အကြပ်အတည်း
Vol. 56 Ch. 826
ဖုန်းယွီသည် နယူးယောက်၌ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခု မှတ်ပုံတင်ကာ ကီရီလန်ကိုနှင့် သဘောတူချက် တစ်ခု ရလိုက်သည်။ သူသည် ကီရီလန်ကိုအား အမေရိကန်-ရုရှား ဖက်စပ်ကုမ္ပဏီ တစ်ခု တည်ထောင်ရန် ကုမ္ပဏီလုပ်ဖော် ကိုင်ဖက်အဖြစ် ခွင့်ပြုခဲ့သော်လည်း ကီရီလန်ကိုသည် တစ်နှစ်အကြာတွင် ထိုင်ဟွာ ကုန်သွယ်ရေးသို့ သူ့ရှယ်ယာ အားလုံးကို ရောင်းချမည် ဖြစ်သည်။
ဤသည်က ဘာမှမဟုတ်သည့် မျက်နှာသာ ပေးခြင်းသာဖြစ်၍ ကီရီလန်ကို ချက်ချင်း သဘောတူလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ငွေတစ်ပြားမှ စိုက်ပေးစရာ မလိုချေ။
ဖုန်းယွီသည် လီကျယ်ခိုင်နှင့် ဖူကွမ်းကျန်းတို့ကိုလည်း ဆက်သွယ်ခဲ့သည်။ လီကျယ်ခိုင်သည် ကနေဒါတွင် ကုန်သွယ်ရေး ကုမ္ပဏီတစ်ခု မှတ်ပုံတင်ရန် လီမိသားစု၏ အဆက်အသွယ်များကို သုံးရမည် ဖြစ်ပြီး ဖူကွမ်းကျန့်သည် စင်္ကာပူတွင် ကုမ္ပဏီတစ်ခု တည်ထောင်မည် ဖြစ်သည်။
ကီရီလန်ကို၊ လီကျယ်ခိုင်နှင့် ဖူကွမ်းကျန့်တို့သည် ဖုန်းယွီကိုယ်စား ကုမ္ပဏီများကို မှတ်ပုံတင်ကြပြီး ကုမ္ပဏီ၏ ရှယ်ယာများ အားလုံးကို ထိုင်ဟွာကုန်သွယ်ရေးသို့ တစ်နှစ် အကြာတွင် ရောင်းချသွားမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လီကျန်းဝေသည် ကျန်းလီပေါင်၏ ရန်ပုံငွေ ထက်ဝက်ကျော်ကို ကျန်းလီပေါင် အဆောက်အဦး စတင်ဆောက်လုပ်ရန်အတွက် ကွမ်ကျုံးရှိ မြေကွက်တွင် ရင်းနှီးမြုပ်နှံခဲ့သည်။
ထို့နောက် လီကျန်းဝေသည် ကျန်ငွေအများစုကို ကျန်းလီပေါင် အမေရိကန် ဌာနခွဲ၏ အကောင့်သို့ လွှဲပြောင်းရန် အမေရိကန်၌ ဈေးကွက်ဖွင့်ရန်ဟု အကြောင်းပြချက်ပေးခဲ့သည်။ ထိုအပြောင်းအရွှေ့ကြောင့် ကျန်းလီပေါင်သည် ၎င်းတို့၏ ဖြန့်ဖြူးသူများအား ငွေပေးချေမှု ဆွဲဆောင်စေတော့သည်။
ထိုအစီအစဉ်မှာ ပထမ ခြေလှမ်းသာဖြစ်ပြီး အစီအစဉ်၏ ဒုတိယပိုင်းကို စတင်နေချေပြီ။
လီကျန်းဝေသည် အမေရိကန် ဌာနခွဲ ကုမ္ပဏီသည် ဈေးကွက်သုတေသန လုပ်ခဲ့ပြီး လက်ဖက်ခြောက်များသည် အမေရိကန်တွင် ဝယ်လိုအားမြင့်မားသည်ကို တွေ့ရှိခဲ့ကြောင်း လီကျန်းဝေသည် မြို့တော်အစိုးရ ခေါင်းဆောင် များကို ပြောလိုက်သည်။ ကျန်းလီပေါင်တွင် လက်ဖက်အဖျော်ယမကာ ဖော်စပ်နည်း မရှိချေ။ တရုတ်နိုင်ငံ၌ အကောင်းဆုံး လက်ဖက်ခြောက် ထုတ်လုပ်သူမှာ လီဟဟ အုပ်စု ဖြစ်သည်။
သို့အတွက် ကျန်းလီပေါင်သည် လက်ဖက်ရည် ဖျော်စပ်နည်းဝယ်ယူရန် လီဟဟနှင့် ညှိနှိုင်းသင့်ပေသည်။ ထို့နောက် အမေရိကန်တို့ ကြိုက်နှစ်သက်သည့် အရသာနှင့် ကိုက်ညီမည့် အမျိုးအစားအသစ်ကို ထုတ်လုပ်ရန် ပြုပြင် သွားမည် ဖြစ်သည်။ ဤသည်က ကျန်းလီပေါင်၏ အမြတ်အစွန်းကို သေချာပေါက် တိုးစေပေလိမ့်မည်။
ကျန်းလီပေါင်၏ အမြတ်ငွေများ တိုးလာမည်ကို မြို့တော် အစိုးရခေါင်းဆောင်များ ကြားရသည်နှင့် ခွင့်ပြုချက် ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ ဤသည်က အဖျော်ယမကာ ဖော်စပ်နည်း တစ်ခုပင်ဖြစ်သည်။
သို့ရာတွင် လီကျန်းတွေသည် ကျန်းလီပေါင်၌ ငွေမရှိသဖြင့် ကျန်းလီပေါင်အတွက် ဘဏ်ချေးငွေရရန် မြို့တော် အစိုးရမှ စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ထပ်ပြောလိုက်သည်။
ခေါင်းဆောင်များ တုန်လှုပ်သွားကြသည်။ ကျန်းလီပေါင်၌ ငွေမရှိခြင်းက မည်သို့ ဖြစ်ရသနည်း။ နှစ်စတွင် ရန်ပုံငွေ အစည်းအဝေး အတည်မပြုခဲ့ချေ။ ကျန်းလီပေါင်တွင် မည်သည့် ရန်ပုံငွေမျှ မရှိကြောင်းနှင့် ဖြန့်ဖြူးသူများကို အကြွေးတင်နေသေးကြောင်း ခေါင်းဆောင်များ သိသွားကြသည်။
ဖြန့်ဖြူးသူများသည် ကျန်းလီပေါင်နှင့် နှစ်အတော်ကြာ လက်တွဲလုပ်ကိုင်ကြ၍ မဟုတ်ပါက ကျန်းလီပေါင်အတွက် ပြဿနာ ဖြစ်စေတော့မည်။ ဖြန့်ဖြူးသူများသည် ကျန်းလီပေါင်၏ ဖြန့်ဖြူးမျုကို ရပ်တန့်လိုက်ပါက ကျန်းလီပေါင်၏ ရောင်းအားများ ရပ်တန့်သွားမည် ဖြစ်ပြီး ကုမ္ပဏီ နိဂုံးချုပ်သွားပေလိမ့်မည်။
အစိုးရခေါင်းဆောင်များသည် ကျန်းလီပေါင်၏ ငွေများ မည်သည့်နေရာတွင် သုံးခဲ့သည်ကို စတင် စုံစမ်းကြ တော့သည်။
များမကြာမီ ကွမ်ကျုံးတွင် ကျန်းလီပေါင်မှ ဝယ်ယူထားသည့် မြေကွက်ကိစ္စကို ခေါင်းဆောင်များ သိလိုက်ရသည်။ မြေဝယ်ယူမှုမှာ အမှားအယွင်းမရှိသော်လည်း ဆောက်လုပ်ရေးလုပ်ငန်း စစချင်း၌ စီမံကိန်းနှင့် ပစ္စည်းများကို မည်သည့်အတွက် အပြည့်အဝ ပေးဆောင်ခဲ့သနည်း။ စီမံကိန်း ပြီးဆုံးမှ ငွေအကျေ မပေးချေသင့်ဘူးလော။
သို့တိုင်အောင် ငွေအကျေ ပေးချေပြီးသွားပြီး ဖြစ်၍ ပြန်ယူရန် နည်းလမ်း မရှိတော့ချေ။ ကျန် ရန်ပုံငွေများကိုလည်း အမေရိကန် ဈေးကွက်ဖွင့်ရန် အမေရိကန် ရုံးခွဲမှ ထုတ်ယူခဲ့သည်။ အမေရိကန် ဈေးကွက်သည် အမြတ်အစွန်း များစွာ ရနိုင်သော်လည်း မည်သည့်အချိန်တွင် အမြတ်ထွက်မည်ကို မည်သူမှ မသိနိုင်ချေ။
ခေါင်းဆောင်များသည် ထိုကိစ္စအတွက် စိတ်ဆိုးကာ လီကျန်းဝေအား ဆူပူကြိမ်းမောင်ရန် ဆင့်ခေါ်လိုက်သည်။ ထိုသို့သော လုပ်ရပ်များဖြင့် ကျန်းလီပေါင်၏ ရှယ်ယာများ လိုချင်နေသေးသည်လော။ ထိုလီကျန်းဝေအား ကျန်းလီပေါင်မှပင် ထုတ်ပစ်ရပေမည်။
လီကျန်းဝေသည် လီဟဟ၏ လက်ဖက်ဖျော်ရည် ဖော်စပ်နည်း ဝယ်ယူရန် တွန်းအားပေးလာသည်။ သို့မဟုတ်ပါက ကျန်းလီပေါင်သည် နွေရာသီ၌ အထွတ်အထိပ် ကာလ၌ ကောင်းကောင်း လုပ်နိုင်မည် မဟုတ်ချေ။ ချေးငွေအတွက် ဘဏ်များနှင့် ညှိနှိုင်းမှုတွင် လီကျန်းဝေသည် ဖြန့်ဖြူးသူများအားလုံးသို့ ကျန်းလီပေါင်မှ အကြွေးတင်နေဆဲ ဖြစ်ကြောင်း မတော်တဆ ဟန်ဖြင့် ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော် ပြလိုက်သည်။
ထိုစကား ကြားသည့်အခါ ဘဏ်များသည် ချေးငွေအတည်ပြုရန် ငြင်းဆိုကြတော့သည်။ အထူးသဖြင့် လီကျန်းဝေမှ ချေးငွေ ယွမ်သန်း(၅၀၀)တောင်းနေခြင်းပင်။
ကျန်းလီပေါင်သည် ယခုအခါ ဆိုးရွားသည့် အခြေအနေသို့ ရောက်နေပြီး မြို့တော် အစိုးရခေါင်းဆောင်များ တုန်လှုပ် သွားကြသည်။ ကျန်းလီပေါင်သည် ယမန်နှစ်က ကောင်းကောင်း လုပ်နိုင်ခဲ့ပြီး ကုမ္ပဏီသည် ရုတ်တရက် ရန်ပုံငွေ မလုံလောက်တော့ချေ။ သို့ရာတွင် လီကျန်းဝေ ပြောစကားများ မှန်နေပြန်သည်။ ထုတ်ကုန်အသစ်ဖြင့် ကုမ္ပဏီသည် အမေရိကန်၌ ထုတ်လုပ်ရောင်းချမှုမှ အမြတ်အစွန်း များစွာ ရနိုင်ကာ ကျန်းလီပေါင်သည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
ထိုအချိန်တွင် လီဟဟ၏ ကျောက်ချင်းရှင်သည် အဆိုပြုချက်တစ်ခု တင်သွင်းခဲ့သည်။ အစုရှယ်ယာဖြင့် ဖလှယ်ခြင်း ပင်။
လီဟဟနှင့် ကျန်းလီပေါင်တို့သည် ၎င်းတို့၏ အဆုရှယ်ယာများ အနည်းငယ် လဲလှယ်မည် ဖြစ်ပြီး ဖော်ဆပ်နည်းကို ကျန်းလီပေါင်သို့ ပထမဦးဆုံး ရောင်းချရပေမည်။ ကျန်းလီပေါင်သည် ငွေပေးချေမှုကို တစ်နှစ် သက်တမ်း တိုးနိုင်သည်။
ဤသည်မှာ ကျန်းလီပေါင်၏ ရှယ်ယာများ ရောင်းချမည် ဖြစ်သဖြင့် မြို့တော် ခေါင်းဆောင်များ တုံ့ဆိုင်းနေကြ တော့သည်။
လီကျန်းဝေသည် အခြေအနေများကို ခွဲခြမ်းစိတ်ဖြာကာ ခေါင်းဆောင်များကို စည်းရုံးခဲ့သည်။ လီဟဟသည် တရုတ်နိုင်ငံ၌ စက်ရုံများစွာရှိကာ ဖြန့်ဖြူးရေး လမ်းကြောင်းများ ထူထောင်ထားသည်။ ရှယ်ယာဖလှယ်ပြီးနောက် ကျန်းလီပေါင်သည် လီဟဟ၏ ဖြန့်ဖြူးရေး ကွန်ယက်ကို သိမ်းပိုက်ရန် အခွင့်အရေး ရနိုင်ပေလိမ့်မည်။
ကျန်းလီပေါင်သည် ဖြန့်ဖြူးရေးလမ်းကြောင်းများကို မသိမ်းပိုက်နိုင်လျှင်ပင် မြို့တော်မှ ဆုံးရှုံးစရာ ရှိချေ။ အကြိမ် အနည်းငယ် ဆွေးနွေးပြီးနောက် ခေါင်းဆောင်များမှ ထိုအချက်ကို သဘောတူခဲ့ကြသည်။
ကျန်းလီပေါင်သည် လီဟဟ၏ ရှယ်ယာ (၆)ရာခိုင်နှုန်း လဲလှယ်ရန်အတွက် ရှယ်ယာ (၈)ရာခိုင်နှုန်း သုံးခဲ့ရသည်။ ဤသည်မှာ ကုမ္ပဏီ (၂)ခု၏ တန်ဖိုးများအပေါ် မူတည်ခြင်းဖြစ်သည်။ ကျန်းလီပေါင်၏ ဈေးကွက်တန်ဖိုးသည် လီဟဟထက် နည်းပါးပေသည်။ လီဟဟ၌ စက်ရုံများ ပိုများပေသည်။
ကျန်းလီပေါင်၏ အဆောက်အဦးအသစ် တန်ဖိုးသည် အလွန်နိမ့်ကျကြောင်း မြို့တော် ခေါင်းဆောင်များ သတိမထားမိကြချေ။
ဖော်စပ်နည်း ရပြီးနောက် ကျန်းလီပေါင်၏ ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့သည် ၎င်းတို့ ထုတ်ကုန်အသစ်ကို စတင်တီထွင်ခဲ့သည်။ ပြုလုပ်ရမည်မှာ လက်ဖက်ဖျော်ရည်ကို ကာဗွန်နိတ် လက်ဖက်ဖျော်ရည်အဖြစ် ပြောင်းလဲကာ အမေရိကန် အာဏာပိုင်များ၏ စစ်ဆေးမှုများကို ကျော်ဖြတ်ရန်သာပင်။
သို့ရာတွင် နောက်ထပ် ပြဿနာတစ်ခု ပေါ်လာပြန်သည်။ ကျန်းလီပေါင်၌ ငွေမရှိချေ။ အကြွေးများ တင်နေဆဲ ဖြစ်သည်။ တရုတ်တွင် ငွေထောက်ပံ့နိုင်သော်လည်း အမေရိကန်တွင် ထိုသို့ မလုပ်နိုင်ချေ။
မြို့တော် ခေါင်းဆောင်များသည် လီကျန်းဝေအား မေးခွန်းထုတ်တော့သည်။ ကုမ္ပဏီသည် အမေရိကန် ဌာနခွဲအား ငွေအမြောက်အများ လွှဲပေးထားပြီးသည့်တိုင် မည်သည့်အတွက် ငွေမရှိရသနည်း။
လီကျန်းဝေမှ ကြော်ငြာအတွက် ငွေသုံးခဲ့ကြောင်း ပြန်ဖြေလိုက်သည်။ ကျန်းလီပေါင်သည် အခြားသော ကုန်အမှတ်တံဆိပ်များကဲ့သို့ နာမည်ကြီးမဟုတ်သဖြင့် မည်သို့ စောဒကတက်နေသည်ဖြစ်စေ အမှတ်တံဆိပ် အသိအမြင်ကို တိုးချဲ့ရန်၊ ဈေးကွက်ရှာဖွေရေး ရန်ပုံငွေ တိုးမြှင့်ရန် ဆုံးဖြတ်လိုက်သည်။
အရိုးရှင်းဆုံးပြောရမည်ဆိုပါက ငွေအားလုံး သုံးစွဲပြီး ဖြစ်သည်။
မြို့တော်ခေါင်းဆောင်များသည် ချေးငွေရယူရန်အတွက် ဘဏ်အနည်းငယ်ကို ဆက်သွယ်ခဲ့သော်လည်း ပယ်ချခံလိုက်ရသည်။ ချေးငွေပမာဏ များလွန်းသဖြင့် ဘဏ်များမှ အတည်မပြုနိုင်ဘဲ၊ ချေငွေပမာဏ လျော့ချပါက ဖြန့်ဖြူးသူများကို အကြွေးဆပ်ရန် မလုံလောက်ချေ။
ထိုအချိန်တွင် လီကျန်းဝေသည် ထိတ်လန့်စရာ တစ်ခု လုပ်ခဲ့သည်။ ကျန်းလီပေါင်၏ ဝန်ထမ်းများလစာကို လည်ပတ်မှု ကုန်ကျစရိတ် အသုံးပြုရန်အတွက် ရပ်တန့်ခဲ့ခြင်း ဖြစ်သည်။
သုတေသန ဝန်ထမ်းများ အပါအဝင် အလုပ်သမားများ ဆန္ဒပြကြပြီး လီကျန်းဝေသည် အလုပ်သမားများ စိတ်အေးရန် ကိုယ်တိုင်ကိုယ်ကျ သွားရောက် တွေ့ဆုံခဲ့ပေသည်။
သို့တိုင်အောင် ဩဇာကြီးမားသည့် လီကျန်းဝေပင် ဝန်ထမ်းများ သပိတ်မှောက်မှုကို မတားဆီးနိုင်ခဲ့ချေ။ မြို့တော် ခေါင်းဆောင်များ ပေါ်လာကာ အလုပ်သမားများကို ဖြေရှင်းပေးမည်ဖြစ်ကြောင်း ကတိပေးရုံမှ အပ ရွေးချယ်စရာ မရှိတော့ချေ။
မြို့တော် ခေါင်းဆောင်များ အနေဖြင့် ထိုအကျပ်အတည်းကို မည်သို့ ဖြေရှင်းမည်နည်း။ မြို့တော်အစိုးရတွင် ငွေရှိသော်လည်း ဌာနဆိုင်ရာအသီသီးရှိ စီမံကိန်းများကို ခွဲဝေပေးထားရသည်။ ကျန်းလီပေါင်အတွက် ငွေသုံးလိုက် ပါက အခြားနေရာများတွင် ပြဿနာများ ဖန်တီးသလို ဖြစ်သွားပေတော့မည်။
ဒုက္ခများ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။ ဖြန့်ဖြူးသူများသည် စက်ရုံနှင့် အစိုးရ ဝင်ပေါက်များတွင် ပိတ်ဆို့ကာ ကျန်းလီပေါင်ထံမှ ငွေပေးချေရေး တောင်းဆိုရန် စန်းရှို့တွင် စုရုံးခဲ့ကြသည်။
“ငွေပေးချေပါ… ငွေပေးချေပါ..”
အစိုးရ အဆောက်အဦး ပင်မဝင်ပေါက်၌ ဆိုင်းဘုတ်ကြီးများဖြင့် ရေးသား ချိတ်ဆွဲထားကြသည်။ မြို့တော် ခေါင်းဆောင်များ မျက်နှာမပြရဲလောက်အောင်ပင် ရှက်သွားကြပြီး ဖြန့်ဖြူးသူများကိုလည်း ရဲများ အရေးမယူ နိုင်ချေ။
မြို့တော် ခေါင်းဆောင်များ မမျှော်လင့်ထားသည်မှာ ထိုအဖြစ်အပျက်ကို သတင်းစာ၊ စာစောင်များ၌ ပါဝင်လာခြင်းပင်။
ဖုန်းယွီသည် ဖူကွမ်းကျန့်ထံမှ ကျန်းလီပေါင်၏ အဖြစ်အပျက်များကို ကြားရသည့်အခါ အံ့အားသင့်သွားကြသည်။ လီကျန်းဝေသည် ထိုအတိုင်းအတာအထိ လုပ်လိမ့်မည်ဟု မျှော်လင့်မထားမိချေ။
--------**$$^$$**--------