← Chapters

ပိုင်ယုဟိုင်၏ ဖိတ်ခေါ်ချက်

Vol. 16 Ch. 219

ပိုင်ယုဟိုင်၏ ဖိတ်ခေါ်ချက်

Vol. 16 Ch. 219

“ဘာတွေဖြစ်နေတာလဲ။ တံခါးအပြင်ဘက်ကနေ ထုနေသံတွေကြားလိုက်ရလို့”

ဆူညံဆူညံအသံများကြောင့် ကောရှင်းယွီသည် အိပ်ချင်မူးတူးနှင့် နိုးထလာသည်။

“သိုင်းသမားလို့ခေါ်တဲ့အုပ်စုတွေက အိမ်ကိုလာပြီး လူမိုက်ဆန်ဆန် ဆက်ကြေးခွဲနေလို့”

ဖန့်ကြွယ်ယွီက ပြန်လှဲလိုက်သည်။

“ငါက သူတို့ကို ကောင်းကောင်းပညာပြန်ပေးလိုက်တယ်။ပြီးတော့ လုံခြုံရေးတွေက လာပြီးဆွဲထုတ်သွားတာ”

“ဟား..ရှင်ကတော်တော်ဆိုးတာပဲ”

ကောရှင်းယွီက တခစ်ခစ်ရယ်မောနေသည်။

“ရှင်းယွီ နတ်ဘုရားအကယ်ဒမီမှာတက်ရတာအဆင်ပြေရဲ့လား။ မင်းအတော်လေး သင်ပြီးပြီဟုတ်”

မနက်စောစောစီးစီးနိုးခဲ့ပြီမို့ သူတို့နှစ်ဦးလုံးလည်း ပြန်မအိပ်ချင်တော့ပေ။

“ဟုတ်တယ်။ အဲ့က ဆရာတွေက အရမ်းတော်တာပဲ။ ငါတစ်ခါမှမကြားဖူးတဲ့ အရာတွေအများကြီးပဲ”

ကောရှင်းယွီ၏ အတွင်းအားက အလယ်အလတ်အဆင့်နီးပါးရောက်ခါနီးဖြစ်နေသည်။ သူမက သီချင်းဆိုသောအခါ အတွင်းအားကိုထည့်ပြီးဆိုသဖြင့် အသံက ပိုပြီးကြည်လင်စူးရှနေသည်။

“ရှင်းယွီ သီချင်းဆိုတာနဲ့ တူရိယာတီးခတ်တာတွေက ဒီအတိုင်းအပိုသင်တာတွေပါ။အရေးကြီးဆုံးက မင်းကိုယ်ထဲမှာရှိတဲ့ အရည်အချင်းတွေကို ဘယ်လိုအသုံးချရမလဲဆိုတာပဲ။ အဲ့တာအခြေခံပဲ”

“အင်း သိပါပြီ”

ဖန့်ကြွယ်ယွီသာမကပဲ ကျောင်းမှာရှိသော ဆရာ/မများက ထိုအကြောင်းကို အကြိမ်ပေါင်းများစွာ သူမကိုပြောကြသည်။

ဖန့်ကြွယ်ယွီသည် ရေချိုးပြီးနောက် ရေချိုးခန်းထဲမှ ထွက်လာသည်။ ထိုအချိန်မှာ ကျွမ်းရီသည် လက်ထဲမှာစာတစ်စောင်ကိုကိုင်ပြီး အိမ်ထဲဝင်လာသည်။

သူမက အိမ်ထဲဝင်ဝင်ချင်း အံ့အားသင့်ရသည်။ အိမ်ရဲ့တံခါးက ညတွင်းချင်းဘယ်လိုလုပ်ပြီး ပျက်စီးသွားရတာလဲ။

ကူးရီဒီမှာရှိနေရဲ့သားနှင့် ဘယ်လိုသူခိုးမျိုးက သူတို့အိမ်ထဲဝင်ရဲတာလဲ။

“သခင်လေး..ဘာတွေဖြစ်ကုန်တာလဲ”ဟု ကျွမ်းရီက မေးသည်။

“ဪ …သောက်ရူးတွေဝင်လာပြီး ပြသနာရှာသွားတာ။တံခါးပြင်ဖို့ လူရှာလိုက်ပါဦး။ဒီတစ်ခေါက်ကျရင် တိုက်တေနီယမ်နဲ့ လုပ်လိုက်ပါ။ ဓားနဲ့ခုတ်ရင်တောင် အရာမထင်မဲ့ တံခါးမျိုးလုပ်လိုက်ပါ”

ဖန့်ကြွယ်ယွီက သူမလက်ထဲက စာကို ညွှန်ပြရင်း” ဒါကဘာလဲ။ ဆက်ကြေးတောင်းမဲ့စာတော့ မဟုတ်ဘူးမလား”

“ဆက်ကြေးဟုတ်လား”

ကျွမ်းရီက ဖန့်ကြွယ်ယွီပြောတဲ့ အဓိပ္ပါယ်ကို နားမလည်ပေ။

“သခင်လေး..ဒါက လူကြီးမင်း ပိုင်ယုဟိုင်က ပို့လိုက်တဲ့ဖိတ်စာပါ။ သူ့ရဲ့ အသက် (၈၀)ပြည့် မွေးနေ့ကို လာတက်ဖို့ ဖိတ်ခေါ်တာပါ”

“ဪ အဲ့လိုလား။ လန့်သွားတာပဲ”

သူ့ကို နောက်ထပ်ပြသနာရှာမည့်လူများ မဟုတ်တော့တာမို့ ဖန့်ကြွယ်ယွီ စိတ်အေးသွားရသည်။

သူက ဖိတ်စာကိုယူလိုက်သည်။ မွေးနေ့ပွဲက ၂၈ရက်နေ့ဖြစ်သည်။ ကောရှု၏အိမ်ကို ၃၀ရက်နေ့သွားမည်ဟု ကြံစည်ထားသည်။

“မွေးနေ့ပွဲကို သွားမှာလား သခင်လေး။ သခင်လေးသွားမယ်ဆို လိုအပ်တဲ့လက်ဆောင်ပစ္စည်းတွေကို ချက်ချင်းပြင်ဆင်ပေးမယ်”

“သွားမယ်လေ။ လူကြီးကိုယ်တိုင်က တလေးတစားဖိတ်တာမို့ လေးစားသမှုနဲ့ တက်ရမှာပေါ့။ပြီးတော့ လက်ဆောင်ကိုလည်း ငါကိုယ်တိုင်ပြင်လိုက်မယ်”

“ဟုတ်ကဲ့ပါ သခင်လေး ဒါဆို ပြင်ဆင်စရာရှိတာတွေ သွားပြင်လိုက်ပါဦးမယ်”

“အင်း သွားတော့လေ”

“ရှင်းယွီ..ကိုယ်နဲ့လိုက်ခဲ့ပါလား။ မင်းကို တစ်ခါပြောဖူးတဲ့ အဘိုးပိုင်ဆိုတာလေ။ သူကလည်း သိုင်းလောကထဲကပဲ။ သူတို့လောကကို မင်းမြင်အောင်ပြမယ်လေ”

“ဟုတ်ပြီလေ လိုက်ခဲ့မယ်”စတူဒီယိုအသံသွင်းလုပ်ငန်းများလည်း ပြီးခဲ့ပြီမို့ သူမက ဖန့်ကြွယ်ယွီ၏အနောက်ကို လိုက်ချင်သည်။

“ဘာလက်ဆောင်ပေးရမလဲဆိုတာ သေချာစဉ်းစားရမယ်”

ပိုင်မိသားစုသည် လူကုံထံအသိုင်းအဝိုင်းဖြစ်တာမို့ စျေးကြီးသည့်လက်ဆောင်များအစား အဓိပ္ပါယ်များစွာရှိသော လက်ဆောင်ပေးတာက ပိုပြီးအဆင်ပြေသည်။

“သိုင်းလောကမိသားစုအတွက် ဘာကအရေးကြီးဆုံးလဲ။ သိုင်းကွက်တွေနဲ့ ကျင့်ကြံခြင်းလမ်းစဉ်တွေက အသုံးဝင်ဆုံးဖြစ်မှာပဲ”

သူက စွမ်းအားရှင်ကျင့်ကြံခြင်းလမ်းစဉ်ကိုတော့ မပေးနိုင်သော်လည်း အားဖြည့်ဆေး သို့အဆင့်မြင့်သိုင်းကွက်တချို့ပေးနိုင်သည်။

ပိုင်ယုဟိုင်၏ သိုင်းပညာသည် အလယ်အလတ်အဆင့်တွင် အကြာကြီး ရပ်တန့်နေသည်။ သူ့အနေအထားနှင့်ဆို အားဆေးသာကူပါက သိပ်ပြီးမခဲယဉ်းတော့ပေ။

“ဒါပဲပေးတော့မယ်”

ဖန့်ကြွယ်ယွီက ခရမ်းရောင်အားဆေးကို ထုတ်ပြီး ဘူးထဲထည့်လိုက်သည်။

“အင်း ဒီလောက်ဆိုရပြီထင်တာပဲ”

….

ပိုင်ယုဟိုင်၏ မွေးနေ့ပွဲကို ပိုင်မိသားစု၏ အိမ်တော်တွင် ပြုလုပ်သည်။ပထမတစ်ကြိမ်သွားလည်ခဲ့ဖူးတာမို့ ခုတစ်ကြိမ်မှာ ဖန့်ကြွယ်ယွီနှင့် မစိမ်းတော့ပေ။

ပိုင်မိသားစုသည် သိုင်းလောကတွင် အလတ်အလတ်အဆင့်မိသားစုအနေအထားဖြစ်တာမို့ ပိုင်ယုဟိုင်၏ မွေ့နေ့ပွဲတွင် ဧည့်သည်များဖြင့် စည်ကားနေသည်။ ထို့ကြောင့် ခြံဝန်းတစ်ခုလုံး ဧည့်သည်များ၏

ကားဖြင့် ပြည့်နှက်နေပြီး ကားပြပွဲတစ်ခုသဖွယ် ဖြစ်သွားသည်။

ဖန့်ကြွယ်ယွီတစ်ချက်အကဲခတ်ကြည့်သောအခါ ပွဲတက်သည့်လူတိုင်းက သိုင်းပညာကို တတ်မြောက်ကြသည်။ အသက် ၂၀အရွယ်လူငယ်များက အခြေခံအဆင့်သိုင်းပညာကို တတ်မြောက်ကြပြီး သက်လတ်ပိုင်းနှင့် သက်လတ်ပိုင်းလူများသည် အလယ်အလတ်အဆင့်မှာ ရှိနေကြသည်။ အနည်းငယ်သော လူများကသာ အဆင့်မြင့်သိုင်းပညာရှင်များဖြစ်ကြပေသည်။

ယနေ့မှာ ပိုင်ယိုသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သိုင်းပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ထားသူမို့ သူမနှင့် သိုင်းဝတ်စုံကကြည့်ကောင်းလှသည်။

သူမက အပြင်ဘက်ကိုထွက်လာပြီး ဧည့်သည်တစ်ဦးကို ရှာဖွေနေသည်။

“ပိုင်ယို..မတွေ့ရတာကြာပြီနော်”

လူချောလေးတစ်ဦးက သူမအနားကို ချဉ်းကပ်လာပြီး သူမကိုနှုတ်ဆက်သည်။

“ဆရာချင်းလည်း ဒီကိုရောက်နေတာလား”

ဆရာချင်း၏ နာမည်အပြည့်အစုံမှာချင်းယွင်ဖြစ်သည်။ သူသည် နာမည်ကြီး သိုင်းလောက မိသားစုမှ ဆင်းသက်လာသည်။ချင်းမိသားစုတွင် သိုင်းပါရမီရှင်တစ်ဦးရှိသည်။

ချင်းယွင်နှင့် ပိုင်ယိုသည် တက္ကသိုလ်အတူတူတက်ခဲ့ကြသည်။ ချင်းယွင်က ပိုင်ယိုကိုစိတ်ဝင်စားနေတာကို သူမလည်း သိသည်။ချင်းယွင်ကတော်သော်လည်း သူ့ပုံစံကို မကြိုက်သဖြင့် ပိုင်ယိုက ခပ်ခွါခွါနေခဲ့သည်။

“အထဲကိုအရင်ဝင်လေ။ဆရာချင်း..ကျွန်မက ဒီမှာ အရေးကြီးဧည့်သည်တွေကို ကြိုရဦးမယ်”

“အရေးကြီးဧည့်သည်”

ချင်းယွင်က “ဟက်”ခနဲရယ်မိသည်။ သူတို့ချင်းမိသားစုက ပိုင်ယုဟိုင်၏ မွေးနေ့ပွဲကို တက်သည်ဆိုသော အချက်နှင့်ပင် ပိုင်မိသားစုက မျက်နှာရပေလိမ့်မည်။ သူ့ထက်ပိုပြီး အရေးကြီးသော ဧည့်သည်ဆိုတာ ရှိသေးတာလား။

ထိုအချိန်မှာ ဖန့်ကြွယ်ယွီနှင့် ကောရှင်းယွီတို့နှစ်ဦးက သူမထံ တည့်တည့်လျှောက်လှမ်းလာတာကို ပိုင်ယိုတွေ့လိုက်ရသည်။

ပိုင်ယိုက သူတို့ကို ခရီးဦးကြိုဆိုရင်း “ဥက္ကဌ၊ မစ္စကော..ရောက်လာကြပြီပေါ့။ အဘိုးက ရှင်တို့ကိုကြိုဖို့ ကျွန်မကိုလွှတ်လိုက်တာ။ အထဲကိုခေါ်သွားမယ် လာ”

“ငါ့ကို အပြင်မှာဆို ဥက္ကဌလို့ မခေါ်နဲ့လို့မှာထားတယ်မလား”

“ဟဲဟဲ အကျင့်ပါနေလို့ပါ။ မစ္စတာဖန့် မစ္စကော ကြွပါရှင်”ပိုင်ယိုက ချင်းယွင်ရှိနေတာကို လုံးဝမေ့သွားသည်။

“ဒီလူက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်မဟုတ်လား”ချင်းယွင်က ဖန့်ကြွယ်ယွီကို မှတ်မိသည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေစေဦးတော့ သူသည် သာမန်လူဖြစ်တာမို့ သိုင်းလောကသားများကို

မကျော်နိုင်ပေ။ပိုက်ဆံချမ်းသာခြင်းက သိုင်းလောကမှာ ဘာမှ အသုံးမဝင်ပေ။

“ဦလေးမို ဒီကောင့်ကို တစ်ချက်ကြည့်ပါဦး”

ဒီတစ်ကြိမ်မှာ ချင်းမိသားစုမှ ချင်းယွင်နှင့် ချင်းမို အတူတူပွဲတက်လာသည်။ ချင်းမိုသည် သူ့ဖခင်၏ ညီငယ်လေးဖြစ်သည်။

လူတစ်ယောက်၏ အနေအထားကို ဆန်းစစ်မရခြင်းက အခြေအနေနှစ်ရပ်ဖြစ်နိုင်သည်။ ပထမတစ်ခုက ထိုလူက အလွန်အဆင့်မြင်နေသောကြောင့်ဖြစ်ပြီး ကျန်တစ်မျိုးက သာမန်လူဖြစ်သောကြောင့် ဖြစ်နိုင်သည်။ အသက်၂၀အရွယ်လူငယ်လေးက သူ့ထက်သာလွန်နေမည်ဟု ချင်းမို တစ်ခါမှ မတွေးဖူးပေ။

ချင်းမိုက ခေါင်းကိုခါရင်း “သူ့အတွင်းအားကိုစမ်းလို့မရဘူး။ ကြည့်ရတာ သာမန်လူမို့လို့နေမှာ”

All Chapters