အခန်း (၂၁၆)
Vol. 16 Ch. 216
အခုတစ်ခေါက်မှာတော့ ကျိုးပင်းကိုသာမက ဝမ်ချုံးကိုပါ နတ်ဘုရားအကယ်ဒမီသို့ ခေါ်ဆောင်သွားရန် ဖန်ကြွယ်ယွီ အစီအစဉ်ရှိသည်။ နတ်ဘုရားအကယ်ဒမီ၏ ထူးခြားဆန်းပြားမှုများက သူတို့နှစ်ဦးကို အံ့ဩမှင်သက်စေသည်။ ဖန့်ကြွယ်ယွီလည်း အဆင့်(၂) ခွင့်ပြုချက်အတွက် ပြီးမြောက်မှုနှုန်းသည် ၅/၁၀၀၀၀၀ဖြစ်သွားသည်။
“ဟူး…ဒီတစ်ခေါက်မစ်ရှင်ကလည်း မလွယ်ပါလား”
ဖန့်ကြွယ်ယွီက သက်ပြင်းရှည်ကြီးချမိသည်။ လူပေါင်းတစ်သိန်းလောက်ကို စုဆောင်းရခြင်းသည် ညတွင်းချင်း ပြီးမြောက်နိုင်သော အလုပ်မဟုတ်ပေ။
သူ၏ ဝီဘိူအကောင့်မှတစ်ဆင့် ကျောင်းသားများကို လူသိရှင်ကြားခေါ်ယူရန် တွေးမိသေးသည်။သို့သော် နတ်ဘုရားအကယ်ဒမီမှာ လူအများကြီးမရှိနေပေ။ ကျောင်းမှာရှိသော ဆရာများက တော်သော်လည်း ကျောင်းသုားပမာဏက နည်းနေသေးသဖြင့် ကျောင်းကို လူသိပ်မသိသေးပေ။
နတ်ဘုရားအကယ်ဒမီက နာမည်ရလာပြီး လူသိထင်ရှားဖြစ်လာမည့် အခွင့်အရေးကို သူစောင့်နေမိသည်။ ထိုအချိန်ရောက်လျှင် ကျောင်းသား တစ်သိန်းဆိုသောပမာဏကို အသာလေး စုဆောင်းနိုင်တော့မည်။
နှစ်ရက်ကုန်လွန်သွားခဲ့သည်။ ဖန့်ကြွယ်ယွီက “ထိန်းသိမ်းစောင့်ရှောက်ခ”လာတောင်းမည့် နောက်ဆုံးရက်ကို မေ့နေသည်။
လူတစ်ယောက်က သူ့အိမ်ရှေ့ရောက်လာသည်။
“သခင်လေး..တစ်ယောက်ယောက်ရောက်လာပြီ” ကူးရီ၏ အသံကြောင့် သူ အိပ်နေရာမှ နိုးလာခဲ့သည်။
“ဘယ်သူလဲကွ..ဒီလောက်အစောကြီးရှိသေးတာ။ အေးအေးဆေးဆေးကို မအိပ်ရဘူး”
ဖန့်ကြွယ်ယွီက နာရီကိုကြည့်သောအခါ ငါးနာရီခွဲပဲရှိသေးသည်။ မနေ့ညက နှစ်နာရီထိုးသည်အထိ ဝမ်ချုံးနှင့် ဂိမ်းကစားနေခဲ့သည်။ ထို့နောက် ဘာမှတောင် မလေ့ကျင့်နိုင်ဘဲ အိပ်ပျော်သွားသည်။ ထို့ကြောင့် သူသည် အလွန်ပင်ပမ်းနွမ်းလျနေသည်။
ဖန့်ကြွယ်ယွီမှာ မကောင်းတဲ့အချက်တစ်ခုရှိသည်။သူ့မှာ အိပ်ရာနိုးလျှင် စိတ်မကြည်တတ်သော အကျင့်ရှိသည်။ တစ်ခါတုန်းက ကျောင်းတွင် နေ့လည်စာစားချိန်မှာ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ ဒုကျောင်းအုပ်ကြီးက နေ့ခင်းအချိန်တွင် ကျောင်းခန်းထဲလိုက်ကြည့်သောအခါ သူအိပ်ပျော်နေတာကိုတွေ့ သွားသည်။ ထို့ကြောင့် စားပွဲခုံကို နှစ်ချက်ခေါက်ပြီး သူ့ကို နှိုးခဲ့သည်။ သူက ဒေါသတကြီးနှင့် နိုးလာပြီး ဒုကျောင်းအုပ်ကြီးကို တိုက်ခိုက်မည့်ပုံစံအသင့်ဖြစ်နေခဲ့သည်။ သူက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကို နှောင့်ယှက်သည့်လူတိုင်းက သူ၏ရန်သူဖြစ်သည်။
“သခင်လေး..လူသုံးယောက်ရောက်လာတာပါ။ နှစ်ယောက်က အသက်၂၀အရွယ်လူငယ်လေးတွေဖြစ်ပြီး နောက်တစ်ယောက်က အသက် ၄၀အရွယ် လူလတ်ပိုင်းတစ်ဦးဖြစ်ပါတယ်။ အားလုံးက ဝတ်ရုံရှည်တွေဝတ်ဆင်ထားပြီး သူတို့နောက်မှာဓားကို လွယ်ထားကြပါတယ်”
“သောက်ရူးတွေ..ငါ့ကိုဆက်ကြေးလာကောက်ကြတာပဲ”
ဖန့်ကြွယ်ယွီက မျက်လုံးကို ပွတ်သပ်လိုက်သည်။ ကောရှင်းယွီကတော့ သူနိုးနေတာကို မသိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။
“သခင်လေး..ကျွန်တော် ဒီကောင်တွေကို ရှင်းလိုက်ရမလား”
“ရတယ်။ မင်း အသာနေ။ ငါ့ဘာသာ ကြည့်ပြီးရှင်းလိုက်မယ်”
သူ၏ ဒေါသထွက်နေသောစိတ်ကို ထိုကောင်တွေအပေါ် ပုံချပစ်ရမည်။
“မစ္စတာဖန့်..ကူးချန်ဂိုဏ်းက ကူးထုံက ခင်ဗျားဆီအလည်လာတာပါ”
အသံက ကျယ်လွန်းသဖြင့် ကောရှင်းယွီတောင် နိုးလာနိုင်သည်။
“အင်း..ဘာသံတွေလဲဟင်…”
ကောရှင်းယွီက ကျယ်ကျယ်လောင်လောင် အသံများကြောင့် နိုးလာသည်။
ဖန့်ကြွယ်ယွီက သူမ၏ ပါးကို နမ်းရင်း”ဘာသံမှမဟုတ်ပါဘူး။ ဒီတိုင်း လျှောက်အော်နေကြတာ။ ရှင်းယွီ ဆက်အိပ်နေလေ။ ကိုယ်သွားကြည့်လိုက်မယ်”
ဒီလောက် အဆင့်မြင့်အိမ်ရာရှေ့မှာမည်သူကများ လာအော်နေတာလဲဆိုတာ ရှင်းယွီ သိချင်သွားသည်။ သို့သော် ဖန့်ကြွယ်ယွီက မည်သည့်ကိစ္စကိုမဆို အကောင်းဆုံးဖြေရှင်းနိုင်သူမို့ သိပ်တော့မစိုးရိမ်ပေ။
“တောက်..နိုးနိုးချင်း ဒီလိုကျက်သရေတုံးတွေနဲ့မှ ကြုံရတယ်လို့”
ဖန့်ကြွယ်ယွီက တံခါးကိုဖွင့်လိုက်သောအခါ တရုတ်သိုင်းကားထဲက ဇာတ်ကောင်များအတိုင်း ဝတ်ဆင်ထားသည့်လူသုံးဦးကို တွေ့ရသည်။
လူငယ်နှစ်ဦးက အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး လူလတ်ပိုင်းတစ်ဦးက အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူတို့၏ အနောက်ဘက်တွင် ဓားရှည်တစ်ချောင်းကိုယ်စီလွယ်ထားကြသည်။ သူတို့ပုံကြည့်ရတာ ကြောက်စရာကောင်းပေသည်။ ဒါတင်မကေသေးဘဲ ထောင်လွှားမောက်မာနေပြီး တစ်ဖက်သားအပေါ် အထင်မြင်သေးသည့်ပုံစံများဖြစ်သည်။
သိုင်းလောကဂိုဏ်းများက လူတွေက သူတို့ကိုယ်သူတို့ အဆင့်မြင့်လူသားများဟု ထင်နေကြတာလားဆိုတာ မသိပေ။
“နှစ်ယောက်က အဆင့်မြင့်သိုင်းပညာဝင်ခါစ အနေအထား။ နောက်တစ်ယောက်က အဆင့်မြင့်သိုင်းပညာရှင်အဆင့်။ အင်း…ကူးချန်ဂိုဏ်းက ပိုင်မိသားစုထက် အဆင့်မြင့်တာပဲ”
ကြည့်ရတာ သိုင်းလောကဂိုဏ်းများက သာမန်သိုင်းလောကမိသားစုများထက် အင်အားကြီးပုံရသည်။
“ရော့..ချွမ်းးးး”
ဖန့်ကြွယ်ယွီက အကြွေစေ့လက်တစ်ဆုပ်စာကို ပစ်ပေးလိုက်သည်။
“ကဲ မင်းတို့လည်းပြန်တော့။ဒီမှာ ရုတ်ရုတ်လာမလုပ်နဲ့။ငါလည်း ပြန်အိပ်တော့မယ်။ ငါ့အိမ်မှာရှိတဲ့ အကြွေစေ့က ဒါအကုန်ပဲ”
လူလတ်ပိုင်းအမျိုးသားက မျက်မှောင်ကြုံ့သွားသည်။
သူ့အိမ်ရောက်လာတာ ဆက်ကြေးလာကောက်တာဆိုတာ ဖန့်ကြွယ်ယွီမသိလေရော့လား။
သူတို့ကို လမ်းဘေးဖျော်ဖြေသူများနှင့် မှားနေတာလား။
လူငယ်နှစ်ဦးက ဒေါသအလွန်အမင်းထွက်သွားသည်။ ကူးချန်ဂိုဏ်းဆိုတာ သိုင်းလောကတွင် မသိတဲ့လူမရှိသော နာမည်ကြီးဂိုဏ်းဖြစ်သည်။သူတို့ကို ဒီလူက ဘာကြောင့် မလေးမစားဆက်ဆံနေရတာလဲ။
“ဆရာ..ဒီလူကတော့ ပြသနာကို မီးခွက်ထွန်းရှာနေတာပဲ”လူငယ်တစ်ဦးက သူ့ဆရာဖြစ်သူကို လှမ်းပြောသည်။
“အလျင်မလိုနဲ့”ဖန့်ကြွယ်ယွီက အိပ်ရာနိုးနိုးချင်းဖြစ်တာမို့ သူတို့ပြောတာကို သဲသဲကွဲကွဲမကြားဘူးလို့ ဆရာဖြစ်သူက ယူဆသည်။
“မစ္စတာဖန့်..ငါက ကူးချန်ဂိုဏ်းရဲ့ ခြောက်ယောက်မြောက်အကြီးအကဲဖြစ်သူ ကူးထုံပါ။ ငါတို့ဒီကိုရောက်လာတာ နှစ်စဉ်ပေးနေကြဖြစ်တဲ့ ဆက်ကြေးကိုလာကောက်တာပါ။ မစ္စတာဖန့်က ပေးဖို့ပိုက်ဆံအသင့်ပြင်ထားပြီ လို့ထင်ပါတယ်။ ပြေပြေလည်လည် အေးအေးဆေးဆေးပဲပြောကြရအောင်”
“ရူးနေလား။ မနက်အစောကြီး သူများအိမ်ရှေ့ကိုရောက်လာပြီး ဆူညံဆူညံလာလုပ်တယ်။ ငါက မနက်ခင်းမှာ အေးအေးဆေးဆေးမအိပ်ရရင် ဒေါသထွက်တတ်တယ်။ ငါအခု စိတ်အရမ်းတိုနေတာ။ မင်းတို့ ပြန်တာပဲကောင်းမယ်။ မဟုတ်ရင် ငါ လုံခြုံရေးကို ခေါ်လိုက်မှာ”
“ဘာပြောတယ်” ဆရာဖြစ်သူ၏ မျက်နှာအမူအရာချက်ချင်းပြောင်းသွားသည်။
ဖန့်ကြွယ်ယွီက သူတို့ကို အေးအေးဆေးဆေးပြန်မဖြေရှင်းသည့်အပြင် ရိုင်းပျစွာပြောဆိုဆက်ဆံနေသည်။
ကူးချန်ဂိုဏ်းကို လမ်းဘေးက သူဖုန်းစားသာသာ သူထင်နေတာလား။
“မစ္စတာဖန့်..ခင်ဗျားကို ကျုပ်တို့ပို့လိုက်တဲ့စာရတယ်မဟုတ်လား”
“ဒါပေါ့ ရတယ်လေ။ ခင်ဗျားတို့တောင်းသလောက် ပေးဖို့အစီအစဉ်လည်းမရှိဘူး။ အာ..သိပြီ။ မင်းတို့က ကူးချန်ဂိုဏ်းက မလား”
လူငယ်နှစ်ဦးက သူ့ကို စိတ်ထဲမှ အကြိမ်ကြိမ်ကျိန်ဆဲနေမိသည်။ သူတို့အကြောင်း နှစ်ခါမကမိတ်ဆက်သော် လည်း ဖန့်ကြွယ်ယွီက မသိချင်ယောင်ဆောင်နေသည်။
“ဒါဆို မစ္စတာဖန့် ပေးရမဲ့ ပိုက်ဆံပြင်ထားပြီးပြီလား”
ဆရာဖြစ်သူက ဒေါသကို မျိုသိပ်ပြီး မေးသည်။
“ဘာကိုပြင်ထားရမှာလဲ”
“ခုက ၂၀၂၀ရောက်နေပြီ။ ဘာလို့ ဆက်ကြေးပေးနေရမှာလဲ။ ခုချိန်မှာ လူမိုက်ဂိုဏ်းတွေကို နိုင်ငံမှာဖြိုခွင်းနေတာ မသိကြဘူးလား”
“ဒါဆို မစ္စတာဖန့် ဆိုလိုချင်တာက ဆက်ကြေးမပေးဘူးဆိုတဲ့ သဘောပေါ့”
သူတို့ကို ဒီလိုမျိုးမချေမငံဆက်ဆံသည့်လူနှင့် တစ်ခါမှ မကြုံဘူးသဖြင့် ဒေါသအလွန်ထွက်လာကြသည်။
“ငါက ပိုက်ဆံရှာဖို့ တစ်နှစ်ပတ်လုံးကြိုးစားပမ်းစားလုပ်ခဲ့ရတာ။ မင်းတို့ကို ဘာလို့ ငါရှာသမျှပိုက်ဆံရဲ့ ၃၀%ပေးရမှာလဲ။ မင်းတို့ရှာတာ ဘယ်နှပြားပါလဲ။ မင်းတို့ကျွေးတဲ့ထမင်းငါစားလား။ မင်းတို့ ခင်းထားတဲ့လမ်း ငါလျှောက်နေလား။ မင်းတို့ လေကို ငါရှုနေလို့လား။ မင်းတို့ ဒီလို အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ပိုက်ဆံတောင်းရဲတဲ့ သတ္တိကိုလေးစားတယ်”
“သောက်ရူးတွေ”
ဖန့်ကြွယ်ယွီက ထိုသို့ပြောပြီး တံခါးကို ပိတ်ပစ်ပြီး အထဲပြန်ဝင်ဖို့ ပြင်သည်။
“မစ္စတာဖန့်က ငါတို့အကြောင်းမသိသေးတဲ့ပုံပဲ”
“ရန်ချီ..သူ့ကို ပညာပေးလိုက်”