မည်သူ၏ ကျောထောက်နောက်ခံ ပိုအားကောင်းသနည်း
Vol. 56 Ch. 840
“ဥက္ကဋ္ဌ ကျူး.. ဖုန်းယွီက အဖျော်ယမကာ မဟာမိတ်အဖွဲ့ရဲ့ တာဝန်ခံပါ.. အခု သူတရုတ်ကို ပြန်ရောက်နေပြီ.. ခင်ဗျား သူနဲ့တွေ့သင့်တယ်.. ကျုပ်မှာ လုပ်စရာရှိသေးလို့ အခုသွားတော့မယ်..”
ကျောက်ချင်းရှန်သည် ကျူးရှန်ယင်၏ ခေါ်သံကို လျစ်လျူရှုကာ ထွက်သွားတော့သည်။
ဖုန်းယွီ မှန်ပေသည်။ ကျူးရှန်ယင်ဆိုသည်မှာ တိုင်းအဆင့် အရာရှိတစ်ယောက်သာဖြစ်ပြီး သူ့ကိုယ်သူ အဆင့်မြင့် အရာရှိ တစ်ဘောက်ယူ ထင်နေသည်လော။ ကျီကျန်းတွင်မူ ကျောက်ချင်းရှန်သည် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ လေးစားမှုကိုပင် ခံနေရပေသည်။
ကျူရှန်းယင် ဒေါသထွက်သွားသည်။ ကျောက်ချင်းရှန်သည် သူ့အား လျစ်လျူရှုသွားသည်။ စီးပွားရေးသမား တစ်ယောက်သည် အစိုးရ အရာရှိအား ရင်ဆိုင်ရန် မည်သို့ သတ္တိရှိလာသနည်း။ အားကစားသိပ္ပံနှင့် စာချုပ် ချုပ်ဆိုထားသည်ကို မသိ၍လော။ ဖုန်းယွီသည်ရော သူ့ကိုယ်သူ မည်သို့ ထင်နေသနည်း။
ကျူးရှန်ယင်သည် ထိုင်ဝမ်ကုမ္ပဏီ(၂)ခုထံမှ အကျိုးကျေးဇူး အနည်းငယ်ရထား၍ ကူညီနေခြင်းပင်။ ဤကိစ္စ ဖြေရှင်းပြီးပါက ကုမ္ပဏီများ ဘက်မှ ပို၍ လက်ခံလာပေလိမ့်မည်။
ယခု ပြဿနာအရင် ဖြေရှင်းရမည်။ ရပိုင်ခွင့်များ နောက်မှ ဖြေရှင်းရမည်။
“မင်္ဂလာပါ.. ဖုန်းယွီလား.. ကျုပ် ကျူးရှန်ယင်ပါ.. မင်းအခု ဘယ်မှာလဲ..”
“အို့.. ဥက္ကဋ္ဌကျူးလား.. ကျုပ်လား.. အလုပ်ရှုတ်နေတယ် မထင်ဘူးလား..”
ကျူးရှန်ယင် စိတ်ထဲမှ ကျိမ်ဆဲလိုက်မိသည်။ မိမိ မည်သည့်အတွက် ဖုန်းခေါ်လိုက်သည်ကို မသိ၍လော။
“ငါ့ရုံးခန်းကို အမြန်လာခဲ့..”
ဖုန်းယွီသည် ကျူးရှန်ယင်၏ လေသံ ကြားလိုက်သည့်အခါ ရယ်မောလိုက်သည်။ သူ့ကိုယ်သူ အမှန်တကယ် ‘တစ်ယောက်ယောက်’ဟု ထင်နေသည်လော။ လုပ်ငန်းတွင် အနှောက်အယှက် ပေးနေသည်လော။ ထိုသို့လုပ်ရန် မည်သူ ခွင့်ပြုလိုက်သနည်း။
“စိတ်မကောင်းပါဘူးဗျာ.. ကျုပ်မှာ အချိန်မရဘူးဖြစ်နေတယ်.. တော်တော်ကို အလုပ်များနေတာ.. ခင်ဗျား အရမ်း အရေးကြီးရင် ကျုပ်နဲ့ လာတွေ့လိုက်ပါလားဗျာ..”
ဖုန်းယွီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ကျူးရှန်ယင် အသက်ပြင်းပြင်း ရှူကာ..
“ကောင်းပြီလေ.. ငါ မင်းဆီလာတွေ့မယ်.. မင်း အခုဘယ်မှာလဲ..”
ဖုန်းယွီသည် ကျူးရှန်ယင်အား လိပ်စာပြော၍ ဖုန်းချလိုက်သည်။ ဖုန်းချပြီးနောက် ကျူးရှန်ယင်၏ မျက်နှာပေါ်တွင် မထီပြုံးတစ်ပွင့် ပေါ်လာသည်။ ဖုန်းယွီလော။ ထိုင်ဝမ်ကုမ္ပဏီများ ငွေပြန်ရပြီးပါက သေချာ စောင့်ရှောက် ပေးရပေအုံးမည်။
********
“မန်နေဂျာဖုန်း.. စောင့်နေရလို့ တောင်းပန်ပါတယ်..”
“ကျုပ်အခုလေးမှရောက်တာပါ.. မကြာသေးပါဘူး.. ဒါရိုက်တာဖုန်း.. ထိုင်ပါအုံး.. ဒီဟွန်းကွမ် ယွမ်လီ အချိုရည် စမ်းကြည့်စမ်းပါ.. အားကစားသမားတွေအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့အပြင် အီလက်ထရွန်တွေနဲ့ ရေဓါတ် ဖြည့်ပေးနိုင်ပါတယ်..”
ဖုန်းယွီသည် ဟွန်းကွမ် ယွမ်လီ၏ အကမ် အား ဒါရိုက်တာဖုန်းထံ ပေးလိုက်သည်။
ဤဖျော်ရည်သည် အားကစားသမားများအတွက် ဒီဇိုင်းထုတ်ထားကာ ရေရှည်သောက်သုံးရန် ကျန်းမာရေးနှင့် ညီညွတ်သည့် ဖျော်ရည်ဟု သတ်မှတ်၍ ရပေသည်။ ကျန်းလီပေါင် သောက်ပြီးနောက် အနည်းငယ် ချိုသည့် ခံစားချက် မကောင်းသည့် အားကစားသမား အချို့၏ မှတ်ချက်များကြောင့် ဤဖျော်ရည်သည် ကျန်းလီပေါင်ထက် ပိုကောင်းပေသည်။
ဒါရိုက်ဖုန်းသည် တစ်ငုံသောက်ပြီးနောက် အရသာမှာ ကျန်းလီပေါင်နဲ့ ဆင်တူပေသည်။ ဖျော်ရည် (၂)မျိုးစလုံးသည် လိမ္မော်ရောင် ဖြစ်သော်လည်း ဟွန်းကွမ်ယွမ်လီသည် ကာဗွန်နိတ်မပါသဖြင့် အလွန်ချိုခြင်း မရှိချေ။
“ဒီဟာ ကြောင့် ငါ့ကို ခေါ်လိုက်တာလား..”
ဒါရိုက်တာဖုန်း ဗူးကို ချကာ မေးလိုက်သည်။
“ဒါက အကြောင်းအရင်း တစ်ခုပါပဲ.. ဒီ ဟွန်းကွမ်ယွမ်လီ သောက်ရတဲ့ အရသာက နိုင်ငံခြား အချိုရည်တွေနဲ့ အတူတူပါပဲ.. ကျုပ်တို့ အိုလံပစ် အားကစားပြိုင်ပွဲဝင် အသင်းရဲ့ လက်စွဲ ဖျော်ရည် ဖြစ်နိုင်တယ်လို့ ကျုပ်ထင်တယ်.. ကျုပ်တို့အသင်းက ကျန်းလီပေါင်နဲ့ စာချုပ် ချုပ်ထားပြီးသားဆိုတာ သိပါတယ်.. ဒါပေမယ့် ဖျော်ရည် (၂)မျိုးစလုံး ပေးလို့ရတယ်လေ..”
“ဒီကိစ္စတော့ မင်း အားကစား စီမံခန့်ခွဲရေးနဲ့ စကားပြောသင့်တယ်.. ငါက အဲ့ပိုင်း တာဝန်ယူထားတာ မဟုတ်ဘူး..”
ဒါရိုက်တာဖုန်းသည် ဖုန်းယွီအနေဖြင့် သူ့ကို ဤအကြောင်း မည်သည့်အတွက်ပြောနေကြောင်း သိချင်နေသည်။
“ဒီလို အသေးအဖွဲ့ ကိစ္စလေးအတွက် ခင်ဗျားကို အနှောက်အယှက် မပေးသင့်ဘူးဆိုတာ ကျုပ်သိပါတယ်ဗျာ.. ကျုပ်ပြောချင်တာက အားကစားအုပ်ချုပ်ရေး အသိုင်းအဝိုင်းက ကျုပ်တို့ကို ဒီဖျော်ရည် စပွန်ဆာပေးဖို့ သဘောတူပေမယ့် အဖျော်ယမကာ မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌက အဲ့စာချုပ် ရပ်ပစ်လိုက်တယ်..”
ဖုန်းယွီပြောလိုက်သည်။
“သူတို့တွေ ဒီကိစ္စ ဝင်စွက်ဖက်ပိုင်ခွင့်ရှိလို့လား..”
ဒါရိုက်တာဖုန်း မျက်မှောင်ကြုတ်ကာ ဆက်လက်၍..
အဖျော်ယမကာအသင်းဆိုတာ စက်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ညှိနှိုင်းဆောင်ရွက်ဖို့ပဲလေ.. ကုမ္ပဏီတွေရဲ့ စာချုပ်ကိစ္စ ဘာလို့ ဝင်စွက်ဖက်နေကြတာလဲ..”
“မပြောတတ်ဘူးလေ.. ဒါပေမယ့် အားကစား သိပ္ပံက ခေါင်းဆောင်တွေက ကျုပ်တို့ကို ကိုယ့်ဟာကိုယ် ထွက်သွားခိုင်နေတာ.. ကျန်းလီပေါင်က ဟွန်းကွမ်ယွမ်လီကို လီဟဟ ဘက်စ စပွန်ဆာပေးဖို့ သဘောတူထားပြီး လီဟဟကလဲ ကျန်းလီပေါင်ကို နစ်နာကြေး ပေးလိုက်တယ်.. အားကစား သိပ္ပံက တစ်ပြားမှ ပေးစရာမလိုဘဲ လီဟဟက အစစအရာရာ ပံ့ပိုးပေးမှာလေ.. ဒါက သာမန်စီးပွားရေး လုပ်ငန်းတစ်ခုဆိုတော့ အာဏာပိုင်တွေအတွက် အနှောက်အယှက်မဖြစ်ဘူးလို့ မြင်တာပဲ.. ခင်ဗျားရော..”
ဖုန်းယွီ မေးလိုက်သည်။
“ဘာတွေ ဖြစ်နေလဲ သိအောင် ပေးခိုင်းလိုက်မယ်.. အဲ့ဒါ မင်းငါ့ကို မေးချင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်တော့ မဟုတ်လောက်ဘူးမို့လား..”
“ထိုင်ဝမ် ကုမ္ပဏီတွေနဲ့ အဖျော်ယမကာလုပ်ငန်းအသင်း ဥက္ကဋ္ဌတို့ ပတ်သက်နေတဲ့ ကိစ္စတစ်ခုရှိသေးတယ်.. ထိုင်ဝမ်ကုမ္ပဏီတွေက စာချုပ် ဖောက်ဖျက်ပြီး ပေးဆောင်ထားတဲ့ ဝင်ကြေးတွေက စီးပွားရေးနဲ့ ပတ်သက်ပြီး လျော်ကြေးလို့ ယူဆရမယ်လေ…
တုံကြီးနဲ့ ကောင်းရှစ်ဖူတို့က ခေါင်းဆောင်တွေ ငွေပေးချေမှု ဖွင့်ပေးဖို့ မဟာမိတ်အဖွဲ့ကို ဖိအားပေးဖို့ သူတို့ အဆက်အသွယ်တွေကို အသုံးချလာတယ်.. ဘယ်သူ့ ပိုအားကောင်းတယ်ဆိုတာ ကြည့်ချင်သေးတယ်.. ဒါကိစ္စကို စီးပွားရေးအရ ဖြေရှင်းချင်တယ် ဆိုရင်တော့ ကြိုဆိုပါတယ်.. နိုင်ငံရေးကို အသုံးချပြီး ကျုပ်ကို အနိုင်ယူချင် နေတာ..”
ဒါရိုက်တာဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ထိုင်ဝမ်ကုမ္ပဏီများအား သတိထားရန် လိုပေသည်။ ထိုင်ဝမ်နှင့် ပတ်သက်သည့် မည်သည့်ကိစ္စမဆို အလွန်သိမ်မွေ့ပေသည်။ အမေရိကန် သို့တည်းမဟုတ် ရုရှား ကုမ္ပဏီတစ်ခု ပါဝင်ပါက ပြဿနာရှိမည် မဟုတ်သော်လည်း ထိုင်ဝမ်ကုမ္ပဏီများကမူ အလွန်ရှုတ်ထွေးမှုများ ရှိနေပေသည်။
“မင်းတို့တွေ ဒီကိစ္စ ပြေပြေလည်လည်နဲ့ ဖြေရှင်းလို့ မရဘူးလား.. ငါတို့တွေ တရုတ်လူမျိုးအချင်းချင်းဆိုတော့ ဆက်ဆံရေး တင်းမာမနေသင့်ဘူး..”
“ဒါရိုက်တာဖုန်း.. ကျုပ်တို့က သူတို့ကို တရုတ်လူမျိုးတွေလို့ သဘောထားပေမယ့် သူတို့က အဲ့လို မြင်ကြလို့လား.. ကျုပ်တို့က တိုင်းပြည် ချမ်းသာဖို့နဲ့ ပြည်သူ့ဝင်ငွေတိုးဖို့ နိုင်ငံရပ်ခြားကို စွန့်စားနေကြတာ.. ဒါပေမယ့် သူတို့ကရော.. အမေရိကန်ဆီ လက်နက်ချထားပြီ.. ကျုပ်တို့ဘက်က အကျိုးသင့် အကြောင်းသင့်လိုက်လျောပြီးသားလေ.. သူတို့ကို ဘာတွေ ထပ်ပြီး လိုက်လျောရအုံးမှာလဲ..”
ဒါရိုက်တာဖုန်း မျက်မှောင်ကြုတ်လိုက်ပြန်သည်။ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးသည် ပြိုပျက်လုနီး ဖြစ်နေပြီး ထိုကိစ္စသည် တရုတ်နိုင်ငံအပေါ် ထိုင်ဝမ်၏ သဘောထား စမ်းသပ်ရန် အသုံးချနိုင်ပေသည်။
“အဖျော်ယမကာလုပ်ငန်းအဖွဲ့ရဲ့ ခေါင်းဆောင် ဒီကိစ္စ ဝင်ရှုတ်နေတယ်လို့ မင်းပြောတာလား..”
ဖုန်းယွီ ပြန်မဖြေမီ သူတို့၏ သီးသန့်ထမင်းစားခန်း တံခါးကို တွန့်ဖွင့်ကာ တံခါးမခေါက်ဘဲ ကျူးရှန်ယင် ဝင်လာသည်။
“ဖုန်းယွီ.. ငါ့အဆင့်နဲ့ မင်းကို ခေါ်လို့မရဘူးလား.. မင်းကို အတိုးနဲ့ ငွေပေးချေမှုတွေ ထိုင်ဝမ်ကုမ္ပဏီတွေကို ချက်ချင်း ပြန်ပေးဖို့ ငါအမိန့်ပေးနေတာ..”
ကျူးရှန်ရင် အခန်းအတွင်း ဝင်လာပြီးနောက် သူ့ကို နောက်ကျောပေးထားသည့် လူတစ်ယောက်နှင့် ဖုန်းယွီကို တွေ့လိုက်ရသည်။ သိပ်မတွေးနေဘဲ ထိုလူကို စီးပွားရေးသမားဟုသာ ထင်လိုက်သည်။ မည်သည့် လုပ်ငန်းရှင်သည် မိမိအား ဆန့်ကျင်ရဲမည်နည်း။
“ဥက္ကဋ္ဌကျူး.. သူတို့တွေ စာချုပ်ချိုးဖောက်ထားတာပါ.. ကျုပ်တို့ သဘောတူထားတဲ့အတိုင်း ဆောင်ရွက်နေတာပဲ.. ကျုပ်လဲ အသင်း ကော်မတီဝင် တစ်ယောက်ပါ.. အသင်းအနေနဲ့ ဒီကိစ္စမှာ ဝင်ပြီး စွက်ဖက်ပိုင်ခွင့် မရှိပါဘူး..”
ဖုန်းယွီ ပြန်ဖြေလိုက်သည်။
“အသင်းအနေနဲ့ ဝင်ပြီး မစွက်ဖက်နိုင်ပေမယ့်.. ငါ့အနေနဲ့ ပြောလိုက်မယ်.. လီဟဟနဲ့ ကျန်းလီပေါင် အခု အဆင်ပြေနေတယ်လို့ မထင်လိုက်နဲ့.. မင်းတို့တွေ ငါ့အမိန့်ကို လျစ်လျူရှုမယ်ဆို ရတယ်လေ.. ယွမ်လီ ဖျော်ရည်နဲ့ အားကစားစီမံခန့်ခွဲရေးကြားက စပွန်ဆာ စာချုပ် ငါရပ်ခိုင်းလိုက်တာ.. ငါ့ကို ထပ်ပြီး ဆန့်ကျင်နေရင် လီဟဟရဲ့ ထုတ်လုပ်မှုတွေ ဖိအားပေး ရပ်ပစ်ဖို့ ငါမကြောက်ဘူးကွ.. ထိုင်ဝမ်ကုမ္ပဏီတွေကို ဦးစားပေးရမယ်..”
ကျူးရှန်ယင် မောက်မာစွာ ပြောလိုက်သည်။
ဖုန်းယွီ မည်သည့်စကားမှ ပြန်မပြောဘဲ ကျူးရှန်ယင်အား ပြုံးပြလိုက်သည်။
ကျူးရှန်ယင် ဒေါသထွက်သွားတော့သည်။ မိမိအား ဆန့်ကျင်နေပါက ရက်စက်သည့်အတွက် အပြစ်မတင်သင့်ချေ။
“ဖုန်းယွီ.. ဒါမင်းတောင်းဆိုတာနော်.. မင်း အသင်းကနေ ဒဏ်ငွေ(၁)သန်းရလိမ့်မယ်..”
ကျူးရှန်ယင် ပြောလိုက်သည်။
“အဲ့ဒဏ်ကြေးက ဘာအတွက်လဲ.. ဘယ်ဌာနက ထုတ်ပေးမှာလဲ..”
လူတစ်ယောက် ကြားဖြတ်မေးလိုက်သည်။
“ငါတို့ စကားပြောနေတာကို ဘယ်ကောင် ဝင်ရှုတ်လာတဲ.. ဖုန်း… ဒါရိုက်တာဖုန်းလား..”
ကျူးရှန်ယင် ရုတ်တရက် ဒူးများ မခိုင်တော့ချေ။ ထိုလူအား ဆူပူကြိမ်းမောင်းလိုက်မိသည်။ ယခုမူ ဒါရိုက်တာ ဖုန်းရှေ့တွင် ဒူးထောက်လုနီးပါး ဖြစ်နေပေသည်။
ဒါရိုက်တာဖုန်း မည်သည့်အတွက် ဤနေရာသို့ ရောက်နေသနည်း။ သူသည် သံလက်သီးကျူး၏ လက်ထောက်ဖြစ် ပေလိမ့်မည်။ ဖုန်းယွီနှင့် မည်သည့်အတွက် ထိုင်နေသနည်း။ ဒါရိုက်တာဖုန်းသည် ကြိမ်းမောင်းသံများအပြင် စောစောက စကားများအားလုံးကို ကြားပြီးသွားပေပြီ။
ကျူးရှန်ယင်မှာ သူ့ပတ်ဝန်းကျင် ကမ္ဘာကြီး ပြိုကျနေကြောင်း ခံစားလိုက်ရသည်။ သူ့အသက်မွေးဝမ်းကြောင်းနှင့် သူ့ဘဝ နိဂုံးချုပ်သွားပြီ ဖြစ်ကြောင်း သိလိုက်ပေပြီ။
--------**$$^$$**--------