← Chapters

ပေါင်းစပ် ထိုးဖောက်မှုများ

Vol. 56 Ch. 838

ပေါင်းစပ် ထိုးဖောက်မှုများ

Vol. 56 Ch. 838

“မန်နေဂျာဝေ.. ကျုပ်ဘက်က ပြောစရာရှိတာ အကုန်ပြောပြီးပြီ.. ခင်ဗျား ရပ်မရပ်ဆိုတာ ခင်ဗျားကိစ္စပဲ.. ကျုပ်တို့ သဘောတူညီချက်အရ ခင်ဗျား စာချုပ်ချိုးဖောက်ထားတာ.. ထင်ဝမ်ကမို့ ခင်ဗျားမှာ အထူးအခွင့်အရေး ရှိနေတယ် ထင်မထားနဲ့..”

ကျောက်ချင်းရှန်သည် ဆိုဖာပေါ်ထိုင်ရင်း အနည်းငယ် တုန်လှုပ်နေသည့် ဝေယန်ချောင်းအား ကြည့်နေသည်။

အစောပိုင်းတွင် ကောင်းရှစ်ဖူနှင့် တုံကြီး တို့သည် မဟာမိတ် အဖွဲ့တွင် မပါလိုသော်လည်း အဖျော်ယမကာလုပ်ငန်း အသင်းဥက္ကဋ္ဌမှ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်မှုကို ထူထောင်လိုကာ ထိုကုမ္ပဏီ (၂)ခုကို ပါဝင်ခါင့် ပေးခဲ့ခြင်းပင်။

မဟာမိတ်ဖွဲ့ပြီးနောက် ကျန်ကုမ္ပဏီများသည် ထိုင်ဝမ်ကုမ္ပဏီ(၂)ခုကိုပါ စောင့်ရှောက်ခဲ့ကြသော်လည်း ထိုကုမ္ပဏီ(၂)ခုသည် လူအားလုံးကို စိတ်ပျက်စေပေသည်။

ထိုင်ဝမ်ကုမ္ပဏီများဖြစ်၍ လုပ်ချင်သလို လုပ်နိုင်သည်ဟု ထင်နေကြသည်။ တရုတ်အစိုးရမှ ၎င်းတို့နှင့် ပြန်လည် သင့်မြတ်ရေး ကြိုးစားရန် ထိုင်ဝမ်ကို သီးခံနေပေလိမ့်မည်။ သို့ရာတါင် မဟာမိတ်အဖွဲ့၌ လက်မှတ်ရေးထိုးထား သည့် ထိုင်ဝမ်ကုမ္ပဏီများသည် သဘောတူညီချက်အား လျစ်လျူရှုနိုင်မည်ဟု မဆိုလိုချေ။

“မစ္စတာကျောက်.. ငါတို့မှာ အခက်အခဲတွေ ကြုံနေရလို့ပါ..”

“ဘာမှ လာရှင်းပြမနေပါနဲ့တော့.. ကျုပ်မှာ ပြောစရာကုန်သွားပြီ.. ဒါက မဟာမိတ်က ဆုံးဖြတ်ချက်ပဲ.. ခင်ဗျား စဉ်းစားဖို့ အချိန်(၃)ရက် ပေးမယ်..”

ကျောက်ချင်းရှန် ဆက်မပြောတော့ဘဲ ထွက်သွားလိုက်သည်.

ဟိုတယ်သို့ ပြန်ရောက်သည့်အခါ လီကျန်းဝေသည် ကျောက်ချင်းရှန် အခန်းသို့ သွားလိုက်သည်။

“ကျုပ် မန်နေဂျာလျိုကို ပြောလိုက်ပြီ.. သူ့ကို ဘာမှမလုပ်နိုင်ဘူးလို့ ထင်ထားပုံပဲ…”

လီကျန်းဝေ ပြောရင်း ရယ်မောနေပေသည်။

“ကောင်းရှစ်ဖူလဲ အဲ့လိုပဲ.. သူတို့လုပ်သမျှ သီးခံနေမယ် ထင်နေကြတာ.. စာချုပ်အတိုင်း လုပ်ပြီး ဒီလအတွက် သူတို့ ပို့ကုန်တွေ ရပ်ပစ်လိုက်သင့်ပြီထင်တယ်..”

ကျောက်ချင်းရှန် အေးစက်စွာ ပြန်ဖြေလိုက်သည်။ ကောင်းရှစ်ဖူနှင့် တုံကြီးတို့သည် လီဟဟ ကဲ့သို့ လက်ဖက် ဖျော်ရည်များကို ရောင်းချနေကြကာ လီဟဟသည် တရုတ်နိုင်ငံ၏ အကြီးဆုံး လက်ဖက် အဖျော်ယမကာ ထုတ်လုပ်သူ မဖြစ်ရပ်တည်နေဆဲပင်။ ၎င်းတို့ လုပ်ရပ်သည် လီဟဟ၏ အမြတ်အစွန်းများကို ထိခိုက် စေလိမ့်မည်။

“ဒီကောင်တွေက ထိုင်ဝမ်ကုမ္ပဏီတွေဆိုတော့ ငါတို့နဲ့ ခွာပြဲသွားရင် နောက်ဆက်တွဲ ပြဿနာတွေ ဖြေရှင်းနိုင် ပါ့မလား.. ဥက္ကဋ္ဌက ဘာမှ မပြောသေးဘူး..”

လီကျန်းဝေ စိုးရိမ်တစ်ကြီး မေးလိုက်သည်။

တရုတ်နှင့် ထိုင်ဝမ်ကြား ဆက်ဆံရေး တင်းမာလာကာ ထိုဖြစ်ရပ်သည် နိုင်ငံတကာ အငြင်းပွားမှု ဖြစ်လာပါက မဟာမိတ်အဖွဲ့၏ ထိန်းချုပ်နိုင်မှုမှ လွတ်သွားပေလိမ့်မည်။

“မန်နေဂျာဖုန်းက.. အဲ့ကိစ္စ တိုင်တွယ်လိုက်မယ်လို့ ပြောထားပြီးသား.. အဲ့အတွက် ငါတို့ စိတ်ပူစရာမလိုဘူး.. မန်နေဂျာဖုန်းက အသက်ငယ်ပေမယ့် အစိုးရရဲ့ ထိပ်တန်းခေါင်းကြီးပိုင်းတွေနဲ့ ဆက်ဆံရေးရှိပြီးသား..”

ကျောက်ချင်းရှန်အနေဖြင့် ဖုန်းယွီသည် ဤအခက်အခဲအားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ကို သိထားပြီး ဖြစ်၍ တည်ငြိမ်နေပေသည်။

*********

“မန်နေဂျာဖုန်း.. အဲ့ကုမ္ပဏီ(၂)ခုလုံး အကြောင်းပြန်တာ အတူတူပဲ.. သူတို့ ထုတ်လုပ်မှုမှာ အခက်အခဲ နည်းနည်း ရင်ဆိုင်နေရလို့ (၂)လလောက်နေမှ အားလုံး အဆင်ပြေနိုင်မယ်တဲ့..”

(၂)လလော။ ဈေးကွက်ဖွင့်ပြီးသည်အထိ အသာစီးရရန် ဆွဲဆန့်ထားချင်သည်လော။ (၂)လအကြာတွင်လည်း ၎င်းတို့၏ အကြောင်းပြန်ကြားစာများမှာ အတူတူသာ ဖြစ်လိမ့်မည်။ တရုတ်အဖျော်ယမကာ အမှတ်တံဆိပ်များ သည် လာမည့်နှစ်၌ အမေရိကန်တွင် ခြေကုပ်ယူ အောင်မြင်ပြီးနောက် ၎င်းတို့သည် ပြည်ပဈေးကွက်သို့ ပြန်လည် ရောင်းချမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် တရုတ်ဈေးကွက်၌ ၎င်းတို့၏ ဈေးကွက်ဝေစုနှင့် အမြတ်ဝေစုများ တိုးလာပေလိမ့်မည်။

ဆုတောင်းလေ။

“ကောင်းပြီ.. ဒီကိစ္စ ကျုပ်လုပ်လိုက်မယ်..”

ထို ထိုင်ဝမ်ကုမ္ပဏီ(၂)ခုသည် ရယ်စရာဖြစ်အောင် လုပ်နေကြသည်လော။ ၎င်းတို့အား သင်ခန်းစာပေးရန်ပင် စိတ်မပါချေ။

ယခုမူ ဖုန်းယွီ၏ BML ကုမ္ပဏီကို ထိလာပေပြီ။ ထို အဖျော်ယမကာ ကုမ္ပဏီများသည် နိုင်ငံခြားတွင် မည်သည့် ရုံးခွဲမှ မရှိတော့ဘဲ ၎င်းတို့ ကုန်ပစ္စည်းများကို ငွေပေးချေရန် BML ကုမ္ပဏီအပေါ် မှီခိုနေရပေသည်။ ဖုန်းယွီသည် ထိုကုမ္ပဏီ (၂)ခုအတွက် ငွေပေးချေမှုများကို ထိန်းထားရန် BML သို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။

*******

“ဘာ… BML က ပြီးခဲ့တဲ့ လအတွက် ငွေပေးချေမှု အဆင်မပြေတာ (၃)ရက်ရှိပြီ ဟုတ်လား.. ဘာလို့ စောစောက မပြောတာတုန်း..”

“ဒါရိုက်တာ.. အမေရိကန်နဲ့ တရုတ်ကြားက အချိန်ကွာဟချက်ကြောင့်လို့ ကျုပ်ထင်ထားတာ.. သူတို့ကို ဖုန်းခေါ်တော့ ပေးရမယ့်ငွေတွေ လက်ထဲမှာ အသင့်ရှိပါတယ်လို့ ပြောတယ်.. တာဝန်ခံနဲ့ စကားပြောဖို့ ကြိုးစား ပေးမယ့် နည်းနည်းခက်နေတယ်.. ခင်ဗျားကို သတင်းပို့ယုံကလွဲပြီး ရွေးစရာ မရှိတော့ဘူး..”

လျိုကျစ်ရှန် ကောင်းချင်ဟွာအား ဖုန်းဖြင့် သတင်းပို့နေခြင်းပင်။

“ငါတို့ ငွေပေးချေမှုကို ထိန်းထားမလိုလား.. ကောင်းပြီ.. ငါ ဥက္ကဋ္ဌကျစ်ကို အခုပဲ ဖုန်းဆက်လိုက်မယ်.. ဒီကောင်တွေ နောင်တရစေရမယ်..”

“ဒါရိုက်တာ.. သူတို့တွေ တုံကြီးအတွက် ငွေချေရမှာတွေကိုလဲ ထိန်းထားတယ်.. ကျုပ်တို့ ငွေပေးချေမှုတွေကို ပြန်ဖြေဖို့ဆိုရင် BML ကို ဖိအားပေးမှ အဆင်ပြေမယ်ထင်တယ်.. ဘာဖြစ်ဖြစ် ငါတို့က ထိုင်ဝမ်နိုင်ငံသားတွေလေ..”

လျိုကျစ်ရှန် ပြောလိုက်သည်.

“ကောင်းပြီ.. ဒီကိစ္စ ငါတို့ရှင်းလိုက်မယ်..”

ကောင်းရှစ်ဖူနှင့် တုံကြီးတို့သည် သတင်းပေးပို့လာမှုများကြောင့် ပေါက်ကွဲနေပေပြီ။

၎င်းတို့ နောက်ဆုံးဖွဲ့စည်းထားသည့် အဖျော်ယမကာ မဟာမိတ် အဖွဲ့အကြောင်း CCTV မှ တင်ပြလာသည်။ ထိုအစီအစဉ်တွင် တရုတ် အဖျော်ယမကာများသည် ပြည်ပဈေးကွက်၌ ယှဉ်ပြိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုင်ဝမ်မှ ကုမ္ပဏီများနှင့် ဟောင်ကောင်မှ ကုမ္ပဏီများလည်း ပါဝင်ပေ၍ မဟာမိတ်ဖွဲ့ခဲ့ကြောင်း အလေးပေး ဖော်ပြသွားသည်။

လီဟဟ အုပ်စု၏ တည်ထောင်သူ တစ်ယောက်ဖြစ်သော ကျောက်ချင်းရှန်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အံ့အား သင့်စရာ တစ်ခု ပြောသွားပေသည်။

“ကုမ္ပဏီတွေဟာ ငွေကြေးအင်အား၊ အတိုင်းအတာ တစ်ခုနဲ့ အမှတ်တံဆိပ် အသိအမြင်တွေအပေါ် အခြေခံပြီး မဟာမိတ်ဖွဲ့ထားတဲ့ ကုမ္ပဏီတွေကို ကျုပ်တို့ ရွေးချယ်ခဲ့တာပါ.. အဲ့ဒါကလဲ ပြည်ပဈေးကွက်ကို အတူတူ ဝင်ရောက် နိုင်ဖို့ပါ.. အဲ့အချိန်မှာ ထိုင်ဝမ်က ကုမ္ပဏီတွေလဲ ဒီမဟာမိတ် အဖွဲ့ထဲကို ဝင်ချင်ကြပါတယ်.. သေချာစဉ်းစားပြီးမှ ထိုင်ဝမ်က အင်အားအကောင်းဆုံး ကုမ္ပဏီ(၂)ခုကို ရွေးလိုက်ပါတယ်.. တကယ်ဆိုရင် အဲ့ကုမ္ပဏီ(၂)ခုက ခိုင်မာမှု မရှိသလို.. သူတို့ရဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့လဲ လိုနေပါသေးတယ်..

နောက်ဆုံး ဘာဖြစ်သွားလဲဆိုရင်.. ကုမ္ပဏီတွေအားလုံး သဘောတူ လက်မှတ်ရေးထိုးပြီး လိုအပ်တဲ့ ဝင်ကြေးတွေ ပေးကြ၊ ပြည်ပဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ အစွမ်းကုန် ကြိုးစားကြတာပေါ့.. တချို့ ကုမ္ပဏီတွေကတော့ သူတပါးတွေလို အားစိုက်မထုတ်ချင်ဘဲ အကျိုးအမြတ်ရဖို့အတွက် မကြိုးစားတဲ့အပြင် အဟန့်အတားတောင် လုပ်နေကြသေးတယ်.. ပြည်ပ အရောင်းကိုယ်စားလှယ်ကုမ္ပဏီကနေ ကုန်ပစ္စည်း တင်ပို့ဖို့ တောင်းတော့လဲ သူတို့ ဘာမှမတတ်နိုင်ဘူး.. မဟာမိတ်တွေရဲ့ ဂုဏ်သိက္ခာနဲ့ ဖောက်သည်တွေရဲ့ယုံကြည်မှု ဆုံးရှုံးသွားလိမ့်မယ်.. အဲ့လူတွေက တရုတ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေချင်နေတာ..”

ကျောက်ချင်းရှန် ပြောရင်းဖြင့် တုန်နေပေသည်။

“ဥက္ကဋ္ဌကျောက် ဖြတ်မေးရတာ တောင်းပန်ပါတယ်.. အဲ့ကုမ္ပဏီက ဘယ်ကုမ္ပဏီလဲဆိုတာ မေးလို့ရမလား.. ပြီးတော့ ကုမ္ပဏီ တစ်ခုထဲ မကဘူးလား..”

သတင်းထောက်မှ ဖြတ်မေးလိုက်သည်။

“အင်း.. အားလုံးက ထိုင်ဝမ်ကုမ္ပဏီတွေပါဗျာ.. တစ်ခုက ကောင်းရှစ်ဖူတဲ့.. နောက်တစ်ခု တုံကြီးပါ..”

ကျောက်ချင်းရှန် ပြန်ဖြေလိုက်သည်။

“အဲ့ကုမ္ပဏီ (၂)ခုက အသင့်စား ခေါက်ဆွဲတွေ ရောင်းနေတာ မဟုတ်ဘူးလား..”

“ဟုတ်ပါတယ်.. သူတို့က ခေါက်ဆွဲခြောက်တွေ ရောင်းတာပါ.. ကျုပ်တို့တွေ လက်ဖက်အဖျော်ယမကာတွေ ရောင်းကောင်းနေတာ တွေ့တော့ လိုက်လုပ်ကြတာပေါ့ဗျာ.. ကျုပ်တို့ ထုတ်ကုန်တွေ၊ ထုပ်ပိုးမှုတွေ၊ အရသာတွေ လိုက်တုတာကို ကျုပ်စိတ်ထဲမထားပါဘူး.. ဒါပေမယ့် စီးပွားရေးလုပ်တယ်ဆိုရင် စည်းကမ်းတွေ လိုက်နာရမှာပေါ့.. ဘယ်စည်းကမ်းတွေလဲဆိုရင် စာချုပ်ထဲမှာ လက်မှတ်ရေးထိုးထားတဲ့ စည်းကမ်းတွေပေါ့ဗျာ..”

“သူတို့က စာချုပ်ကို ချိုးဖောက်နေတယ်လို့ ပြောချင်တာလား..”

“စာချုပ်ကို ချိုးဖောက်တယ်ဆိုတာထက်ကို ပိုပါတယ်.. ထိုင်ဝမ်ကုမ္ပဏီတွေဆိုပြီး အခွင့်အရေးယူ နေကြတာ.. ပြီးခဲ့တဲ့ (၁)လကျော်က စာချုပ် ဖောက်ဖျက်လို့ သူတို့ကို ပြောတဲ့အခါ အရေမရ အဖတ်မရ ဆင်ခြေတွေ ပေးနေကြတယ်.. ဒီ အဖျော်ယမကာ မဟာမိတ်အဖွဲ့ဆိုတာ အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့အပြင် ပြည်ပရောင်းချရေး ကုမ္ပဏီဖြစ်တဲ့ BML တောင် ကျုပ်တို့ဆီကနေ ငွေပမာဏ သိပ်ရတာမဟုတ်ဘူး.. ထပ်ကာထပ်ကာ သတိပေးပေမယ့် စာချုပ်ပါ စည်းကမ်းချက်တွေကို အခုထိအောင် လျစ်လျူရှုနေကြတုန်းပဲ..”

“ဥက္ကဋ္ဌကျောက်.. ခင်ဗျားတို့ ဒီကိစ္စ ဘယ်လိုဖြေရှင်းကြမလဲ..”

“ဒါကို ဘယ်လိုဖြေရှင်းကြမလဲဆိုတော့.. စာချုပ်ပါ စည်းကမ်းချက်တွေအတိုင်းပဲ သွားရမှာပေါ့.. ဒီစာချုပ်က သူတို့အတွက် အကျိုးရှိပြီးသားကို.. စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်နေမှတော့ ကျုပ်တို့ကို ဂျင်းထည့်နေတာ မဟုတ်ဘူးလား.. သူတို့ ဘယ်ကလဲဆိုတာ ကျုပ်တို့ ဂရုမစိုက်ဘူး.. စာချုပ်ကို လိုက်နာရမယ်.. ဥပဒေကို လေးစား ရမယ်..”

ပြောရင်းဖြင့် ကျောက်ချင်းရှန် အသံမှာ တစ်ဖြည်းဖြည်းချင်း ပိုပို၍ မြင့်လာပေသည်။

**********

“အေး.. ကျောက်ချင်းရှန်.. လီဟဟ မင်းတို့က ငါတို့ကို အတင်းအကြပ် လုပ်နေကြတယ်ပေါ့.. ဒီကောင်တွေကို စာထုတ်ပြီး ဥပဒေဌာနကို လာခိုင်းလိုက်.. တရားရုံးမှာ တွေ့ကြတာပေါ့..”

“ဒါရိုက်တာ.. ကျုပ်တို့ အဲ့လို လုပ်လို့မရဘူး.. စာချုပ်ပါ စည်းကမ်းချက်တွေကို ကျုပ်တို့က ဖောက်ဖျက်ထားတာ.. ဒီစည်းမျဉ်းတွေကိုကြည့်ပါအုံး.. စာချုပ်ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်တဲ့အတွက် လျော်ကြေးငွေက မူလပမာဏထက် (၁၀)ဆနော်.. တရားရုံးထိ သွားမယ်ဆိုရင် ဒီထက်ပိုကုန်သွားလိမ့်မယ်..”

“ဒါဆို ငါတို့ ဘာလုပ်ရမှာလဲ ပြောစမ်းပါအုံး.. ကျုပ်တို့ မှားပါတယ်လို့ ဝန်ခံလိုက်ရမှာလား..”

ကောက်ချင်းယန် ဒေါသတကြီး မေးလိုက်သည်။

“တကယ်ဆို ဒါက အနောက်နိုင်ငံ ဈေးကွက်ထဲ ဝင်ဖို့ အခွင့်အရေး ကောင်းလို့ ထင်ပါတယ်.. တုံကြီးကို စတည်ထောင် တုန်းက ပထမ(၆)နှစ်မှာ ငွေတွေ အရှုံးပေါ်ခဲ့တယ်.. ပြီးတော့ (၆)နှစ်လုံး ရှုံးခဲ့သမျှ ပြန်ရဖို့ (၂)နှစ် ကြာတယ်.. စာချုပ်အတိုင်း ကုန်ပစ္စည်းတွေ ဘာလို့ ပို့မပေးနိုင်ရမှာလဲ.. ထိုင်ဝမ်ကုမ္ပဏီက ကုန်ပစ္ဏည်းပို့ပေးရင် ကျုပ်တို့ငွေတွေ သူတို့ပြန်ထုတ်ပေးလိမ့်မယ်လို့ ယုံတယ်..”

လျိုကျစ်ရှန် ပြောလိုက်သည်။

“ကောင်းရှစ်ဖူ ဘယ်မှာလဲ..”

“သူ့ အဆက်အသွယ်တွေဆီ အကူအညီတောင်းမယ်လို့တော့ ကြားတာပဲ.. ကျုပ်တို့ အဆက်အသွယ်တွေကို သုံးပြီး သူတို့နဲ့ ပူးပေါင်းရင်ရော.. ဥက္ကဋ္ဌကျူး ကူညီနိုင်မယ်လို့ ကျုပ်ထင်တယ်..”

“ကောင်းပြီ.. မင်း ဒီကိစ္စ သေချာဖြေရှင်းမှ ရမယ်.. တရုတ်ဈေးကွက်က တော်တော်ကြီးလွန်းတယ်.. ငါတို့တွေ ဆုံးရှုံးခံလို့ မဖြစ်ဘူး.. ငါတို့ ဂုဏ်သတင်းအတွက် လိုအပ်ရင် ကောင်းရှစ်ဖူအပေါ် အပြစ်ပုံရမယ်.. နားလည်ရဲ့လား..”

ကောင်းချင်းယန်၏ အတွေးမှာ ရိုးရှင်းပေသည်။ မိမိ ဒုက္ခရောက်ပါက ပြိုင်ဖက်သည်လည်း ဒုက္ခရောက်ရပေ လိမ့်မည်။

“ဟုတ်ကဲ့.. ကျုပ် ဘာလုပ်ရမယ်မှန်း မသိပဲနေမလား..”

--------**$$^$$**--------

All Chapters