← Chapters

နိုင်ငံခြား စီးပွားရေးအုပ်စု

Vol. 56 Ch. 827

နိုင်ငံခြား စီးပွားရေးအုပ်စု

Vol. 56 Ch. 827

“အဘိုးကြီးကျောက်.. မင်းအဲ့ပြဿနာ ဘယ်လိုဖြေရှင်းမလဲ.. လူတွေအားလုံး ကျန်းလီပေါင်ကို ဒေဝါလီခံရလိမ့်မယ် ပြောနေကြတယ်.. ငါတို့ ဘယ်လောက်ထိ ဆိုးဆိုးရွားရွား နာမည်ပျက်သွားမယ်ဆိုတာ မင်းသိရဲ့လား.. ကောလာဟလတွေ မပြန့်စေနဲ့ ဖိနှိပ်ထားလိုက်..”

စန်းရှို့ အစိုးရ တာဝန်ခံ ရှုစစ်ချန်းမှ ပြောလိုက်သည်။

“ပြည်နယ်တွင်းက သတင်းမီဒီယာတွေ အကုန်လုံး ငါတို့ ထိန်းချုပ်နိုင်တယ်.. အခု ဖွနေတာက တခြားပြည်နယ်က.. ကျုပ်တို့တွေ ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ချေးငွေရအောင် ဘဏ်တွေကို စည်းရုံးဖို့ပဲ..”

စန်းရှို့ ပြည်နယ်အစိုးရ ဒု-တာဝန်ခံ ကျောက်တာ့ဝေ ပြန်ဖြေလိုက်သည်။

အပြန်အလှန် ဆွေးနွေးနေစဉ် ရှုစစ်ချန်၏ အတွင်းရေးမှူး ရင်းနှီးမြုပ်နှံမှု မြင့်တင်ရေး ဌာန အကြီးအကဲ ခေါင်းဆောင် ဝမ်လိန် သတင်းကောင်း တစ်ခုနှင့် ဝင်ခွင့်တောင်းနေကြောင်း ပြောလာသည်။

သတင်းကောင်းလော။ ရှုစစ်ချန်နှင့် ကျောက်တာ့ဝေတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အကြီးအကဲ ဝမ်လိန်အား ဝင်ခိုင်းလိုက်သည်။

“ခေါင်းဆောင်တွေအတွက် သတင်းကောင်းတစ်ခု ကျုပ်ရလာတယ်.. ပြီးခဲ့တဲ့ (၂)ရက်က ကွမ်ကျိုးကို သွားတော့ ချမ်းသာတဲ့ စီးပွားရေးသမား တစ်ချို့ ကျုပ်တို့မြို့ဆီ ဖိတ်ခေါ်လာလိုက်တယ်..”

ဝမ်လိန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“လူချမ်းသာ စီးပွားရေးသမားတွေလား.. အဘိုးကြီးဝမ်.. မင်း အလုပ်ကြိုးစားမှန်း ငါသိပါတယ်ကွာ.. ခက်တာက ဒီလို နေရာမျိုးမှာ ဘယ်လုပ်ငန်းရှင်က ရင်းနှီးမြုပ်နှံချင်မှာလဲ.. အဲ့လုပ်ငန်းရှင်တွေ ကွမ်ကျိုးကနေ ခေါ်လာတာ ဆိုတော့ ကွမ်ကျိုးအစိုးရကနေတဆင့် ငါတို့ကို ဆွေးနွေးလောက်တယ်..”

ကျောက်တာ့ဝေ ခေါင်းယမ်းရင်း ပြောလိုက်သည်။

လွန်ခဲ့သည့်နှစ်အတွင်း စီးပွားရေးသမားများသည် စန်းရှို့သို့ လာရောက် လှည့်လည် ခဲ့ကြသော်လည်း နောက်ဆုံး စန်းရှို့အစိုးရမှ အကျိုးအမြတ်များ ပေးသည့် စည်းကမ်းချက်များဖြင့် ကမ်းလှမ်းသော်လည်း ကွမ်ကျိုးနှင့် ရှန်ကျန်း တို့တွင်သာ ရင်းနှီးမြုပ်နှံသွားကြသည်။

“အခုက မတူဘူး.. စီးပွားရေးသမားတွေ အဖျော်ယမကာလုပ်ငန်းထဲမှာ ရင်းနှီးမြုပ်နှံဖို့ စိတ်ကူး နေကြတယ်.. မကြာမီကပဲ လီပါ့ရှီ ဆက်သွယ်လာတယ်..”

ဝမ်လိန် ထပ်ပြောလိုက်သည်။

အဖျော်ယမကာ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံလိုသည်လော။ သို့ဆိုလျှင် ညှိနှိုင်း၍ ရပေလိမ့်မည်။ ကျန်းလီပေါင် သည် တရုတ်နိုင်ငံ အဖျော်ယမကာ လုပ်ငန်းတွင် ဦးဆောင်သူ ဖြစ်သည်။ အကယ်၍ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ရယူနိုင်ပါက ကျန်းလီပေါင်၏ ဘဏ္ဍာရေး ပြဿနာများ ဖြေရှင်းပြီး ဖြစ်သွားမည့်အပြင် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူ များကို ဆွဲဆောင်ခြင်းမှာ အလားအလာရှိသည့် အဖြေတစ်ခု ရနိုင်ပေလိမ့်မည်။ ဤသည်က နိုင်ငံရေး အကြွေးတစ်ခု အဖြစ် မှတ်ယူနိုင်ပေသည်။

“အဲ့ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ ဘယ်မှာလဲ.. ဒီည ပွဲပြင်လိုက်.. ကျောက်နဲ့ ကျုပ် သူတို့ကို သီးသန့် လက်ခံ တွေ့ပေးမယ်.. စန်းရှို့မှာ သူတို့တွေ ရင်းနှီးမြုပ်နှံမှု လုပ်ရမှာပေါ့..”

ရှုစစ်ချန်း ပြတ်ပြတ်သားသား ပြောလိုက်သည်.

ဝမ်လိန်မှ..

“အကြီးအကဲ.. မန်နေဂျာလီကိုရော ခေါ်လိုက်သင့်လား..”

စန်းရှို့တွင် လီကျန်းဝေကိုသာ မန်နေဂျာလီဟု ခေါ်ကြသည်။ မြို့တော် နှစ်ပတ်လည် အစီးအဝေး၌ လီကျန်းဝေသည် မြို့တော် ခေါင်းဆောင်များနှင့်အတူ ထိုင်မည်ဖြစ်ကာ မြို့တော်၏ တတိယ ပုဂ္ဂိုလ် အဖြစ် အမြင်ခံရပေလိမ့်မည်။

စန်းရှို့အစိုးရ၏ ဝင်ငွေ အများစုသည် ကျန်းလီပေါင်မှ ဖြစ်သည်။ ကျန်းလီပေါင် မရှိပါက စန်းရှို့သည် မြို့နယ် အဆင့် ဖြစ်လာမည် မဟုတ်ချေ။

ရှုစစ်ချန်းနှင့် ကျောက်တာ့ဝေတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ..

“သွားမပြောနဲ့.. စီးပွားရေးသမားတွေနဲ့ အရင်ဆုံး တွေ့ကြည့်အုံးမယ်..”

ဝမ်လိန် အံ့ဩသွားတော့သည်။ ထိုကိစ္စသည် ကျန်းလီပေါင်နှင့် သက်ဆိုင်ကာ ခေါင်းဆောင်များမှ လီကျန်းဝေအား မပါဝင်စေချင်သည်လော။ ခေါင်ဆောင်များ လီကျန်းဝေနှင့် ခွာပြဲနေသည်လော။

လီကျန်းဝေသည် ကျန်းလီပေါင်ကို စာရင်းသွင်းကာ စီမံခန့်ခွဲမှု ရှယ်ယာများ ဝယ်ယူချင်နေသည်မှာ လျှို့ဝှက်ချက် မဟုတ်ချေ။ ထိုအကြောင်း မြို့သူ မြို့သား တော်တော်များများ သိကြသော်လည်း မြို့တော် ခေါင်းဆောင်များမှ ထိုတောင်းဆိုချက်ကို ပယ်ချခဲ့သည်။ တစ်ချိန်လုံး ရုံးခန်းအတွင်း ထိုင်နေသူများပင် ထိုကိစ္စသိထားကြသည်။

********

“အကြီးအကဲတို့ကို သူတို့နဲ့ မိတ်ဆက်ပေးပါမယ်.. ဒါက ရုရှားက မစ္စတာ ကီရီလန်ကို.. ဒါ အမေရိကန်က မစ္စတာဖုန်းပါ.. နယူးယောက်မှာ ကုမ္ပဏီတစ်ခု လည်ပတ်ထားပြီး မစ္စတာလီက ကနေဒါမှာ ကုမ္ပဏီ တစ်ခု ပိုင်ထားပါတယ်.. ဒါက မစ္စတာဖူပါ.. စင်္ကာပူမှာ ရင်းနှီးမြုပ်နှံရေး ကုမ္ပဏီ တစ်ခု ရှိပါတယ်.. ဒါ ကျုပ်တို့ စန်းရှို့ မြို့တော်ဝန် ရှုနဲ့ ဒု-မြို့တော်ဝန်ကျောက်ပါ..”

မစ္စတာလီဆိုသည်မှာ မဟာလူသားလီ၏ သားထွေးဖြစ်ကြောင်း ရှုစစ်ချန် သိထားပြီးဖြစ်ပြီး မစ္စတာဖူသည် ဒေါင်ဂွမ်၌ စက်ရုံအများအပြား ပိုင်ဆိုင်ထားသည့် ဟောင်ကောင် စီးပွားရေးသမား ဖြစ်သည်။ မစ္စတာဖုန်းသည် ဟောင်ကောင်မှ ဖြစ်သော်လည်း အမေရိကန်၌ စီးပွားရေး လုပ်နေသည်။ အားလုံးမှာ ချမ်းသာသည့် နိုင်ငံခြား လုပ်ငန်းရှင်းများပင်ဖြစ်သည်။

ဖုန်းယွီနှင့် ကျန်လူများ ကိုယ်စီ လိပ်စာကဒ်များ ထုတ်ပေးလိုက်သည်။ ကီရီလန်ကိုမှ လွဲ၍ ကျန်လူများအားလုံး အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားကြသည်။

ဖုန်းယွီမှာ ရှုစစ်ချန်သည် အင်္ဂလိပ်လို မတတ်မှန်း သိသော်လည်း တမင် ထိုသို့ ပြင်ဆင်ထားခြင်းဖြစ်သည်။ ယနေ့ခေတ်၌ အင်္ဂလိပ်အမည်ကဒ်(လိပ်စာကဒ်) များသည် တရုတ်ဘာသာ လိပ်စာကဒ်များထက် ပို၍ ဂုဏ်တက် ပေသည်။

ရှုစစ်ချန်သည် လိပ်စာကဒ်များကို ဖတ်ဟန် ဆောင်လိုက်သော်လည်း တစ်လုံးမှ မသိချေ။ ထို့နောက် ရယ်မော လိုက်ရင်း..

“စန်းရှို့က ကြိုဆိုပါတယ်.. အားလုံး ဒီမှာ ရင်းနှီးမြုပ်နှံမယ်ဆိုရင် အစိုးရထောက်ပံ့ကြေး အကောင်းဆုံးရမယ်ဆိုတာ သေချာပါတယ်..”

“အကြီးအကဲရှု… ကျုပ်တို့က နယ်မြေ အနေအထား လိုက်ကြည့်ဖို့ ရောက်နေတာပါ.. ညစာအတွက် ကျေးဇူး တင်ပါတယ်..”

ဖူကွမ်းကျန့် တမင်ရည်ရွယ်ချက်ရှိရှိ ပြောချလိုက်သည်။

ရှုစစ်ချန်နှင့် ကျောက်တာ့ဝေတို့ မျက်နှာပြောင်းသွားသည်။ ထိတ်လန့်တုန်လှုပ်သွားကြကာ ကျောက်တာ့ဝေမှ..

“မစ္စတာဖူ.. ခင်ဗျားတို့အားလုံး အဖျော်ယမကာ လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံကြမှာလို့ ကျုပ်ကြားထားပါတယ်.. ကျုပ်တို့ စန်းရှို့က ကျန်းလီပေါင်ဆိုတာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း အဖျော်ယမကာ အမှတ်တံဆိပ်ပါ.. ဘယ်အမှတ်တံဆိပ်ကမှ ကျုပ်တို့နဲ့ မယှဉ်နိုင်ဘူး..”

“မှန်ပါတယ်… ကျန်းလီပေါင်သာ ဒီမှာရှိတာ မဟုတ်ရင် ကျုပ်တို့ ရောက်လာမှာ မဟုတ်ဘူး.. အခုတော့ လီပါ့ရှစ်နဲ့ပဲ စေ့စပ်ညှိနှိုင်းတာတွေ လုပ်ရတော့မှာပေါ့..”

ဖူကွမ်းကျန့် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ဖူကွမ်းကျန့်သည် လီပါ့ရှစ်နှင့် တစ်ကြိမ်တွေ့ဖူးသော်လည်း လီပါ့ရှင်သည် သူတို့ကို ရင်းနှီးမြုပ်နှံမှု မလုပ်စေလိုချေ။

“ဒါဆို မင်းတို့တွေ ကျန်းလီပေါင်ကို စိတ်ဝင်စားကြတယ်ပေါ့.. မင်းတို့တွေ ဘယ်လို ပူးပေါင်း ဆောင်ရွက်မှုမျိုး လုပ်ဖို့ စဉ်းစားထားလဲ.."

ကျောက်တာ့ဝေ မေးလိုက်သည်။

“ကျုပ်တို့မှာ ဒေသတော်တော်များများကို ဖြန့်ဖြူးရေးလမ်းကြောင်းတွေ ရှိတယ်.. မစ္စတာဖုန်းဆိုရင် အမေရိကန် ကုန်တိုက်ကြီးတွေ တော်တော်များများနဲ့ အဆက်အသွယ်တွေ ရှိတဲ့အပြင် မစ္စတာ ကီရီလန်ကိုဆိုရင် ဥရောပနိုင်ငံ တော်တော်များများမှာ အရောင်းဆိုင်တွေ ရှိတယ်.. မစ္စတာလီဆိုရင် ကနေဒါနဲ့ ဗြိတိသျှ နိုင်ငံတွေမှာ မိတ်ဖက်တွေ ရှိတယ်.. အရှေ့တောင်အာရှနဲ့ ဩစတျေးလျှဘက်က စီးပွားရေး နယ်ပယ်နဲ့လဲ ရင်းနှီးတယ်..ကျန်းလီပေါင်နဲ့ ဖက်စပ် ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ ကျုပ်တို့ တွေးနေကြတာ..”

ဖူကွမ်းကျန့် ရှင်းပြလိုက်သည်။

ထိုအုပ်စုထဲY ဖူကွမ်းကျန့်၏ ကန်တုံစကာပြော စွမ်းရည်မှာ အကောင်းဆုံး ဖြစ်ပြီး စေ့စပ်ညှိနှိုင်းရေး၌ ဦးဆောင်သူ ဖြစ်သည်။ ဖုန်းယွီနှင့် ကျန်လူများမှာ ဖူကွမ်းကျန့်ကို အဖွဲ့ခေါင်းဆောင်အဖြစ် အမူအရာ ပြထားကြသည်။

“မင်းတို့တွေ ဘယ်လောက် ရင်းနှီးမြုပ်နှံကြမလဲ.. မင်းတို့အားလုံး ရှယ်ယာ ဘယ်လောက် လိုချင်တာလဲ..”

ကျောက်တာ့ဝေ မေးလိုက်သည်။

ထိုမေးခွန်းမှာ အရေးအကြီးဆုံး ဖြစ်သည်။ ဖူကွမ်းကျန့်သည် ရှယ်ယာ အများအပြား လိုချင်ပါက စန်းရှို့အစိုးရသည် မည်သည့်အခါတွင်မှ သဘောတူမည် မဟုတ်ချေ။

“ရှယ်ယာ (၆၀)ရာခိုင်နှုန်းကို ကျုပ်တို့ရဲ့ ဖြန့်ဖြူးရေး လမ်းကြောင်းတွေနဲ့ ကန်ဒေါ်လာ သန်း(၄၀) ရင်းနှီးမြုပ်နှံဖို့ စီစဉ်ထားပါတယ်..”

ဖူကွမ်းကျန့် ဖြန်ဖြေလိုက်သည်။

“ဒါတော့ မဖြစ်နိုင်ပါဘူး.. ကျန်းလီပေါင်ကို ငါတို့ ချုပ်ကိုင်ထားနိုင်မှ ရမယ်.. အများဆုံး (၄၀)ရာခိုင်နှုန်းပဲ ပေးနိုင်မယ်..”

ကျောက်တာ့ဝေသည် ကျန်းလီပေါင်အား ပြည်ပလူများ လက်ထဲသို့ မည်သည့်နည်းဖြင့် လွှတ်ထားနိုင်မည်နည်း။ အစိုးရသည် ပြည်သူများအတွက် စိုက်ထုတ်ထားခြင်းဖြစ်ပြီး ၎င်းတို့ လိုချင်တိုင်း ယူ၍ ရမည် မဟုတ်ချေ။

“အားလုံးပဲ.. အခု ဆုံးဖြတ်ချက် မချသေးဘဲ.. နောက်မှ အသေးစိတ် ပြောကြတာပေါ့.. မင်းတို့ကို မနက်ဖြန် ကျန်းလီပေါင်ဆီ ခေါ်သွားပေးမယ်လေ.. အဲ့တော့မှ ဆုံးဖြတ်ချက် ချလို့ရတာပဲ..”

ရှုစစ်ချန် ကြာဝင်ပြောလိုက်သည်။

အစိုးရအရာရှိများ၌ပင် ရဲကောင်း နှင့် ရဲညံ့များ ရှိသေးသည်။ ဒေါ်လာသန်း(၄၀)ဖြင့် လှုပ်ရှားရန် လုံလောက်ပေသည်။ ထိုငွေဖြင့် ကျန်းလီပေါင်သည် ဘဏ္ဍာရေး အဆင်မပြေမှုများအားလုံးကို ဖြေရှင်းနိုင်ပြီး ချေးငွေ ထပ်မံရရှိရန်ပင် ကူညီနိုင်ပေသည်။

ရန်ပုံငွေအသစ်သည် အမေရိကန်ဌာနခွဲ၌ ထုတ်ကုန် အသစ်များ တီထီနိုင်ရန် ကူညီပေးနိုင်ကာ ယခုနှစ်၏ ရောင်းအားသည် အထွတ်အထိပ်သို့ ရောက်သွားပေလိမ့်မည်။

မြို့တော်မှ ကျန်းလီပေါင်၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး ခေါင်းဆောင်များသည် မိမိတို့အား အဆင့်မြင့် အပိုဆုကြေးများနှင့် အကျိုးဆောင် အမှတ်များပင် ရနိုင်သေးသည်။ ဗဟိုအစိုးရမှ အလေးထားသည့် အတွက် ခေါင်းဆောင်များအနေဖြင့် ကုမ္ပဏီ အစုရှယ်ယာများ လက်လွှတ်ခံချင်စိတ် မရှိကြချေ။

ဖုန်းယွီသည် ခေါင်းဆောင် (၂)ယောက်၏ အမူအရာကို ကြည့်၍ ဒေါ်လာသန်း(၄၀)ဖြင့် ၎င်းတို့၏ ယုံကြည်မှု ရလိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။

--------**$$^$$**--------

All Chapters