အဖိုးတန်ဆေးများ
Vol. 16 Ch. 220
“ပိုင်ယို..မဆိုးပါဘူး။ မင်းရဲ့သိုင်းပညာက အလယ်အလတ်အဆင့်ကိုရောက်ခါနီးပြီပဲ။ပိုင်မိသားစုမှာ မင်းလောက် အစွမ်းထက်တဲ့လူမရှိတော့ဘူးပေါ့”
ဖန့်ကြွယ်ယွီက ပိုင်ယို၏ အနေအထားကို အကဲခတ်လိုက်သည်။
သူမက ဆေးဖော်စပ်သည့်ပညာအပြင် သူရဲကောင်းအားချင်းထံမှ ဓားသိုင်းများကို လေ့လာသင်ယူခဲ့သည်။ သိုင်းလောကပုံပြင်များမှာဆို အားချင်းသည် ရန်သူပေါင်းသုံးထောင်ကို ဝါးလုံးတစ်ချောင်းထဲဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့်အားချင်၏ ဓားသိုင်းသည် အဖော်မဲ့ဓားကိုးချောင်းသိုင်းထက် သာလွန်သည်ဟုဆိုနိုင်သည်။
ထိုဓားသိုင်းနှင့်ဆို အလယ်အလတ်သိုင်းပညာရှင်တစ်ဦးတောင်မှ သူမကို အနိုင်မယူနိုင်ပေ။
“ဒီလိုတိုးတက်လာတာ မစ္စတာဖန့်ကျေးဇူးတွေမကင်းပါဘူး”
ပိုင်ယိုက သူမ၏တိုးတက်မှုများ ဘာကြောင့်ဖြစ်လာရတယ်ဆိုတာ ကောင်းကောင်းနားလည်ပေသည်။ သူမကို နတ်ဘုရားအကယ်ဒမီက သင်ပေးသောပညာများနှင့် ဖန့်ကြွယ်ယွီတိုက်သော ဆေးတန်ခိုးကြောင့် ဤမျှလောက်မြန်မြန်ဆန်ဆန်တိုးတက်လာရခြင်းဖြစ်သည်။
ပိုင်ယိုက သူတို့ကို အတွင်းခန်းမဆောင်ထဲခေါ်သွားသည်။အထဲမှာ ပိုင်ယုဟိုင်သည် လာသမျှ ဧည့်သည်များကို ဧည့်ခံနေသည်။ဖန့်ကြွယ်ယွီကိုမြင်သောအခါ သူသည် အပြေးအလွှား ပြေးလာသည်။
ဆေးသောက်ပြီးနောက် ပိုင်ယုဟိုင်၏ ခန္ဓာကိုယ်ထဲမှာရှိနေသော အေးခဲစွမ်းအင်များကို ဖယ်ရှားနိုင်ရုံသာမက ဆေးတန်ခိုးကြောင့် အတွင်းအားသည် ၂၀%လောက်တက်လာသည်။
“အဘိုးပိုင်နေကောင်းတယ်မလား။ ကြည့်ရတာ ဒဏ်ရာကလည်း အတော်လေးသက်သာနေပုံပဲ”ဖန့်ကြွယ်ယွီက လက်ဆောင်ကိုကမ်းပေးရင်း “အဘိုးကျန်းကျန်းမာမာနဲ့ မိသားစုနဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်”
“မစ္စတာဖန့်..မင်းက ငါ့အသက်သခင်ကျေးဇူးရှင်ပါ။ မွေးနေ့ပွဲကို လာပေးတာနဲ့တင် ကျေးဇူးတင်နေရပါပြီကွာ။လက်ဆောင်မလိုပါဘူး” ပိုင်ယုဟိုင်က လက်ဆောင်ကို ယဉ်ယဉ်ကျေးကျေး ငြင်းဆိုသည်။
“အဘိုးပိုင်..ကျွန်တော့်ကို ရှောင်ဖန့်လို့ပဲခေါ်ပါ။ကျွန်တော်ကသိုင်းလောကသားမှ မဟုတ်တာ”
ဖန့်ကြွယ်ယွီက လက်ဆောင်ကို ပြန်ပေးရင်း “မွေးနေ့လာတာ လက်ဆောင်မပါလို့ဘယ်ဖြစ်မလဲ။ အဘိုး ဖွင့်ကြည့်ပါဦး”
“အိုး ဟုတ်သား” ပိုင်ယုဟိုင်က လက်ဆောင်ကို သိချင်သွားသည်။
ဖန့်ကြွယ်ယွီက ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်ရုံသာမက သူ့နောက်မှာ အစွမ်းထက်သော ဆရာတစ်ယောက်ရှိကိုရှိရမည်။သူယူလာသော လက်ဆောင်က သာမန်နယ်နယ်ရရ မဟုတ်နိုင်ပေ။
“ကျေးဇူးတင်ဖို့မလိုဘူးနော်။ ဒီတိုင်းဖွင့်ကြည့်လိုက်ပါ။ ပြီးကျရင် လက်ဆောင်ကို ချက်ချင်းသုံးပစ်ပါ။ မဟုတ်ရင် တခြားလူတွေက ယူသွားကြလိမ့်မယ်”
“ကဲ ဒါဆိုလည်း ဖွင့်ကြည့်ကြမယ်လေ”
သူက ဘူးကို ညင်သာစွာ လှုပ်ရမ်းပြီး ပါကင်ပိတ်ထားသည်များကို ခွါလိုက်သောအခါ ခရမ်းရောင်ဆေးလုံးနှင့် အပြာနုရောင်ဆေးလုံးကို တွေ့သည်။
ထိုအချိန်မှာ ခပ်ပြင်းပြင်းမွှေးရနံ့သည် ပိုင်ယုဟိုင်၏ နှာခေါင်းဝဆီသို့ တိုးဝင်လာသည်။ တစ်ပြိုင်နက်တည်းဆိုသလို သူ၏အတွင်းအားများ ပွက်ပွက်ဆူလာသလို ခံစားမိသည်။သူ့ကို ထိုကဲ့သို့ဖြစ်အောင်လုပ်နိုင်သော ဆေးသည် သေချာပေါက် အလွန်အဆင့်မြင့်ဆေးပဲဖြစ်ရမည်။ ထိုဆေးမျိုးကို ယခုလက်ရှိသမားတော်ကြီးများတောင် မဖော်စပ်နိုင်ပေ။
“မစ္စတာဖန့်…ဒါ ဒါက”
“အဘိုးပိုင် အပြာနုရောင်ဆေးက ပြောင်းလဲခြင်းဆေးဖြစ်ပြီး အဆင့်ငါး ဆေးအမျိုးအစားပါ။ ဒီဆေးကို အဘိုးပိုင်လို အလယ်အလတ်သိုင်းပညာရှင်တစ်ဦးသောက်မယ်ဆို ဂန် သိုင်းပညာရှင်အဆင့်ကို အလိုအလျောက် တက်လှမ်းနိုင်မှာပါ”
“ဘယ်လို” ပိုင်ယုဟိုင်က ဟန်တောင်မဆောင်နိုင်ဘဲအော်မိသည်။
“အဆင့်ငါး ဆေး”
တရုတ်ပြည်မှာအတော်ဆုံးသမားတော်သည် စတုတ္ထအဆင့်မှာပင်ရှိသည်။ ထို့ကြောင့် အဆင့် ငါးဆေးကို ဖော်စပ်ခြင်းက အောင်မြင်ခဲသည်။ အကယ်၍ အောင်မြင်ခဲ့ပါက ပိုက်ဆံနှင့်ပင် အဖိုးမဖြတ်နိုင်ပေ။
ပိုင်ယုဟိုင်က အလယ်အလတ်အဆင့်မှာ ရပ်တန့်နေသည်မှာကြာမြင့်နေပြီဖြစ်သည်။ သူက နည်းလမ်းပေါင်းစုံသုံးပြီးကြိုးစားသော်လည်း မရပေ။ ထို့ကြောင့် သူ့အတွက် ပြောင်းလဲခြင်းဆေးက တန်ဖိုးကြီးပေသည်။
ဖန့်ကြွယ်ယွီက သူ့ကို လက်ဆောင်တိုက်ရိုကပေးရသည့်အကြောင်းကို အခုမှသိတော့သည်။ ထိုဆေးကို လက်ဆောင်ရသည်ဆိုတာ သိကြပါက ရုတ်ရုတ်သဲသဲဖြစ်ကြပေဦးမည်။
သူက ထိုဆေးကို ချက်ချင်းပင် မြိုချချင်ိစတ်များ တဖွားဖွားပေါ်လာသည်။
“မစ္စတာဖန့်..နောက်ထပ်ဆေးက”
“ဒါက အဆင့်ရှစ် ဆေးတစ်မျိုးဖြစ်တဲ့ ပါရမီဆေးပါ။ ဒီဆေးကို သောက်လိုက်တာနဲ့ ပါရမီရှင်အဆင့်ကို တက်လှမ်းနိုင်မဲ့ အခွင့်အရေး ၈၀% လောက်ပေးတယ်”
“ပါရမီဆေး..၈၀%”
ထိုဆေးကို ကမ္ဘာပေါ်မှာ မည်သူမှ မဖန်တီးနိုင်ကြပေ။
ပါရမီရှင်အဆင့်ကိုရောက်ရန် နှစ်တစ်ရာနီးပါးလောက် လေ့ကျင့်ရသည်။ အသက် ၂၀၀-လောက်မှသာ ပါရမီရှင်အဆင့်ကိုရောက်နိုင်ကြသည်။ ထို့ကြောင့် ပါရမီရှင်အဆင့်ကို တက်လှမ်းနိုင်ဖို့က သိုင်းသမားတိုင်း၏ စိတ်ကူးယဉ်အိပ်မက်ဖြစ်သည်။
သို့သော် တရုတ်ပြည်သိုင်းလောကမှာ ထိုအဆင့်ကိုရောက်သူ ရှားပါးသည်။ ဖန့်ကြွယ်ယွီ၏လက်ဆောင်နှင့်ဆို အဘိုးပိုင်သည် ပါရမီရှင်အဆင့်ကို သေချာပေါက်တက်လှမ်းနိုင်သည်။ သူ့လက်ဆောင်က လက်ခံယူရန် ကောင်းလွန်းနေသည်။
“မစ္စတာဖန့် ဒီဆေးတွေကို ကိုယ်တိုင်ဖော်ခဲ့တာလား”ပိုင်ယုဟိုင်က သိချင်ဇောဖြင့်မေးသည်။
ဖန့်ကြွယ်ယွီက အဆင့်ရှစ်ဆေးကို ဖော်စပ်နိုင်ပါက အံ့ဖွယ်ဖြစ်လိမ့်မည်။
“ကျွန်တော်ဖော်တဲ့ဆေးမဟုတ်ပါဘူး။အဘိုးသိတဲ့အတိုင်းပဲ ကျွန်တော်က မိဘပေးတဲ့အမွေတွေကြောင့် အချမ်းသာဆုံးလူဖြစ်လာတာ။ အဲ့လိုပဲ ဒီဆေးတွေက ဘိုးဘေးအမွေတွေပါ။ကျွန်တော့်မှာ အများကြီးရှိတယ်”
“ဒါဆို မစ္စတာဖန့် ဘိုးဘေးတွေက သမားတော်ကြီးတွေပေါ့”
“မဟုတ်ဘူး ကျွန်တော်တို့က ဘိုးဘေးစဉ်ဆက် စီးပွါးရေးပဲလုပ်လာကြတာ။ ဒီဆေးတွေဆိုတာ သူတို့ အပျော်တမ်းဖော်စပ်ခဲ့တဲ့ဆေးတွေပါ”
“အပျော်တမ်းဆေးဖော်တယ်”ထိုစကားကိုကြားပြီး ပိုင်ယုဟိုင်လည်း ဘာပြန်ပြောလို့ပြောရမှန်းတောင်မသိတော့ပေ။ သူ၏ဘိုးဘေးများက ဖော်စပ်ခဲ့သောဆေးကို နှစ်ပေါင်းရာချီသည့်တိုင်အောင် မည်သည့်သမားတော်ကမှ မဖော်စပ်နိုင်သေးပေ။ အပျော်တမ်းဆေးဖော်သည်ဆိုသော စကားကို သမားတော်များကြားပါက အနာပေါ်တုတ်ကျသကဲ့သို့ ဆွေ့ဆွေ့ခုန်ကြတော့မည်။
“သူ့မိသားစုက ဂြိုလ်သားတွေများလား”ဖန့်ကြွယ်ယွီအကြောင်း ပိုသိလေလေ အဖြေရှာမရအောင် ထူးဆန်းလေလေဖြစ်နေသည်။
“မစ္စတာဖန့် ပေးတဲ့လက်ဆောင်က တန်ဖိုးကြီးနေလို့ လက်ခံရမှာတောင် အားနာမိပါတယ်”
သူ၏ဆေးနှင့်ဆို ပိုင်မိသားစုမှာ သိုင်းပါရမီရှင်တစ်ဦးပေါ်ထွက်လာပေတော့မည်။ ထိုသို့ဖြစ်လာပါက သူတို့ပိုင်မိသားစုသည် သိုင်းလောကတွင် ထင်ရှားလာတော့မည်။
“ရပါတယ်ဗျာ။ အဘိုးပိုင်လက်ခံပေးပါ” ပိုင်ယုဟိုင်တို့အတွက် ထိုဆေးများက တန်ဖိုးကြီးလွန်းနေသော်လည်း သူ့အတွက်တော့ သူလိုအပ်သည့်အချိန်တိုင်း အလိုရှိသလိုရနိုင်သော ဆေးများဖြစ်သည်။
ပါရမီရှင်အဆင့်မဆိုထားနှင့် နတ်ဘုရားအဆင့်ကိုရောက်နိုင်သည့် ဆေးများတောင်မှ သူ့မှာရှိနေသည်။
“ဟုတ်ပါပြီ အဲ့တာဆို မငြင်းတော့ပါဘူး” ပိုင်ယုဟိုင်က ဘူးကို ပိုက်ထားသည်။ သူ့ပုံစံက ဖန့်ကြွယ်ယွီစိတ်ပြောင်းသွားမည်ကို ကြောက်နေသည့်ပုံဖြစ်သည်။
“ဟူး အဘိုးမှာလည်း ဒီလိုရည်မှန်းချက်ရှိတာပါပဲလား” ပါရမီဆေးက ဖော်စပ်ဖို့ခက်တာ ပိုင်ယိုကောင်းကောင်းနားလည်သည်။ ပထမအဆင့်မှ နဝမအဆင့်ထိ ဆေးများက အခြေခံဆေးများဖြစ်သည်။
နောက်သုံးနှစ်မှသာ သူမသည် အဆင့်-၆ဆေးကို ဖော်စပ်နိုင်မည်ဟု သူမဆရာများကမှာထားသည်။