← Chapters

ခေါင်းဆောင်တစ်ဦး၏ အလုပ်

Vol. 30 Ch. 427

ခေါင်းဆောင်တစ်ဦး၏ အလုပ်

Vol. 30 Ch. 427

….

အာရန်သည် လျှင်မြန်စွာပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိရင်း ထိုအမျိုးသမီး၏ ထိတွေ့မှုကို ရှောင်ရှားလိုက်သည်။

ဟန်ဆောင်မှုတစ်ခု ဖြစ်နေလျှင်ပင် သူမအား ထိခွင့်မပြုနိုင်ပေ။

ဤဟန်ဆောင်မှုကို ထိန်းသိမ်းရန် သူသည် များစွာစွန့်စားထားရသည်။

ယခုအချိန်တွင် သူမ၏ အထိအတွေ့သည် မည်သည့်အရာထက်မဆို အန္တရာယ်ရှိနေသည်။

သူမကိုသာ သူ့မျက်နှာအား ထိတွေ့ခွင့်ပြုလိုက်မိပါက တစ်ခုခုဆိုလျှင် သူ့ကိုယ်သူ ကာကွယ်နိုင်တော့မည်မဟုတ်ပေ။

သို့သော် ကံကောင်းစွာပင် ထိုအမျိုးသမီးက အာရန်၏မျက်နှာကို ထိရန် ကြိုးစားခြင်းကို ရပ်တန့်လိုက်သည်။

သူမသည် သူမရှေ့ရှိ ထိုမိုက်မဲသော လူငယ်လေးကို သင်ခန်းစာပေးရန်သာ စနောက်လိုက်သကဲ့သိုပင်။

“ဒီလိုဖြစ်နေရမယ်။ အားနည်းသူတွေမှာ ဒီလို ကြောက်စိတ်မျိုးရှိဖို့ လိုအပ်တယ်။ အဲဒီလိုမှပဲ ဒီကမ္ဘာမှာ မင်းတို့တွေ ပိုကြာကြာ အသက်ရှင်နိုင်မှာ”

သူမသည် အာရန်ဘေးမှ ဖြတ်လျှောက်သွားခဲ့ရာ အာရန်က သူမ၏လှုပ်ရှားမှုများကို မြန်ဆန်စွာ မတုံ့ပြန်နိုင်ခဲ့ပေ။

တအောင်နေမှ အာရန်သည် ဖြည်းဖြည်းချင်း ပြန်လှည့်ကြည့်လိုက်ရာ ထိုအမျိုးသမီးသည် သူ့ဆီအာရုံမရှိတော့ပဲ လူငယ်နှစ်ဦး တိုက်ခိုက်နေသော ကောင်းကင်ကိုသာ ငေးကြည့်နေသည်ကို သတိပြုမိလိုက်၏။

“ဒီမိုက်မဲတဲ့ ကလေးနှစ်ယောက်ကတော့လေ”

သူမသည် ခေါင်းကိုသာ ခါယမ်းလိုက်ရင်း ဤတစ်ကြိမ်တွင်မူ သူမသည်လည်း အနည်းငယ် စိတ်ပျက်သွားပုံ ရလေသည်။

သတင်းပို့ချက်တွင် ဘုရားကျောင်းက ကီးလ်မိသားစုကို တိုက်ခိုက်ခဲ့သည်ဟု ဆိုထားသည်။

ဤကဲ့သို့ အခြေအနေမျိုးမှာတောင် မိုက်မဲတဲ့တပည့်နှစ်ယောက်က အချင်းချင်း တိုက်ခိုက်နေကြသေးသည်တဲ့လား။

ထို့နောက် စိတ်ပျက်စွာဖြင့် သူမသည် သူမ၏ လက်တစ်ဖက်ကို မြှောက်လိုက်သည်။

သူမ၏လှုပ်ရှားမှုများသည် အလွန်ကျက်သရေရှိလွန်းနေခဲ့ပြီး သူမ၏ ဝတ်ဆင်ပုံနှင့် လုံးဝကို ဆန့်ကျင်ဘက်ပင် ဖြစ်နေ၏။

“ငါ ဒီအစွမ်းကို အသုံးပြုနိုင်အောင် တစ်နှစ်ကျော်ကြာအောင် လေ့ကျင့်ထားခဲ့ရတာ။ မင်း သေသွားရင်တောင် င့ါကို ပြနအပြစ်မတင်ဖို့ မျှော်လင့်ပါတယ်...”

လီယိုသည် သူ၏ဓားကို ကိုင်မြှောက်လိုက်ရာ အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသော သေခြင်းအော်ရာတစ်ခုသည် သူ၏ဓားဆီမှ ထွက်ပေါ်လာလေသည်။

ထိုအော်ရာသည် အနက်ရောင်မီးတောက်တစ်ခုကဲ့သို့ ကောင်းကင်သို့ မြင့်တက်သွားပြီး တောက်ပသော အနက်ရောင်ဓားအရိပ်တစ်ခုကို ဖန်တီးလိုက်သည်။

“ရှင် ကျွန်မကို သတ်နိုင်ဖို့ဆိုရင် အကြိမ်နှစ်ဆယ်လောက် လူပြန်ဝင်စားလိုက်ဦး” ကောင်းကင်တွင် အန်ညာသည် လီယိုနှင့် မီတာအနည်းငယ် ကွာဝေးသော နေရာတစ်ခုတွင် ရပ်နေရင်း ပြန်ပြောလိုက်သည်။

သူမသည်လည်း လက်ဟန်တစ်ခု ပြုလုပ်ကာ သူမ၏ကိုယ်ပိုင်လက်နက်ကို ဆင့်ခေါ်လိုက်သည်။

ထိုအခါ ခေါင်းနှစ်လုံးရှိသော မြွေကြီးတစ်ကောင်၏ အရိပ်သည် သူမ၏ အထက်ကောင်းကင်တစ်နေရာတွင် ပေါ်လာခဲ့ပြီး လီယို၏ ဓားအရိပ်ကဲ့သို့ပင် ကြီးမားလေ၏။

ထိုနှစ်ဦးသည် အချိန်အတော်ကြာအောင် အချင်းချင်း မြိုသိပ်ထားသော ရန်ငြိုးများ ရှိခဲ့ကြသည်။

ယခု နောက်ဆုံးတွင်မူ မည်သည့်ဘက်ကမျှ တစ်ဦးနှင့်တစ်ဦး သက်ညှာပေးလိုစိတ် မရှိတော့သည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီးဖြစ်နေ၏။

ရှုံးနိမ့်ခြင်းသည် သူတို့အတွက် ရွေးချယ်စရာမဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲ၏ရလဒ်သည် မြောက်ပိုင်းတိုက်ကြီးတွင် နောက်ထပ် ထိပ်တန်း မိသားစုတစ်ခု၏ နေရာကို အဆုံးအဖြတ်ပေးနိုင်သောကြောင့် ပင်တည်း။

အာရန်သည် ၎င်းတို့နှစ်ဦးနှင့် ဝေးကွာသောနေရာတစ်ခုတွင်ရှိနေခဲ့သော်လည်း တိုက်ခိုက်မှုနှစ်ခုနောက်ကွယ်ရှိ အင်အားကိုမူ သူ ခံစားမိနိုင်လေသည်။

ကံမကောင်းစွာဖြင့် ထိုတိုက်ခိုက်မှုများတွင် အတော်လေး ကြီးမားသော ချို့ယွင်းချက်တစ်ခု ရှိနေခဲ့သည်ဟုလည်း တွေ့ရှိခဲ့ရသည်။

သူတို့နှစ်ဦးစလုံးသည် သူတို့၏တိုက်ခိုက်မှုများ၏ အင်အား တိုးမြှင့်နိုင်ရန်အတွက် သူတို့၏ အသတ်ဓာတ်များကို ကိုယ်စီ စတေးနေကြရလေသည်။

သူတို့နှစ်ဦးသည် ဤကဲ့သို့ အသက်စွမ်းအင်များကို လောင်မြိုက်စေခြင်းဖြင့် တိုက်ခိုက်မှုများတွင် ပိုမိုအားကောင်းလာနိုင်သော်လည်း နောက်ဆုံးတွင် ၎င်းက သူတို့ကိုသာ ပြန်လည် ထိခိုက်စေလိမ့််မည်မဟုတ်ပါလော..။

“ဘာလဲဟ”

အန်ညာနှင့် လီယိုတို့ တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် သူတို့၏နှလုံးသားအတွင်း ထူးဆန်းသော ကြောက်မက်ဖွယ်ရာ ခံစားချက်တစ်ခု ပေါ်ပေါက်လာသည်ကို သူတို့ နှစ်ဦးစလုံး ခံစားလိုက်ရသည်။

သူတို့ ခေါင်းပေါ်ရှိ အရိပ်ကြီးများသည် အမျိုးအမည်မသိသော အင်အားတစ်ခုက သူတို့ အပြီးမသတ်ခင်မှာပင် ဖျက်ဆီးပစ်လိုက်လေသည်။

ထိုနှစ်ဦးသည် မယုံကြည်နိုင်စွာဖြင့် အချင်းချင်း ပြန်ကြည့်မိလိုက်ကြသည်။

သူတို့နှစ်ဦး မည်သည့်ပြင်ဆင်မှုမျှမပြုလုပ်နိုင်ခင်မှာပင် အမျိုးအမည်မသိသော အင်အားကြီးတစ်ခုက သူတို့၏ ခြေကျင်းဝတ်များကို ဆွဲကိုင်လိုက်သည်အား ခံစားမိလိုက်ကြ၏။

ထိုကြီးမားသော အင်အားကြီးသည် သူတို့နှစ်ဦးအား မြေပြင်ပေါ်သို့ ပြန်လည်ဆွဲချသွားခဲ့သည်။

ထိုအင်အား၏ ရှေ့တွင် လီယိုနှင့်အန်ညာတို့သည် အရုပ်ကလေးများကဲ့သို့ပင် သူတို့၏ ခန္ဓာကိုယ်များကိုပင် မထိန်းချုပ်နိုင်ခဲ့ကြပေ။

ခန္ဓာကိုယ်နှစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျလာသောအခါ ပထဝီမြေကြီးသည်ပင် တုန်ဟီးသွားရလေသည်။

ထို့နောက် သူတို့ နှစ်ဦး ကျသွားရာနေရာတွင် ကြီးမားသော တွင်းကြီးနှစ်တွင်း ဖြစ်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု သိပ်တော့ မဝေးကြပေ။

ထိုပြုတ်ကျလာသည့် ခွန်အားသည် အားကောင်းသော သေမျိုးအဆင့် စစ်သည်တော်များ၏ အရိုးများကိုပင် ကြေမွသွားစေနိုင်သော်လည်း လူငယ်နှစ်ဦးမှာမူ သူတို့၏ခန္ဓာကိုယ်ပတ်လည်တွင် ကာကွယ်ရေးအစီအရင်များကို အသီးသီး ထုတ်လွှတ်ထားခဲ့ကြသည်။

ထိုသို့ကာကွယ်ရေးအစီအရင်အချို့အသုံးပြုခဲ့သော်လည်း ထိုဆွဲချခံလိုက်ရသည့် ခွန်အားကြောင့် သူတို့၏အရိုးအချို့ ကွဲအက်သွားသကဲ့သို့ပင် နာကျင်မှုဝေဒနာကိုမူ ခံစားခဲ့ကြရ၏။

ပထမတော့ ၎င်းသည် ပုန်းကွယ်နေသော ရန်သူများ၏ လက်ချက်ဖြစ်မည်ဟု သူတို့ ထင်မှတ်မိခဲ့ကြသော်လည်း ထိုအင်အား၏ စွမ်းအင် ပုံစံသည် အခြားတိုက်ကြီးများမှ ဖြစ်ဟန်မရပေ။

“ကိုယ်စားလှယ်တော် ရောက်လာပြီ”

မြေတွင်းကြီးထဲတွင် လဲလျောင်းလျက်အမောဖြေနေသော လီယိုသည် သူ၏နဖူးကို ပြန်လည် ပွတ်သပ်ရင်းပြောလိုက်သည်။

“လူတွေအများကြီးထဲမှာမှဘာလို့ အဲ့ဒီအမျိုးသမီး လာဖြစ်နေရတာလဲ”

“အိုး.. ငါရောက်လာတာကို နင်က မကျေနပ်ဘူးလား”

လီယိုသည် သူ၏နောက်တွင် ရပ်နေသော အမျိုးသမီးတစ်ဦး၏အသံကို ကြားလိုက်ရပြီးနောက် သူမအား လှည့်ကြည့်လိုက်၏။

သူမ၏ ထိုစကားများကို ကြားသောအခါ လီယိုသည် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့သည်။

သူသည် အစောပိုင်းကမှ အသံတိုးတိုးလေးဖြင့် အမှတ်တမဲ့ ညည်းညူမိလိုက်ခြင်းဖြစ်လေသည်။

သို့သော်လည်း ထိုအသံသည် အမျိုးသမီးထံသို့ ရောက်ရှိသွားခဲ့ပုံရ၏။

“ဘာလို့ ခင်ဗျား ရောက်လာတာကို ကျုပ်က မကျေမနပ်ဖြစ်ရမှာလဲ”

လီယိုသည် သူ၏ခန္ဓာကိုယ်ကို အတင်းအကျပ်အားသုံးကာ ထူမဖို့ကျိုးစားလိုက်သည်။

“ခင်ဗျားမှာ ကျုပ်ဆရာလိုမျိုး ပိုအရေးကြီးတဲ့ ကိစ္စတွေ ရှိနေတယ်လို့ ထင်နေခဲ့လို့ပါ”

အန်ညာသည်လည်း အနီးရှိ မြေတွင်းထဲမှနေ၍ အပေါ်သို့ ပြန်တက်လာခဲ့ပြီး ထိုအမျိုးသမီးကို မြင်လိုက်သောအခါ အံ့အားသင့်သွားခဲ့သည်။

သူမသည် လီယို တည်ရှိရာ မြေတွင်းထဲသို့ ခုန်ဝင်လိုက်ပြီး ထိုအမျိုးသမီးအား လေးစားစွာ နှုတ်ဆက်လိုက်သည်။

“ဆရာမ..နောက်ဆုံးတော့ ဆရာမ ရောက်လာပြီ”

‘ဒါဆို သူမက တကယ်ပဲ ဘယ်လက်ရုံးအစောင့်အရှောက်ပေ့ါ။ ဒါကြောင့်လည်း သူမက ဒီလောက် အားကောင်းနေရတာကိုး’

အာရန်သည် ၎င်းတို့ရှိရာ မြေတွင်းနားသို့ မချဉ်းကပ်ခဲ့ဘဲ သူ၏မြင့်မားသော ဆဌမအာရုံခံစားမှုဖြင့်သာ စကားဝိုင်းအား တိတ်တဆိတ် နားထောင်နေခဲ့ခြင်ဖြစ်၏။

လီယိုသည် ဘယ်လက်ရုံးအစောင့်အရှောက်ကို လုံးဝ မလေးမစားပြုမူဝံ့ခြင်း မရှိသော်လည်း သူ၏စကားလုံးများသည် အလွန်ထက်မြက်လွန်းနေခဲ့သည်။

သူ၏ဆရာသည် နက်ခရိုမန်ဆာမျှော်စင်အတွင်း သူမထက် ပိုမို အရေးပါကြောင်း သာသာလေး ထိုးနှက်ရန်ကိုမူ မမေ့ခဲ့ပေ။

“နင်ပြောတာ မှန်တယ်။ ငါ ဘာမှ လုပ်စရာမရှိဘူး ဘာလို့လဲဆိုတော့ မင်းရဲ့ဆရာလို လူတွေက ငါ့အတွက် ကိစ္စတွေကို အစားဆောင်ရွက်ပေးနေရလို့ပဲ” ဟု ဘယ်လက်ရုံးအစောင့်အရှောက်က သူမ၏နှုတ်ခမ်းထက်ရှိ အပြုံးကိုပင် မဖုံးကွယ်တော့ဘဲ ပြောလိုက်သည်။

“ခေါင်းဆောင်တစ်ဦးရဲ့ အလုပ်က ဒါပဲလေ။ သူတို့လက်အောက်က လူတွေကို အလုပ်တွေခိုင်းရတာ။ မင်း သဘောပေါက်မှာပါ ဟုတ်တယ်မလား”

“ဟွန့်”

လီယိုသည် နှာခေါင်းတစ်ချက်ရှုံလိုက်ကာ ထိုအမျိုးသမီးအား မတုံ့ပြန်ခဲ့ပေ။

သူ၏ ဆရာကို မလေးမစားပြုမူခဲ့သောကြောင့် ထိုအမျိုးသမီးအား နည်းမျိုးစုံဖြင့် မလေးမစားပြန်လည်ချေပချင်ခဲ့သော်လည်း အကယ်၍ သူသည်သာ အလွန်အကျွံလုပ်မိပါက သူမသည် သူ့အား အမှန်တကယ် သတ်ပစ်နိုင်စွမ်း ရှိကြောင်းလဲ သူမမေ့ခဲ့ပေ။

သူမသည် သူ့အား စနောက်သည့်ဟန်ဖြင့် စကားများကို ရယ်ပြုံးစွာ ပြောဆိုနေပုံရသော်လည်း သူသာ ဂရုမစိုက်မိဘဲ စကားအနည်းငယ်သာ လွန်ကျူးမိလိုက်ပါက နောက်စက္ကန့်အနည်းငယ်အတွင်း သူမမည်သို့ စိတ်ပြောင်းသွားမည်ကို မည်သူမျှ အာမမခံနိုင်ချေ။

လီယိုသည် အမျိုးသမီးနှစ်ဦးအား နောက်တွင် ချန်ထားခဲ့ရင်း ချိုင့်ဝင်နေသော မြေတွင်းကြီးထဲမှ ခုန်ထွက်လိုက်သောအခါ သူ၏မျက်နှာသည် အနည်းငယ် မှောင်မိုက်နေခဲ့သည်။

သူမ၏ ဆရာမ ရောက်ရှိနေသောကြောင့် အန်ညာသည် ယခုအခါတွင် သူ့ထက် အသာစီးရသွားပြီဖြစ်၏။

သူ့အတွက် အရာရာသည် အမှန်တကယ်ပင် ပိုဆိုးရွားခဲ့ဟန်ရသည်။

အန်ညာသည် သူမ ဆရာမ၏ နောက်မှ လိုက်၍ မြေတွင်းထဲမှ ထွက်လာပြီး ဖြစ်ပျက်သမျှ ကိစ္စအလုံးစုံကို ပြန်ပြောပြလိုက်သည်။

သူမသည် သူမ၏ အပြုအမူအချို့၊ အထူးသဖြင့် ကီးလ်မိသားစု အစောင့်အရှောက်အဖွဲ့ခေါင်းဆောင်ကို သတ်ဖြတ်ခြင်းနှင့်ပတ်သက်သော ကိစ္စများကိုမူ ဖုံးကွယ်ထားခဲ့သည်။

သူမသည် သူမ၏ ဆရာမကို ကာဒီနယ်ရဟန်းအမတ်၏ အလောင်းဆီသို့ ပို့ဆောင်ပေးခဲ့ရာ ၎င်းက ဤနေရာတွင် ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော သက်သေအထောက်အထားပင် ဖြစ်လေ၏။

“သူက... ထရီနီယယ် မဟုတ်ဘူးလား”

သူမသည် အလောင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ကာဒီနယ်ရဟန်းအမတ်၏ နာမည်ကို ခန့်မှန်းနိုင်ခဲ့ရာ အာရန်ပင် အံ့အားသင့်သွားခဲ့ရသည်။

#Catfoot

All Chapters