ဒီလိုလုပ်ရတာပျော်တယ်ထင်တယ်
Vol. 30 Ch. 423
…
“အ...အဆင်ပြေတာပေ့ါ ဒါဆို....အ...အမကလဲ အပြင်ထွက်မှာဆိုတော့ ဒီကိစ္စကိုပါ ဆောင်ရွက်ပေးနိုင်ရင် ကျုပ်အနေနဲ့ တကယ့်ကို ကျေးဇူးတင်မိမှာပဲ”
သူ၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် ခန်းမမှူးတွင် ရွေးချယ်စရာများစွာ ရှိမနေခဲ့ပေ။
အင်အားကြီးနှစ်ခုကြား မြေစာပင်ဖစ်သွားရသည့် သူ၏ ကံဆိုးမှုကိုသာ ပြန်လည် အပြစ်ပုံချနိုင်တော့၏။
အကယ်၍ သူ၏ရှေ့ရှိပုဂ္ဂိုလ်ကိုသာ စော်ကားမိသလိုဖြစ်သွားပါက သူသည် လွယ်ကူစွာချက်ခြင်း အသတ်ပျောက်သွားလိမ့်မည်ဖြစ်ပြီး ထိုသူကတော့ အပြစ်ပေးခံရမည် မဟုတ်ပေ။
နစ်ခရိုမန်ဆာမျှော်စင်တွင် ဤလူအား တားဆီးနိုင်သူ သုံးဦးသာ ရှိလေသည်။
ပထမမှာ နစ်ခရိုမန်ဆာမျှော်စင်၏ မျှော်စင်သခင်ကိုယ်တိုင်ပင်ဖြစ်ပြီး ဒုတိယမှာ သူ့အား အစောပိုင်းက ညွှန်ကြားချက်ပေးခဲ့သူပင်။
တတိယမှာ... ငရဲတံခါးကို အစောင့်အဖြစ် တာဝန်ယူနေရသူဖြစ်လေ၏။
အကယ်၍ သူသည်သာ ဤနေရာတွင် ရုတ်တရက်အသတ်ခံရမည်ဆိုလျှင်ပင် သူတို့ထဲမှ မည်သူမျှ သူ့အား လက်စားချေပေးရန် စိတ်ကူးပင်ရှိကြမည် မဟုတ်ပေ။
စုံစမ်းစစ်ဆေးမှုအတွက်ဆိုလျှင် တကယ်ကော ဘယ်သူသွားခဲ့သလဲဆိုတာ အဲ့လောက် အရေးကြီးလို့လား။
သူသည် သူ၏ အထက်ရာထူးရှိသူ တစ်ဦး၏ စကားကို နားထောင်နေရုံသက်သက်ပင်မဟုတ်ပါလော..။
အနည်းဆုံးတော့ သူ့တွင် ပေးစရာ ဆင်ခြေတစ်ခုရှိသွားပြီဖြစ်သည်။
“ဒီလိုဆို ဒီကိစ္စကို စီနီယာကိုပဲ လွှဲပေးလိုက်ပ့ါမယ်”
ခန်းမမှူးသည် မျက်နှာဖြူဖျော့လျက်ပင် တံခါးကို ညင်သာစွာဖွင့်လိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
အခန်းအပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သူသည် အားပျော့စွာ ဒူးထောက်ကျသွားခဲ့သည်။
ထိုပုဂ္ဂိုလ်ရှေ့တွင် သူသည် မတ်တပ်ရပ်နေရန်ပင် မည်မျှ ခက်ခဲကြောင်း သူကိုယ်တိုင်သာ အသိဆုံးဖစ်လေသည်။
သူသည် အချိန်အတော်ကြာအောင် ကြောက်ရွံ့နေခဲ့ပြီး ထိုလူမှ သူ့နောက်သို့ လိုက်လာလေမည်လားဟု တွေးတောနေမိခဲ့သည်။
တအောင့်ကြာသည်အထိ ထိုလူသည် အခန်းထဲမှ ထွက်မလာမှသာ ခန်းမမှူးလည်း သက်ပြင်းချလိုက်နိုင်တော့၏။
‘ကောလာဟလတွေသာ မှန်မယ်ဆိုရင်တော့ ငါ တကယ်ပဲ သိချင်မိတယ်။ ဘယ်သူက အနိုင်ရမှာလဲ။ မိစ္ဆာဂိုဏ်းက စိတ်မနှံ့တဲ့သူတွေလား၊ ဒါမှမဟုတ် နစ်ခရိုမန်ဆာမျှော်စင်က အဲ့ဒီ မကောင်းဆိုးဝါးမလား’
ခန်းမမှူးသည် သူ၏ ရင်ဘတ်ကိုပြန်လည်ဖိထားကြည့်လိုက်ရာ သူ၏ ရင်ခုန်သံများ မြန်ဆန်နေဆဲပင်။
နစ်ခရိုမန်ဆာမျှော်စင်၏ အစိတ်အပိုင်းဖြစ်လာပြီးနောက်တွင်ပင် ၎င်းတို့နှင့်တွေ့ဆုံရချိန်တိုင်းတွင် ဤနေရာသို့ ပထမဆုံးဝင်ရောက်စဉ်ကလိုပင် သူ သည် လွန်စွာကြောက်ရွံ့နေဆဲ ဖြစ်နေခဲ့၏။
“ဘယ်သူ ဘာဖြစ်ဖြစ်ပေါ့။ အဲ့ဒါက ငါနဲ့လဲ ဘာမှမဆိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်သွားတာလဲ ကောင်းပါတယ် ခုအခြေအနေအရ င့ါရဲ့ကံကြမ္မာကိုတောင် ကျေးဇူးတင်သင့်တယ်”
အချိန်အတော်ကြာငြိမ်သက်နေပြီးနောက် ခန်းမမှူးသည သူ၏ ခန္ဓာကိုယ်ကို အားစိုက်၍ ထူမတ်လိုက်ပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
သူသည် မှောင်မိုက်သော အနက်ရောင်မီးတောက်များရှိရာ စင်္ကြံလမ်းသို့မူ ယောင်၍ပင် ပြန်မသွားချင်တော့ပေ။
ထိုနေရာရှိပုဂ္ဂိုလ်နှင့် ဒုတိယအကြိမ်ထပ်မံ တွေ့ဆုံရန် သူ့တွင် သတ္တိအနည်းငယ်ပင် မကျန်ရှိတော့သောကြောင့်ပင်တည်း။
.....
အာရန်သည် အန်ညာနှင့် လီယိုတို့၏ စကားပြောဆိုနေမှုများအား ဂရုတစိုက် နားထောင်ရင်း အခြေအနေကို နားလည်အောင် ကြိုးစားနေခဲ့မိသည်။
သို့သော် လီယိုပြောသည်မှာ အမှန်ပင်ဖြစ်ဟန်တူသည်။
နစ်ခရိုမန်ဆာမျှော်စင်မှ တစ်စုံတစ်ဦး အမှန်တကယ်လာနေသည်မှာ ရှင်းလင်းလှသည်။
လီယိုသည်ပင် မည်သူလာမည်အား မသိထားခြင်းသည် သူ့အတွက် ခန့်မှန်းရ အခက်စေဆုံး အပိုင်းပင်ဖြစ်၏။
ထိုစကားအရ နစ်ခရိုမန်ဆာမျှော်စင်၏ မည်သူမဆိုဖြစ်နိုင်ပြီး အဆိုးဆုံးအနေဖြင့် မျှော်စင်သခင်ကိုယ်တိုင်အထိ ဖြစ်နိုင်ချေရှိနေသည်။
ရူဘီသည် လီယိုနှင့် အန်ညာတို့အား ဤနေရာတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို အကောင်းဆုံး လိမ်လည်၍ ပြောပြနိုင်ခဲ့သည်။
သူမ၏ ကိုယ်ပိုင်ဝမ်းနည်းဖွယ်ရာများနှင့် ဖခင်၏အသက်ဆုံးရှုံးမှုကြောင့် သူမကို မည်သူမျှ သံသယမဝင်စေခဲ့ပေ။
သူမသည် မြောက်ပိုင်းတိုက်ကြီးမှ နိုင်ငံသားတစ်ဦးဖြစ်နေရုံသာမက ကီးလ်မိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူလည်းဖြစ်လေ၏။
သူတို့၏မျက်လုံးထဲတွင် သူမသည် သူမ၏မိသားစုကို ပြန်လည်သစ္စာဖောက်ရန် အကြောင်းပြချက်မရှိပေ။
ရူဘီသည် လီယိုမှ သူမ၏ လုပ်ကြံဇာတ်လမ်းကို မေးခွန်းထုတ်မည်ကို စိုး၍ ရင်တထိပ်ထိပ်နှင့် စောင့်ဆိုင်းနေခဲ့မိသည်။
ကံကောင်းစွာဖြင့် လီယိုသည် သူမအား ထပ်မံမေးခွန်းမထုတ်ခဲ့ပေ။
ထိုအခါမှသာ သူမ သက်ပြင်းချနိုင်ခဲ့ကာ စိတ်သက်သာရာရသွားပြီး သူမ၏ကြောက်ရွံ့မှုသည်လည်း အနည်းငယ် လျော့ကျသွားခဲ့သည်။
သူမသည် သူမ၏ဖခင်ကို မြေမြှုပ်ပေးရန်သာ ပြန်ကျိုးစားတော့သည်။
ထိုအရာကို အာရန်သည် နောက်ကွယ်မှ တိတ်တဆိတ်အကဲခတ် ကြည့်နေခဲ့သည်။
ထိုစဥ် အန်ညာသည် သူ၏ အနီးသို့ ချဉ်းကပ်လာပြီး ရန်လိုမှုအကြည့်တစ်ချက်ကို ထုတ်ဖော်လိုက်သဖြင့် အာရန်တစ်ယောက် ရင်ထိတ်သွားခဲ့ရသည်။
အာရန်သည် ထိုမိန်းကလေးမှ အမှန်တကယ်ပင် သူ့အားသတ်ဖြတ်ရန် ကျိုးစားတော့မည်လားဟု တွေးမိလိုက်ရင်း သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။
သို့သော် ကံကောင်းစွာဖြင့် အန်ညာသည် အာရန်၏ ဘေးမှသာ ဖြတ်လျှောက်သွားခဲ့သည်။
သူမ၏အမြန်နှုန်းသည် သာမန်လူတစ်ဦး မမြင်နိုင်သည်အထိ မြန်ဆန်လွန်းသော်လည်း အာရန်၏ အကြည့်များမှမူ မလွတ်မြောက်နိုင်ခဲ့ပေ။
အန်ညာသည် မျက်တောင်တစ်ချက်ခတ်စာ အတွင်းမှာပင် ရူဘီ၏ နောက်တွင် ရောက်ရှိသွားပြီး သူမ၏ဆံပင်ကို နောက်မှနေ၍ ဆောင့်ဆွဲလိုက်လေ၏။
သူမသည် ရူဘီ၏ဆံပင်ကို အားဖြင့် ဆောင်ဆွဲလိုက်ကာ သူမဖခင်၏ အလောင်းရှိရာနှင့် ဝေးရာဆီသို့ ပစ်လွှတ်လိုက်သည်။
“နစ်ခရိုမန်ဆာမျှော်စင်က ကိုယ်စားလှယ်တစ်ဦး လာတော့မယ်လို့ ငါတို့ပြောနေတာ နင်မကြားဘူးလား နင်နားပင်းနေလား။ ဒါတောင် ငါတို့ စုံစမ်းစစ်ဆေးဖို့ လိုအပ်တဲ့ အလောင်းကို မင်းက သင်္ဂြိုဟ်ဖို့ ကြိုးစားဝံ့တယ်လား”
အန်ညာသည် မျက်မှောင်ကြုတ်ရင်း ရူဘီအားအပြစ်တင်လိုက်သည်။
“ဒါနဲ့ နင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
“ဒါက ရှင်တို့အတွက်သာမန်အလောင်းတစ်လောင်းထက်မပိုပေမဲ့ အဲဒီလူက ကျွန်မရဲ့အဖေပါ”
ရူဘီသည် သူတို့နှစ်ဦးအား ကြောက်ရွံ့နေခဲ့သော်လည်း သူမ ဖခင်၏ အလောင်းကိုပင် သင်္ဂြိုဟ်ခွင့်မပြုသည့်အပြင် ယခုကဲ့သို့ဆက်ဆံခံရသောကြောင့် ဒေါသများပေါက်ကွဲ ထွက်သွားမိသည်။
“တကယ်လို့ နင့်အဖေ သေရင်ကော နင်က သူ့ကို သင်္ဂြိုဟ်ပေးမှာလား ဒါမှမဟုတ် တခြားလူတွေအတွက် ပြသဖို့ ဒီအတိုင်းထားမှာလား”
ရူဘီသည် ဒေါသမထိမ်းနိုင်တော့ပဲ ပြန်လည်ပြောဆိုလိုက်မိလေ၏။
ထိုအချိန်တွင် သူမ၏ကြောက်ရွံ့မှုများအားလုံး ပျောက်ကွယ်သွားဟန်ရကာ သေရမည်ကိုပင် စိတ်ထဲမရှိတော့ပေ။
“နင်..”
အန်ညာသည် ရူဘီ၏စကားအားမနှစ်မြို့ဟန်ဖြင့် မျက်မှောင်ကျုတ်လိုက်သည်။
“နင့်အဖေလို အဖိုးမတန်တဲ့ ပိုးကောင်နဲ့ ငါ့ အဖေနဲ့ တကယ်ပဲ နှိုင်းရဲတာလား။ သူတို့အားလုံးကို အဓိကမိသားစုခေါင်းဆောင်တွေလို့ ခေါ်တယ်ဆိုရုံနဲ့ နင်က သူတို့ ကို အတူတူပဲလို့ ထင်နေတာလား။ ဟမ့် ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်လဲ”
အန်ညာသည် ရူဘီအား မတိုက်ခိုက်ခဲ့ပေ။
လီယိုသည် သိပ်ပြီး စိတ်မရှည်တော့သည်အား သူမ သတိပြုမိသောကြောင့်ပင်။
အကယ်၍ သူမသည်သာ ရူဘီအား တိုက်ခိုက်ရန် ကြိုးစားခဲ့ပါက လီယိုက ဝင်ရောက်စွက်ဖက်မည်မှာ ရှင်းလင်းသည်။
နစ်ခရိုမန်ဆာမှ ကိုယ်စားလှယ်သည် မည်သည့်အချိန်တွင်မဆို ရောက်ရှိလာနိုင်သောကြောင့် သူတို့နှစ်ဦး တိုက်ခိုက်နေသည်အားမြင်သွားစေခြင်းက ကောင်းသောအရာတော့မဟုတ်ပေ။
ကိုယ်စားလှယ်က မည်သူ၏ဘက်မှ ဖြစ်သည်ကို သူမ မသိနိုင်သေးသောကြောင့် ပို၍ပင် သတိထားရမည်ဖြစ်သည်။
အကယ်၍ ယခုရောက်လာမည့် ကိုယ်စားလှယ်သာ လီယိုဘက်မှ ဖြစ်နေပါက သူ့အား ယခုအချိန် တိုက်ခိုက်ခြင်းသည် မိုက်မဲသောလုပ်ရပ်ပင်ဖြစ်လေ၏။
ထို့ကြောင့် သူက သူမ၏နောက်ဆုံးစည်းကို မဖြတ်ကျော်သ၍ သူမကလည်း သူ၏ နောက်ဆုံးစည်းကို မဖြတ်ကျော်ချင်ပေ။
ထို့နောက် အန်ညာသည် ရူဘီအား ကျောခိုင်းလိုက်ပြီး ကီးလ်မိသားစုခေါင်းဆောင်၏ အလောင်းကို ဆွဲမလိုက်သည်။
သူမသည် အလောင်းကို ဆွဲထုတ်လိုက်ပြီး လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် အပေါ်တွင် ပြန်လည်ပစ်တင်ထားလိုက်၏။
“ဖေဖေ”
ရူဘီသည် သူမဖခင်ဆီသို့ ပြေးသွားရာ မျက်ရည်များ စီးကျလာခဲ့သည်။
သို့သော် သူမအား နေရာတွင်ပင် ဒူးထောက်ကျသွားစေသော အားကောင်းသည့် အော်ရာတစ်ခုက တားဆီးလိုက်သည်။
ထိုအော်ရာ၏ အောက်တွင် သူမ၏မျက်နှာသည် မြေပြင်ပေါ်သို့ ထိကပ်သွားခဲ့သည်။
သူမဖခင်၏ အလောင်းကိုပင် သူမ ခေါင်းမော့ကြည့်နိုင်ခြင်းမရှိတော့ပေ။
အန်ညာသည် သူမနားသို့ ပို၍ နီးကပ်စွာ လျှောက်လာလိုက်ပြီး သူမ၏ ခြေထောက်များနှင့် အန်ညာ၏မျက်နှာကြားတွင် မီတာအနည်းငယ်မျှသာ ကွာဝေးတော့၏။
“ဟိတ်ကောင်မလေး နင့်ရဲ့ကံကို မစမ်းချင်နဲ့နော်။ ငါ့ရဲ့ ကလေးလေးအတွက် အစာမဖြစ်ချင်ရင် နင် တကယ်ပဲ ကိုယ့်စိတ်ကိုကိုယ်ပြန်ပြီး ထိန်းချုပ်သင့်တယ်” ဟု သူမသည် ရူဘီအား အထင်သေးစွာ ပြောလိုက်ရင်း ရူဘီသည် သူမ၏မျက်နှာကိုပင် ခေါင်းမော့၍ ကြည့်နိုင်ခြင်းမရှိခဲ့ပေ။
ရူဘီ မြင်နိုင်သည်မှာ အပြစ်မဲ့သူများစွာ၏ သွေးများဖြင့် စွန်းပေနေဟန်ရသော အန်ညာ၏ ဖိနပ်များကိုသာဖြစ်၏။
“မင်း ကဒီလိုမျိုးတွေ လျောက်လုပ်ရတာ အရမ်း ပျော်နေတယ်ထင်တယ်”
အန်ညာသည် ရူဘီအား အရှက်ခွဲနေချိန်တွင် နောက်ကွယ်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
အန်ညာသည် အစက လီယိုမှ ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု ထင်ခဲ့မိသော်လည်း ဤအသံက လီယို၏အသံ မဟုတ်သောကြောင့် သူမပင် အံ့အားသင့်သွားခဲ့သည်။
ယင်းအစား ထိုစကားပြောနေသူမှာ အရေးမပါသော လူငယ်အစေခံလေးပင် ဖြစ်လေသည်။
#Catfoot