ပြောရေးဆိုခွင့်ရှိသူ
Vol. 56 Ch. 837
“ကိုကာကိုလာက အမေရိကန် အိုလံပစ် အားကစားပြိုင်ပွဲမှာ စပွန်ဆာပေးမှာပါ.. (၁၉၂၈)ခုနှစ်ကတည်းက ကိုကာကိုလာအနေနဲ့ အိုလံပစ် အားကစားပြိုင်ပွဲမှာ စပွန်ဆာ ပေးထားတာပါ..”
“ပက်ပ်စီက ကျုပ်တို့ ဘောလုံးအားကစားသမားတွေနဲ့ ဘတ်စကက်ဘော ထိပ်တန်း ကြယ်ပွင့်တွေကို ပြောရေးဆိုခွင့် ရှိသူအဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်”
“ကိုကာကိုလာ သောက်ပြီး အိုလံပစ် အားကစားပွဲ လက်မှတ်တွေ ရယူလိုက်ပါ..”
“ပက်ပ်စီ သောက်ပြီး အိုလံပစ် အားကစားပွဲရဲ့ အမှတ်တရ လက်ဆောင်တွေ ရယူလိုက်ပါ..”
*********
ကိုကာကိုလာနှင့် ပက်ပ်စီတို့သည် အတ္တလန္တာ အိုလံပစ် အားကစားပြိုင်ပွဲအား ဆောင်ပုဒ်အဖြစ် အသုံးချ၍ အသည်းအသန် ကြော်ငြာနေကြသည်။
ယခုနှစ်အတွင်း အတ္တလန္တာ အိုလံပစ်ပြိုင်ပွဲအား ကမ္ဘာတစ်ခုလုံးမှ အာရုံစိုက်လာမည် ဖြစ်သည်။ ကိုကာကိုလာ ကုမ္ပဏီသည် အိုလံပစ်အားကစားပွဲများတါင် လုံလောက်စွာ ကြော်ငြာနိုင်ပါက အားလုံး သတိထားမိသွားပေလိမ့်မည်။
မြောက်အမေရိက၏ ကြော်ငြာခများသည် ယခုနှစ်၌ တိုးမြင့်လာကာ အဖျော်ယမကာ ကုမ္ပဏီကြီး (၂)ခုသည် တရုတ်အဖျော်ယမကာများကို တိုက်ခိုက်ရန် ပထမဆုံး အသုံးချလိုက်ခြင်းပင်။ မိမိတို့ နယ်မြေပေါ်၌ လာ၍ ဒုက္ခများ ပေးရဲသည်လော။ မမေ့နိုင်လောက်သည့် သင်ခန်းစာများ ပေးရပေမည်။
“မန်နေဂျာဖုန်း.. ကိုကာကိုလာနဲ့ ပက်ပ်စီတို့တွေ ကြော်ငြာတွေ မြှင့်ထားပြီး ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့ နာမည်ကျော်အားကစားသမား တော်တော်များများနဲ့ လက်မှတ်ထိုးထားတယ်.. အိုလံပစ် အားကစားပွဲပြီးရင် သူတို့ ထုတ်ကုန်တွေကလဲ အဲ့အားကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် အခြေခံပြီး တိုးလာလိမ့်မယ်.. သူတို့နဲ့ ဆက်ဆံရေးတစ်ခုခု လုပ်ထားလိုက်ရမလား..”
လင်းချီရှု မေးလိုက်သည်။
“ဒါပေါ့ .. အားကစားသမားတွေနဲ့လဲ လက်မှတ်ထိုးရမယ်.. ဒီနှစ် အိုလံပစ် အားကစားပွဲကြောင့် အားကစား သမားတွေရဲ့ တန်ဖိုး တိုးလာလိမ့်မယ်.. အမေရိကန်က အပြေးသမား မိုက်ကယ်ဂျွန်ဆင် နဲ့ ဘတ်စကက်ဘောသမား ဂရန့်ဟေး တို့လို နာမည်ကြီး အားကစားသမားတွေဆီသွားပြီး ဈေးနှုန်း စုံစမ်းကြည့်လိုက်..”
တရုတ်နိုင်ငံ၌ အားကစားသမားများ၏ စီးပွားရေးဆိုင်ရာ တန်ဖိုးကို မည်သူမျှ သတိမထားမိကြသော်လည်း အမေရိကန် အားကစားသမားများသည် အလွန်တန်ဖိုးရှိပေသည်။ ကမ္ဘာကျော် အားကစားသမား တစ်ယောက်၏ ဈေးကွက်တန်ဖိုးမှာ အလွန်မြင့်ပေသည်။
ရွေးချယ်ရန် အားကစားသမား များစွာရှိသော်လည်း တစ်ကမ္ဘာလုံးတွင် လက်တစ်ဆုပ်စာမျှသာ ဩဇာလွှမ်းမိုးနိုင်ပေသည်။ လက်ရှိ ဘောလုံးသည် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံး အားကစား ဖြစ်သော်လည်း လင်းချီရှုမှ ပက်ပ်စီသည် ဘောလုံး ကြယ်ပွင့်များစွာ ခေါ်ထားကြောင်း ဖုန်းယွီအား ပြောထားသည်။ နာမည်ကြီး ဘောလုံးသမားအားလုံးနီးပါးကို ပက်ပ်စီ လက်မှတ်ရေးထိုး စာချုပ် ချုပ်ထားသည်။
အားကစားသမားများအနေဖြင့်လည်း ၎င်းတို့ ပုံရိပ်ကို ဂရုစိုက်ရမည်ဖြစ်သည်။ ရုပ်ရည်ကောင်းမွန်သည့် အားကစား သမားများသည် ရုပ်ရည်မသန့်သူများထက် စီးပွားရေး တန်ဖိုးမြင့်ပေသည်။ ရော်နယ်ဒင်ဟိုနှင့် အိုဝင်တို့မှာ ထောက်ခံမှု သိပ်မရချချေ။ ၎င်းတို့ အရည်အချင်းကြောင့်လော။ ရော်နယ်ဒင်ဟို၏ ကလပ်မန်နေဂျာမှ သူ့ဂျာစီကို ပရိသတ်များ မဝယ်ချင်ကြောင်း ပြောဖူးပေသည်။
လူမည်းအားကစား သမားများအတွက် ကြီးမားသည့် ထောက်ခံချက် စာချုပ်များ ရရှိရန် ခက်ခဲပေသည်။ လူမည်း အားကစား သမားများ’သည် လူမြူ အားကစားသမားများနှင့် နှိုင်းယှဉ်ပါက ဩဇာနိမ့်ပါးပေသည်။ လူမြဖူ အားကစား သမားများသည် ရုပ်ရည် ချောမောရမည် ဖြစ်ကာ၊ သို့မဟုတ်ပါက တန်ဖိုး နိမ့်ကျပေလိမ့်မည်။
တစ်ရက်အကြာ၌ လင်းချီရှုသည် သတင်းဆိုးတစ်ခုဖြင့် ဖုန်းယွီထံ ပြန်လာသည်။ အမေရိကန် အပြေးသမား မိုက်ကယ်ဂျွန်ဆင်နှင့် ဘတ်စကက်ဘော ကစားသမား ဂရန့်ဟေးကို ကိုကာကိုလာမှ စာချုပ် ချုပ်ဆိုသွားပေပြီ။
ဖုန်းယွီ ပစ်မှတ်ထားသည့် အခြားအားကစားသမားများမှာလည်း ရယ်စရာကောင်းလောက်သည်အထိ ဈေးကြီးလွန်း လှပေသည်။ ထိုထောက်ခံချက်သည် တရုတ်ထုတ်ကုန်များအတွက် ဖြစ်ကြောင်း သိသည်နှင့် လက်မခံချင်ကြချေ။ ထို အားကစားသမားများသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်ကာ အကောင်းဆုံး ထုတ်ကုန်များကိုသာ ထောက်ခံ ချင်ကြသည်။
အကယ်၍ ကိုကာကိုလာသည် ထိုအားကစားသမားများကို ခေါ်ချင်ပါက ၎င်းတို့၏ အခကြေးငွေမှာ တစ်နှစ်လျှင် ကန်ဒေါ်လာ (၁)သိန်းခန့်သာ ကျသင့်မည် ဖြစ်သော်လည်း တရုတ်အဖျော်ယမကာများအား ထောက်ခံရပါက အနည်းဆုံး ကန်ဒေါ်လာ (၁)သန်းလောက်ထိ တောင်းနေကြသည်။
ထိုအားကစားသမားများသည် တရုတ်ထုတ်ကုန်များကို ထောက်ခံအားပေးပါက ၎င်းတို့ပုံရိပ်နှင့် တန်ဖိုး ထိခိုက်လိမ့် မည်ဟု ယူဆထားကြသည်။
တစ်နည်းအားဖြင့် ထိုအားကစားသမားများသည် တရုတ်ထုတ်ကုန်များကို နှိမ့်ချထားပေသည်။ စာတမ်းများ၌ တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုနှင့် တရုတ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန် မြင့်တက်လာခြင်း အကြောင်း အစီရင်ခံထားသော်လည်း ဆောင်းပါးများတွင် တရုတ်ထုတ်ကုန်များသည် အမေရိကန် ထုတ်ကုန်များထက် နိမ့်ကျ ကြောင်း အလေးပေး ဖော်ပြတတ်ကြသည်။
“အဲ့ အားကစားသမားတွေ အကုန်လုံး ဈေးလျော့မပေးချင်ကြဘူးပေါ့…”
ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်သည်။
ဖုန်းယွီသည် ယခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးမည့် ဝမ်ကျင်းရှ၊ ဖူမင်ရှ၊ ထန့်ယာဖျင် အစရှိသည့် တရုတ်အားကစားသမား အနည်းငယ်ကိုသာ လက်မှတ်ရေးထိုးထားသော်လည်း အမျိုးသမီး အားကစား သမားများသည် အမျိုးသား အားကစားသမားများလောက် ဩဇာညောင်းခြင်း မရှိချေ။ တရုတ်အမျိုးသား အားကစား သမား (၃)ယောက်ဖြစ်သည့် လီရှောင်ရှန်း၊ လျိုကောင်းလင်နှင့် ကောင်းလင်းကျင် တို့ကိုသာ လက်မှတ် ရေးထိုးထားခဲ့သည်။
ထိုအားကစားသမားများသည် ထုတ်ကုန်များစွာကို ထောက်ခံထားပြီး ၎င်းတို့အားလုံးမှာ ဖုန်းယွီ၏ ကုမ္ပစီများမှ ဖြစ်ပေသည်။
ယခုနှစ် အားကစား ပြိုင်ပွဲတွင် အခြားသော တရုတ်ရွှေတံဆိပ်ဆုရှင်များ ရှိသော်လည်း ဖုန်းယွီ အနေဖြင့် မည်သူ ဖြစ်ကြောင်း မမှတ်မိချေ။ ဖုန်းယွီသည် ရုပ်ရည်ပြေပြစ်ကာ အိုလံပစ် ပြိုင်ပွဲများတွင် ရွှေတံဆိပ်များ ထပ်မံ ဆွတ်ခူးနိုင်မည် ဖြစ်၍ ဖူမင်ရှ နှင့် ကောင်းလင်းကျင် တို့အား နှစ်ရှည်ထောက်ခံချက် စာချုပ်များ ကမ်းလှမ်းခဲ့သည်။
ပြည်ပဈေးကွက်တွင် တရုတ်အားကစားသမားများ၏ ကုန်သွယ်ရေးတန်ဖိုးသည် အနောက်နိုင်ငံမှ အားကစားသမား များနှင့် နှိုင်းယှဉ်၍ မရချေ။
ဘတ်စကက်ဘော၊ ဘောလုံး၊ တာဝေးပြေးနှင့် ဘေ့စ်ဘော အားကစားသမားများသည် ဩဇာအရှိဆုံးဖြစ်ပြီး ထိုအားကစားအမျိုးအစားများမှ အားကစားသမားများသည် တန်ဖိုးအမြင့်ဆုံးဖြစ်သည်။
ဖုန်းယွီသည် ထိပ်တန်း အားကစားသမားများအတွက် ထောက်ခံချက်ကြေးများ ဈေးကြီးမှန်း သိထားကာ ဝန်ဆောင်ခ ကြိုတောင်းလေ့ရှိကြသည်။ သို့ရာတွင် ထိုအားကစားသမားများသည် ကုန်ပစ္စည်းမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိလိုက်သည်နှင့် ဈေးနှုန်းမြှင့်တင်ပစ်လိမ့်မည်ဟု ထင်မထားချေ။
“အဲ့ကုမ္ပဏီ (၂)ခုက ဘောလုံးနဲ့ ဘတ်စကက်ဘော က ဘယ်အားကစားသမားတွေနဲ့ လက်မှတ်ထိုးထားလဲ.. ကျန်တဲ့ အားကစားသမားတွေရဲ့ ဈေးနှုန်းတွေ မင်းမှာ ရှိလား..”
ဖုန်းယွီ ပြန်မေးလိုက်သည်။ လူသိနည်းသော အားကစားသမားများကို ရွေးချယ်ယုံမှလွဲ အခြားနည်းလမ်း မရှိတော့ ချေ။
လင်းချီရှုသည် စာရင်းစာရွက်ကို ထုတ်ကာ ကိုကာကိုလာ၊ ပက်ပ်စီနှင့် အခြားသော အဖျော်ယမကာ ကုမ္ပဏီများ လက်မှတ်ရေးထိုးထားသည့် အားကစားသမားများကို ပြပေးလိုက်သည်။
လက်မှတ်မထိုးရသေးသည့် အားကစားသမားများသည်လည်း ၎င်းတို့ နှုန်းထားများအား ဆွေးနွေးထားကြပုံပင်။ အားလုံးမှ ကန်ဒေါ်လာ (၁)မီလီယံ တောင်းကြသည်။
နောက်နေကြသည်လော။ ယနေ့ခေတ် ဘတ်စကက်ဘော ကြယ်ပွင့်များနှင့် ဘောလုံကြယ်ပွင့်များ၏ နှစ်စဉ် လုပ်အားခမှာ အလွန်နည်းပါးပေသည်။ ထို့အပြင် ထိုအဖျော်ယမကာများသည် အားကစားအချိုရည်များ မဟုတ်ချေ။ မည်သည့်အတွက် ထိုမျှ ဈေးနှုန်း မြှင့်တောင်းနေကြသနည်း။
“ဘတ်စကက်ဘော ကစားသမားတွေက နည်းနည်း ဈေးသက်သာသေးတယ်.. ဘောလုံးကြယ်ပွင့်တွေက တော်တော်ပိုတယ်.. ကိုကာကိုလာ အချိုရည်တွေက ရိုးတွင်း သတ္ထုသိပ်သည်းဆ လျော့ချနိုင်လို့ အားကစားသမား တွေက ကိုကာကိုလာရော ပက်ပ်စီရောက် သောက်လို့မရဘူး..”
လင်းချီရှု ဒေါသတကြီး ပြောလိုက်သည်။
ကျန်းလီပေါင်သည် အားကစား အချိုရည်ဖြစ်ပြီး ချီလီသည် အားကစားသမားများအတွက်လည်း သင့်တော် ပေသည်။ ထိုအားကစားသမားများသည် မိမိတို့ မသောက်နိုင်သည့် အဖျော်ယမကာများကို ထောက်ခံနေကြသည်။ ဖုန်းယွီသည် ၎င်းတို့ ပရိသတ်များ မည်သို့ တွေးနေကြောင်း အံ့ဩမိနေသည်။
ဘောလုံးအားကစားသမားများလော။ မှန်ပေ၏။ ထိုအသင်းကို မည်သို့ မေ့ထား၍ ရမည်နည်း။
“ဘရာဇီးလ်ဘောလုံးအသင်းမှာ အားကစားသမား အများစုကို ပက်ပ်စီ လက်မှတ်ထိုးထားတယ်လို့ မင်းပြောတယ်နော်..”
ဖုန်းယွီမေးလိုက်သည်။
“ဟုတ်တယ်.. အရန်တွေနဲ့ အမည်မသိသေးတဲ့ အားကစားသမား တစ်ချို့တော့ လက်မှတ်မထိုးကြဘူး.. ဘရာဇီးလ်အသင်းက အားကစားပွဲမှာ ရွှေတံဆိပ်ရရင် သူတို့တွေ နာမည်ကြီးလာလောက်တယ်..”
“မဟုတ်ဘူး.. ဘရာဇီးလ် အသင်းက ဘယ်သူ့ကိုမှ မခေါ်ဘူး.. နိုင်ဂျီးရီးယား အသင်းနဲ့ လက်မှတ်ထိုးရမှာ..”
ဖုန်းယွီ ရယ်မောလိုက်သည်။
“ဘယ်အသင်း.. နိုင်ဂျီးရီးယားလား.. အဲ့ဒါ အာဖရိက အသင်းလား.”
လင်းချီရှု မေးလိုက်သည်။ ဘရာဇီးလ်အသင်းမှ အားကစားသမားများအား ခေါ်ယူနိုင်ခြင်း မရှိသော်လည်း ပေါ်တူဂီ၊ အာဂျင်တီးနားနှင့် အခြားအသင်းများ ရှိသေးပေသည်။ ထိုအားကစားသမားများသည် အခကြေးငွေ ပိုပေးရနိုင်သော်လည်း နာမည်ကြီး ဘောလုံးကြယ်ပွင့်များ ဖြစ်သည်။ နိုင်ဂျီးရီးယာ တွင် ဘာရှိမည်နည်း။
“သူတို့က အာဖရိကကပဲ.. နောက်ဆုံး သူတို့တွေ အာဖရိကဖလား ချန်ပီယံတွေဆိုတာ မင်းမသိလို့ပါ.. ကမ္ဘာ့ ထိပ်တန်း ဘောလုံးအသင်း (၁၆)သင်းထဲက တစ်သင်းဆိုလဲ ဟုတ်တယ်.. အဲ့အသင်းကို သွားပြီး ဆက်သွယ်လိုက်.. အဲ့အသင်းက ထိပ်တန်း ကစားသမားတွေအားလုံးကို ခေါ်ချင်တယ်..”
ပက်ပ်စီသည် ဘရာဇီးလ်အသင်းမှ အားကစားသမားများကို ခေါ်ထားသည်လော။ စိတ်ဝင်စားစရာ ကောင်းပေ လိမ့်မည်။ နိုင်ဂျီးရီးယားသည် ယခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲ၌ ဘရာဇီးလ်ကို အနိုင်ရပေလိမ့်မည်။
ဘရာဇီးလ် အသင်းအပေါ် နိုင်ဂျီးရီးယာ အနိုင်ရစဉ် ပက်ပ်စီမှလူများ၏ မျက်နှာ အမူအရာတို့ကို စိတ်ကူးဖြင့် ပုံဖော်မိကာ ဖုန်းယွီ ရယ်မောလိုက်သည်။
--------**$$^$$**--------