← Chapters

နတ်ဘုရားတွေများလား

Vol. 30 Ch. 425

နတ်ဘုရားတွေများလား

Vol. 30 Ch. 425

...

အာရန်သည် လီယိုနှင့် အန်ညာတို့ အချင်းချင်း အစေးမကပ်ကြကြောင်း အစောကတည်းက သတိပြုမိနှင့်ပြီး ဖြစ်လေသည်။

သူတို့သည် ပြင်ပတွင် အလွန်ရန်လိုခြင်းများ မပြသထားသော်လည်း သူတို့၏ အတွင်းစိတ်များအကြောင်းကိုမူ အာရန်အတွက် ကြာမြင့်စွာကတည်းက ရှင်းလင်းနေပြီး ဖြစ်၏။

စနစ်၏ ရွေးချယ်မှုများအရက သူသာ ၎င်းတို့အား တစ်ယောက်ယောက်ကို အပြန်အလှန် သတ်ဖြတ်ရန် ဖိအားပေးနိုင်ခဲ့ပါက ၎င်းတို့သည် ဤနေရာတွင်ပင် အချင်းချင်း သတ်ဖြတ်နိုင်သည့် ဖြစ်နိုင်ခြေသည် မြင့်မားလျက်ရှိသည်ဟု ခန့်မှန်း၍ရလေသည်။

သူတို့သည် အနည်းငယ် တွန်းအားပေးမှုလေးသာ လိုအပ်လေသည်။

အာရန်သည် သူတို့နှစ်ယောက်အား အချင်းချင်း ပြန်သတ်စေလိုခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းက သူ့အတွက် ပို၍ ရှုပ်ထွေးမှုများကိုသာ ဖြစ်လာစေနိုင်မည် ဖြစ်သောကြောင့်ပင်။

သို့သော် သူသည် ထိုရန်ငြိုးကို ဒိုင်းကာ တစ်ခုအဖြစ် သေချာပေါက် အသုံးပြုရမည်ဖြစ်ပေသည်။

ထို့ကြောင့်လည်း အာရန်သည် အန်ညာအား တိုက်ရိုက်မတိုက်ခိုက်ဘဲ လီယိုအား ကြားဝင်စွက်ဖက်ရန် အခြေအနေတစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်ပေ၏။

သို့သော် ဖုတ်ကောင်နဂါး သူ့ထံသို့ ရောက်ရှိလာသောအခါ သူ၏ အစီအစဉ်များ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသော်လည်း နောက်ဆုံးတွင်မူ သူ အောင်မြင်နိုင်ခဲ့သည်။

ထို့ကြောင့် သူ၏ လောင်းကြေးထပ်မှု အောင်မြင်ခဲ့ပးသည်ဟု ဆိုနိုင်၏။

“လီယို ရှင် ဘာလုပ်လိုက်တာလဲ ကျွန်မက ရှင့်ကို ကြောက်မယ်လို့ တကယ် ထင်နေတာလား”

အန်ညာသည် ဒေါသတကြီးထအော်၍ ကောင်းကင်သို့ ထိုးတက်သွားလိုက်သည်။

အန်ညာ၏တုံ့ပြန်မှုသည် အားကောင်းလွန်းလှသဖြင့် ဝေးကွာသောမြို့များမှ လူများပင် ခံစားသိရှိနိုင်လေသည်။

ရူဘီသည်လည်း သွေးတစ်လုပ်အန်လိုက်ကာ ထိုအော်ရာတစ်ခုတည်းကြောင့်ပင် အတွင်းဒဏ်ရာရသွားခဲ့ရသည်။

ဆန့်ကျင်ဘက်အားဖြင့် လီယိုမှာမူ သူ၏ကိုယ်ပိုင်အော်ရာဖြင့် ကာကွယ်ထားသောကြောင့် အနည်းငယ်မျှပင် မထိခိုက်ခဲ့ပေ။

သို့သော်လည်း အာရန်ကိုမူ သူ၏အော်ရာဖြင့် ကာကွယ်ပေးခြင်းမရှိခဲ့ဘဲ ထိုအော်ရာကို သူ အသိအမှတ်ပြုနိုင်သည်အထိ အမှန်တကယ် ခံနိုင်ရည်ရှိပါ့မလားဆိုတာကို မြင်တွေ့လိုခဲ့ခြင်းဖြစ်သည်။

အာရန်သည် ထိုအော်ရာ၏ဖိနှိပ်မှုအောက်တွင်ပင် မျက်နှာတစ်ချက်ပင် မပျက်ဘဲ ငြိမ်သက်နေသည်ကို မြင်လိုက်ရသောအခါ သူသည် အံ့အားသင့်စွာ သဘောကျသွားခဲ့သည်။

နစ်ခရိုမန်ဆာမျှော်စင်သခင်ကဲ့သို့ အားကောင်းသော ခွန်အားမျိုး သူ့တွင် ရှိမနေပါက ၎င်းသည် အဓိပ္ပာယ်တစ်ခုတည်းကိုသာ ညွှန်ပြနေလေသည်။

သူ၌ သေခြင်းအော်ရာအား ကျင့်ကြံနိုင်ရန် သဘာဝအလျှောက် ဖန်တီးထားသော ထူးခြားသည့် ခန္ဓာကိုယ်တည်ဆောက်ပုံတစ်မျိုးရှိနေရပေမည်။

၎င်းသည် နှစ်တစ်သန်းလျှင်ပင် တစ်ကြိမ် ပေါ်ထွက်နိုင်ရန်ခဲယင်းသော ခန္ဓာကိုယ်မျိုးဖြစ်လေသည်။

လီယိုသည် မိမိမှာအမှန်တကယ်ပင် အံ့သြဖွယ်အရာတစ်ခုကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ထို့အပြင် ထိုလူငယ်သည် အန်ညာ၏ စော်ကားခြင်းကို ခံခဲ့ရပြီဖြစ်နေ၏။

အကယ်၍ အန်ညာသာ သူ၏ခန္ဓာကိုယ်ဖဲ့စည်းပုံအကြောင်းကို သိသွားလျှင်ပင် ထိုလူငယ်လေးအား ခေါ်ယူနိုင်တော့မည်မဟုတ်ပေ။

ထိုလူငယ်သည် သူ၏ဂျူနီယာညီငယ် ဖြစ်လာတော့မည်မှာ အနှေးနှင့်အမြန်ပင် ဖြစ်ရမည်ဟု လီယိုတစ်ယောက် ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။

ထိုလူငယ်လေးသာ သူတို့ဘက်တွင်ရရှိခဲ့မည်ဆိုပါက သူ၏ဆရာသည် နစ်ခရိုမန်ဆာမျှော်စင်တွင် အားအကောင်းဆုံးဖြစ်လာရန် အချိန်တစ်ခုသာ လိုအပ်တော့မည်ဖြစ်လေသည်။

ထို့ပြင် အနာဂတ်တွင် သူ၏ဆရာသည် နောက်ထပ် နစ်ခရိုမန်ဆာမျှော်စင်သခင် အသစ်တစ်ယောက် ဖြစ်လာနိုင်ချေပင် ရှိသွားပေလိမ့်မည်။

....

“အဲဒီမေးခွန်းကို မေးသင့်တဲ့သူက ငါပါ” ဟု လီယိုက သူ၏သတ်ဖြတ်လိုစိတ်ကို မဖုံးကွယ်တော့ဘဲ ပြောလိုက်၏။

“မင်းကိုယ်မင်း ဘာလုပ်နေတာလဲကော သတိထားမိရဲ့လား”

“ဒီနယ်မြေမှာ ငါတို့တွေရှိနေလျက်နဲ့တောင် ရန်သူတွေလက်ကနေ မိသားစုခေါင်းဆောင်တွေကို မကယ်တင်နိုင်ခဲ့တာ ငါတို့ရဲ့ ညံ့ဖျင်းမှုကြောင့်ပဲ။ ငါတို့ မျက်စိအောက်မှာ မြောက်ပိုင်းတိုက်က အရေးပါတဲ့ လူအများကြီး သေဆုံးခဲ့ရတယ်”

“ကိုယ့်ကိုကိုယ် အပြစ်ရှိတာကို လက်ခံရမယ့်အစား မင်းက ခုခံတွန်းလှန်နိုင်စွမ်းမရှိတဲ့ အသက်ရှင်ကျန်နေတဲ့ အားနည်းတဲ့သူတွေအပေါ် မင်းရဲ့ မကျေနပ်ချက်တွေကို ဖွင့် ထုတ်ချင်နေတာလား။ မင်း တကယ်ပဲ ဒီလောက်အားကောင်းနေတယ်ဆိုရင်လည်း လာစမ်းပါဦး မင်း ဂုဏ်ယူနေတဲ့ မင်းရဲ့ခွန်အားကို ငါ အကဲခပ်ကြည့်ရသေးတာပေ့ါ”

လီယိုသည် အာရန်အား မြေပြင်ပေါ်သို့ ဘေးကင်းစွာ ပြန်ပို့ပေးလိုက်ပြီးနောက် အန်ညာအပေါ်တွင်သာ အာရုံပြန်စိုက်ထားလိုက်သည်။

သူသည် အာရန်အား သူ့နှင့်အတူ ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်ပြီးဖြစ်သဖြင့် အနည်းငယ် အထင်ကြီးစရာတစ်ခုခုတော့ လုပ်ပြရတော့မည်ဖြစ်လေသည်။

ထိုအခါ အာရန်အတွက် သူသည် ဤကမ္ဘာ၏ ဆိုးယုတ်မှုများကို ရှေ့မှ မားမားမက်က် ရင်ဆိုင်တိုက်ခိုက်နေသော အမှန်တရားဘက်မှ သူရဲကောင်းဖြစ်လာမည်ဖြစ်သည်။

သူသည် အာရန်အား ယခုကဲ့သို့သူ့ဘက်တွင် ရပ်တည်ပေးခဲ့မှုအတွက် သူ့အပေါ်တွင် ကျေးဇူးတင်စိတ်များ ဖြစ်ပေါ်လာစေလိုပြီး နောက်ပိုင်း ကမ်းလှမ်းမှုကို မငြင်းဆန်နိုင်စေရန်လည် ဖြစ်၏။

မြောက်ပိုင်းတိုက်ကြီးတွင် နစ်ခရိုမန်ဆာမျှော်စင်၏ ဖိတ်ခေါ်ချက်ကို ငြင်းဆန်နိုင်မည့်သူ မရှိသလောက်ပင်ဖြစ်သော်လည်း လီယိုသည် အာရန်အား သူ၏ စိတ်ရင်းအမှန်ဖြင့်သာ သူ့ဘက်သို့ပါလာစေလိုနေခဲ့သည်။

“ရှင်က ကျွန်မမလုပ်ရဲဘူးထင်နေတာလား”

အန်ညာသည် ထပ်မံ၍ သည်းမခံနိုင်တော့ချေ။

သူမ၏ သေခြင်းအော်ရာများသည် ကောင်းကင်သို့တိုင် လွင့်ပျံသွားပြီးခဲ့သည်။

ထို့နောက် ကီးလ်မိသားစု နယ်မြေတစ်ခုလုံးတွင် ၎င်းတို့နှစ်ဦး၏ သေခြင်းအော်ရာများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ပေါက်ကွဲသံများသည် နယ်မြေတစ်ခုလုံး အား အဝေးမှပင် ပဲ့တင်ထပ်သွားခဲ့ရသည်။

လီယိုနှင့် အန်ညာ တို့၏တိုက်ပွဲကို ကြည့်ရင်း အာရန်သည် သူတို့နှစ်ဦးမှာ အခြား မိသားစုခေါင်းဆောင်များထက်ပင် များစွာ အားကောင်းကြောင်း သိရှိသွားခဲ့သည်။

ဤသည်မှာ တရားဝင် နစ်ခရိုမန်ဆာမျှော်စင်အဖွဲ့ဝင်တစ်ဦး သို့မဟုတ် တပည့်ဖြစ်သွားသည်နှင့် သာမန် ပြင်ပအဖွဲ့အစည်းများကို ဦးဆောင်ရသည့် မိသားစုခေါင်းဆောင်များကြား ဤမျှ ကွာခြားချက်ကြီမားသွားခြင်းများလားဟု တွေးမိလိုက်သည်။

အာရန်သည် မြေပြင်ပေါ်လဲကျလျက်ရှိနေသော ရူဘီထံသို့ လျှောက်သွားလိုက်သည်။

ထို့နောက် ကုသဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ကာ မိန်းကလေး၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည်။

တိုက်ကြီးလေးခုလုံးတွင် အဂ္ဂိရက်မျှော်စင် တစ်ခုစီ ရှိကြလေ၏။

ထိုအဂ္ဂိရက်မျှော်စင်များသည်လည်း တိုက်ကြီးလေးခု၏ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ဘဲ ကြားနေအင်အားစုအဖြစ်သာ ရပ်တည်ခဲ့ကြသည်။

ထို့ကြောင့် ကြီးမားသော အင်အားစုကြီးလေးခုသည် အဂ္ဂိရက်မျှော်စင်အား မထိပါးခဲ့ကြပေ။

လုံလောက်သော ကြွယ်ဝမှုနှင့် သယံဇာတများသာ ရှိနေပါက အဂ္ဂိရက်မျှော်စင်မှ ဆေးလုံးအမျိုးမျိုးကို ဝယ်ယူနိုင်ပေသည်။

ကုသဆေးလုံးသည် အရှေ့ပိုင်းတိုက်ကြီးတွင်သာ သီးသန့်ရသည် မဟုတ်သောကြောင့် ၎င်း၏ မူလဇစ်မြစ်ကို ခြေရာခံမိမည်အား သူသည် စိုးရိမ်စရာမလိုပေ။

ကီးလ်မိသားစုသည် မိသားစုကြီး နှစ်ဆယ်တွင် အင်အားအနည်းဆုံးဖြစ်သော်လည်း လွန်စွာ ဆင်းရဲခြင်းတော့ မရှိပေ။

“မင်းနဲနဲတော့ သက်သာလာပြီမလား”

အာရန်သည် ရူဘီအား ကျောက်တုံးတစ်လုံးကို မှီ၍ ထိုင်စေရန် ကူညီပေးခဲ့သည်။

သူမ၏ မျက်နှာတွင် သွေးရောင်များ ပြန်လွှမ်းလာပြီး သက်သာလာကြောင်း သိသာစွာ မြင်တွေ့လိုက်ရသည်။

“ဒါက သေမျိုးတွေနဲ့ နတ်ဘုရားတွေကြား ကွာခြားချက်လားဟင်”

ရူဘီသည် တိုက်ပွဲဖြစ်နေသော ကောင်းကင်အား ဗလာဟင်းလင်းဖြစ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

သူမသည် ထိုနေရာတွင် လူငယ်နှစ်ဦး၏ ပုံရိပ်များကိုပင် မမြင်နိုင်တော့ဘဲ တိုက်ပွဲ၏ ခန့်မှန်းခြေအဖြစ် ပေါက်ကွဲ ထိခိုက်သံများကိုသာ ကြားနေရလေသည်။

“နတ်ဘုရားတွေတဲ့လား သာမန်သေမျိုးတွေရဲ့ မျက်လုံးတွေထဲမှာတော့ သူတို့ ကို နတ်ဘုရားတွေလို့ မြင်ကြမှာပဲ” ဟု အာရန်သည် ခေါင်းကို ညင်သာစွာ ခါယမ်းရင်း ပြန်ဖြေလိုက်သည်။

သူသည် အစစ်အမှန်နတ်ဘုရားတစ်ပါးကို မတွေ့ဖူးသေးသော်လည်း နတ်ဘုရားနှင့် နီးစပ်သည်ဟု သတ်မှတ်နိုင်သော တည်ရှိမှုတစ်ခုကို ပြပါဆိုပါက စာရေးဆရာဆိုသူကိုပင် ပြရပေလိမ့်မည်။

သို့သော် ထိုပုဂ္ဂိုလ်ပင်လျှင် ဤလောက၏ နိယာမ ဥပဒေသများကို မေးခွန်းဘောက်ချာဖြင့် ကန့်သတ်ခြင်းကို ခံထားရလေသည်။

ဤသို့ဆိုပါက မေးခွန်းဘောက်ချာကို ဖန်တီးသူအား နတ်ဘုရားဟုသတ်မှတ်ရမည်လား။

နတ်ဘုရားတစ်ပါးဆိုပါက မည်မျှ အားကောင်းမည်နည်း။

အာရန်တစ်ယောက် ခန့်မှန်းနိုင်စွမ်းရှိမနေခဲ့ပေ။

သူသည် မူလကမ္ဘာမြေပေါ်တွင်ပင် ဘာသာရေးကိုင်းရှိုင်းသူတစ်ဦး မဟုတ်ခဲ့သောကြောင့် နတ်ဘုရားများ၏ တည်ရှိမှုကို ယုံကြည်ပေးရန်မှာ သူ့အတွက် ခက်ခဲနေလေ၏။

သို့သော်လည်း သူမြင်ရသည့်အရာများကိုမူ သူ မငြင်းဆန်နိုင်ပေ။

ဤကမ္ဘာတွင် အလွန်အားကောင်းသော ဖြစ်တည်မှုများ ရှိနေလေသည်။

သူကိုယ်တိုင်ပင် ထိုသူများထဲတွင် ပါဝင်လာပြီဟုဆိုနိုင်သည် မဟုတ်ပါလော။

နတ်ဘုရားတစ်ပါးတည်ရှိမှုသည် မဖြစ်နိုင်ဟုတော့ ပြော၍ မရတော့ပေ။

“မင်းပြောတာ မှန်တယ် သာမန်သေမျိုးတွေရဲ့ မျက်လုံးထဲမှာ အဲဒီကလေးတွေက နတ်ဘုရားတွေလို ပေါ်နေနိုင်တယ်” ဟု အာရန်၏ စကားကို ထောက်ခံသည့် အသံတစ်သံ နောက်တစ်နေရာမှ ထွက်ပေါ်လာခဲ့သည်။

တစ်စုံတစ်ဦးက သူ၏ စကားကို ထောက်ခံလိုက်သောကြောင့် ပျော်ရွှင်ရမည့်အစား အာရန်၏ မျက်နှာမှာ ပိုမို၍ပင် မှောင်မိုက်သွားခဲ့သည်။

အချိန်အတော်ကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် သူသည် အလွန်အမင်း အန္တရာယ်များသောတည်ရှိမှုတစ်ခုကို ပြန်လည်ခံစားမိလိုက်ရသလိုပင်။

သူသည် အနည်းငယ်မျှ လှုပ်ရှားရန် သို့မဟုတ် ထိုစကားပြောခဲ့သူကို နောက်သို့ လှည့်ကြည့်ရန် ကြိုးစားမိပါက ချက်ချင်း သေဆုံးရတော့မည့်အလား ခံစားမိလိုက်ခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းဆီမှ လာသော သေခြင်းအော်ရာသည် လွန်စွာ ထူထပ်သိပ်သည်းနေခဲ့သောကြောင့်ပင်တည်း။

#Catfoot

All Chapters