မျှော်စင်ဆီသို့
Vol. 30 Ch. 429
…
အကယ်၍ နစ်ခရိုမန်ဆာမျှော်စင်သာ အနိုင်ရပါက သူရဲကောင်းအကယ်ဒမီ သည် သူတို့၏ ရန်သူတော်ကြီးဖြစ်သော မိစ္ဆာဂိုဏ်းအား လက်တစ်ချက် မမြှောက်ရပါပဲဖြင့်ပင် ဖယ်ရှားပစ်နိုင်မည်ဖြစ်လေသည်။
သို့မဟုတ်နစ်ခရိုမန်ဆာမျှော်စင် ဖျက်ဆီးခံရလျှင်ပင် ကျန်ရှိသော အင်အားနှစ်စုသည် အလွန်အားနည်းသွားစေဦးမည်ဖြစ်၏။
ယင်းအခြေအနေကို အခွင့်ကောင်းယူကာ တောင်ဘက်တိုက်သည် ကျန်သည့်တိုက်နှစ်တိုက်ကား အနိုင်ယူ၍ တိုက်ကြီးလေးခုလုံးကို သိမ်းပိုက်နိုင်ခြေရှိနေသည်။
သူရဲကောင်းအကယ်ဒမီတွင် ထိုကဲ့သို့သော အရာကို အောင်မြင်ရန် စိတ်ကူးသာမက လက်တွေ့လုပ်ဆောင်နိုင်သည့် စွမ်းရည်လည်းပိုင်ဆိုင်ထားလေသည်။
‘နောက်ဆုံးတော့ နင်လဲ နဲနဲအသုံးဝင်လာပြီပေ့ါ’
အန်ညာသည် လူကောင်းတစ်ယောက် မဟုတ်သော်လည်း အာရန်သည် သူမအား စိတ်ထဲမှနေ၍ ကြိတ်၍ ချီးကျူးလိုက်မိသည်။
သူမသည် အခြေအနေကို ပိုမိုရှုပ်ထွေးအောင် လုပ်နေပြီး ဤအရာကို သူရဲကောင်းအကယ်ဒမီထံ အပစ်ပုံချလိုက်လေသည်။
နစ်ခရိုမန်ဆာမျှော်စင်နှင့် ဤစစ်ပွဲတွင် သူရဲကောင်းအကယ်ဒမီကိုပင် ဆွဲသွင်းနိုင်ခဲ့ပါက အခြေအနေများသည် ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာပေလိမ့်မည်။
တောင်ပိုင်းအရှင်သခင် ၏သွေး ကို သူ့အနေနှင့် ထပ်မံ၍မလိုအပ်တော့သော်လည်း တောင်ပိုင်းတိုက်ကြီး အားနည်းသွားခြင်းသည် သူ့အတွက်လည်း ကောင်းသောအရာတစ်ခုပင်ဖြစ်လေ၏။
“ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ သူတို့ ဘယ်လို အသက်ရှင်ခဲ့လဲဆိုတာကိုလည်း ဒါက ရှင်းပြပြီးဖြစ်သွားနိုင်တယ်”
လီယိုသည်လည်း ထိုဖြစ်နိုင်ခြေကို မငြင်းဆန်တော့ဘဲ ရူဘီနှင့် အာရန်တို့အား လှမ်း ကြည့်လိုက်သည်။
“ သူရဲကောင်းတိုက်ကြီးက သူ့ကိုယ်သူ ကာဒီနယ်ရဟန်းအမတ်ဟန်ဆောင်ပြီး ဒီအရာတွေအကုန်လုံးကို အဲ့ဒီကာဒီနယ်ရဟန်းအမတ်လုပ်ခဲ့တာဆိုပြီး အတည်ပြုနိုင်မယ့် သက်သေအချို့ ချန်ထားခဲ့တာမျိုးပေ့ါ”
၎င်းသည် ရူဘီ မလိမ်ညာခဲ့ကြောင်း ဆိုလိုရာရောက်လေသည်။
သူမသည် ကာဒီနယ်ရဟန်းအမတ်ကို အမှန်တကယ် မြင်တွေ့ခဲ့ဟန်တူသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ကာဒီနယ်ရဟန်းအမတ်သည် ၎င်း၏ အစစ်အမှန်မဟုတ်ဘဲ ရိုးရှင်းသော လှည့်ဖြားမှုတစ်ခုသာ ဖြစ်နေခြင်းပင်။
“ကံမကောင်းစွာနဲ့ ပြဿနာတစ်ခုတော့ ရှိနေတယ်”
အန်ညာက ဆက်လက်၍ပြောလိုက်သည်။
“ဒါက တကယ်ပဲ သူရဲကောင်းအကယ်ဒမီရဲ့ လက်ချက်ဆိုရင် ငါတို့က စစ်ပွဲကို တိုက်ကြီးသုံးခုစလုံးနဲ့ တကယ်တိုက်ရတော့မယ်လို့ ဆိုလိုတာမဟုတ်ဘူးလား။ ဒီလိုအရေးကြီးတဲ့အချိန်မှာ သူရဲကောင်းအကယ်ဒမီသာ တကယ်တမ်းထပ်ပါလာရင် ငါတို့ တကယ်ကော ရင်ဆိုင်နိုင်ပါဦးမလား”
ယခုအချိန်တွင် သူတို့ဂရုစိုက်ရမည့် တစ်ခုတည်းသောအရာမှာ ၎င်းအမည်မသိတစ်စုံတစ်ဦးမှ ဆင်ထားသည့် ထောင်ချောက်ထဲသို့ မကျရောက်သွားရန်သာဖြစ်လေသည်။
မိသားစုခေါင်းဆောင်များ သေဆုံးခြင်းအတွက် ၎င်းတို့၏ မိသားစုဝင်ကြီးများက လက်စားချေပေးရန် တောင်းဆိုလာနိုင်သော်လည်း သူတို့သည် ၎င်းကို ပေါ့ပေါ့တန်တန် သဘောတူလိုက်၍ မရတော့ပေ။
“ငါတို့အနေနဲ့ အခြားအဓိကမိသားစုတွေကို ထိန်းချုပ်ပြီး ဒီလှုံ့ဆော်မှုကို သက်ရောက်မှုမဖြစ်အောင် ကျိုးစားရလိမ့်မယ်” လီယိုကလည်း ပြန်လည် အကြံပြုလိုက်သည်။
သို့သော် အန်ညာက သူ့အဖြေကို အနည်းငယ်အရွဲ့တိုက်၍ ပြန်ပြောလိုက်လေသည်။
“ဒါက သူရဲဘောကြောက်တာ မဟုတ်ဘူးလား”
“ဒါက တကယ်တမ်း သူရဲကောင်းအကယ်ဒမီရဲ့ လက်ချက်ဟုတ်မဟုတ် ငါတို့ သေချာ မသိနိုင်သေးဘူး။ ဒီအချိန်မှာ ဘယ်လောက်ပဲ ဖြစ်နိုင်ခြေရှိရှိ ဒါက ဖြစ်နိုင်ခြေတစ်ခု အဆင့်မှာပဲ ရှိနေသေးတယ်” ဟု လီယိုသည် ဖြစ်ရပ်များအပေါ် အနည်းငယ် သံသယရှိနေဆဲဖြစ်ဟန်ဖြင့် ပြန်ပြောလိုက်၏။
“ငါတို့က လက်ရှိ အရေးအကြီးဆုံး လုပ်ရမဲ့ တာဝန်ကိုသာ အာရုံစိုက်ထားဖို့လိုတယ်။ အဲဒါကတော့ မိစ္ဆာဂိုဏ်းရဲ့ ပါဝင်ပတ်သက်မှုပဲ။ ငါတို့နယ်မြေထဲမှာ မြင်ခဲ့ရတဲ့ စစ်သင်္ဘောကတော့ လှည့်ဖြားမှုမဟုတ်ဘူး မင်းလည်း ကိုယ်တိုင်မြင်ခဲ့တာပဲလေ”
စိတ်တိုလွယ်သော အန်ညာနှင့်မတူဘဲ လီယိုသည် အနာဂတ်ကို သေခြာစွာ စဉ်းစားနေခဲ့သည်။
ငရဲတံခါးသည် မကြာမှီ ဖွင့်လှစ်တော့မည်ဖြစ်၏။
သူတို့၏ အဓိကတာဝန်မှာ လက်ငင်းခြိမ်းခြောက်လာနိုင်သည့်အရာများကို ဂရုစိုက်ရန်သာဖြစ်သည်။
သူရဲကောင်းအကယ်ဒမီကို ဂရုစိုက်ခြင်းအတွက်မူ ငရဲတံခါးဖွင့်ပြီးမှလည်း လုပ်ဆောင်နိုင်လေသည်။
“ဆရာမကော ဘယ်လိုထင်လဲ” ဟု အန်ညာသည် သူမ၏ ဆရာမဖြစ်သူ ဘယ်လက်ရုံးအစောင့်အရှောက်အား မေးလိုက်သည်။
ဘယ်လက်ရုံးအစောင့်အရှောက်မှ အဖြေပြန်မပေးခင်မှာပင် လီယိုက ဝင်ရောက်ပြောဆိုလိုက်သည်။
“ဒီလိုအရေးကြီးတဲ့ ကိစ္စမျိုးမှာ ဘယ်လက်ရုံးအစောင့်အရှောက် တစ်ယောက်တည်း အနေနဲ့ ဆုံးဖြတ်လို့မရဘူး”
“ကျွန်မဆရာမသာ မဆုံးဖြတ်နိုင်ရင် ဘယ်သူက ဆုံးဖြတ်နိုင်မှာလဲပြောပါဦး။ တံခါးစောင့်ခွေးသာသာဖြစ်တဲ့ ရှင့်ဆရာလား”
အန်ညာသည် သူမ၏ဆရာမကို အထင်သေးခံရသောကြောင့် ပြင်းထန်စွာ တုံ့ပြန်လိုက်၏။
“မင်း”
လီယိုသည် လက်သီးဆုပ်ထားမိလိုက်သည်။
အန်ညာ၏ ဆရာမသည်သာ ဤနေရာတွင် မရှိပါက သူသည် ထိုမိန်းကလေးကို ယခုချက်ချင်း ရိုက်နှက်မိပေလိမ့်မည်။
သူသည် စိတ်တည်ငြိမ်သွားအောင် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် တည်ငြိမ်သော လေသံဖြင့် ဆက်ပြောလိုက်သည်။
“ဒီလိုကိစ္စမျိုးဆိုတာ မျှော်စင်သခင်ကသာ ဆုံးဖြတ်ရမှာဖြစ်တယ် ဒါမှမဟုတ် မင်းရဲ့ဆရာမက မျှော်စင်သခင်ထက်တောင် ပိုပြီးကြီးမြတ်တယ်လို့ မင်းက ဆိုလိုချင်တာလား။ ဒါက မင်းရဲ့ နစ်ခရိုမန်ဆာမျှော်စင်အပေါ် သစ္စာစောင့်သိမှုလား”
“ကျွန်မ... ကျွန်မ ဘယ်တုံးကမှ အဲဒီလို မပြောခဲ့ပါဘူးနော် ရှင်ပေါက်ကရလျှောက် မစွပ်စွဲနဲ့” အန်ညာသည် လီယို၏စကားကြောင့် လုံးဝ ထိတ်လန့်သွားခဲ့သည်။
နစ်ခရိုမန်ဆာမျှော်စင်တွင် မျှော်စင်သခင်ကို အကြွင်းမဲ့ အာဏာပိုင်ဆိုင်ထားသူအဖြစ် အားလုံးက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။
သူသည် နစ်ခရိုမန်ဆာမျှော်စင်ရှိလူများအတွက်မူ နတ်ဘုရားတစ်ပါးနှင့် မခြားနားပေ။ သူမ၏ ဆရာမပင် မျှော်စင်သခင်အား မလေးမစားမပြုမူဝံ့ချေ။
ပြင်ပလူများအမြင်တွင် အစောင့်အရှောက်နှစ်ဦးသည် မျှော်စင်သခင်ထက် အနည်းငယ်သာ အားနည်းသည်ဟု ထင်ထားကြသော်လည်း အမှန်တကယ်ကွာခြားမှုကိုမူ နစ်ခရိုမန်ဆာမျှော်စင်မှ လူများသာ အသိဆုံးဖြစ်လေ၏။
အစောင့်အရှောက်နှစ်ဦးနှင့် မျှော်စင်သခင်ကြား ကွာခြားချက်သည် ကောင်းကင်နှင့်မြေကြီးပမာ ကွာခြားလွန်းလေသည်။
အကယ်၍ မျှော်စင်သခင်သည်သာ သူမ၏စကားကြောင့် ဒေါသထွက်သွားပါက သူမ၏ ဆရာမပင် သူမအား ကယ်တင်နိုင်တော့မည်မဟုတ်ပေ။
အန်ညာနှင့် လီယိုတို့ အချင်းချင်း စကားနာထိုး ပြောဆိုနေကြသည်ကို အာရန်တစ်ယောက် တည်ငြိမ်စွာပင် ကြည့်ရှုခံစားနေခဲ့သည်။
သူသည် နစ်ခရိုမန်ဆာမျှော်စင်၏ အတွင်းပိုင်းလည်ပတ်ပုံအကြောင်းကို အကြမ်းဖျင်း နားလည်နိုင်ခဲ့ပြီးဖြစ်၏။
၎င်းသည် သူ၏ ကိုယ်ကျိုးအတွက် သေချာပေါက် အသုံးပြုနိုင်သည့်အရာတစ်ခု ဖြစ်လေသည်။
“တော်လောက်ပြီ”
ဘယ်လက်ရုံးအစောင့်အရှောက်က လှမ်းပြောလိုက်သောအခါမှသာ သူတို့နှစ်ဦး၏ ငြင်းခုန်မှုများ အဆုံးသတ်သွားရသည်။
ထို့နောက်ဘယ်လက်ရုံးအစောင့်အရှောက်သည် သူမ၏ လက်တစ်ဖက်ကို မြှောက်လိုက်လေသည်။
ထိုအခါ ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော အလောင်းများကို အမည်မသိ အင်အားတစ်ခုက စုပ်ယူလိုက်ပြီး သူမ၏ ဝိညာဥ်သိုလှောင်ရတနာ ထဲသို့ ဝင်ရောက်သွားခဲ့၏။
အလောင်းကောင်များဖြင့် ပြည့်နေသော တိုက်ပွဲကွင်းပြင်တစ်ခုလုံးသည် တစ်ခဏအတွင်းမှာပင် ပြန်လည် ရှင်းလင်းသွားတော့သည်။
“ဒီကိစ္စမှာ မျှော်စင်သခင်ကသာ ဆုံးဖြတ်နိုင်တာ မှန်ပါတယ်။ သူရဲကောင်းအကယ်ဒမီရဲ့ ပါဝင်ပတ်သက်မှုကလည်း အခုအချိန်ထိ ဖြစ်နိုင်ခြေတစ်ခုအဆင့်မှာပဲ ဆိုတာလည်း မှန်တယ်။ ဒီတော့ ဘာမှသေခြာ မဆုံးဖြတ်ခင် ဖြစ်နိုင်ခြေတွေကို အတည်ပြုနိုင်ဖို့ လိုအပ်တယ်” ဟု သူမသည် လူငယ်နှစ်ဦးအား ပြောလိုက်သည်။
“ဘယ်လို အတည်ပြုမလို့လဲ” အန်ညာက မေးလိုက်သည်။
“နည်းလမ်းရှိလား”
“ငါတို့က ဘယ်သူတွေလဲဆိုတာ နင် မေ့သွားတာလား” ဘယ်လက်ရုံးအစောင့်အရှောက်သည် အန်ညာအား ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“ဘယ်သူက သူတို့ကို သတ်လဲဆိုတာ အတည်ပြုချင်ရင် ငါတို့သူတို့ကို ကိုယ်တိုင် တိုက်ရိုက် မေးလိုက်ရုံပဲလေ။ ဒါက အလွယ်ဆုံးနည်းလမ်းပဲ”
သူမသည် ရူဘီနှင့် အာရန်တို့ဘက်သို့ လှည့်ကြည့်လိုက်ရာ သူတို့အား ထိုစကားကို တမင်တကာ ကြားစေလိုသကဲ့သို့ပင်။
“သူတို့ကို ဖုတ်ကောင်တွေ အဖြစ် ပြန်လည်အသက်သွင်းနိုင်တဲ့သူတွေ ရှိတယ်။ သူတို့က ဖုတ်ကောင်ကျွန်တွေ ဖြစ်လာမှာမှန်ပေမယ့် သူတို့ရဲ့မှတ်ဉာဏ်တွေကို နည်းလမ်းတစ်ခုနဲ့ ထိန်းသိမ်းထားပြီး ငါတို့လိုချင်တဲ့ အဖြေကိုရအောင်မေး နိုင်သေးတယ်။ ဘယ်သူက သူတို့ကို တကယ် သတ်ခဲ့လဲဆိုတာ သိဖို့ မခက်တော့ဘူးပေ့ါ”
အာရန်၏မျက်နှာတွင် သူမ၏စကားများကို ကြားသော်လည်း မည်သည့်တုံ့ပြန်မှုမှ မပြခဲ့ပေ။
သို့သော်လည်း သူ၏နောက်ကျောဘက်မှာမူ လက်သီးတစ်ခု ကျစ်ကျစ်ပါအောင် ဆုပ်ထားမိခဲ့သည်။
အာရန်သည် နစ်ခရိုမန်ဆာမျှော်စင်အတွက် ကောက်ချက်ချနိုင်ရန် အရာရာကို စနစ်တကျလမ်းကြောင်းပေးထားခဲ့ပြီး ဖြစ်သော်လည်း သူမသည် မလိုအပ်ဘဲ အလွန်ပင် စေ့စပ်သေချာလွန်းနေခဲ့၏။
ယခုတော့ သူတို့သည် ဤအလောင်းများကို အခြေအနေအား မေးမြန်းနိုင်ရန်အတွက် ဖုတ်ကောင်များအဖြစ် ပြောင်းလဲရန် စီစဉ်နေပြီဖြစ်သည်။
“ကဲငါတို့ ပြန်ကြမယ်”
ဘယ်လက်ရုံးအစောင့်အရှောက်က ထိုသို့ပြောလိုက်သော်လည်း သူမ၏အကြည့်သည် အာရန်အပေါ်မှ တစ်စက္ကန့်မျှပင် မရွေ့ဘဲ အမည်မသိ အကြောင်းပြချက်တစ်ခုကြောင့် သူမ၏မျက်လုံးများအတွင်းတွင်လည်း စိတ်ဝင်စားသည့်အရိပ်အယောင် တစ်စွန်းတစ်စ ထင်ပေါ်နေခဲ့၏။
“မင်းတို့နှစ်ယောက်လည်း ငါတို့နဲ့အတူ ပြန်လိုက်ရလိမ့်မယ်”
ပထမဆုံးအကြိမ်အဖြစ် အာရန်သည် သူ၏ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်ခြင်း မရှိပဲ လွတ်ထွက်သွားမိခဲ့သည်။
လျှပ်တစ်ပြတ်အပြောင်းအလဲကြောင့် အာရန်သည် သူ၏မျက်နှာတွင် ပြောင်းလဲမှုအနည်းငယ် ပေါ်သွားခဲ့သည်ကို သူ့ကိုယ်သူ မတားဆီးနိုင်ခဲ့ဘဲ ၎င်းက ဘယ်လက်ရုံးအစောင့်အရှောက်၏ အကြည့်မှ မလွတ်မြောက်နိုင်ခဲ့ပေ။
#Catfoot