← Chapters

ကိုကာကိုလာနှင့် ပက်ပ်စီတို့၏ တုန်လှုပ် ချောက်ချားမှု

Vol. 56 Ch. 833

ကိုကာကိုလာနှင့် ပက်ပ်စီတို့၏ တုန်လှုပ် ချောက်ချားမှု

Vol. 56 Ch. 833

အထူးကောင်တာဆိုသည်မှာ တရုတ်အဖျော်ယမကာသီးသန့် ရောင်းချသည့် စင်တန်းတစ်ခုသာ ဖြစ်သည်။

ယခင်က ကိုကာကိုလာနှင့် ပက်ပ်စီတို့သာ ထိုသို့သော ဝန်ဆောင်မှု ရခဲ့သည်။ ကမ္ဘာကျော် ဘီယာ ဖြစ်သည် Budweiser ပင်လျှင် ထိုဝန်ဆောင်မှုမျိုး မရခဲ့ချေ။

ယခု ဖုန်းယွီလိုချင်သည်မှာ ကိုကာကိုလာနှင့် ပက်ပ်စီတို့ကဲ့သို့ တန်းတူဖြစ်သည်။ ဤသည်က ၎င်းတို့ကို မျက်မှောင်ကြုတ်သွားစေတော့သည်။

ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် ယမကာ ကုမ္ပဏီကြီးများ ဖြစ်ကြပြီး ကိုကာကိုလာသည် ကမ္ဘာ့အဖျော်ယမကာဈေးကွက် ဝေစု၏ (၄၀)ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားပေသည်။ အာရှ ဈေးကွက်များတွင် ၎င်းတို့၏ ဈေးကွက်ဝေစု တိုးလာနေဆဲ ဖြစ်သည်။ ပက်ပ်စီသည် ကမ္ဘာ့ဈေးကွက် ဝေစု၏ (၃၅)ရာခိုင်နှုန်းခန့်ဖြင့် အာရှဈေးကွက်သို့ ဝင်ရောက်လာသည်။

မြောက်အမေရိက ဈေးကွက်တွင် ကိုကာကိုလာ၏ ဈေးကွက်ဝေစုမှာ (၄၅)ရာခိုင်နှုန်းခန့်ရှိပြီး ပက်ပ်စီသည် (၄၀)ရာခိုင်နှုန်းခန့်ရှိပေသည်။ ထိုကုမ္ပဏီ (၂)ခုပေါင်း၏ ဈေးကွက်ဝေစုမှာ (၈၅)ရာခိုင်နှုန်းဖြစ်သည်။

ဤသည်ကပင် ကုန်တိုက်များမှ အထူးကောင်တာများ ဝန်ဆောင်မှုပေးလိုသည့် အကြောင်းအရင်းဖြစ်သည်။ ဖုန်းယွီ၏ တရုတ်အဖျော်ယမကာများကို မည်သို့ပေးနိုင်မည်နည်း။ စာရင်းတွင် ပါဝင်သည့် အချိုရည်များမှာ အများစုကို လုံးဝမကြားဖူးပဲ မှတ်မှတ်သားသား ရှိသည့် တစ်ခုတည်းသော အမှတ်တံဆိပ်မှာ ကျန်းလီပေါင်သာ ရှိသည်။ သို့တိုင်အောင် ကျန်းလီပေါင်သည် ဈေးကွက်ဝေစု အနည်းငယ်သာ ပိုင်ဆိုင်ထားပေသည်။

“မစ္စတာဖုန်း၊ မစ္စတာဖူ… ကိုကာကိုလာနဲ့ ပက်ပ်စီတွေမှာပဲ အထူးကောင်တာ ရနိုင်တာ.. ကျန်တဲ့ အမှတ် တံဆိပ်တွေ ကိုယ်ပိုင်စင် မရနိုင်ဘူး.. အဲ့ဒါလဲ ကျုပ်ရဲ့ ကုန်တိုက်တွေအတွက် ပြောတာပါ.. တခြားကုန်တိုက်တွေ တော့ ကျုပ်လဲ မသေချာဘူး..”

ကျန်လူများမှလည်း ထိုသို့အတိုင်းသာ ပြောကြသည်။ Walmart သည် မြောက်အမေရိကရှိ အကြီးဆုံး ကုန်တိုက်ခွဲ တစ်ခုဖြစ်သော်လည်း အချို့သော ဒေသခံ ကုန်တိုက်များမှာ သူတို့ထက်ပင် ပို၍ နာမည်ကျော်ပေသည်။

စီမံသူများအနေဖြင့် ဖုန်းယွီသည် ယခင်ကတည်းက အလုပ်တွဲလုပ်ဖူးသူများဖြစ်၍ တရားလွန် မတောင်းဆိုသင့်ဟု တွေးနေကြသည်။ အမှတ်တံဆိပ်(၁)ခု သို့တည်းမဟုတ် (၂)ခုထုတ်လိုက်ယုံဖြင့် ၎င်းတို့၏ ကုန်တိုက်များ၏ ရောင်းအား ထိခိုက်မည်မဟုတ်ချေ။ သို့ရာတွင် ကုန်တိုက်များ မပါဘဲ အဖျော်ယမကာ အမှတ်တံဆိပ်များ၏ ရောင်းအားကို ထိခိုက်ပေလိမ့်မည်။ ထိုအထဲတွင် ကိုကာကိုလာနှင့် ပက်ပ်စီပင် ပါဝင်ပေသည်။

အားကောင်းသည့် လက်လီ အရောင်းဆိုင်များသည် ၎င်းတို့၏ ပေးသွင်းသူများ ဝင်ငွေကို ဖိနှိပ်နိုင်ပေသည်။

“ကျေးဇူးပြုပြီး စဉ်းစားကြည့်ပါအုံး.. ကျုပ်တို့မှာ ထုတ်ကုန် တစ်မျိုးတည်းမဟုတ်ပါဘူး.. ကာဗွန်နိတ် အချိုရည်တွေ၊ လက်ဖက်ဖျော်ရည်တွေ၊ နို့ထွက်ပစ္စည်းတွေ၊ ဓာတ်သတ္ထုရေနဲ့ အားကစား အဖျော်ယမကာလိုမျိုး တရုတ်ထုတ်ကုန် အများကြီးရှိပါတယ်.. အဲ့ထုတ်ကုန်တွေအားလုံးလဲ လျှို့ဝှက်ဆန်းကြယ်တဲ့ အရှေ့အရပ်ကပါ.. အဲ့လိုလေး စဉ်းစား ကြည့်ပါအုံး.. လျှို့ဝှက်ဆန်းကြယ်တဲ့ အရှေ့ဘက်အရပ်က ထုတ်ကုန်တွေနဲ့ ပြည့်နေတဲ့ စင်တစ်ခုဆိုတော့ ဘာလို့ အလုပ်မဖြစ်နိုင်ရမှာလဲ.. ကျုပ်တို့တွေ ဈေးကွက် ရှာဖွေရေးလုပ်ခဲ့တဲ့အခါ မြောက်အမေရိကမျာ လက်ဖက်ရည် အဖျော်ယမကာ သောက်သုံးသူတွေ ပိုများလာပါတယ်..”

ဖူကွမ်းကျန့် ဝင်ပြောလိုက်သည်။

“မစ္စတာဖူ.. လက်ဖက်ရည် သောက်တဲ့သူတွေ ပိုများတာ မှန်ပေမယ့် လက်ဖက်ရည် သောက်တဲ့သူ ပိုများလာမယ်လို့ မဆိုလိုပါဘူး.. မင်းတို့ ထုတ်ကုန်အားလုံးက အမည်မသိ အမှတ်တံဆိပ်တွေ ဖြစ်တဲ့အပြင် ဈေးကွက် ချဲ့ထွင်ဖို့ အတွက် ကျုပ်တို့ ကုန်တိုက်တွေ လိုတယ်လေ.. လက်ဖက်ဖျော်ရည်တွေကလွဲရင် ကျန်တဲ့ အချိုရည်တွေကရော ဘာထူးခြားတာရှိလို့လဲ.. မင်းတို့ အချိုရည်တွေက ကိုကာကိုလာနဲ့ ပက်ပ်စီကို ယှဉ်နိုင်ပါ့မလား.. နို့ထွက်ပစ္စည်းတွေ ဆိုလဲ နေရာတိုင်းမှာ တွေ့နိုင်တာပဲ.. ပြီးတော့ ဂျပန်က လက်ဖက်ရည်တွေလဲ ရောင်းအား ကောင်းတာပဲ.. မင်းတို့ ပြောတဲ့ ကျန်းလီပေါင်နဲ့ ချီလီကို လူဘယ်နှစ်ယောက်ဝယ်မလဲ.. မင်းတို့ ပစ်မှတ်က ဘယ်လိုလဲ..”

“အားလုံးပဲ.. ကျုပ်တို့က အရသာ ဒါမှမဟုတ် အမှတ်တံဆိပ်ကို ရောင်းတာမဟုတ်ဘူးလို့ ပြောဖူးပါတယ်.. ကျုပ်တို့က တည်နေရာကို ရောင်းနေတာ.. ခင်ဗျားတို့က အခွင့်အရေးပေးပြီး ကျုပ်တို့ ထုတ်ကုန်တွေကို နေရာချဖို့ အထူးသီးသန့် စင်တစ်ခု ပေးလိုက်ယုံပဲ.. ကျုပ်တို့ရဲ့ ဈေးကွက်ရှာဖွေရေး အစီအစဉ်တွေ မကြာခင် စတော့မှာ.. ကြော်ငြာတွေကို သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေနဲ့ မီးဒီယာတွေမှာ ဖြန့်ဝေသွားမှာပါ.. ကျန်းလီပေါင်ကိုပဲ ကြည့်လိုက်.. ကျန်းလီပေါင် အမှတ်တံဆိပ်ကို (၃)နှစ်အတွင်း တိုးမြှင့်နိုင်မယ်ဆိုရင် တခြား အမှတ်တံဆိပ်တွေကိုလဲ သတိထားမိသွားကြမှာပဲ..”

ကျန်းလီပေါင်သည် (၃)နှစ်အတွင်း အမေရိကန်၌ ရပ်တည်နိုင်သည်မှာ အံ့ဖွယ်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ ဈေးကွက် ရှာဖွေရေးအဖွဲ့နှင့် လုံလောက်သည့် ရန်ပုံငွေများဖြင့် ဆိုပါက အခြားသော တရုတ် ထုတ်ကုန် အမှတ်တံဆိပ် များသည် သတိမထားမိစရာ အကြောင်းမရှိတော့ချေ။

ကုန်တိုက် အဆင့်မြင့် စီမံခန့်ခွဲသူများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသော်လည်း မည်သူမှ စကား ထုတ်မပြောလိုကြချေ။ ‘တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများ’ ဆိုသည်မှာ အရောင်းအဝယ်ဖြစ်နိုင်သော်လည်း အောင်မြင် မည်လော ဆိုသည်ကို မည်သူမှ မသိနိုင်ချေ။

အခြား ထည့်သွင်းစဉ်းစားရမည့် အချက်မှာ အထူးကောင်တာများအတွက် အခကြေးငွေများ ဖြစ်သည်။ ဖုန်းယွီ မည်မျှ ပေးမည်နည်း။ ကိုကာကိုလာကဲ့သို့ တူညီသော နှုန်းထား၊ သို့တည်းမဟုတ် အနည်းငယ် တိုးပေးနိုင် မည်လော။

ဖူကွမ်းကျန့်နှင့် ဖုန်းယွီတို့သည် နှုန်းထားများအကြောင်း ဘာမှ မပြောသလို ကုန်တိုက်ကိုယ်စားလှယ် များမှလည်း မမေးခဲ့ချေ။

မိနစ်(၃၀)ခန့် ဆွေးနွေးပြီးသည်အထိ မည်သည့် သဘောတူညီမှုမှ မရသဖြင့် ကိုယ်စားလှယ်များ ထွက်သွားတော့သည်။ ဖူကွမ်းကျန့်သည် ဖုန်းယွီအား စိတ်လှုပ်ရှားစွာဖြင့်..

“အောင်မြင်ပါစေကွာ.. မနက်ဖြန် ညမရောက်ခင် အသေးစိတ်ဆွေးနွေးဖို့ သူတို့တွေ ပြန်လာမှာပါ..”

“ဘာဖြစ်လို့လဲ..”

“မင်းပြောလိုက်တဲ့ စကားကြောင့်လေ.. ငါတို့ အဖျော်ယမကာတွေက တရုတ်က ဖြစ်တဲ့အပြင် ဟောင်ကောင်နဲ့ တရုတ်နိုင်ငံမှာ နာမည် အကြီးဆုံး ပြည်ပ အဖျော်ယမကာ အမှတ်တံဆိပ်တွေနဲ့ ယှဉ်နိုင်တယ်လေ.. ကနဦးပိုင်း စားသုံးသူ အများစု စပ်စုချင်စိတ်နဲ့ ဝယ်ကြမှာဆိုတော့ ဈေးကွက် ချဲ့ထွင်ဖို့တောင် သိပ်လုပ်စရာ မလိုလောက်ဘူး.. အမေရိကန်တွေဆိုတာလဲ အတူတူပဲလေ.. အသစ်အဆန်းဆို ပိုသိချင်လာကြတာပဲ.. သတိထားရမှာဆိုလို့ ကုန်တိုက်ခွဲတွေမှာ အခြေအနေ တစ်ချို့ကြောင့် အရောင်းကျဆင်းမယ်ဆိုရင် ငါတို့ ထုတ်ကုန်တွေ ချက်ချင်း ခွဲထုတ်ခွင့်ရှိရမယ်..”

လက်လီရောင်းချမှု၌ ဖူကွမ်းကျန့်သည် ဖုန်းယွီထက် အတွေ့အကြုံ များပေသည်။

“စင်ပေါ်ကနေ ဘယ်အချိန်မဆို ဆွဲထုတ်လို့ ရတယ်လား.. ငါတို့ကို မေတ္တာပို့မှာပေါ့..”

ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။ ကုန်တိုက်ခွဲများတွင် တရုတ် အဖျော်ယမကားများ၏ ကံကြမ္မာသည်သာ နောက်ဆုံး စကားပြောသွားပေလိမ့်မည်။

“ဒါက ညှိဖို့လိုသေးတယ်လေ.. ရောင်းအားမကောင်းရင်တောင် အချိန်ကာလ တစ်ခု တောင်းရမယ်.. မဟုတ်ရင် ငါတို့တွေ တော်တော် စိတ်ပျက်ရလိမ့်မယ်..”

ဖူကွမ်းကျန့်သည် ထိုကုန်တိုက်ခွဲများကို မည်သို့ကိုင်တွယ်ရမည်အား တွေးနေပေသည်။ ဖူမိသားစုသည် ဟောင်ကောင်ရှိ အကြီးဆုံး ကုန်တိုက်များပိုင်ရှင် မဟုတ်ပေလော။

“အချိန်ကြာလ ဘယ်လောက် တောင်းသင့်လဲ..”

“သူတို့နဲ့ ညှိနှိုင်းတဲ့ အနေအထားအပေါ် မူတည်တယ်.. ဘာပြောပြော ငါ့စိတ်ထဲမှာတော့ အနည်းဆုံး ရာသီ တစ်ခုစာပဲ.. အချိန်ပိုတောင်းရင် သူတို့ သဘောတူမှာ မဟုတ်ပေမယ့် ကာလတိုရင်လဲ ငါတို့ နစ်နာသွားမယ်.. တစ်ရာသီပဲ ကောင်းပါတယ်.. ငါတို့ မိသားစုတွေ အဲ့ကုန်တိုက်တစ်ချို့နဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူချက်တွေ ရှိထားတဲ့အပြင် အဲ့ထုတ်ကုန်တွေကနေ ငါ့ကို အမြတ်ငွေရဲ့ (၂၀)ရာခိုင်နှုန်း ပေးမှာဆိုတော့ ငါ့အနေနဲ့ အကောင်းဆုံး လုပ်ပေးရမှာပေါ့ကွာ..”

“ကျေးဇူးပဲ.. ဒါဆို အားလုံး မင်းနဲ့ပဲ လွှဲထားလိုက်တော့မယ်..”

ထိုနေ့ ညနေပိုင်း၌ ကုန်တိုက် အဆင့်မြင့် စီမံခန့်ခွဲရေး ဝန်ထမ်းများသည် ဖူကွမ်းကျန့်အား ဆက်သွယ်ကာ စိတ်ဝင်စားကြောင်း ပြောလာကြသည်။ အမေရိကန်ရှိ ကုန်တိုက်များသည် ၎င်းတို့၏ ထုတ်ကုန်မျိုးစုံကို တိုးမြှင့်ရန် ကြိုးပမ်းနေကြပြီး၊ သူတို့ကုန်တိုက်တွင် မရှိသည့် ကုန်ပစ္စည်းများ အခြားကုန်တိုက်များတွင်ရှိနေပါက ဆုံးရှုံးမှု ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ကြိုးစားရကျိုး နပ်လိမ့်မည်ဟု တွေးထားကြသည်။ ရောင်းအား မကောင်း၍ အမြတ်မထွက်နိုင်ပါက ထိုကုန်ပစ္စည်းများကို စင်ပေါ်မှ ဆွဲထုတ်လိုက်ရုံသာပင်။ ယခင်ကလည်း ထိုသို့သော လုပ်ရပ်မျိုး များစွာ လုပ်ခဲ့ဖူးပေသည်။

ပထမပိုင်း၌ ကုန်တိုက်အနည်းငယ်သည် ပူးပေါင်းဆောင်ရွက်မှု စာချုပ်တွင် လက်မှတ်ရေးထိုးပြီးနောက် အခြားကုန်တိုက်များ လျှင်မြန်စွာ သဘောတူညီချက် တစ်ခုစီဖြင့် စာချုပ်တွင် လက်မှတ် ရေးထိုးကြသည်။ အားလုံးမှာ မိမိတို့ ပြိုင်ဖက်များ ခြေလှမ်းသာသွားမည်ကို မလိုလားကြချေ။

တစ်ပတ်အကြာ၌ တရုတ်အဖျော်ယမကာ ထုတ်ကုန်များအားလုံးသည် မြောက်အမေရိကရှိ ကုန်တိုက်ခွဲပေါင်း (၁၀၀၀)ကျော်သို့ ဝင်ရောက်လာပြီး ကိုယ်ပိုင် ကောင်တာများ ရှိနေတော့သည်။

ကိုကာကိုလာနှင့် ပက်ပ်စီတို့မှာ ထိုသတင်းကြောင့် ထိတ်လန့်သွားကြသည်။

--------**$$^$$**--------

All Chapters