဲ၌ မကောင်းချေ။ နောက်ပိုင်း ကဏ္ဍ ဖုန်းယွီထံမှ ရှယ်ယာများ မည်သို့ တောင်းမည်နည်း။

“အစ်ကိုဖူ.. ခင်ဗျားမှာ လေနှင့်မိုး လျှပ်စစ်နဲ့ လေနှင့်မိုး အိမ်သုံးပစ္စည်း ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေ ရှိတယ်.. ကျုပ်တို့ ဖြန့်ဖြူးရေးလမ်းကြောင်းတွေ ထူထောင်ပြီးရင် မင်းကို ပြန်ကူညီမယ်.. ကျုပ်တို့ရဲ့ အရောင်းပိုင်း တာဝန်ယူဖို့ မင်းကိုပဲ အားကိုးရအုံးမှာ.. ကုမ္ပဏီတစ်ခုစီရဲ့ ရှယ်ယာ (၂)ရာခိုင်နှုန်း မင်းကို ရောင်းပေးလိုက်မယ်.. ဘယ့်နှယ့်လဲ..”

ဖူကွမ်းကျန့်မှာ သူဘာမှ မပြောရသေးခင် ဖုန်းယွီမှ ပေးသည့် (၂)ရာခိုင်နှုန်းမှာ သူလိုချင်နေသည့် အရာပင်။

“ညီနောင်ဖုန်း.. ဒီလိုကိစ္စ ဘာလို့ ငြင်းရမှာလဲ.. လေနှင့်မိုး အမှတ်တံဆိပ်ရဲ့ ပြည်ပ ရောင်းအားကိစ္စ ငါ့တာဝန်ထားလိုက်.. တစ်နှစ်အတွင်း ဖြန့်ဖြူးရေးလမ်းကြောင်းတွေ ထူထောင်ပေးမယ်လို့ ကတိပေးတဲ့အပြင် ဥရောပနဲ့ အမေရိကန်မှာ ရုံးခွဲတွေ ထူထောင်ဖို့ လိုသေးတယ်..”

ဖူကွမ်းကျန့် စကား အဆုံးမီပင် ဖုန်းယွီ ကြားဖြတ်၍ …

“ရုံးခွဲတွေ ထူထောင်တာ မင်းပဲ တာဝန်ယူလိုက်လေ.. အဲ့မှာ စီမံခန့်ခွဲရေး ဝန်ထမ်းတွေ ကိစ္စ ငါဝင်မရှုတ်တော့ဘူး..”

“ညီနောင်ဖုန်း.. အဲ့လို မဟုတ်သေးဘူးလေ.. ငါတို့ ရုံးခွဲ ကြီးကြပ်မှုကို အတူတူ ဆုံးဖြတ်ကြတာပေါ့.. အာ လီဟဟ၊ ကျန်းလီပေါင်နဲ့ တခြား အဖျော်ယမကာ အမှတ်တံဆိပ်တွေကို နိုင်ငံခြား ကုန်တိုက်တွေမှာ ဝင်ခွင့် မပေးချင်ဘူးလား.. သူတို့ရဲ့ အဆင့်မြင့် စီမံခန့်ခွဲရေးတွေနဲ့ မင်းကို မိတ်ဆက်ပေးမယ်လေ.. ဒါဆို မင်းအတွက် ပိုလွယ်သွားလောက်တယ်..”

ဖူကွမ်းကျန်းမှာ ဖုန်းယွီ၏ ရက်ရောမှုကြောင့် မျက်နှာ ပြန်ရွှင်လာသည်။

“ကျေးဇူးပဲ.. ဒါပေမယ့် မင်းကို အလကား မကူညီခိုင်းနိုင်ဘူး.. အဲ့ကုမ္ပဏီတွေကနေ ဒီနှစ် အမြတ်ငွေရဲ့ (၂၀)ရာခိုင်နှုန်း ပေးဖို့ ငါစည်းရုံးပေးမယ်..”

မည်သို့ပင် ဆိုစေကာမူ နိုင်ငံခြားမှ ရရှိမည့် အမြတ်ငွေ (၂၀)ရာခိုင်နှုန်းဆိုသည်မှာ ဖုန်းယွီ အိတ်ထဲမှ မဟုတ်သည့် အပြင် ဖူကွမ်းကျန့်အား ကျေးဇူးဆပ်ရန် ထိုသို့ သုံးရမည်ကို စိတ်ထဲ မထားချေ။

“(၂၀)ရာခိုင်နှုန်းက များလွန်းပါတယ်.. အဲ့လောက်ကြီး ပေးစရာ မလိုပါဘူး..”

“အစ်ကိုဖူ.. ဒီနှစ်အတွက် အမြတ်ငွေက သိပ်ကြီးမှာမဟုတ်ဘူး.. (၂၀)ရာခိုင်နှုန်းဆိုတာ မများဘူး.. ပြီးတော့ မင်းနဲ့ ထိုက်တန်ပါတယ်လေ..”

ဖုန်းယွီသည် ဖူကွမ်းကျန့်အား အမြတ်အစွန်းအနည်းငယ် ပေးခြင်းမှာ အစွမ်းကုန် ကူညီလာစေရန်ဖြစ်သည်။

အခြားကုမ္ပဏီများသည်လည်း အတူတူသာပင်။ ဖုန်းယွီသည် ၎င်းတို့အတွက် ကတိများ ပေးထားသော်လည်း ဘာမှ ပြန်မတောင်းခဲ့ချေ။ ဤသည်က ကုမ္ပဏီများ မကျေနပ်စရာပင်။ ယခုမူ ကုမ္ပဏီများသည် ၎င်းတို့ အမြတ်ငွေ၏ (၂၀)ရာခိုင်နှုန်း စွန့်စားရမည် ဖြစ်ကာ ၎င်းတို့၏ စိတ်လုံခြုံမှု ပိုမို ခံစားရပေလိမ့်မည်။

ဖုန်းယွီအတွက် အကျိုးအမြတ် တစ်ခုမှ မရှိ၍လော။ မည်သို့ဖြစ်နိုင်မည်နည်း။

အကယ်၍ ဤထုတ်ကုန်များသည် အနောက်နိုင်ငံများ၌ အောင်မြင်ပါက ဖုန်းယွီသည် ပုလင်းစက်ရုံ အနည်းငယ် အမြန်ဆုံး ဝယ်ယူကာ ထိုကုမ္ပဏီများကိုယ်စား ထုတ်လုပ်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကုမ္ပဏီများ၏ ဈေးနှုန်း တို့မှာ မဟာမိတ် စည်းမျဉ်းများအတိုင်း လိုက်နာရမည်ဖြစ်ပြီး အရောင်းအဝယ်လမ်းကြောင်း အားလုံးကို ဖုန်းယွီ ထိန်းချုပ်ထားပေသည်။ မည်သည့်အမှတ်တံဆိပ်မှ ၎င်းတို့၏ ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျစေကာ ကုန်ကျစရိတ် တိုလာမည် ဖြစ်သဖြင့် မဟာမိတ်မှ မထွက်နိုင်ချေ။ ဖုန်းယွီသည် ထိုကုမ္ပဏီများကို မည်သို့ရွေးချယ် ရမည်ကို ယုံကြည်မှုရှိပေသည်။

နိုင်ငံတကာ၌ပင် အဖျော်ယမကာ တံဆိပ်များသည် လီဟဟနှင့် ကျန်းလီပေါင်တို့ကို ကျော်တက်နိုင်ခြင်း မရှိသည့်အပြင် ဖုန်းယွီ ယခင်ဘဝကကဲ့သို့ အဖျော်ယမကာ ကုမ္ပဏီများအနေဖြင့် ဈေးကွက်ဝေစု ဝယ်ယူရန် ရန်ပုံငွေ မသုံးနိုင်ချေ။

ဖုန်းယွီသည် တရုတ် အဖျော်ယမကာ လုပ်ငန်းကို ပြန်လည် ပြုပြင်လိုပါက ပြည်ပဈေးကွက်အား မတိုက်ခိုက်မီ တရုတ်နိုင်ငံအတွင်းရှိ ကိုကာကိုလာ၊ ပက်ပ်စီ တို့နှင့် ယှဉ်နိုင်ရပေမည်။

လက်ရှိ၌ ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် တရုတ်ဈေးကွက်အတွင်း ဝင်ရောက်နေပြီး အမေရိကန်တွင် ကျန်းလီပေါင်အား နှိမ်နင်းလျှက်ရှိသည်။ ဖုန်းယွီ ယခင်ဘဝ၌ ကျန်းလီပေါင်သာမက ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် တရုတ်နိုင်ငံ၌ ရောင်းအား အကောင်းဆုံး အဖျော်ယမကာ အမှတ်တံဆိပ် ဖြစ်လာပေသည်။ လီဟဟ ပင် ၎င်းတို့နှင့် မယှဉ်နိုင်ချေ။

ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် တရုတ် ကာဗွန်နိတ်အချိုရည် ဈေးကွက်ကို သိမ်းပိုက်ခဲ့ပြီး သစ်သီးဖျော်ရည်၊ လက်ဖက်ရည်၊ သတ္ထုရေ ဈေးကွက်များသို့လည်း ဝင်ရောက်ခဲ့သည်။

ယခုဘဝ၌မူ ဖုန်းယွီအနေဖြင့် ထိုသို့ အဖြစ်ခံမည် မဟုတ်ချေ။ အဖျော်ယမကာ မဟာမိတ်အဖွဲ့သည် ပြည်ပ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ရုံသာမက တရုတ်နိုင်ငံရှိ အဖျော်ယမကာ ကုမ္ပဏီကြီး (၂)ခုကို ဖိနှိပ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဖုန်းယွီသည် ကျောက်ချင်းရှန်နှင့် ကျန်လူများအား တရုတ်ဈေးကွက်ကို ကိုင်တွယ်ခွင့်ပေးကာ အောင်မြင်လိမ့်မည် ဟု ယုံကြည်ပေသည်။ နောက်ဆုံးတွင် လီဟဟမှ ပြန်လည်ဆန်းသစ်ထားသည့် ထုတ်ကုန်များသည် လက်ရှိ တရုတ် နိုင်ငံရှိ ကိုကာကိုလာနှင့် ပက်ပ်စီတို့ထက် ပို၍ နာမည် ကျော်ကြားနေပေသည်။

ထိုမျှနှင့် မအောင်မြင်သေးပါက ဖုန်းယွီအနေဖြင့် ကျောက်ချင်းရှန်အပေါ် စိတ်ပျက်မိပေလိမ့်မည်။

**********

နယူးယောက်။ အင်ပါယာစတိတ် အဆောက်အဦး။ အထပ်(၈၇)။ ဖုန်းယွီ၏ ရုံးခန်း။

ဆိုဖာခုံများပေါ်တွင် လူအနည်းငယ် ထိုင်နေသည်။ ၎င်းတို့မှာ အမေရိကန် ကုန်တိုက်မျိုးစုံမှ အဆင့်မြင့် စီမံခန့်ခွဲသူများ ဖြစ်ကာ အမေရိကန် ဈေးကွက်တစ်ခုလုံးကို ထိန်းချုပ်ထားကြသည်။

ဖုန်းယွီသည် ထိုစီမံခန့်ခွဲရေး ဝန်ထမ်းများကို တစ်ယောက်ပြီးတစ်ယောက် တွေ့ဆုံရမည်ဟု ထင်ထားသော်လည်း ဖူကွမ်းကျန့်မှ ၎င်းတို့အားလုံးကို တစ်ပြိုင်နက် ဖိတ်ခေါ်လိုက်သည်။

ဖုန်းယွီ၏ ရုံးခန်းအတွင်း ရောက်လာကြသည်မှာ ဖူကွမ်းကျန့်ကြောင့် မဟုတ်ချေ။ ဖူမိသားစုကြောင့် ဖြစ်သည်။ ဖူမိသားစုသည် လက်လီရောင်းချသူများထံမှ အင်ပါယာတစ်ခု တည်ဆောက်ခဲ့ပြီး ယခင်က အမေရိကန် လက်လီရောင်းချသူများနှင့် လက်တွဲခဲ့ပေသည်။

“မင်းတို့တွေကို ငါ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ခေါ်လိုက်တာ.. အားလုံးပဲ.. သူ့နာမည် ဖုန်းယွီတဲ့.. ကြားဖူးကြမယ်ထင်ပါတယ်.. အင်ပါယာစတိတ် အဆောက်အဦး ပိုင်ရှင်ဆိုပါတော့..”

ဖူကွမ်းကျန့်သည် ဟောင်ကောင်မှ ချမ်းသာကြွယ်ဝသည့် မျိုးဆက်သစ်အား ၎င်းတို့နှင့် မိတ်ဆက်ပေးမည်ဟု ထင်ထားခဲ့ကြသည်။ အံ့ဩစရာ ကောင်းသည်မှာ အင်ပါယာစတိတ် အဆောက်အဦးကို ဝယ်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော မိုက္ခရိုဆော့ဖ်၏ ဒါရိုက်တာနှင့် မိတ်ဆက်ပေးခြင်းပင်။

“အို့.. မင်းက မစ္စတာဖုန်းလား.. ငါတို့ကို စီးပွားရေးလုပ်ဖို့အတွက် ဒီကို ဖိတ်ခေါ်လိုက်တာလား..”

လူတစ်ယောက် ထမေးလိုက်သည်။

“မစ္စတာ မဲလ်ဖွိုင်.. ကျုပ်သူငယ်ချင်းက လေနှင့်မိုး အမှတ်တံဆိပ် ပိုင်ရှင်ဆိုလဲ ဟုတ်တယ်ဗျ..”

“လေနှင့်မို့ အမှတ်တံဆိပ်လား.. ငွေ့ရည်ထိန်းစက်၊ အရွက်မဲ့ ပန်ကာ၊ vcd စက် အမှတ်တံဆိပ်တွေလား..”

လူအားလုံး တုန်လှုပ်သွားမိသည်။ ထိုလူငယ်သည် ထိုထုတ်ကုန်များ စတင်ခဲ့သူလော။

မီဒီယာများသည် ထိုမိုက္ခရိုဆော့ဖ် ဒါရိုက်တာ၏ ကြွယ်ဝချမ်းသာမှုကို ရှေးရိုးကြီးအတိုင်း တိုင်းတာခဲ့ကြသည်။ လေနှင့်မိုး အမှတ်တံဆိပ်သည် အလွန်တန်ဖိုးရှိပေသည်။

“မစ္စတာဖုန်း.. ကျုပ်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ခုခုရှိလား.. ကျုပ်တို့က လေနှင့်မိုး အမှတ်တံဆိပ်အတွက် အထူးပြု ကောင်တာ တစ်ခု ပေးထားတယ်လေ.. အဲ့ဒါ ကျုပ်တို့ ပေးနိုင်တဲ့ အကောင်းဆုံး ဝန်ဆောင်မှုပါပဲ..”

လူတစ်ယောက် ဝင်ပြောလိုက်သည်။

လေနှင့်မိုး ထုတ်ကုန်များသည် ရောင်းအားကောင်းကာ ထုတ်ကုန်အသစ် တစ်ခု စတင်တိုင်း ကုန်တိုက်များအနေဖြင့် အမြတ်အစွန်း များစွာ ရကြပေသည်။ ကုန်တိုက်များအားလုံးအနေဖြင့် ထိုသို့သော အမှတ်တံဆိပ်များနှင့် အလုပ် လုပ်ရသည်ကို ကြိုက်နှစ်သက်ကြသည်။

“ကျုပ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စမျာ အမှားအယွင်းမရှိပါဘူးဗျာ.. လေနှင့်မိုးကို ဒီလောက် ဂရုစိုက်ပေးတဲ့ အတွက်လဲ ဝမ်းမြောက်မိပါတယ်.. ကျုပ်က အဖျော်ယမကာ အမှတ်တံဆိပ် နည်းနည်းမှာ ရင်းနှီးမြုပ်နှံထား တယ်ဗျ.. အားလုံးပဲ ကျန်းလီပေါင်ကို ကြားဖူးကြမလား မသိဘူး..”

“တရုတ်က မှော်ရေလေ.. မစ္စတာဖုန်းက အဲ့ကုမ္ပဏီမှာ ရှယ်ယာပါထားတယ်လား..”

ကျန်းလီပေါင်သည် ၎င်းတို့၏ ကုန်တိုက်များနှင့် ဆက်သွယ်ခဲ့သော်လည်း ကုမ္ပဏီကို သိပ်သတိမထားမိဘဲ တင်းကြပ်သည့် စည်းကမ်းများဖြင့်သာ ကမ်းလှမ်းခဲ့ကြသည်။ ကျန်းလီပေါင်သည် လေနှင့်မိုး ပိုင်ရှင်နှင့် ပတ်သက်ကြောင်း သိထားပါက ဖြေလျော့ပေးမည်သာပင်။

“ကျုပ် ရှယ်ယာ တစ်ချို့တစ်ဝက်ပါထားတဲ့ တခြားတရုတ် အဖျော်ယမကာ အမှတ်တံဆိပ် နည်းနည်းကို ကိုယ်စားပြုပါတယ်.. အဲ့ထုတ်ကုန်တွေအားလုံး (FDA) အောင်မြင်ပြီးပါပြီ.. ခင်ဗျားတို့ ကုန်တိုက်တွေများ တင်ချင်ပါတယ်..”

“ဒါ ပြဿနာမရှိပါဘူး.. မင်း ကိုယ်စားပြုတဲ့ အချိုရည် ဘယ်နှစ်မျိုးရှိလဲ.. ဘယ်အမှတ်တံဆိပ်တွေလဲ..”

လူတစ်ယောက် မေးလိုက်သည်။ သူတို့၏ ကုန်တိုက်များတွင် ကုန်ပစ္စည်းများ တိုးမြှင့်လိုသည် မဟုတ်ပေလော။

“ထုတ်ကုန်စာရင်းက ဒီမှာပါ.. ခင်ဗျားရဲ့ ကုန်တိုက်တွေမှာ အထူးကောင်တာတစ်ခုလဲ လိုချင်ပါတယ်..”

--------**$$^$$**--------

All Chapters