တတိယတစ်ဖွဲ့ ...
Vol. 30 Ch. 428
အာရန်သည် ထိုအမျိုးသမီးမှာ ထရီနီယယ်၏မျက်နှာ လုံးဝပျက်စီးနေသည့်တိုင် မှတ်မိနေနိုင်ခြင်းအတွက် အတော်လေး အံ့အားသင့်မိခဲ့ရသည်။
သူမသည် ထိုသူအား ဘုရားကျောင်းမှ ဟုတ်မဟုတ်ဆိုသည်ကို အတည်ပြုရန် သူ၏ အမှတ်တံဆိပ် ကိုပင် စစ်ဆေးကြည့်ရန် မလိုအပ်ခဲ့ပေ။
ဤအချိန်တွင် အာရန်က ထိုဘုရားကျောင်းမှ အမှတ်တံဆိပ်ကို ထရီနီယယ် ၏ကိုယ်ပေါ်တွင် ထားခဲ့မိခြင်းသည် တကယ့်ကို အလဟဿဖြစ်စေခြင်းများလားဟု ပင် ခံစားမိလိုက်သည်။
အကယ်၍ သူသည်သာ ထိုတံဆိပ်ကို သိမ်းဆည်းထားခဲ့ပါက နောင်တွင် သူ့အတွက် အခြားတစ်နေရာရာတွင် အသုံးဝင်ကောင်း အသုံးဝင်နိုင်မည်ဖြစ်၏။
ကံမကောင်းစွာဖြင့် ယခုတော့ နောက်ကျသွားခဲ့လေပြီ။
‘သူမက သူ့ကို မှတ်မိပေမယ့် ဟိုချာတိတ်နှစ်ယောက်ကတော့ မတူဘူး။ အဲ့ဒီအရာသာ ပြမထားရင် သူတို့ကို ဒီသတင်းအချက်အလက်တွေသတိထားမိအောင် ကလေးတွေလို ဇွန်းနဲ့ အသင့် ခွံ့ကျွေးရမယ့်ပုံပဲ’ ဟု အာရန် သူခံစားနေရသော နောင်တပမာဏကို လျှော့ချရန် သူ့ကိုယ်သူ ပြန်လည် နှစ်သိမ့်လိုက်သည်။
“ထူးဆန်းလိုက်တာ။ သူမှာရှိတဲ့ အရည်အချင်းမျိုးနဲ့ဆို ဒီလိုကိစ္စအတွက် ဒီနေရာကို ဘယ်တော့မှ လာမှာမဟုတ်ဘူး”
ထိုအမှတ်အသားတံဆိပ်အကြောင်းတွေးနေသည်နှင့် အာရန်သည် တကယ့်ကို အရေးကြီးသောအရာတစ်ခုကို မေ့လျော့နေခဲ့မိသည်။
ထရီနီယယ်သည် ဘုရားကျောင်းရှိ သာမန်ကာဒီနယ်ရဟန်းအမတ်တစ်ဦးမျှသာ မကပေ။
သူသည် ခွန်အားအကြီးဆုံး ကာဒီနယ်ရဟန်းအမတ်မဟုတ်လျှင်ပင် ပရောဟိတ်မနှင့် အလွန်ရင်းနှီးသူအဖြစ် လူသိများလေ၏။
ဤကဲ့သို့သော အန္တရာယ်များလွန်းသော လုပ်ငန်းစဥ်အတွက် ပရောဟိတ်မက သူ့အား တစ်ယောက်တည်း စေလွှတ်လိုက်ခြင်းသည် သင့်လျော်မှုရှိမနေပေ။
မြောက်ပိုင်းတိုက်ကြီး၏ သာမန်အင်အားစုများကို သူမ အထင်သေးနိုင်သော်လည်း ထရီနီယယ်အား ကိုယ်တိုင် စေလွှတ်ခြင်းသည်ပင် သူမအတွက် အလွန်အမင်း စွန့်စားရာရောက်သော လုပ်ရပ်တစ်ခုပင် မဟုတ်ပါလော..။
နောက်ထပ်ပြဿနာတစ်ခုမှာ ထရီနီယယ်၏ ပင်ကိုယ်အရည်အချင်းနှင့် ပတ်သက်နေသည်။
သူသည် အလွန် ကောက်ကျစ်ဉာဏ်များသူတစ်ဦး ဖြစ်လေသည်။
အကယ်၍ သူသာ အဓိကမိသားစုများ၏ ခေါင်းဆောင်များကို သတ်လိုလျှင်ပင် သူတို့အား ယခုကဲ့သို့ တစ်ချိန်တည်း ရင်ဆိုင်လိမ့်မည်မဟုတ်ပေ။
သူသည် ဤကဲ့သို့ လူများစွာကိုသတ်ဖြတ်ရမည်ဆိုပါက တိုက်ရိုက်ဝင်တိုက်ခြင်းထက် အခြားထိရောက်သည့် နည်းလမ်းများကို ရှာဖွေရင်း နောက်ကွယ်မှ တိတ်တဆိတ်လှုပ်ရှားတတ်သူအဖြစ်လည်း လူသိများသူတစ်ဦးဖြစ်နေ၏။
သူ့လိုလူမျိုးက အဘယ့်ကြောင့် မိသားစုခေါင်းဆောင်များအား တစ်ချိန်တည်း တွင် ယခုကဲ့သို့ တိုက်ရိုက်အသေခံ၍ ဝင်တိုက်ခိုက်စရာအကြောင်းရှိမည်နည်း။
ဘယ်လက်ရုံးအစောင့်အရှောက်အတွက်မူ ၎င်းသည် သူ၏ လက်ချက်ဖြစ်သည်ဟု မယူဆခဲ့ပေ။
ယင်း အစား ၎င်းသည် တစ်စုံတစ်ဦးမှ ၎င်းတို့အား မှားယွင်းသော ကောက်ချက်တစ်ခု ချမိစေရန်အတွက် စနစ်တကျ စီစဥ်အကွက်ချဖန်တီးထားသောအရာတစ်ခုသာ ဖြစ်မည်ဟု တွေးလိုက်မိ၏။
သူမသည် ဒူးထောက်လိုက်ပြီး ထရီနီယယ်၏ လည်ပင်းအား ထိကြည့်လိုက်သည်။ သူ၏ ဦးခေါင်းမှာ အနီးရှိနေရာတစ်ခုတွင် သွေးအလိမ့်လိမ့်ဖြင့် တည်ရှိနေခဲ့သည်။
သူ၏ဝတ်စုံတွင်လည်း သွေးများပေပွကာ ဖုံအထပ်ထပ်ဖြင့်ဖြစ်နေခဲ့သည်မို့ သူ၏လည်ပင်းရှိ အမှတ်အသားတစ်ခုကသာ သူ့အား အလျှင်အမြန် သတိထားမိစေသော အရာတစ်ခုဖြစ်ခဲ့ဟန်ရသည်။
“သူသာ အမှန်တကယ် တိုက်ခိုက်ခဲ့တာဆိုရင် သူ့ရဲ့အသက်အန္တရာယ် ရှိတဲ့နေရာတွေကို ကာကွယ်ဖို့ နတ်ဘုရားမရဲ့ကောင်းချီးအော်ရာတွေကို သုံးကိုသုံးခဲ့မိလိမ့်မယ်။ မိသားစုခေါင်းဆောင်တွေထဲက ဘယ်သူမှ လွယ်လွယ်ကူကူနဲ့ အဲဒီကောင်းချီးအော်ရာတွေကို ဖောက်ထွင်းနိုင်လောက်အောင် အားကောင်းတဲ့သူရှိမနေဘူး”
သူမသည် သူ၏ အတွေးများကို ဖတ်မရနိုင်သဖြင့် သူမ၏လက်ကို ပြန်ဆုတ်ထားလိုက်သည်။
သို့သော်အခြားအရာတစ်ခုကိုမူ သူမကောက်ချက်ချမိခဲ့လေသည်။
ထရီနီယယ်သည် ယခုဖော်ပြထားသကဲ့သို့ ဤကြမ်းတမ်းသောတိုက်ပွဲအတွင်း သေဆုံးသွားခဲ့ခြင်းမဟုတ်ပေ။
ယင်းအစား သူသည် သူ၏အင်အားကိုပင် အသုံးမပြုနိုင်ခဲ့သော လျင်မြန်သော အလစ်အငိုက်တိုက်ခိုက်မှုတစ်ခုတွင် သေဆုံးခဲ့ရခြင်းဖြစ်ပေမည်။
“သေဆုံးချိန်ကလည်း မဟုတ်သေးဘူး။ သူက မိသားစုခေါင်းဆောင်တွေထက်တောင် အရင်စောပြီး အသတ်ခံခဲ့ရတာဖြစ်ဖို့များတယ်”
ဘယ်လက်ရုံးအစောင့်အရှောက်သည် ထရပ်လိုက်ပြီးနောက် အန်ညာနှင့် လီယိုတို့အား အံ့အားသင့်စေသော ကောက်ချက်တစ်ခုကို ပေးလိုက်သည်။
ဘယ်လက်ရုံးအစောင့်အရှောက်သည် နစ်ခရိုမန်ဆာမျှော်စင်၏ အစိတ်အပိုင်းအဖြစ် ကြာမြင့်စွာကတည်းက ရှိနေခဲ့ခြင်းဖြစ်၏။
သူမသည် သူမ၏ဘဝ အချိန်အများစုကို သေခြင်းတရားအကြောင်းကို လေ့လာခြင်းဖြင့် ကုန်ဆုံးလေ့ရှိခဲ့ပြီး ၎င်းက သူမအား ထူးခြားသော ရှုထောင့်တစ်ခု မှမြင်နိုင်စေခဲ့သည်။
ဤသည်မှာ အာရန်တစ်ယောက် လျစ်လျူရှုသလိုဖြစ်သွားခဲ့သော နစ်ခရိုမန်ဆာမျှော်စင်၏ ထူးခြားသော စွမ်းရည်တစ်ခုပင်တည်း။
ဤပုဂ္ဂိုလ်များသည် လူသေများနှင့် အချိန်တိုင်း ဆက်ဆံနေရသူများဖြစ်လေသည်။ ထိုကဲ့သို့ လှည့်ကွက်လေးမျိုးဖြင့် သူတို့အား မည်သို့လှည့်စားနိုင်မည်နည်း။
“ကာဒီနယ်ရဟန်းအမတ်က တခြားသူတွေထက် အရင် ဘယ်လိုလုပ်ပြီး သေဆုံးနိုင်မှာလဲ။ ဒါက အဓိပ္ပာယ်မရှိဘူးလေ”
လီယိုသည် သူမ၏စကားများကို မယုံကြည်ခဲ့ပေ။
အကယ်၍ သူမ၏ ရှင်းပြချက်အတိုင်းသာ ယုံကြည်ရမည်ဆိုပါက အခြေအနေတစ်ခုလုံးက အလွန်အမင်း ဆန်းကြယ်သွားပေလိမ့်မည်။
သူမဆိုလိုချက်အရ ဘုရားကျောင်းမှ ကာဒီနယ်ရဟန်းအမတ်တစ်ဦးအား လွယ်ကူစွာ သတ်နိုင်လောက်သည်အထိ အားကောင်းသော တစ်စုံတစ်ဦး ရှိနေသည်ဟု ဆိုလိုလေသည်။
ထိုသို့ဆိုပါက ထိုသူသည် ဤတိုက်ပွဲတွင် မိသားစုခေါင်းဆောင်များအားလုံးကိုလည်း သတ်ပစ်ခဲ့ခြင်းဖြစ်ပေမည်။
ထိုလူသည် ထိုအရာကို မည်သူမျှမရိပ်မိအောင် တစ်ဦးတည်း လုပ်ဆောင်နိုင်ခဲ့သည်တဲ့လား...။
ထို့အပြင် ကီးလ်မိသားစုခေါင်းဆောင်၏ သမီးကလည်း ကာဒီနယ်ရဟန်းအမတ် တိုက်ခိုက်နေတာကို မြင်ခဲ့ရသည်ဟု အတည်ပြုထားသေး၏။
“ကီးလ်မိသားစုခေါင်းဆောင်ရဲ့ သမီးက သူမအဖေကို သတ်ခဲ့တဲ့လူကို ဘယ်လိုလုပ်ပြီး မှားနိုင်ရမှာလဲ” ဟု လီယိုက ထပ်မံ၍ မေးလိုက်သည်။
“သူမ လိမ်နေတယ်လို့ ခင်ဗျားက ဆိုလိုတာလား”
“ဒါကတော့ ဖြစ်နိုင်ခြေတစ်ခုပါပဲ”
ဘယ်လက်ရုံးအစောင့်အရှောက်သည် ဝေးကွာလွန်းသောကြောင့် သူတို့၏စကားဝိုင်းကို မကြားနိုင်သော ရူဘီအား ကြည့်၍ပြောလိုက်သည်။
သို့သော် အာရန်မှာမူ သူမဘေးတွင် ရှိနေသော်လည်း အရာအားလုံးကို ကြားနေရလေသည်။
သို့သော်လည်း သူသည် ဘာမှမကြားရသကဲ့သို့သာ ဟန်ဆောင်နေခဲ့၏။
“ဒါမှမဟုတ် အဲဒီလူက ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ စွမ်းရည်တစ်မျိုးမျိုး ရှိတာလဲဖြစ်နိုင်တယ်။ ဒီလိုသာဆိုရင် ဘာကြောင့် ဒီကလူတွေ ထရီနီယယ်ကို ဒီနေရာမှာ မြင်ခဲ့ရသလဲဆိုတာကို ရှင်းပြပြီးဖြစ်သွားလိမ့်မယ်” ဘယ်လက်ရုံးအစောင့်အရှောက်က နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို ထပ်မံပြောပြလိုက်သည်။
သူမသည် ဤကမ္ဘာတွင် ရူးသွပ်ဖွယ် ထူးဆန်းသောဖြစ်ရပ်များစွာကို ကြုံတွေ့ခဲ့ဘူးသည့် အတွေ့အကြုံရှိသူဖြစ်လေ၏။
ထို့ကြောင့် သူမအတွက်မူ မဖြစ်နိုင်သောအရာဟူ၍ မရှိပေ။
ဤကမ္ဘာတွင် စိတ်ကူးကြည့်နိုင်သည်ထက် ပိုမိုသောအရာများစွာ ရှိနေသည်။
သူမ နားမလည်သော အရာများစွာရှိနေကြောင်းကိုလဲ သူမကိုယ်တိုင် ကောင်းစွာ ယုံကြည်ထား၏။
သူမ၏ ယူဆချက်များကို ကြားမိသောအခါ အာရန်သည် လုံးဝ တုန်လှုပ်သွားခဲ့ရသည်။ အမှန်တကယ်တွင်မူ သူသည် မိသားစုခေါင်းဆောင်များနှင့် တိုက်ခိုက်နေစဉ် ကာဒီနယ်ရဟန်းအမတ်အဖြစ် ဟန်ဆောင်ခဲ့ခြင်းမရှိပေ။
အဘယ်ကြောင့်ဆိုသော် အနီးအနားရှိ လူတိုင်းသည် သေဆုံးရမည်ဖြစ်ကြောင်း သေခြာနေသောကြောင့်ပင်။
မည်သူမျှ တကယ်တမ်း သူ တိုက်ခိုက်ခဲ့သည်ကို မမြင်တွေ့ခဲ့ရပေ။
ရူဘီပင်လျှင် ထိုအရာကို မြင်နိုင်ရန် အလွန်ဝေးကွာသောနေရာတစ်ခုတွင် ရှိနေခဲ့သည်မဟုတ်ပါလော...။
ဘယ်လက်ရုံးအစောင့်အရှောက်သည် လုံးဝမှားယွင်းသော ယူဆချက်နှစ်ခုကို ထုတ်ပြောခဲ့သော်လည်း အာရန်အတွက် အံ့သြစရာကောင်းသည်မှာ နှစ်ခုစလုံး မှန်ကန်နေသည်။
ရူဘီသည် လိမ်ညာနေခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ့တွင်လည်း ပုံသဏ္ဍာန်ပြောင်းလဲနိုင်သော စွမ်းရည်တစ်ခုရှိနေခဲ့သည်။
၎င်းသည် သူ၏ ကြီးမားသော လျှို့ဝှက်ချက်ပင်မဟုတ်ပါလော...။
“ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ စွမ်းရည်နဲ့ ကာဒီနယ်ရဟန်းအမတ်တစ်ဦးကို သတ်နိုင်လောက်အောင် အားကောင်းတဲ့သူလား။ ဒါဆို တောင်ဘက်တိုက်က သူရဲကောင်းတစ်ဦး ဖြစ်နေနိုင်မလား”
အန်ညာသည် ခန့်မှန်းကြည့်ရင်း သူမ၏ ဆရာမအား မေးလိုက်သည်။
ဘုရားကျောင်းကတော့ သူတို့၏ ကာဒီနယ်ရဟန်းအမတ်ကို ဤကဲ့သို့ ကြံစည်မည် မဟုတ်ပေ။
ထို့ပြင် နစ်ခရိုမန်ဆာမျှော်စင်မှလူများလည်း မဖြစ်နိုင်ချေ။
နစ်ခရိုမန်ဆာမျှော်စင်၏ ထိပ်တန်းခေါင်းဆောင်များအားလုံးသည် မျှော်စင်အတွင်း၌သာ အလုပ်များလျက်ရှိနေသည် မဟုတ်ပါလော...။
ဤသို့ဆိုပါက စဥ့်စားစရာ နှစ်ဖွဲ့သာ ကျန်တော့သည်။
ပထမအဖွဲ့မှာ မိစ္ဆာဂိုဏ်း ဖြစ်ပြီး နောက်တစ်ဖွဲ့မှာ သူရဲကောင်းအကယ်ဒမီပင် ဖြစ်လေ၏။
သူတို့နှစ်ဖွဲ့ထဲတွင် ထိုအရာက သူရဲကောင်းအကယ်ဒမီ၏ လက်ချက်ဖြစ်ဖို့က ပို၍များနေခဲ့သည်။
ပထမအကြောင်းပြချက်အနေဖြင့် သူရဲကောင်းများတွင် ထိုထို့ပြုလုပ်နိုင်သော ထူးဆန်းသည့် သွေးမျိုးဆက် စွမ်းရည်များ ရှိနေကြလေသည်။
ဒုတိယအကြောင်းပြချက်မှာ မိစ္ဆာဂိုဏ်း၏ သဘောထားနှင့် ပတ်သက်နေ၏။
မိစ္ဆာဂိုဏ်းသည် ဘုရားကျောင်းနှင့် ပူးပေါင်းနေပြီဟု သတင်းထွက်လျက်ရှိသည်။
ဤကဲ့သို့ အခြေအနေမျိုးတွင် အကျိုးအများဆုံး ရမယ့်အဖွဲ့မှာ သူရဲကောင်းအကယ်ဒမီပင် မဟုတ်ပါလော...။
နစ်ခရိုမန်ဆာမျှော်စင်သည်သာ ဘုရားကျောင်းအား တိုက်ခိုက်လျှင် မိစ္ဆာဂိုဏ်းသည်လည်း တိုက်ပွဲတွင် ပါဝင်လာလိမ့်မယ်ဖြစ်လေ။
ထိုသို့ တိုက်ကြီးသုံးခုသာ တိုက်ပွဲဖြစ်ပွားခဲ့ပါက သူရဲကောင်းအကယ်ဒမီသည် အလိုလိုနေရင်း ကျားကွက်ရွှေ့နိုင်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။
သူတို့သည် တစ်စုံတစ်ခုနှင့် အလဲအလှယ်ပြုလုပ်ကာ နစ်ခရိုမန်ဆာမျှော်စင်ဘက်မှ ပါဝင်ပေးမည်ဟု ကမ်းလှမ်းနိုင်ချေရှိသည်။
သို့မဟုတ် သူရဲကောင်းအကယ်ဒမီသည် ဘေးတွင်သာရပ်ကြည့်နေခဲ့ပြီး တိုက်ကြီးသုံးခုလုံး ခြေကုန်လက်ပန်းကျကာ အားနည်းသွားသည်အား ထိုင်ကြည့်နေနိုင်လေသည်။
#Catfoot