← Chapters

ငါက တစ်စက္ကန့်မှာ လက်သီးအချက်၁၀၀ထိုးနိုင်တယ်…

Vol. 16 Ch. 222

ငါက တစ်စက္ကန့်မှာ လက်သီးအချက်၁၀၀ထိုးနိုင်တယ်…

Vol. 16 Ch. 222

ပိုင်ယိုက မြေပြင်ပေါ်သို့ ငှက်မွှေးလေးပမာ ပေါ့ပေါ့ပါးပါးဆင်းလာသည်။ ထိုကဲ့သို့လုပ်နိုင်ဖို့ဆိုတာ အလယ်အလတ်အဆင့်သိုင်းပညာရှင်တစ်ဦးအတွက်တောင် မလွယ်ကူပေ။

“တော်လိုက်တဲ့ကိုယ်ဖော့သိုင်းပညာပါလား”

ဘေးနားမှာရပ်ကြည့်နေသော လူကြီးများက သူမ၏ သိုင်းပညာကို ချီးကျူးပြောဆိုကြသည်။ ပိုင်မိသားစုမှာ ထိုသို့ အရည်အချင်းရှိသော မျိုးဆက်သစ်ဘယ်တုန်းက ပေါ်လာခဲ့လဲဆိုတာ တီတိုးပြောဆိုနေကြသည်။

“ဒါဆို ဒါက မိုးတိမ်ပျံသိုင်းပေါ့”

“လူကြီးမင်း ချင်း..ငါနဲ့ ပြိုင်ဖို့ ကြောက်နေပြီပေါ့”

“ဟမ်..ငါကဘာလို့ကြောက်ရမှာလဲ”

ချင်းယွင် အတွက် စင်ပေါ်တက်သည့်နည်းလမ်းတစ်ခုသာရှိပေတော့မည်။ စင်ပေါ်မတက်ပါက ပိုင်ယိုကိုကြောက်သဖြင့် မပြိုင်ဘူးဟု ထင်ကြမည်။ ထိုသို့အထင်ခံရပါက သိုင်းလောကအလယ်တွင် သူမျက်နှာမပြဝံ့တော့ပေ။

သူက ပိုင်ယိုကို ရှုံးလိမ့်မည်ဟု ချင်းယွင်က မထင်ပေ။နှစ်ဦးလုံးက အလယ်အလတ်အဆင့် သိုင်းပညာရှင် ဖြစ်ခါနီးအဆင့်မှာရှိကြသည်။ ဒါ့အပြင် ချင်းမိသားစု၏ လက်ဝှေ့ပညာသည် နာမည်ကြီးသည်။ ချင်းမိသားစု၏ အကြီးဆုံးသားဖြစ်သော ချင်းယွင်၏ လက်ဝှေ့ပညာကို ချီးကျူးပြောဆိုကြသည်။

ချင်းယွင်က စင်ပေါ်ကိုတက်ပြီး ပိုင်ယို၏ ရှေ့မှာ နေရာယူလိုက်သည်။ သို့သော် သူက စင်ပေါ်မှာနေရာယူပြီး သည်နှင့် ဖုန်အလုံးလိုက်တက်လာသည်။ ထိုအရာကိုကြည့်လိုက်သည်နှင့် ပိုင်ယိုက ခန္ဓာကိုယ်ရွေ့လျားမှုတွင် အသာစီးရသည်ဟု ဆိုနိုင်သည်။

ပိုင်ယိုနှင့် ချင်းယွင်တို့နှစ်ဦး၏ ယှဉ်ပြိုင်မှုက ပရိတ်သက်အာရုံကို ဖမ်းစားနိုင်သည်။ တစ်ဦးမှာ နာမည်ကြီး ချင်းမိသားစု၏ သခင်လေးဖြစ်ပြီး ကျန်တစ်ဦးမှာ ယနေ့မွေးနေ့ရှင် ပိုင်ယုဟိုင်၏ မြေးအကြီးဆုံးဖြစ်နေသည်။

ဒါက ကြုံတောင့်ကြုံခဲဖြစ်ရပ်ဖြစ်သည်။

“ဘယ်သူနိုင်မယ်ထင်လဲ”

“သိသာနေတာပဲ။ လူကြီးမင်းချင်းနိုင်မှာပေါ့။ သူက အသက် ၂၅ နှစ်နဲ့ အလယ်အလတ်အဆင့် သိုင်းပညာရှင်ဖြစ် လုနီးပါးလေ။ သူ့အသက် ၃၀ဆို အလယ်အလတ်အဆင့် သိုင်းပညာရှင်ဖြစ်ပြီ။ သူနဲ့ယှဉ်ရင် မိန်းကလေးပိုင်က အားပျော့တာပေါ့”

“ဟား. ပိုင်သေတွက်မထားနဲ့။ လူကြီးမင်းချင်းက မိန်းကလေးပိုင်ကို ကြိုက်နေတယ်လို့ကြားတယ်။ သူ အလျှော့ပေးချင်ပေးမှာပေါ့”

“ဒါလည်းဖြစ်နိုင်တာပဲ။ သေချာကြည့်ကြမယ်လေ”

“ကောင်မလေးက နိုင်မယ်ထင်လား”

ကောရှင်းယွီက ချင်းယွင်၏အနေအထားကိုကြည့်ပြီး ယှဉ်ပြိုင်ဖို့ ခဲယဉ်းသော ပြိုင်ဘက်ဟု ခံစားမိသဖြင့် ပိုင်ယိုအတွက် စိုးရိမ်လာသည်။

“စိတ်မပူပါနဲ့ ပိုင်ယိုကို အလယ်အလတ်အဆင့်သိုင်းပညာရှင်တောင် မယှဉ်နိုင်ပါဘူး။ နတ်ဘုရားအကယ်ဒမီကျောင်းဆင်းတွေမှာ တစ်ယောက်မှ ညံ့တဲ့သူမပါဘူး”

ဖန့်ကြွယ်ယွီက ပြိုင်ပွဲရလဒ်ကို စိတ်မဝင်စားပေ။ ပိုင်ယိုက ဘယ်နှစ်ကွက်သုံးပြီး ချင်းယွင်ကို အနိုင်ယူမလဲဆိုတာ သိချင်သည်။

“ပိုင်ယို..မင်းဘက်ကစပြီးတိုက်ခိုက်ပါ”

ချင်းမိသားစု၏ လက်ဝှေ့ပညာက နာမည်ကြီးသည်။ တစ်ဖက်လူက ခုခံလေလေ အားက တဖြည်းဖြည်းပြင်းထန် လာလေလေဖြစ်သည်။ ထိုလက်ဝှေ့သိုင်း၏ အားပြင်းချက်က သံတံခါးကိုတောင် ချိုးဖျက်နိုင်သည်။

သာမန်သိုင်းပညာရှင်များကတော့ ထိုလက်သီးချက်ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်သည်။ ပိုင်ယို၏ ပုံစံနှင့်ဆို လက်သီးချက် တစ်ချက်ကိုတောင် ခံနိုင်ရည်ရှိမည့်ပုံမပေါ်ပေ။

“ဒါဆို ငါ့ဘက်ကစပြီးတိုက်ခိုက်ပြီ။မညှာပေးဘူးနော်”

ပိုင်ယိုသည် နတ်ဘုရားအကယ်ဒမီမှ ဓားသိုင်းသာမက လက်ဝှေ့ပညာကိုပါ ဆည်းပူးလေ့လာခဲ့သည်။

“ချင်မိသားစုက လက်ဝှေ့ပညာနဲ့ နာမည်ကြီးတာဆိုတော့ ငါတို့နှစ်ဦး လက်ဝှေ့ပညာနဲ့ပြိုင်ကြမယ်လေ”

ပိုင်ယိုက ကိုယ်ဟန်အနေအထားပြင်သည်။ သူမ၏ ပုံံစံကိုကြည့်ပြီး ချင်းယွင်ကသာ အနိုင်ရမည်ဟု ယူဆကြသည်။ တစ်ခဏအကြာမှာ အားလုံး၏ အတွေးက မှားသည်ဆိုတာ ပေါ်လာသည်။

ချင်းယွင်၏ လက်သီးကို သူမကရှောင်တိမ်းနိုင်ရုံသာမက ချင်းယွင်ကိုရင်ဆိုင်ရန် အရှေ့တက်လာသည်။

“သူကလည်း အလယ်အလတ်အဆင့်သိုင်းပညာရှင် ဖြစ်လုနီးပါးပဲ”

ပိုင်ယို၏ အနေအထားကို သိလိုက်ရပြီးနောက် မျက်စိပြူးကုန်ကြသည်။

“ဝှစ်”

ပိုင်ယို၏ ဖြူလျလျ လက်သီးက ချင်းယွင်၏ ကြီးမားသောလက်သီးကိုရင်ဆိုင်သည်။

“မြန်လှချည်လား”

ပိုင်ယို၏ လက်သီးထိုးချက်များကို ချင်းယွင်က လိုက်မမီပေ။

“ဘန်း”

လက်သီးချင်းထိရိုက်မိသွားသည်။

ချင်းယွင်လည်းအံ့အားသင့်သွားသည်။ ပိုင်ယို၏ လက်သီးချက်က သူ့ကဲ့သို့ပင် အားပြင်းသည်။ သူ၏ ညာဘက်လက်သီးက ပြင်းပြင်းထန်ထန်အောင့်လာသည်။

ပိုင်ယိုက အရှိန်ကိုမလျော့ဘဲ ဆက်တိုက်အဆက်မပြတ် လက်သီးဆက်ထိုးနေသည်။ထိုလက်သီးထိုးချက်များကို ချင်းယွင်က ရင်မဆိုင်နိုင်တော့ဘဲ တိုက်ခိုက်မှုကို ခုခံရန် မျက်နှာရှေ့မှာ လက်နှစ်ဖက်ကို ယှက်ထားသည်။

“ဒါက သာမန်လက်သီးထိုးချက်မဖြစ်နိုင်ဘူး။ချင်းယွင်ကို အမြန်နှုန်းနဲ့ အနိုင်ယူပစ်တာ”

ပိုင်ယိုက တစ်စက္ကန့်မှာ လက်သီးအချက် ၂၀ကျော်ကို အားမလျော့ဘဲ ထိုးနိုင်နေတာကို တွေ့ကြသည်။

ဆယ်စက္ကန့်တောင်မကြာလိုက်ခင်မှာ သူမက လက်သီးအချက် ၁၀၀ကျော် ထိုးခဲ့ပြီးဖြစ်သည်။ ချင်းယွင်၏ လက်မောင်းတစ်ဖက်က ထုံကျင်ကိုက်ခဲလာသည်။

ဝှစ်!!

ထိုအချိန်တွင် ချင်းယွင်သည် ထွက်ပြေးဖို့လမ်းကိုသာ ရွေးချယ်လိုက်တော့သည်။

“ဘန်း”

ခပ်ပြင်းပြင်းအင်အားတစ်ခုက အနားမှာရပ်ကြည့်နေသော လူငယ်သိုင်းပညာရှင်ထံ တိုက်ရိုက်ပြေးဝင်လာသည်။

“သွားပြီ”

သိုင်းပညာအခြေခံအဆင့်မှာရှိသော ထိုကောင်လေးက ဘယ်လိုမှ ခံနိုင်ရည်မရှိပေ။

“နောက်ဆုတ်နေ”

ကောင်လေး၏ အကြီးအကဲဖြစ်သူက ရှေ့ကနေကာပေးလိုက်သည်။

“တော်ပြီ တော်ပြီ”

ပိုင်ယို၏ လက်သီးထိုးချက်များကို သူ့အနေနှင့် မခံနိုင်တော့ပေ။

“ဒါပဲလား။ ငါ့လက်ဝှေ့သိုင်းနဲ့ဆို တစ်စက္ကန့်ကို လက်သီးအချက်တစ်ရာလောက်ထိုးနိုင်တယ်”

“ဟမ်..တစ်စက္ကန့်မှာ လက်သီးအချက်တစ်ရာ”

ထိုနှုန်းနှင့်ဆို သိုင်းပါရမီရှင်တောင်မှ တောင့်မခံနိုင်ပေ။

“မင်းရဲ့လက်ဝှေ့သိုင်းက ဘယ်လိုမျိုးလဲ”

“ဥက္ကာပျံလက်သီးသိုင်း”

“ဟမ်”

ချက်ချင်းဆိုသလို အားလုံး၏အတွေးထဲမှာ မေးခွန်းများစွာပေါ်လာသည်။

ထိုလက်ဝှေ့သိုင်းက တကယ်ရောရှိပါ့မလား။

“ဟား..အားလုံးဇဝေဇဝါဖြစ်ကုန်ကြပြီပေါ့…ဟုတ်တယ်မလား”

ဖန့်ကြွယ်ယွီက အားပါးတရရယ်မောသည်။

“ပိုင်ယို..အဲ့သိုင်းက မင်းတို့ပိုင်မိသားစုရဲ့သိုင်းလား”

“မဟုတ်ပါဘူး။ ငါ့ဆရာသင်ပေးတာ”

“မင်းရဲ့ဆရာဟုတ်လား။ ဖြစ်နိုင်ရင် ငါနဲ့မိတ်ဆက်ပေးလို့ရမလား” ချင်းယွင်၏ မျက်ဝန်းထဲမှာ သူမ၏ ဆရာနှင့် တွေ့ချင်စိတ်များပြင်းထန်နေတာက အတိုင်းသားပေါ်နေသည်။

“မင်း သူ့ဆရာနဲ့တွေ့ချင်တာပေါ့”

စင်အောက်ဆီမှ လူငယ်အသံတစ်သံထွက်လာသည်။

“သူ့ဆရာက ငါပဲလေ”

“မင်း”

ချင်းယွင်က ဖန့်ကြွယ်ယွီကို တစ်ချက်လှမ်းကြည့်သည်။ သူ့ဆီမှ မည်သည့်အတွင်းအားမှ မထွက်နေပေ။ ထို့ကြောင့် သူ့ကို သာမန်လူတစ်ဦးဟု မှတ်ယူခဲ့သည်။

“မယုံလည်းနေလေ။ မင်းပုံစံကိုကြည့်ပြီး သိုင်းကွက်တချို့သင်ပေးမလို့ စိတ်ကူးထားတာ တော်ပါပြီလေ။ သင်ပေးဖို့ မတွေးတော့ပါဘူး”

စာစဉ်ပြီး၏

All Chapters