အဆုံးမဲ့ ဒုက္ခများ
Vol. 56 Ch. 839
“အဘိုးကြီးကျား.. အခု ထိုင်ဝမ်နဲ့ ကျုပ်တို့ ဆက်ဆံရေး ဘယ်လောက်ထိ တင်းမာနေလဲ မင်းမသိဘူးလား.. ဒီကိစ္စ ထုတ်လွှင့်ဖို့ မင်းကို ဘယ်သူ ပြောတာလဲ..”
ပြန်ကြားရေးဌာန အကြီးအကဲသည် စားပွဲကို စောင့်ကန်ရင်း မေးလိုက်သည်။
“ခေါင်းဆောင် .. ကျုပ်တို့ ဒီကိစ္စ သတင်းမတင်ရင်တောင် ကျုပ်တို့ ဆက်ဆံရေး တိုးတက်လာမှာမို့လား.. ထိုင်ဝမ်က ဘယ်လောက် မောက်မာတယ်ဆိုတာ လူတိုင်းသိနေတာပဲ.. သူတို့ကိုယ်သူတို့ အမေရိကန်ဆီ ပုံချပြီး ကျုပ်တို့ကို သစ္စာဖောက်ထားတာလေ..”
ဌာနမှူးကျား ပြန်ပက်လိုက်သည်။
“မင်းကလဲကွာ.. ငါ့ကို အဲ့လောက် တင်းတင်းမာမာ ပြောဖို့ မလိုပါဘူးဟ..”
“မင်းကို တင်းလို့ မဟုတ်ဘူး.. အမှန်အတိုင်းပဲ သတင်းတင်လိုက်တာ.. အဲ့ ထိုင်ဝမ်ကုမ္ပဏီတွေကို သူတို့လုပ်ချင်တာ လုပ်ခွင့်ပေးရမယ်လို့ မင်းပြောနေတာလား..”
ဌာနမှူးကျား တုန်ရီနေသည်အထိ ပြန်ပြောလိုက်သည်။
“အဘိုးကြီးကျား.. ဒီကိစ္စ အမှန်တရား ဖြစ်နေရင်တောင် တခြား ရှုထောင့်တစ်မျိုးနဲ့ ပုံဖော်လို့ ရတယ်လေ.. မင်းဘာလုပ်ရမယ်ဆိုတာ သိသင့်ပါတယ်ကွာ..”
“ခေါင်းဆောင်.. ကျုပ်တို့ တခြားရှုထောင့်ကနေ သတင်းတင်လို့ရတယ်ဆိုတာ ကျုပ်သိတယ်.. ဒါပေမယ့် အဲ့လို လုပ်လိုက်ရင်ရော ကျေးဇူးတင်မှာလား.. သူတို့က အမေရိကန်ကနေ လက်နက်တွေဝယ်ဖို့ ငါတို့ဆီမှာ ငွေရှာနေတာ.. စီးပွားရေးအရ ဖိနှိပ်သင့်တယ်လို့ ငါထင်တယ်.. ငါတို့အတွက် ပြဿနာ မဖြစ်အောင် ကြိုကာသင့်တယ်လေ..”
ဌာနမှူးကျား ဒေါသတကြီး ပြောနေပေသည်။
ဌာနမှူးကျားအား ဖုန်းယွီ သင်ပေးထားခြင်းပင်။ ဖုန်းယွီ၏ ယခင်ဘဝတွင် ရုရှားသည် သူနယ်မြေကို မည်သို့ ချဲ့ထွင်ခဲ့သနည်း။ ၎င်းတို့သည် ပတ်ဝန်းကျင်နိုင်ငံများ၏ စီးပွားရေး ပြိုလဲစေကာ ရုရှားနှင့် ပေါင်းစည်းရန်မှလွဲ၍ ရွေးချယ်စရာ မရှိအောင် တွန်းအားပေးခဲ့သည်။ သို့ရာတွင် ရုရှားအစိုးရသည် နောက်ကွယ်တွင် ရှိကြောင်း လူတိုင်း သိပေသည်။
ထိုင်ဝမ်အပေါ် တရုတ်မှ မည်သို့ ဆက်ဆံသင့်သနည်း။ ရုရှားလို လုပ်၍ရနိုင်ပေသည်။ လက်ရှိ၌ ထိုင်ဝမ်၏ အဓိက စီးပွားရေး ပံ့ပိုးမှုမှာ မည်သို့နည်း။ ထုတ်ုလုပ်ခြင်း၊ ရောင်းဝယ်ခြင်း တို့နောက်တွင် လျှပ်စစ် ပစ္စည်းနှင့် ဖျော်ဖြေရေး လုပ်ငန်းများ၊ မိုက္ခရိုချစ်ပ် လုပ်ငန်းများသည် ထိုင်ဝမ်၏ အဓိက ဝင်ငွေ အရင်းအမြစ် တစ်ခုဖြစ်ပေသည်။
ထိုင်ဝမ်၏ ဖျော်ဖြေရေးသည် ကျဆင်းသွားခဲ့သည်။ ပြိုကျမသွားခြင်း မဟုတ်သော်လည်း တရုတ်အနုပညာရှင်များ ကျော်တက်သွားပေလိမ့်မည်။ တရုတ်ဖျော်ဖြေရေး မြင်ကွင်းသည် အနာဂတ်တွင် အာရှတစ်ခွင် ကျော်ကြားမည် ဖြစ်ပြီး ကိုရီးယားနိုင်ငံတစ်ခုသာ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ထိုင်ဝမ်၏ ကုန်သွယ်ရေးမှုမှာလည်း ကျဆင်းနေကာ ထိုင်ဝမ်ထုတ်လုပ်သူများသည် တရုတ်နိုင်ငံသို့ ဖြည်းဖြည်းချင်း ကူးပြောင်းလာကြသည်။ ထိုင်ဝမ်သည် အလွန်သေးငယ်ကာ တရုတ်၏ လုပ်အားနှင့် မြေများမှာ အလွန်သက်သာ ပေသည်။ တရုတ်အစိုးရသည် ထိုင်ဝမ်ထုတ်လုပ်သူများအား ထောက်ပံ့ကြေး များစွာ ပေးထားပေသည်။
နောက်တစ်မျိုးမှာ လျှပ်စစ်လုပ်ငန်းနှင့် မိုက္ခရိုချစ်ပ် လုပ်ငန်းပင်။ ဖုန်းယွီသည် လျှပ်စစ် စက်မှုလုပ်ငန်းတွင် ပါဝင်နေကာ ထိုင်ဝမ်ကုမ္ပဏီများကို ကြီးပွားမည့် အခွင့်အရေး ပေးမည် မဟုတ်ချေ။ မိုက္ခရိုချစ်ပ်များအတွက် ဖုန်းယွီသည် (၁၉၉၇)ခုနှစ် နောက်ပိုင်းတွင် မိုက္ခရိုချစ်ပ် စက်ရုံများ၌ ရင်းနှီးမြုပ်နှံရန် စီစဉ်ထားသည်။ ထိုင်ဝမ်စီးပွားရေး ကျဆင်းစေချင်ပေသည်။
ဖုန်းယွီ၏ ယခင်ဘဝတွင် ထိုင်ဝမ်၌ ပျမ်းမျှဝင်ငွေသည် တရုတ်နိုင်ငံထက် မြင့်မားကာ စီးပွားရေးမှာလည်း ကောင်းမွန်သဖြင့် ထိုင်ဝမ်ကို အောင်မြင်စေပေသည်။ လက်ရှိဘဝတွင်မူ ထိုသို့ အခွင့်အရေး ပေးမည် မဟုတ်ချေ။
သို့အတွက် ဖုန်းယွီသည် ထိုကိစ္စများကို ဌာနမှူးကျားအား ပြောပြကာ သူ့ကို ထောက်ခံစေလိုက်သည်။ အကယ်၍ CCTV မှ ထိုင်ဝမ်ကုမ္ပဏီများ၏ ကြော်ငြာများကို မထုတ်လွှင့်ပါက ထိုင်ဝမ်ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် ကြီးထွားလာနိုင်မည် မဟုတ်ချေ။ ဤသည်က စီးပွားရေးကို သိသိသာသာ ထိခိုက်စေပေလိမ့်မည်။
ဖုန်းယွီ မည်သို့လုပ်မည်နည်း။ အလွန်ရိုးရှင်းပေသည်။ CCTV ၏ ကြော်ငြာကွက်များ လေလံဆွဲခြင်းကို ပိတ်ထားပြီး ထိုင်ဝမ်ကုမ္ပဏီများ လေလံဆွဲသည့် ကြော်ငြာကွက်အားလုံးကို ဖုန်းယွီ ဝယ်ယူမည်ဖြစ်သည်။ ထိုကြော်ငြာကွက် များအတွက် CCTV မှ အပိုဝန်ဆောင်မှု ပေးအုံးမည်ဖြစ်သည်။ ဖုန်းယွီထံ၌ ကုမ္ပဏီများနှင့် ထုတ်ကုန်များစွာရှိပြီး ကြော်ငြာရန်အတွက် ထိုကြော်ငြာကွက်များ လိုအပ်ပေသည်။
ထိုနည်းဖြင့် ထိုင်ဝမ်ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်ကုန်များကို တရုတ်နိုင်ငံတွင် ဈေးကွက်တင်ရန် ခက်ခဲ ပေလိမ့်မည်။ ဖုန်းယွီသည် ထိုင်ဝမ်အား တရုတ်နိုင်ငံသို့ မှီခိုထားကာ အခြားစီးပွားရေး နည်းလမ်းများ အသုံးပြုရ ပေလိမ့်မည်။
“စိတ်မဆိုးပါနဲ့ကွာ.. အဘိုးကြီးကျား အရမ်း တုန်တက်မနေနဲ့.. ထိုင်ဝမ်ရဲ့ စီးပွားရေးကို ဖိနှိပ်ထားချင်လား.. အဲ့ဒါ လွယ်တယ်များ ထင်နေလား.. ငါတို့တွေ ဘယ်လို ဖိနှိပ်နိုင်မှာလဲ.. အခု ဒီကိစ္စ ငါ ခွင့်ပြုလိုက်မယ်.. ဒါပေမယ့် နောက်ဆို ထိလွယ်ရှလွယ် သတင်းတွေ ထုတ်လွှင့်တာ ရှောင်ဖို့ မင်းသတိထားရမယ်..”
ရုံးခန်းအတွင်းမှ ထွက်လာပြီးနောက် ဌာနမှူးကျား သက်ပြင်းချလိုက်သည်။ ထိုင်ဝမ်နှင့် လက်တွဲ၍ တရုတ်နိုင်ငံသို့ လိုလိုလားလား ပြန်လာစေရန် ဆိုပါက ယခုသတင်းကို ထုတ်ပြန်မည် မဟုတ်ချေ။ ယခုမူ စိတ်ဆိုးနေ၍ မရချေ။ သဘာဝတရား လမ်းကြောင်းပေါ်၌သာ ရှိပါစေတော့။
*********
“အဘိုးကြီးကျောက်.. CCTV သတင်း အစီအစဉ်က အချက်အလက်တွေကို မင်းဘယ်ပြောလိုက်တာလဲ….”
အဖျော်ယမကာလုပ်ငန်းအသင်းဥက္ကဋ္ဌ ကျူးရှန်ယင် မေးလိုက်သည်။
“ဥက္ကဋ္ဌ ကျုပ်အမှားပြောမိလိုက်လို့လား..”
ကျောက်ချင်းရှန် ပြန်ပြောလိုက်သည်။
“အဘိုးကြီးကျောက် ဒါက စည်းမျဉ်းစည်းကမ်းပဲလေ.. သူတို့က ထိုင်ဝမ်ဆိုပေမယ့် ငါတို့ တရုတ်လူမျိုးတွေပဲလေ..”
“သူတို့ကိုယ်သူတို့ တရုတ်လူမျိုးလို့ ယူဆရင် စာချုပ်တောင် ချိုးဖေါက်မှာမဟုတ်ဘူး..”
ကျောက်ချင်းရှန်အနေဖြင့် ဥက္ကဋ္ဌကျူးသည် ထိုင်ဝမ်ကုမ္ပဏီ(၂)ခုဘက်၌ ရပ်တည်နေကြောင်း ပြောနိုင်ပေသည်။ ထိုကုမ္ပဏီ(၂)ခုအား မဟာမိတ်တွင် ပူးပေါင်းပါဝင်ရန် တွန်းအားပေးသူလည်း ဖြစ်ပေသည်။ သို့မဟုတ်ပါက ယခုအတိုင်းအတာ အမှတ်တံဆိပ် အသိအမြင်မျှဖြင့် အရည်အချင်းပြည့်မီမည် မဟုတ်ချေ။
“ကောင်းပြီ.. အဘိုးကြီးကျောက်.. ငါ့ကို ရွဲ့ပြောမနေပါနဲ့.. မင်းတို့တွေ အဲ့ကုမ္ပဏီ(၂)ခုကို ပေးရမယ့် ငွေတွေ ထိန်းထားတယ်လို့ ငါကြားထားတယ်.. ဘယ်လိုဖြစ်တာလဲ..”
ကျူးရှန်ယင် မေးလိုက်သည်။
“သူတို့က စာချုပ်ကို ဖောက်ဖျက်ထားမှတော့ စာချုပ်ပါ စည်းကမ်းချက်တွေအတိုင်း လုပ်ရုံပဲလေ.. ပြဿနာရှိ လို့လား.. သူတို့တွေ တရားရုံး တက်ချင်ရင် ကျုပ်တို့ လျော်ကြေးငွေတောင် ပိုရအုံးမယ်..”
ထိုကုမ္ပဏီ (၂)ခုသည် (၁)သန်းသာ ပေးထားသည်။ (၁)သန်းဆိုသည်မှာ ကုန်တိုက်ခွဲများသို့ ဝင်ရောက်ရန် မလုံလောက်ချေ။ ၎င်းတို့ ထုတ်ကုန်များအား အကောင်းဆုံး နေရာတွင် ထည့်သွင်းမထားသကဲ့သို့ တိုင်ကြား ချက်များ ထွက်နေကာ သတင်းစာမှ ၎င်းတို့၏ ထုတ်ကုန်များအကြောင်း ကြော်ငြာခြင်းမပြုခြင်း စသည်ဖြင့် ဈေးကွက် ရှာဖွေရေး အခကြေးငွေများကို မပေးချေဘဲ ကြော်ငြာများတွင် ပါချင်နေသည်လော။
“အဘိုးကြီးကျောက်.. အားလုံးက အဖျော်ယမကာလုပ်ငန်း အသင်းဝင်တွေပဲလေ.. သူတို့ဆိုတာ ထိုင်ဝမ်က ငါတို့ လုပ်ဖော်ကိုင်ဖက်တွေပဲ.. မင်းလဲ သူတို့အပေါ် စေတနာလေး ထားသင့်တယ်.. သူတို့တွေ ထုတ်လုပ်ရေးပိုင်းမှာ အခက်အခဲရှိလို့နေမှာပေါ့..”
“အခက်အခဲလား.. ဘာအခက်အခဲတုန်း.. တစ်ခုက ထိုင်ဝမ်မှာ အကြီးဆုံး စားသောက်ကုန် ထုတ်လုပ်ရေး ကုမ္ပဏီလေ.. နောက်တစ်ခုက တရုတ်နိုင်ငံမှာ ရောင်းအားအကောင်းဆုံး ခေါက်ဆွဲခြောက် ကုမ္ပဏီ.. သူတို့ ဝင်ငွေ ဘယ်လောက်ထိ ရနေတယ်ဆိုတာ မသိဘူးထင်လို့လား.. ငွေကြေးဆိုင်ရာ ပြဿနာ ရှိမှာတဲ့လား.. ကျုပ်တို့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားနေကြတာလေ..”
ကျန်ကုမ္ပဏီများမှလည်း ထိုထိုင်ဝမ်ကုမ္ပဏီ(၂)ခုသည် ညွှန်ကြားချက်များကို ဖြည့်ဆည်းပေးနိုင်ကာ မဟာမိတ် အဖွဲ့တွင် ပါဝင်နိုင်ကြောင်း ယူဆထားကြသည်။ ယခုမူ ၎င်းတို့မှ အခွင့်အရေးယူရန်ရန် သားကောင်များအဖြစ် သတ်မှတ်ကြိုးစားနေကြပေသည်။
“မင်းတို့တွေ ဆွေးနွေးပွဲတစ်ခုလုပ်ပြီး ဖြေရှင်းဖို့ ကြိုးစားသင့်တယ်.. မင်းတို့တွေ ပေးရမယ့်ငွေတွေ ဘယ်လိုလုပ် ကြာရှည် ထိန်းထားနိုင်မှာလဲ..”
ကျောက်ချင်းရှန် ပြန်ပြောတော့မည့်အချိန်တွင် ဖုန်းမြည်လာသည်။ နိုကီယာ၏ နောက်ဆုံးထုတ် ဖုန်းတစ်လုံး ထုတ်ယူကာ ဖုန်းပြန်ဖြေရန် ထွက်လာခဲ့သည်။
“မန်နေဂျာဖုန်း.. မင်းပြန်ရောက်လာပြီလား..”
ဖုန်းခေါ်လာသည်မှာ တရုတ်နံပတ်ဖြင့် ဖုန်းယွီခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
“ဟုတ်တယ်.. ကျုပ် ပေကျင်းရောက်နေတယ်.. ခင်ဗျား ဖိအားတွေနဲ့ ရုန်းကန်နေရပြီလား..”
အကယ်၍ ထိုကုမ္ပဏီ(၂)ခုသည် ထိုင်ဝမ်ကုမ္ပဏီများ မဟုတ်ပါက ဖုန်းယွီစိတ်မပူချေ။ ယခူမူ ဆုံးဖြတ်ချက်ချသူမှာ သူဖြစ်ပြီး ကျောက်ချင်းရှန်သည် သူ့အစား ဖိအားများရင်ဆိုင်ရမည်ကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။
“အေးကွာ.. အဲ့ကုမ္ပဏီ(၂)ခုက အဆက်အသွယ် တော်တော်များတာပဲ.. လူတော်တော်များများ ငါ့ကို ဖိအားပေးဖို့ လုပ်လာကြတယ်.. CCTV မှာ လုပ်လိုက်တဲ့ တွေ့ဆုံမေးမြန်းခန်းက ပြဿနာကြီး တစ်ခု ဖြစ်လာနေတယ်..”
ကျောက်ချင်းရှန် ထိုစကားပြောပြီးနောက် ကျူးရှန်ယင် ဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ ထိုလူသည် ဒုက္ခအပေးနိုင်ဆုံးဖြစ်ပြီး လီဟဟအနေဖြင့် ဆုံးရှုံးမှု ကြီးစေနိုင်ပေသည်။
“အဟား.. ဒါလဲ လီဟဟအတွက် အရမ်းကောင်းတဲ့ အရောင်းမြှင့်တင်ရေး တစ်ခုပါ.. ကြည့်ရှုသူတွေ ခင်ဗျားကို သေချာပေါက် အားပေးလိမ့်မယ်..”
ဖုန်းယွီ ရယ်မောလိုက်သေးသည်။
“မှန်ပါတယ်.. အခုတော့ ငါ ဥက္ကဋ္ဌကျူးဆီရောက်နေတာ.. သူက အဲ့ကုမ္ပဏီ (၂)ခုကို ကူညီချင်နေတာ.. ပြီးနော့ သူ့ကြောင့် အားကစား စီမံခန့်ခွဲရေးနဲ့ ချီလီစပွန်ဆာ သဘောတူချက်တွေ ဖျက်သိမ်းလိုက်ရတယ်..”
လီဟဟသည် ၎င်း၏ထုတ်ကုန်များ ကြော်ငြာရန်အတွက် အိုလံပစ် အားကစားပြိုင်ပွဲကို သုံးချင်သော်လည်း ဥက္ကဋ္ဌကျူးကြောင့် ရပ်လိုက်ရသည်။
“အားလုံး ကျုပ်တာဝန်ထားလိုက်ပါလေ.. ကျုပ်ပြန်လာပြီ.. အားလုံး ကိုင်တွယ်လိုက်မယ်.. ဥက္ကဋ္ဌကျူးဆိုူတာ တိုင်းအဆင့် အရာရှိ တစ်ယောက်ပါပဲလေ.. သူက ဗျူရို ညွှန်ကြားရေးမှူးအဆင့် ဒါမှမဟုတ် ဝန်ကြီးအဆင့် ဆိုရင်တောင် ကျုပ် သေချာပေါက် ရှေ့ဆက်မှာပဲ..”
--------**$$^$$**--------