သူတို့ကို ကျောခိုင်းထားသူများ
Vol. 56 Ch. 836
“ကွမ်းကျန့်.. မင်းကြိုးစားပေးတာတွေအတွက် ကျေးဇူးတင်ပါတယ်.. ငါတို့ ဥရောပဈေးကွက်ထဲကို အောင်အောင် မြင်မြင်နဲ့ ဝင်နိုင်ခဲ့ပြီ..”
ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် ဆေးပြင်းလိပ်တစ်လိပ်စီ ဖွာရှိုက်ရင်း ရှန်ပိန် သောက်နေကြသည်။
အမေရိကန်နှင့် ဥရောပရှိ တရုတ်အဖျော်ယမကာ ရောင်းချမှုအားလုံးကို Beverage Major League ကုမ္ပဏီတစ်ခုထံ လွှဲအပ်ထားပြီး ထိုကုမ္ပဏီပိုင်ရှင်မှာ ဖုန်းယွီပင်တည်း။
ထိုကုမ္ပဏီသည် အမြတ်အစွန်းရရန် အဓိကထားသည့် ကုမ္ပဏီမဟုတ်ချေ။ တရုတ် အဖျော်ယမကာများကို ပြည်ပ ဈေးကွက်သို့ ဈေးကွက်တင်ရန် တည်ထောင်ထားခြင်းဖြစ်ပြီး ဖုန်းယွီသည် ဖူကွမ်းကျန့်ကို ရင်းနှီးမြုပ်နှံရန် မပြောခဲ့သည့် အကြောင်းအရင်းပင်ဖြစ်သည်။
ဖုန်းယွီသည် အမေရိကန်နှင့် ကနေဒါ၌ ပုလင်းစက်ရုံ (၅)ရုံ ဝယ်ခဲ့ပြီး ဖူကွမ်းကျန့်သည် ဥရောပရှိ ပုလင်းစက်ရုံ အနည်းငယ် ဝယ်ယူခဲ့သည်။ ဖူကွမ်းကျန့်သည်လည်း တရုတ်အဖျော်ယမကာများသည် ဥရောပတွင် ခြေကုပ် ယူနိုင်သည်ဟု ယူဆထားပေသည်။
အကယ်၍ တရုတ် နို့ထွက်ပစ္စည်းများသည် ပြည်ပဈေးကွက်တွင် နေရာတစ်ခု ရနိုင်ပါက ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် အနောက်နိုင်ငံများတွင် နို့ထွက်ပစ္စည်းစက်ရုံများ ဆက်လက် ဝယ်ယူသွားမည်သာပင်။
“ဒါ ဘာမှ မဟုတ်သေးဘူး…. အဲ့ တရုတ်အဖျော်ယမကာ ကုမ္ပဏီတွေ အရှုံးကို တတ်နိုင်ကြပါ့မလား.. သူတို့တွေ ဒီနှစ်ထဲ အကြီးအကျယ် အရှုံးပေါ်မှာ သေချာတယ်.. နောက်နှစ်အထိ အမြတ်မြင်နိုင်မှာကို မဟုတ်ဘူး..”
ဖူကွမ်းကျန့် သတိပေးလိုက်သည်။
ဈေးကွက်သစ် ဖွင့်လှစ်ရန် အရင်းအနှီး ကြီးကြီးမားမား လိုအပ်ပေသည်။ ကုမ္ပဏီများသည် ဈေးကွက်ဝင်ကြေးများ သာမက ကုန်တိုက်ကွင်းဆက်များ၊ သယ်သူပို့ဆောင်ရေးစရိတ် မြင့်မားမှုနှင့် သိုလှောင်မှု စရိတ်များကိုလည်း ပေးဆောင်ရမည် ဖြစ်သည်။
ထုတ်ကုန်အသစ်များကို ဈေးကွက်အတွင်း မိတ်ဆက်ခြင်းအတွက် ပေးဆောင်ရမည့် မြင့်မားသော ဈေးနှုန်းတစ်ခု ရှိပြီး ပြန်ရကိန်း မရှိချေ။ ဖုန်းယွီ ယခင်ဘဝတွင် ကိုကာကိုလာသည် ဈေးကွက်ရှာဖွေရေးတွင် ပမာဏများစွာ ရင်းနှီးမြုပ်နှံကာ တရုတ်နိုင်ငံတွင် လက်ဖက်ဖျော်ရည်များ မိတ်ဆက်မှုပင် မလုပ်နိုင်ခဲ့ချေ။ ကိုကာကိုလာသည် ခိုင်မာသည့် ဖြန့်ဖြူးရေး လမ်းကြောင်းများရှိပြီး ကြော်ငြာများ ပြင်းပြင်းထန်ထန် သုံးသော်လည်း ကောင်းရှစ်ဖူနှင့် အခြားတရုတ်လက်ဖက်ဖျော်ရည် ထုတ်လုပ်သူများနှင့် မတည့်ချေ။
“ဒီ BML ကုမ္ပဏီအတွက် သူတို့ဆီက တစ်ပြားတစ်ချပ်မှ အမြတ်မရဘူး.. သူတို့တို့တွေ အရှုံးမခံချင်ရင် ငါအတင်း တွန်းမှာမဟုတ်ဘူး.. အနည်းဆုံးတော့ ကျန်းလီပေါင်၊ ချီလီ နဲ့ လက်ဖက်ဖျော်ရည် တစ်ချို့ အခြေအနေ ကောင်းတယ်.. အဲ့တံဆိပ်တွေနဲ့တင် ငါတို့ လုပ်ရတာ တန်ပါတယ်..”
မဟာမိတ်ဖွဲ့ရာတွင် ပြဿနာများ အလွယ်တကူ ပေါ်ပေါက်တတ်သည်။ ထိုကုမ္ပဏီများအား အားသာချက်များ ပေးထားသော်လည်း ဆုံးရှုံးမှု ရှိလိမ့်မည်ဟု ခံစားမိနေသည်။
“ပြဿနာက မင်းသူတို့ဆီကနေ ငွေမရှာဘူး.. မင်း သူတို့ဆီကနေ ငွေမရှာလေလေ.. သူတို့က ပိုကောင်းလေလေ.. မင်းဘာတွေ တွေးနေလဲဆိုတာ သူတို့ ဂရုစိုက်မှာ မဟုတ်ဘူး.. နောက်ဆုံး မင်းက လီဟဟနဲ့ ကျန်းလီပေါင် ရှယ်ယာ ဝင်တစ်ယောက်လေ.. မင်းဒီလိုလုပ်တာက တရုတ် အမှတ်တံဆိပ်တွေကို နိုင်ငံခြားမှာ မိတ်ဆက်ပေးဖို့ လုပ်နေတာ.. ဒါပေမယ့်လဲ သူတို့ အမှတ်တံဆိပ်တွေကို ပြိုင်ဆိုင်မှုတိုးအောင်.. ကျန်းလီပေါင် အမှတ်တံဆိပ် မြှင့်တင်ဖို့ ဘာလို့ မလုပ်တာလဲ.. လျှပ်စစ်ပစ္စည်း ထုတ်ကုန်တွေနဲ့ ကားတွေကို ဆုပေးအုံးမယ်တဲ့လား..”
ဖူကွမ်းကျန့် ခေါင်းယမ်းလိုက်သည်။
“အဲ့ဆုတွေကို ငါက စပွန်ဆာပေးတာဆိုတော့ အဲ့အတွက် သူတို့တွေ ကုန်စရာ မလိုပါဘူး.. ငါစပွန်ဆာ ပေးချင်တဲ့ တံဆိပ်က ငါကိုယ်တိုင် ရွေးထားတာဆိုတော့ သူတို့နဲ့ မဆိုင်တော့ဘူးလေ.. ဘာအတွက် သူတို့ကို ကူညီရမှာတုန်း..”
စီးပွားရေးသမားများသည် လောဘကြီးကာ ကျေးဇူးကန်းတတ်ကြကြောင်း လူအများ မည်သည့်အတွက် ပြောကြသည်ကို နောက်ဆုံးတော့ ဖုန်းယွီ နားလည်သွားသည်။ တရုတ် အဖျော်ယမကာများ၏ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန် ထိုအမှတ်တံဆိပ်များကို အသုံးချနေသော်လည်း ထိုအမှတ်တံဆိပ်များမှ အမြတ်ထွက်ရန် ကြိုးစားနေကြသည်။
ထိုကုမ္ပဏီများသည် အနောက်နိုင်ငံများ၏ ဈေးကွက်ဖွင့်ခြင်းကို ဂရုမစိုက်ကြချေ။ ၎င်းတို့ ထုတ်ကုန်များ တင်ပို့နိုင်ပါက အမြတ်အစွန်း ကြီးကြီးမားမား ရနိုင်မည်ဟုသာ ထင်မှတ်နေကြသည်။
သို့ရာတွင် ရောင်းအားမြင့်နေသော်လည်း ယခုအချိန်တွင် အရှုံးပေါ်နေပေသည်။ ၎င်းတို့၏ အမှတ်တံဆိပ် သိမြင်မှု တိုးလာသော်လည်း အကျိုးအမြတ် မရှိဘဲ အမှတ်တံဆိပ် လူသိများလာသည်မှာ မည်သို့ အသုံးဝင်မည်နည်း။
ဖုန်းယွီသည် ထိုသို့သော အမြင်များကြောင့် စိတ်ပျက်သွားရသည်။ ကံကောင်းသည်မှာ ကျောက်ချင်းရှန်နှင့် လီကျန်းဝေတို့သည် ဈေးကွက် ဝေစုနှင့် အမှတ်တံဆိပ် သိမြင်ခြင်း၏ အရေးကြီးပုံကို နားလည်ထားကြသဖြင့် ဖုန်းယွီအား ထောက်ခံခဲ့ကြသည်။
ကနဦးအဆင့်၌ ဆုံးရှုံးမှုများ တွေ့ကြုံရသည်မှာ ကောင်းပေသည်။ ကျောက်ချင်းရှန်နှင့် လီကျန်းဝေတို့သည် ပထမ (၂)နှစ်မှ (၃)နှစ်အထိ ဆုံးရှုံးမှုများ ခံနိုင်ရန် ပြင်ဆင်ထားခဲ့ကြသည်။ သို့ရာတွင် အနောက်နိုင်ငံများ၏ ဈေးကွက် အတွင်း အခြေတည်သွားသည်နှင့် ထိုဆုံးရှုံးမှုများကို နောင်တွင် ပြန်လည် ရရှိနိုင်ပေသည်။
လီဟဟနှင့် ကျန်းလီပေါင်တို့၏ ပြည်တွင်းဈေးကွက်မှ အမြတ်ငွေများသည် ငွေသားလည်ပတ်မှု ပြဿနာ မရှိစေရန် ထိန်းထားနိုင်ပေသည်။ မဟာမိတ်အဖွဲ့ရှိ ကုမ္ပဏီများတွင် ထိုင်ဝမ် အမှတ်တံဆိပ်ဖြစ်သည့် ကောင်းရှစ်ဖူနှင့် တုံကြီး တို့မှ အသံအထွက်အများဆုံး ဖြစ်သည်။ ၎င်းတို့၏ လက်ဖက်ဖျော်ရည်များသည် ဈေးကွက်တွင် ကောင်းကောင်း မရောင်းရဟု ယူဆကာ ဖုန်းယွီသည် ထိုင်ဝမ် အမှတ်တံဆိပ်ဖြစ်၍ ခွဲခြားဆက်ဆံခံရသည်ဟု ယူဆကြသည်။
၎င်းတို့အား ခွဲခြားဆက်ဆံနေသည်လော။ ဖုန်းယွီမှ ၎င်းတို့အား ခွဲခြားဆက်ဆံပါက ဤအဖွဲ့အတွင်း ဝင်ရန်ပင် အရည်အချင်း မပြည့်မီချေ။
ကောင်းရှစ်ဖူနှင့် တုံကြီးတို့သည် ၎င်းတို့၏ အသင့်စား ခေါက်ဆွဲများဖြင့် အောင်မြင်နိုင်သော်လည်း တုံကြီးသည် လက်ရှိ၌ ကမ္ဘာ့ထိပ်တန်း အသင့်စား ခေါက်ဆွဲ ကုမ္ပဏီ တစ်ခုဖြစ်သည်။ သို့ရာတွင် ထိုကုမ္ပဏီ (၂)ခု၏ ဖျော်ရည် များမှာမူ ကောင်းကောင်းအလုပ်မဖြစ်ချေ။
ကုမ္ပဏီ (၂)ခုစလုံးတွင် လက်ဖက်ရည် အဖျော်ယမကာများသာ ရှိသော်လည်း ၎င်း၏ အရသာသည် လီဟဟ၊ လီပါ့ရှစ်နှင့် ကျန်းလီပေါင် ထုတ်ကုန်များနှင့် နှိုင်းယှဉ်၍ မရချေ။ ၎င်းတို့သည် ငွေအများအပြား မသုံးရဘဲ ကုန်တိုက် များမှ ၎င်းတို့ထုတ်ကုန်များ ရောင်းချပေးချင်သည်ကိုပင် ဝမ်းသာသင့်သည်။ ကြော်ငြာများ ထည့်ပေးရန် တောင်းဆို နေကြဆဲပင်။ တစ်ပုလင်းဝယ် တစ်ပုလင်း လက်ဆောင် အစီအစဉ်၌ ပါဝင်ရန် ပြောသည့်အခါ မည်သည့်အတွက် ငြင်းပယ်ခဲ့ကြသနည်း။
ထိုကုမ္ပဏီ(၂)ခုသည် ဤအရောင်းမြှင့်တင်ရေးများတွင် မပါဝင်သဖြင့် ခံစားရသည်မှာ လီဟဟ၊ လီပါ့ရှစ်နှင့် အခြား ကုမ္ပဏီတို့ကို ပြဿနာဖြစ်စေသဖြင့် ထိုသို့ မလုပ်သင့်ချေ။
ယခုအချိန်၌ ထိုကုမ္ပဏီ (၂)ခုသည် ၎င်းတို့၏ ထုတ်လုပ်မှုကို တိုးမြှင့်ကာ တရုတ်နိုင်ငံတွင် ဈေးကွက်ဝေစု ရယူရန် စတင်တိုက်ခိုက်နေပေပြီ။ ၎င်းတို့ထုတ်ကုန်များကို မြို့ကြီးများအနီးဝန်းကျင် ခရိုင်များ၊ ကျေးရွာများ အထိ စတင်ရောင်းချခဲ့သည့်အပြင် လီဟဟ၊ လီပါ့ရှစ်တို့၏ လက်ဖက်ဖျော်ရည်များထက် (၅၀)စင့် ဈေးချ၍ ရောင်းနေ သည်။ အခြားထုတ်ကုန်များ (၂)ယွမ်ဖြင့် ရောင်းပါက ၎င်းတို့သည် (၁.၅)ယွမ်ဖြင့် ရောင်းမည်သာပင်။
ဖုန်းယွီအနေဖြင့် ထိုသို့ လုပ်နေခြင်းကို မတားနိုင်သော်လည်း ထိုကုမ္ပဏီ (၂)ခု၏ အမေရိကန် တင်သွင်းမှုများ လျှော့ချနိုင်ယုံသာ ရှိသည်။
၎င်းတို့၏ အကြောင်းပြချက်မှာ ဥရောပ ကုန်တိုက်များထိ ကုန်ပစ္စည်းများ ပေးပို့နေရပြီး တရုတ်တွင် ဝယ်လိုအား တိုးလာသည်။ ထုတ်လုပ်မှုအပိုင်း ဆက်လက် မတိုးချဲ့နိုင်သော်လည်း နောက်လများတွင် ပြန်လည်စတင်မည်ဟု ကတိပေးထားပြန်သည်။
ထိုကုမ္ပဏီ(၂)ခုသည် အမေရိကန်တွင် ငွေမရှာနိုင်သော်လည်း တရုတ်ဈေးကွက်၌ ၎င်းတို့၏ ထုတ်ကုန်ကို ဈေးလျှော့ရောင်းခြင်းဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်၊ သိုလှောင်မှုစရိတ် နည်းပါးသဖြင့် အမြတ်အစွန်းများစွာ ရနေဆဲပင်။
အရူးများပင် မည်သို့ရွေးရမည်ကို သိပေသည်။ ၎င်းတို့လိုချင်သည်ကို ရသွားပေပြီ။ အမေရိကန်နှင့် ဥရောပ ဈေးကွက်အတွင်း ဝင်ရောက်ပြီးနောက် ၎င်းတို့ရောင်းအား တိုးလာပေသည်။
ထိုကုမ္ပဏီ (၂)ခုသည် အမေရိကန်ဈေးကွက်ကို စောင့်ကြည့်ချင်နေသည်။ ကြော်ငြာမပါဘဲ တန်းတူ ရောင်းချရပါက အမြတ်အစွန်းများ ရမည်မဟုတ်ပေလော။
ရောင်းအား တိုးနိုင်လေ ကောင်းလေပင်။
ထိုကုမ္ပဏီ(၂)ခု လုပ်ဆောင်နေသည်မှာ အရာရာ ခွဲထွက်ရန်ပင်။ ၎င်းတို့သည် ကုန်အမှတ်တံဆိပ် ထိတွေ့မှုကို ခံစားချင်သော်လည်း ကြော်ငြာစရိတ်ပေးဆောင်ရန်မူ ငြင်းဆန်၍ ဆုံးရှုံးမှုး နည်းပါးစေရန် ပို့ကုန် လျှော့ချကြသည်။ ထိုနည်းအားဖြင့် ပြည်ပဈေးကွက်တွင် ၎င်းတို့၏ အမှတ်တံဆိပ် သတိထားမိနိုင်မှု တိုးလာပေလိမ့်မည်။
နာမည်ကြီး အမှတ်တံဆိပ်များအပြင် ၎င်းတို့၏ ထုတ်ကုန်များကို ထိန်းထားခြင်းအားဖြင့် အမှတ်တံဆိပ် သတိထားမိမှု တိုးလာမည်မှာ သေချာပေသည်။
ချုပ်ဆိုထားသော မဟာမိတ်သဘောတူညီချက်ကို အခြေခံကာ ထောက်ပံ့မှု အမှီမလိုက်နိုင်သည့် ကုမ္ပဏီများသည် အမေရိကန်နှင့် ဥရောပဈေးကွက်မှ နှုတ်ထွက်ရပေမည်။ သို့ရာတွင် ကောင်းရှစ်ဖူနှင့် တုံကြီးတို့ စည်းကမ်းများ မလိုက်နာဘဲ အဖွဲ့မှ မနှုတ်ထွက်ချင်ကြချေ။
ဖုန်းယွီ ထိုကုမ္ပဏီ (၂)ခုကို ဒေါသထွက်သွားသည်။ ထိုကုမ္ပဏီ (၂)ခုကို သတိပေးသင့်ပြီဟု ယူဆလိုက်သည်။ ဈေးကွက်အတွင်း၌ လက်ဖက်ဖျော်ရည် အများအပြား ရှိပေသည်။ ထိုကုမ္ပဏီ(၂)ခု စည်းကမ်းမလိုက်နာသည့် အတွက် တရုတ်ပြည်မှ ၎င်းတို့ထုတ်ကုန်များကို တိုက်ခိုက်ခြင်းအတွက် အပြစ်မတင်သင့်ချေ။
ဖုန်းယွီသည် ကျောက်ချင်းရှန်နှင့် လီကျန်းဝေတို့အား ခေါ်လိုက်သည်။ ကောင်းရှစ်ဖူနှင့် တုံကြီးတို့ကို သတိပေးခိုင်း လိုက်သည်။ လိုအပ်သည့် ကုန်စည်ပမာဏ ပို့ဆောင်မည်လော၊ အနောက်နိုင်ငံများ ဈေးကွက်မှ ထုတ်ပယ်ကာ လျော်ကြေးများ ပေးဆောင်ရမည် ဖြစ်သည်။
ဖုန်းယွီသည် ထိုကုမ္ပဏီ(၂)ခုကို မတိုက်ခိုက်မှီ ကိုကာကိုလာ ကုမ္ပဏီကြီး (၂)ခုမှ စတင်၍ လက်တုံ့ပြန်လာပေပြီ။
--------**$$^$$**--------