← Chapters

ကံစမ်းမဲနှင့် အရောင်းမြှင့်တင်ရေး

Vol. 56 Ch. 834

ကံစမ်းမဲနှင့် အရောင်းမြှင့်တင်ရေး

Vol. 56 Ch. 834

ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် မြောက်အမေရိက ဈေးကွက်တွင် ဖိနှိပ်ထားသည့် ကျန်းလီပေါင်သည် ကုန်တိုက်များအတွင်း ဝင်လာနိုင်လိမ့်မည်ဟု မျှော်လင့်မထားသလို၊ အဓိကအားဖြင့် ကုန်တိုက် ကွင်းဆက်များ တွင် ဖြစ်သည်။

ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် ကမ္ဘာကျော် အဖျော်ယမကာ ကုမ္ပဏီကြီးများ ဖြစ်ကြပြီး တရုတ်ဈေးကွက်ကို တိုက်ခိုက်နေစဉ် တရုတ်အမှတ်တံဆိပ်တစ်ခုသည် ၎င်းတို့ကျောမှ ဓားဖြင့် ထိုးလာပေပြီ။

တရုတ်ဈေးကွက်တွင် အဖျော်ယမကာ ကုမ္ပဏီကြီးများ၏ တိုးတက်မှုမှာ နှေးကွေးနေပြီး တရုတ်တို့သည် ကာဗွန်နိတ် အချိုရည်များကို သိပ်မကြိုက်ကြဟု ထင်မိကြသည်။ သို့ရာတွင် ကျန်းလီပေါင်၊ အားဖြည့်အချိုရည်၊ တက်နေဝန်း အချိုရည်များ မည်သည့်အတွက် သူတို့ထက် ပိုရောင်းကောင်းနေရသနည်း။

လီဟဟ၏ အားဖြည့်အချိုရည် အမျိုးစုံသည် ၎င်းတို့၏ အချိုရည်များကို ပုံတူ ကူးထားကာ ရောင်းအား ကောင်းနေသည်။

ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် လီဟဟ၏ အားဖြည့် အချိုရည်များကို စမ်းကြည့်ကြသည့်အခါ အရာသာမှာ ၎င်းတို့နှင့် မတူညီချေ။

အဓိက အကြောင်းအရင်းမှာ လီဟဟ၏ ဖြန့်ဖြူးရေး လမ်းကြောင်းများသည် ကိုကာကိုလာ၊ ပက်ပ်စီတို့ထက် သာလွန်ခြင်းဖြစ်သည်။ လီဟဟသည် ၎င်းတို့ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံရှိ မည်သည့်မြို့ကိုမဆို (၃)ရက် အတွင်း ပေးပို့နိုင်ပေသည်။ ဤသည်က ကိုကာကိုလာနှင့် ပက်ပ်စီတို့ လုပ်နိုင်သည့် ကိစ္စမဟုတ်ချေ။ လက်ရှိ၌ ၎င်းတို့၏ ထုတ်ကုန်များကို မြို့ကြီးများတွင်သာ ရောင်းချနိုင်ပေသည်။

ဖြန့်ဖြူးသူများစွာသည် ၎င်းတို့၏ ထုတ်ကုန်များကို သယ်မလာချင်သဖြင့် မြို့ကြီးများတွင်ပင် မျှော်လင့်ထား သလောက်ပင် ရောင်းအား မကောင်းချေ။ ထိုင်ဟွာကုန်တိုက်များပင်လျှင် ၎င်းတို့၏ ထုတ်ကုန်များကို စင်ပေါ်မှ ဖယ်ရှားလိုက်သည်။ ကိုကာကိုလာနှင့် ပက်ပ်စီတို့၏ ထုတ်ကုန်တွင် တစ်ခုခု မှားယွင်းနေသည်ဟု တရုတ်သုံးစွဲ သူများ ယူဆလိုက်ကြသည်။ သို့အတွက် ၎င်းတို့၏ ထုတ်ကုန်များကို ထိုင်ဟွာကုန်တိုက်များ၌ ဦးစားပေးနေရာ ထားခဲ့သည့်အပေါ် နောင်တရစေပေသည်။

ဤသည်က ဖုန်းယွီကြောင့်ပင်။ ထိုင်ဟွာကုန်တိုက်များသည် ကုန်ပစ္စည်းအနည်းငယ်ကို စင်ပေါ်မှ ဖယ်ရှားလိုက် ခြင်းဖြင့် ထိခိုက်မှု မရှိကြောင်း၊ ကိုကာကိုလာနှင့် ပက်ပ်စီ ထုတ်ကုန်များ ဖြန့်ဝေခြင်းကို တားမြစ်ရန် ထိုင်ဟွာ ကုန်သွယ်ရေးနှင့် သက်ဆိုင်သည့် ဖြန့်ဖြူးသူ အားလုံးကို ပြောထားသည်။ ဖြန့်ဖြူးသူများသည် ထိုင်ဟွာ ကုန်သွယ်ရေး ဖြင့် အမြတ်ပိုမိုရသဖြင့် ထိုင်ဟွာကုန်သွယ်ရေး၏ ညွှန်ကြားချက်များအတိုင်း လိုက်နာကြသည်။

ပြိုင်ဆိုင်မှုများသည့် ပတ်ဝန်းကျင်တွင် ကုမ္ပဏီများသည် ၎င်းတို့၏ ဖြန့်ဖြူးသူများထံ ထိုကဲ့သို့ ပြောထားမည် ဖြစ်ပြီး ထိုင်ဟွာ ကုန်သွယ်ရေးနှင့် ဆက်စပ်နိုင်ပေသည်။ ထိုင်ဟွာကုန်သွယ်ရေးသည် စောင်ကျင်း၊ လေနှင့်မိုး ထုတ်ကုန် များ၌ (၁)ရာခိုင်နှုန်း အမြတ်ငွေပိုပေးထားသေးသည်။ ထိုကျေးဇူးများကြောင့် ဖြန့်ဖြူးသူများသည် ထိုင်ဟွာ ကုန်သွယ်ရေးဘက်မှ ထာဝရ ရပ်တည်မည်သာပင်။

ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် တရုတ်ဈေးကွက်တွင် ဈေးကွက်မချဲ့ထွင်နိုင်ဘဲ တရုတ်ထုတ်ကုန် အမှတ်တံဆိပ် များသည် ၎င်းတို့နယ်မြေအတွင်း ဝင်ရောက်လာသဖြင့် ဒေါသထွက်စေတော့သည်။

ကိုကာကိုလာနှင့် ပက်ပ်စီ တို့သည် ကျန်းလီပေါင်မှ လွဲ၍ ကျန် အမှတ်တံဆိပ်များကို အမေရိကန်၌ မသိကြချေ။ ထို တရုတ်ထုတ်ကုန် အမှတ်တံဆိပ်များသည် ကုန်တိုက်များတွင် အောင်မြင်စွာ ဝင်ရောက်လာသော်လည်း အပေါ်ယံမျှသာဖြစ်ပြီး မိမိတို့ ရောင်းအားကို ထိခိုက်စေမည် မဟုတ်ဟု ယူဆထားကြသည်။

သို့တိုင်အောင် မကြာမီအချိန်အတွင်း ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် ထိုတရုတ်ထုတ်ကုန် အမှတ်တံဆိပ်များ အပေါ် လျှော့တွက်မိကြောင်း သိလိုက်ရတော့သည်။

****

“နောက်တစ်ပုလင်း.. နောက်တစ်ပုလင်း.. တရုတ်အဖျော်ယမကာ အရောင်းမြှင့်တင်ရေးပါ.. ပုလင်းဖုံးထဲက ကံစမ်းမဲပေါက်ရင် ဘယ်ကနေဝယ်ဝယ် လဲလှယ်လို့ရပါတယ်..”

အမေရိကန် သတင်းစာကြီးများ အားလုံးသည် တစ်ပတ်စာအတွင်း စာမျက်နှာအပြည့် ကြော်ငြာများ ထည့်သွင်း ထုတ်ဝေခဲ့သည်။

ထိုအရောင်း မြှင့်တင်ရေးအား ကိုကာကိုလာနှင့် ပက်ပ်စီတို့ သတိမထားမိလိုက်ချေ။

ဤသည်မှာ ဈေးကွက်ဝေစုအတွက် အမြတ်အစွန်းများ စွန့်ပစ်ရခြင်းပင်။ များသောအားဖြင့် ထိုနည်းဗျူဟာကို အသာစီးရထားသည့် အားကောင်းသော ကုမ္ပဏီများသာ အသုံးပြုလေ့ရှိကြသည်။

ဤသို့သော ဈေးကွက်ရှာဖွေရေး နည်းဗျူဟာ၏ ကုန်ကျစရိတ်သည် ကြော်ငြာထက်ပင် ပို၍ ကုန်ကျပြီး လက်လီ ရောင်းချသူများနှင့် ဖြန့်ဖြူးသူများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပေသည်။ ထိုဗျူဟာ နောက်ကွယ်ရှိ ကုမ္ပဏီသည် လက်လီရောင်းချသူများနှင့် ဖြန့်ဖြူးသူများကို ငွေအမြောက်အများ ပေးချေရပေမည်။

ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် တရုတ်အဖျော်ယမကာများကို ထိုဈေးကွက်ရှာဖွေရေး နည်းဗျူဟာ သုံးလိမ့်မည် ထင်မထားချေ။ ငွေအများအပြား မည်သည့်နေရာမှ ရခဲ့ကြသနည်း။

ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် ၎င်းတို့၏ ထုတ်ကုန်များ အရသာပိုကောင်းပြီး သစ္စာရှိ သုံးစွဲသူများရှိကြောင်း ယုံကြည်နေကြဆဲဖြစ်သည်။ ထိုတရုတ် ထုတ်ကုန် အမှတ်တံဆိပ်များကြောင့် ထိခိုက်နိုင်မည် မဟုတ်ချေ။

သတင်းစာများမှ တရုတ်အဖျော်ယမကာ အရောင်းမြှင့်တင်ရေး အဆင့်မြှင့်မည်ဟု ကြေငြာချက် အသစ်များ ထုတ်ပြန်လာသည်။

ကျန်းလီပေါင်၊ ချီလီနှင့် စည်သွပ်ဘူး၊ အချိုရည် အများအပြားသည် ကံစမ်းမဲ ဆုတန်ဘိုး တိုးမြှင့်လိုက်သည်။ ထိုကံစမ်း မဲပေါက်သူများသည် အိုက်ဝါ CD စက်များ၊ လေနှင့်မိုး VCD စက်များ၊ လေနှင့်မိုး စူပါ VCD များ ရနိုင်ပေသည်။

ထိုဆုများကို ဖုန်းယွီမှ အခမဲ့ပေးခဲ့သော်လည်း ထိုဖြစ်ရပ်မှ အကျိုးအမြတ်များ ရခဲ့ပေသည်။ လေနှင့်မိုး၊ အိုက်ဝါ ထုတ်ကုန်များသည် ကြော်ငြာများတွင် ပေါ်လာပြီး စားသုံးသူများက ပို၍ သတိပြုမိသွားကြသည်။

ကိုကာကိုလာနှင့် ပက်ပ်စီတို့ လက်မခံနိုင်သည်မှာ ကံစမ်းမဲများတွင် ပါဝင်သည့် ဆုကြီးများဖြစ်သည်။ လျှပ်စစ် ပစ္စည်းများအပြင် အထူးဆုကြီးများမှာ စောင်ကျန်းကား ပင်ဖြစ်တော့သည်။

အဖျော်ယမကာ သောက်ခြင်းမှ ကားရရှိနိုင်ပေသည်။ ဆုသည် အလွန်ခမ်းနားကာ သုံးစွဲသူများ စိတ်လှုပ်ရှား သွားကြတော့သည်။

ရက်ပိုင်းအတွင်း ကျန်းလီပေါင်၊ ချီလီ၊ အားဖြည့်အချိုရည် စသည်တော့သည် မုန့်များကဲ့သို့ အရောင်းသွက်လာ တော့သည်။ ထိုထုတ်ကုန် အနည်းငယ်သည် အခြားသော တရုတ်အဖျော်ယမကာများ၏ ရောင်းအား တိုးမြင့် လာစေတော့သည်။

ကုန်တိုက်များသည် ပိုစတာကြီးများတင်ခြင်းဖြင့် အရောင်းမြှင့်တင်ရေးကို အကူအညီ ပေးခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ ကုန်တိုက်များသည် ထိုအရောင်းမြှင့်တင်ရေးအတွက် ငွေကုန်ကျစရာ မလိုချေ။ ထိုအရောင်း မြှင့်တင် ရေးမှ ၎င်းတို့အတွက် ဖောက်သည်များ တိုးလာစေနိုင်ပေသည်။

ဖုန်းယွီသည် စောင်ကျန်း (Offroad) မော်တော်ကားကို ဆုကြီးအဖြစ် အသုံးချလိုက်သည်။ ဈေးကွက် ရှာဖွေရေး မှတဆင့် ထိုကား၏ ပြင်ပပုံစံနှင့် သတ်မှတ်ချက်များသည် မြောက်အမေရိကဈေးကွက်တွင် အသင့်တော်ဆုံး ဖြစ်သည်။ စောင်ကျင်း၏ (Redstar) နှင့် (Olympic) မော်ဒယ်များသည် အမေရိကန်တွင် ပုံစံ မလှကြောင်းနှင့် စွမ်းဆောင်ရည်သည်လည်း သာမန်ဖြစ်ကြောင်း အမေရိကန်များ ယူဆထားသဖြင့် လူကြိုက်သိပ်မများချေ။

လေနှင့်မိုး၊ အိုက်ဝါ ထုတ်ကုန်များကဲ့သို့ပင် စောင်ကျင်း မော်တော်ကားသည် ကံစမ်းမဲမှတဆင့် အမေရိကန်တွင် အမှတ်တံဆိပ် သိမြင်မှုကို တိုးမြှင့်ပေးနိုင်ပေသည်။

တရုတ်နိုင်ငံ၏ အိုလံပစ်အဖွဲ့အား ထောက်ပံ့ရန် ဖုန်းယွီသည် စောင်ကျင်းကား အစီးရေ ရာနှင့်ချီ၍ အမေရိကန်သို့ တင်ပို့ခဲ့သည်။ ထိုယာဉ်အချို့ကို အိုလံပစ်အဖွဲ့မှ အသုံးပြုမည်ဖြစ်ပြီး ကျန်ယာဉ်များကို ကြော်ငြာအဖြစ် အသုံးချမည် ဖြစ်သည်။

ဖုန်းယွီသည် စောင်ကျင်းမော်တော်ကားများကို အမေရိကန်တွင် နေ့ချင်းညချင်း နာမည်ကြီးလာမည်ဟု မျှော်လင့် မထားချေ။ စောင်ကျင်း အမှတ်တံဆိပ် တိုးမြှင့်လိုခြင်းသာ ဖြစ်သည်။

ဖုန်းယွီသည် ပြည်နယ်တိုင်းသို့ မော်တော်ကား ဖြန့်ဖြူးသူတစ်ယောက်ကို ဆက်သွယ်ကာ စောင်ကျင်း မော်တော်ကား မော်ဒယ်(၃)မျိုးကို ပေးပို့ထားလိုက်သည်။ ထိုကားများသည် ဖောက်သည်များအား ပြသရန်နှင့် စမ်းသပ် မောင်းနှင်ရန် အတွက်ဖြစ်သည်။ ဖုန်းယွီသည် ကျန်ကားများ အသုံးမဝင်တော့သည့်အတွက် ကြော်ငြာတွင် သုံးရန် ဆုံးဖြတ်လိုက်သည်။

ဖုန်းယွီသည် တရုတ်ထုတ်ကားများကို အမေရိကန်များ မည်သို့တုံ့ပြန်မည်ကို သိချင်ပေသည်။ ကားတစ်စီးစီအတွက် အမြတ်ငွေသည် ကန်ဒေါ်လာ (၁၀၀၀)ဆိုလျှင်ပင် အစီးရေး (၁၀၀၀၀)ရောင်းရပါက အမြတ်ငွေ ကန်ဒေါ်လာ (၁၀)မီလီယံ ရပေလိမ့်မည်။

ကံစမ်းမဲ အရောင်းမြှင့်တင်ရေးများကို ကြော်ငြာပြီး တစ်ပတ်အကြာတွင် အဆိုပါ ကံစမ်းမဲသည် လိမ်လည်မှု ဖြစ်ကြောင်း သတင်းစာတွင် စောင်းပါးတစ်ပုဒ်ပါလာသည်။ ထိုကားကို မည်သူမှ မဆွတ်ခူးနိုင်ကြောင်းလည်း ပါဝင်ပေသည်။

အချို့သော ဖောက်သည်များသည် CD စက်များ၊ စူပါ VCD စက်များ ရရှိခဲ့ကြောင်း ထိုစောင်းပါးတွင် တင်ပြထားသည်။ သို့ရာတွင် မျှော်မှန်းထားသည့် ဆုကြီးများ ထုတ်ပြန်ကြေငြာခြင်း မရှိသေးချေ။

ဖုန်းယွီသည်လည်း စိတ်ပျက်သွားမိသည်။ ပေါက်မဲပါသည့် ဗူးအား စင်ပေါ်တင်ထားသော်လည်း ထိုသို့သော ဆုကြီးကို ထုတ်ယူရန် မည်သူမှ ပေါ်မလာကြသည်လော။ နောက်ဆုံးတွင် ဖုန်းယွီအနေဖြင့် ကံစမ်းမဲပေါက်သူကို စီစဉ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။

ဖောက်သည်တစ်ယောက် အဖျော်ယမကာ တစ်ပုလင်း ဝယ်ယူလိုက်သည်နှင့် အောင်ပွဲခံနိုင်ရန် စီစဉ်လိုက်သည်။

ထိုဖောက်သည်သည် ပုလင်းကိုဖွင့်ကာ အံ့အားတကြီး ထခုန်တော့သည်။ လူအများ ဝိုင်းကြည့်နေစဉ် ထိုသူသည် ကန်ဒေါ်လာ (၃၀၀၀၀)တန် စောင်ကျင်း Offroad ကားပေါက်သွားကြောင်း တွေ့လိုက်ရသည်။

ထိုဆုရှင်အကြောင်း သတင်းစာများမှ ချက်ချင်း ဖော်ပြပြီးနောက်ပိုင်း ထပ်မံ၍ ကံစမ်းမဲပေါက်သူ (၁၉)ဦးထိ ရှိလာကြောင်း ကြေငြာခဲ့သည်။ ဤသည်ကပင် တရုတ်အဖျော်ယမကာများ၏ ရောင်းအားကို ပို၍ တိုးစေသည်။

အမေရိကန် စီးပွားရေးသည် တရုတ်နိုင်ငံထက် သာလွန်သော်လည်း လူတိုင်းကားဝယ်နိုင်သည်အထိ မတတ်နိုင်သေးချေ။ ထို့အပြင် အာဖရိကန် အမေရိကန်များသည် ထိုစောင်ကျင်း Offroad မော်ဒယ်ကို ကြိုက်ကြ ပေသည်။ ထိုကားသည် ခန့်ညားထည်ဝါကာ အလွန်ကောင်းသည့် စွမ်းဆောင်ရည်ရှိပြီး အရေးအကြီးဆုံးမှာ (၅၉)စင့် ဖြင့် ရနိုင်ခြင်းပင်။

သတင်းစာများ၌ ပါဝင်သည့် သတင်းအရ ထိုအဖျော်ယမကာများ၏ ရောင်းအားသည် (၈၀၀)ရာခိုင်နှုန်း တိုးလာ ပေသည်။

တရုတ်အဖျော်ယမကာများသည် မြောက်အမေရိကတွင် ခြေကုတ်ယူလာပေပြီ။

--------**$$^$$**--------

All Chapters